< ၂ ဓမ္မရာဇဝင် 23 >

1 ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။
Now these are the last words of David: David the son of Jesse saith, And the man who was raised up on high, The anointed of the God of Jacob, And the sweet psalmist of Israel saith,
2 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။
The Spirit of Jehovah spoke by me, And his word was on my tongue.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။ ``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊
The God of Israel said, The Rock of Israel spoke to me, The ruler among men shall be just, Ruling in the fear of God;
4 မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက် အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏''
And [he shall be] as the light of the morning, [like] the rising of the sun, A morning without clouds; [When] from the sunshine, after rain, The green grass springeth from the earth.
5 ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။
Although my house be not so before God, Yet he hath made with me an everlasting covenant, Ordered in every way and sure; For [this is] all my salvation, and every desire, Although he make [it] not to grow.
6 သို့​ရာ​တွင်​ဘု​ရား​မဲ့​သူ​တို့​မူ​ကား​ဖယ် ရှား​ခြင်း​ကို ခံ​ရ​သည့်​ဆူး​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ဆူး​ပင်​တို့​ကို​အ​ဘယ်​သူ​မျှ​လက်​နှင့် မ​ကိုင်​မ​တွယ်​နိုင်။
But [the sons] of Belial [are] all of them as thorns thrust away, Because they cannot be taken with hands;
7 ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
And the man that will touch them provideth himself with iron and the staff of a spear; And they shall be utterly burned with fire in [their] place.
8 ဒါ​ဝိဒ်​၏​သူ​ရဲ​ကောင်း​တို့​၏​နာ​မည်​များ​ကို ဖော်​ပြ​အံ့။ ပ​ထ​မ​သူ​ရဲ​ကောင်း​မှာ​ဟ​ပေါ​နိ မြို့​သား၊ သူ​ရဲ​ကောင်း​သုံး​ဦး​တို့​၏​ခေါင်း​ဆောင် ယာ​ရှော​ဘံ​ဘက်​ရှိ​ဗက်​ဖြစ်​သည်။ သူ​သည်​တိုက် ပွဲ​တစ်​ခု​တည်း​၌​လူ​ရှစ်​ရာ​ကို​မိ​မိ​၏​လှံ​ဖြင့် ထိုး​သတ်​ခဲ့​သူ​ဖြစ်​၏။
These are the names of the mighty men whom David had: Joseb-Bassebeth, Tachkemonite the chief of the captains: he was Adino the Eznite; he [fought] against eight hundred, slain [by him] at one time.
9 သူ​ရဲ​ကောင်း​သုံး​ဦး​တို့​အ​နက်​ဒု​တိ​ယ​သူ​ရဲ ကောင်း​မှာ​အာ​ဟော​၏​သား​ချင်း​စု​ဝင်​ဒေါ​ဒေါ ၏​သား၊ ဧ​လာ​ဇာ​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က ဧ​လာ​ဇာ​သည်​စစ်​ဆင်​ရန်​စု​ရုံး​လျက်​ရှိ​သော ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဒါ​ဝိဒ်​နှင့်​တ​ကွ စိန်​ခေါ်​ခဲ့​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဆုတ်​ခွာ​ကြ​သော်​လည်း၊-
And after him, Eleazar the son of Dodo the son of an Ahohite: he was one of the three mighty men with David, when they had defied the Philistines that were there gathered together to battle, and the men of Israel were gone up.
10 ၁၀ သူ​သည်​မ​ဆုတ်​ခွာ​ဘဲ​လက်​အံ​သေ​၍​ဋ္ဌား ကို​လက်​နှင့်​ခွာ​မ​ရ​သည့်​တိုင်​အောင် ဖိ​လိတ္တိ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။ ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး ကို​ခံ​စေ​တော်​မူ​သ​ဖြင့်​တိုက်​ပွဲ​ပြီး​ဆုံး သွား​သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျ​ဆုံး​သည့်​သူ​များ​ထံ​မှ​လက် နက်​တန်​ဆာ​များ​ကို​သိမ်း​ယူ​ရန်​ဧ​လာ ဇာ​ရှိ​ရာ​သို့​လာ​ရောက်​ကြ​၏။
He arose and smote the Philistines until his hand was weary, and his hand clave to the sword; and Jehovah wrought a great deliverance that day; and the people returned after him only to spoil.
