< ၂ ဓမ္မရာဇဝင် 22 >
1 ၁ ရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။
Давид а ындрептат кэтре Домнул кувинтеле ачестей кынтэрь дупэ че Домнул л-а избэвит дин мына тутурор врэжмашилор луй ши дин мына луй Саул.
2 ၂ ထာဝရဘုရားသည်ငါ၏ကယ်တင်ရှင် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
Ел а зис: „Домнул есте стынка мя, четэцуя мя, Избэвиторул меу.
3 ၃ ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
Думнезеу есте стынка мя ла каре гэсеск ун адэпост, скутул меу ши путеря каре мэ мынтуеште, турнул меу чел ыналт ши скэпаря мя. Мынтуиторуле, Ту мэ скапь де силничие!
4 ၄ ငါသည်ထာဝရဘုရားအားတောင်းလျှောက်သည့် အခါတိုင်းကိုယ်တော်သည် ငါ့အားရန်သူများလက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Еу кем пе Домнул чел вредник де лаудэ ши сунт избэвит де врэжмаший мей.
5 ၅ သေမင်း၏လှိုင်းတံပိုးများသည်ငါ့ကိုဝိုင်းရံ လျက်ရှိ၏။ ဆုံးပါးပျက်စီးခြင်းလှိုင်းလုံးများသည်ငါ၏ အပေါ်သို့ လွှမ်းမိုး၍လာကြ၏။
Кэч валуриле морций мэ ынконжурасерэ, шувоаеле нимичирий мэ ынспэймынтасерэ,
6 ၆ မရဏာနိုင်ငံ၏ကြိုးတို့သည်ငါ့ကိုရစ်ပတ် ကြ၏။ သေမင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်၏။ (Sheol )
легэтуриле мормынтулуй мэ ынконжурасерэ, лацуриле морций мэ принсесерэ. (Sheol )
7 ၇ ငါသည်ဒုက္ခရောက်၍ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကူမတော်မူရန်ငါ၏ဘုရားသခင်အား ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှာငါ၏အသံ ကို ကြားတော်မူ၏။ ကူမတော်မူရန်ငါဟစ်ခေါ်သံကိုကြားတော် မူ၏။
Ын стрымтораря мя, ам кемат пе Домнул, ам кемат пе Думнезеул меу; дин локашул Луй, Ел мь-а аузит гласул ши стригэтул меу а ажунс ла урекиле Луй.
8 ၈ ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
Атунч, пэмынтул с-а кутремурат ши с-а клэтинат, темелииле черулуй с-ау мишкат ши с-ау згудуит, пентру кэ Ел Се мыниясе.
9 ၉ နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
Фум се ридика дин нэриле Луй ши ун фок мистуитор ешя дин гура Луй: кэрбунь априншь цышняу дин еа.
10 ၁၀ ကိုယ်တော်သည်မိုးကောင်းကင်ကို ကွေးညွှတ်စေပြီးလျှင်ဆင်းသက်ကြွလာ တော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
А плекат черуриле ши С-а коборыт: ун нор грос ера суб пичоареле Луй.
11 ၁၁ ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်လေပြင်း အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
Кэлэря пе ун херувим ши збура, веня пе арипиле вынтулуй;
12 ၁၂ ကိုယ်တော်သည်မှောင်မိုက်တည်းဟူသော ရေခိုးရေငွေ့အပြည့်ပါရှိသည့် ထူထပ်သောမိုးတိမ်တိုက်ကိုပတ်လည်တော်၌ ကာရံစေတော်မူ၏။
ера ынконжурат ку ынтунерикул ка ши ку ун корт, ера ынконжурат ку грэмезь де апе ши ку норь ынтунекошь.
13 ၁၃ ရှေ့တော်၌လျှပ်စီးပြက်သဖြင့်မီးကျီး ခဲများသည် အလျှံထလေ၏။
Дин стрэлучиря каре ера ынаинтя Луй скынтеяу кэрбунь де фок.
14 ၁၄ ထိုနောက်ထာဝရဘုရားသည်ကောင်းကင်မှ မိုးချုန်းစေတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံ တော်သည် ထွက်ပေါ်လာ၏။
Домнул а тунат дин черурь, Чел Пряыналт а фэкут сэ-Й рэсуне гласул;
15 ၁၅ ကိုယ်တော်သည်မြားတော်တို့ကို ပစ်လွှတ်တော်မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စီးပြက်စေလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
а арункат сэӂець ши а рисипит пе врэжмаший мей, а арункат фулӂерул ши й-а пус пе фугэ.