11 ၁၁ တ​တိ​ယ​သူ​ရဲ​ကောင်း​မှာ​အာ​ဂိ​၏​သား၊ ဟ​ရ​ရိ​မြို့​သား​ရှမ္မ​ဖြစ်​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ပဲ​ခင်း​ရှိ​သော​လေ​ဟိ​အ​ရပ် တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ထွက်​ပြေး​ကြ​သော်​လည်း၊-
And after him, Shammah the son of Agee the Hararite: the Philistines were gathered into a troop, and there was there a plot of ground full of lentils, and the people had fled before the Philistines;
12 ၁၂ ရှမ္မ​သည်​ပဲ​ခင်း​မှ​မ​ဆုတ်​ခွာ​ဘဲ​ခု​ခံ​ကာ ကွယ်​ကာ​ဖိ​လိတ္တိ​အမျိုး​သား​တို့​ကို​သတ် ဖြတ်​သ​ဖြင့် ထို​နေ့​၌​ထာ​ဝ​ရ​ဘုရား​သည် အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။
and he stood in the midst of the plot and delivered it, and smote the Philistines, and Jehovah wrought a great deliverance.
13 ၁၃ ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။-
And three of the thirty chiefs went down, and came to David in the harvest time to the cave of Adullam, when the troop of the Philistines was encamped in the valley of Rephaim.
14 ၁၄ ထို​အ​ခါ​က​ဒါ​ဝိဒ်​သည်​တောင်​ပေါ်​ခံ​တပ် ထဲ​တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု က​ဗက်​လင်​မြို့​ကို​သိမ်း​ယူ​ထား​ကြ​၏။-
And David was then in the stronghold; and the Philistines' garrison was then at Bethlehem.
15 ၁၅ ဒါ​ဝိဒ်​က``ဗက်​လင်​မြို့​တံ​ခါး​အ​နီး​ရှိ ရေ​တွင်း​မှ​ရေ​ကို​ငါ​သောက်​ချင်​ပါ​ဘိ'' ဟု​တောင့်​တ​ပြော​ဆို​မိ​ရာ၊-
And David longed, and said, Oh that one would give me to drink of the water of the well of Bethlehem, which is in the gate!
16 ၁၆ နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-
And the three mighty men broke through the camp of the Philistines, and drew water out of the well of Bethlehem, which is in the gate, and took it, and brought it to David; however he would not drink of it, but poured it out to Jehovah.
17 ၁၇ ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ဘယ် နည်း​နှင့်​မျှ​ဤ​ရေ​ကို​မ​သောက်​နိုင်​ပါ။ အ​သက် စွန့်​၍​ရေ​ခပ်​ကြ​သူ​တို့​၏​သွေး​ကို​သောက် သည်​နှင့်​တူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​သုံး​ဦး တို့​၏​စွန့်​စား​ခန်း​များ​ပင်​တည်း။
And he said, Be it far from me, Jehovah, that I should do this thing! is it not the blood of the men that went at the risk of their lives? Therefore he would not drink it. These things did the three mighty men.
18 ၁၈ ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​ခဲ့​သ ဖြင့်​ရဲ​ဘော်​သုံး​ကျိပ်​တွင်​နာ​မည်​ကြီး​လာ ၏။-
And Abishai, the brother of Joab, the son of Zeruiah, was the chief of three; and he brandished his spear against three hundred and slew them; and he had a name among the three.
19 ၁၉ သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။
Was he not most honourable of three? and he was their captain; but he did not attain to the [first] three.
20 ၂၀ ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။-
And Benaiah the son of Jehoiada, son of a valiant man, great in exploits, of Kabzeel: he it was that smote two lions of Moab; and he went down and smote a lion in the midst of a pit on a snowy day.
21 ၂၁ သူ​သည်​လှံ​ကို​ကိုင်​ဆောင်​ထား​သူ​အလွန် ကြီး​မား​သော​အီ​ဂျစ်​အ​မျိုး​သား​တစ် ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ​သည် ထို​သူ​ကို​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ ၏​လက်​မှ​လှံ​ကို​လု​ယူ​လိုက်​၏။ ထို​နောက် ထို​လှံ​ဖြင့်​ပင်​သူ့​အား​သတ်​လိုက်​၏။-
He also smote the Egyptian, an imposing man: and the Egyptian had a spear in his hand; and he went down to him with a staff, and plucked the spear out of the Egyptian's hand, and slew him with his own spear.
22 ၂၂ ဤ​သည်​တို့​ကား​ရဲ​ဘော်​သုံး​ကျိပ်​ဝင်​ဗေ နာ​ယ​၏​စွန့်​စား​ခန်း​များ​ပင်​ဖြစ်​၏။-
These things did Benaiah the son of Jehoiada, and he had a name among the three mighty men.
23 ၂၃ သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​သည်​သူ့ အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့် ထား​တော်​မူ​၏။
He was honoured above the thirty, but he did not attain to the [first] three. And David set him in his council.
24 ၂၄ ရဲ​ဘော်​သုံး​ကျိပ်​ဝင်​အ​ခြား​သူ​ရဲ​ကောင်း များ​ကို​ဖော်​ပြ​အံ့။ ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ၊ ဗက်​လင်​မြို့​နေ​ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်၊ ဟ​ရော​ဒိ​မြို့​သား၊ ရှမ္မ​နှင့်​ဧ​လိ​က၊ ဖာ​လာ​တိ​မြို့​သား​ဟေ​လက် တေ​ကော​မြို့​နေ​ဣ​ကေ​ရှ​၏​သား​ဣ​ရ အ​နေ​သော​သိ​မြို့​သား​အ​ဗျေ​ဇာ၊ ဟု​ရှ​သိ​မြို့​သား​မေ​ဗုန္နဲ၊ အ​ဟော​ဟိ​မြို့​သား​ဇာ​လ​မုန်၊ နေ​တော​ဖာ​သိ​မြို့​သား​မ​ဟာ​ရဲ​နှင့် ဗာ​နာ​၏​သား​ဟေ​လက်၊ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​နေ​ရိ​ဘဲ​၏​သား​အိတ္တဲ၊ ပိ​ရ​သော​နိ​မြို့​သား​ဗေ​နာ​ယ၊ ဂါ​ရှ​အ​နီး​ရှိ​ချိုင့်​ဝှမ်း​နေ​ဟိဒ္ဒဲ၊ အ​ရ​ဗ​မြို့​သား​အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​မြို့​သား​အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ၊ ယာ​ရှင်​၏​သား​များ၊ ယော​န​သန်၊ ဟာ​ရာ​ရိ​မြို့​သား​ရှမ္မ၊ အာ​ရာ​မြို့​နေ​ရှာ​ရ​၏​သား​အ​ဟိ​အံ၊ မာ​ခါ​သိ​မြို့​နေ​အ​ဟ​သ​ဘဲ​၏​သား​ဧ​လိ​ဖ၊ ဂိ​လော​မြို့​နေ​အ​ဟိ​သော​ဖေ​လ​၏​သား ဧ​လျံ၊ က​ရ​မေ​လ​မြို့​သား​ဟေ​ဇ​ရဲ၊ အာ​ရပ်​မြို့​သား​ဖာ​ရဲ၊ ဇော​ဘ​မြို့​နေ​နာ​သန်​၏​သား​ဣဂါ​လ၊ ဂဒ်​နယ်​၏​သား​ဗာ​နိ၊ အမ္မုန်​အ​မျိုး​သား​ဇေ​လက်၊ ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​၏​လက်​နက်​ကိုင် ဗေ​ရော​သိ​မြို့​သား​န​ဟာ​ရဲ၊ ဣ​သ​ရိ​မြို့​သား​ဣ​ရ​နှင့်​ဂါ​ရက်၊ ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ၊ စ​သည်​ဖြင့်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​စု​စု ပေါင်း​သုံး​ကျိပ်​ခု​နစ်​ယောက်​ရှိ​သ​တည်း။
Asahel the brother of Joab was one of the thirty; Elhanan the son of Dodo of Bethlehem,
25 ၂၅
Shammah the Harodite, Elika the Harodite,
26 ၂၆
Helez the Paltite, Ira the son of Ikkesh the Tekoite,
27 ၂၇
Abiezer the Anathothite, Mebunnai the Hushathite,
28 ၂၈
Zalmon the Ahohite, Maharai the Netophathite,
29 ၂၉
Heleb the son of Baanah, the Netophathite, Ittai the son of Ribai of Gibeah of the children of Benjamin,
30 ၃၀
Benaiah a Pirathonite, Hiddai of the brooks of Gaash,
31 ၃၁
Abi-albon the Arbathite, Azmaveth the Barhumite,
32 ၃၂
Eliahba the Shaalbonite, of the sons of Jashen, Jonathan,
33 ၃၃
Shammah the Ararite, Ahiam the son of Sharar the Ararite,
34 ၃၄
Eliphelet the son of Ahasbai, the son of the Maachathite, Eliam the son of Ahithophel the Gilonite,
35 ၃၅
Hezrai the Carmelite, Paarai the Arbite,
36 ၃၆
Igal the son of Nathan of Zobah, Bani the Gadite,
37 ၃၇
Zelek the Ammonite, Naharai the Beerothite, the armour-bearer of Joab the son of Zeruiah,
38 ၃၈
Ira the Ithrite, Gareb the Ithrite,
39 ၃၉
Uriah the Hittite: thirty-seven in all.

< ၂ ဓမ္မရာဇဝင် 23 >