16 ၁၆ ထာဝရဘုရားသည်ရန်သူတို့အား အမျက်ထွက်တော်မူ၍ ဆုံးမကြိမ်းဝါးတော်မူသောအခါ၊သမုဒ္ဒရာ အောက်ခံနှင့်ကမ္ဘာမြေကြီး၏ အခြေအမြစ်တို့သည်ဟင်းလင်းထင်ပေါ်လာ ကုန်၏။
Фундул мэрий с-а вэзут, темелииле лумий ау фост дескоперите де мустраря Домнулуй, де вуетул суфлэрий нэрилор Луй.
17 ၁၇ ထာဝရဘုရားသည်ကောင်းကင်ဘုံမှလက်တော်ကို ဆန့်တော်မူ၍ငါ့ကိုကိုင်တော်မူ၏။ ရေနက်ကြီးထဲမှငါ့ကိုဆယ်တင်တော်မူ၏။
Ел Шь-а ынтинс мына де сус, дин ынэлциме, м-а апукат, м-а скос дин апеле челе марь;
18 ၁၈ ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူ ငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။ သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။
м-а избэвит де потривникул меу чел путерник, де врэжмаший мей каре ерау май тарь декыт мине.
19 ၁၉ ငါသည်ဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
Ей мэ принсесерэ ын зиуа стрымторэрий меле, дар Домнул а фост сприжиниторул меу,
20 ၂၀ ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
Ел м-а скос ла лок ларг. Ел м-а мынтуит, пентру кэ мэ юбеште.
21 ၂၁ ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့် ထာဝရဘုရားသည်ငါ့အားဆုလာဘ်များ ချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသဖြင့်ကိုယ်တော်သည် ငါ့ကိုကောင်းချီးပေးတော်မူ၏။
Домнул мь-а рэсплэтит дупэ невиновэция мя, мь-а фэкут дупэ курэция мынилор меле;
22 ၂၂ ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
кэч ам пэзит кэиле Домнулуй, ну м-ам фэкут виноват фацэ де Думнезеул меу.
23 ၂၃ ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
Тоате порунчиле Луй ау фост ынаинтя мя ши ну м-ам депэртат де ла леӂиле Луй.
24 ၂၄ ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
Ам фост фэрэ винэ ынаинтя Луй, м-ам пэзит де фэрэделеӂя мя.
25 ၂၅ ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။
Де ачея, Домнул мь-а рэсплэтит невиновэция мя дупэ курэция мя ынаинтя Луй.
26 ၂၆ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သစ္စာရှိ သူတို့အားသစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့အား အကန့်အသတ်မရှိဘဲကျေးဇူးပြုတော်မူ တတ်၏။
Ку чел бун Ту ешть бун, ку омул дрепт Те порць дупэ дрептате,
27 ၂၇ စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားဆန့်ကျင်သော စိတ်သဘောထားကိုလည်းကောင်းပြတော် မူ၏။
ку чел курат ешть курат, ку чел ындэрэтник Те порць дупэ ындэрэтничия луй.
28 ၂၈ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အားကယ်တော် မူ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူ၏။
Ту мынтуешть пе попорул каре се смереште, ши ку привиря Та коборь пе чей мындри.
29 ၂၉ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်၏အလင်းဖြစ်လျက်အကျွန်ုပ်၏ အမှောင်ကိုလင်းစေတော်မူ၏။
Да, Ту ешть лумина мя, Доамне! Домнул луминязэ ынтунерикул меу.
30 ၃၀ ကိုယ်တော်ရှင်သည်ရန်သူများကိုတိုက်ခိုက်ရန် ခွန်အားကိုလည်းကောင်း၊ သူတို့၏ခံတပ်များကိုဖြိုခွင်းရန်တန်ခိုးကို လည်းကောင်းအကျွန်ုပ်အားပေးတော်မူ၏။
Ку Тине мэ нэпустеск асупра уней ошть ынармате, ку Думнезеул меу сар песте зид.
31 ၃၁ ဤဘုရားသခင်ပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်လည်း ယုံကြည်ကိုးစားထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိအားကိုးစားသူအပေါင်း တို့ အတွက်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
Кэиле луй Думнезеу сунт десэвыршите, Кувынтул Домнулуй есте курэцит; Ел есте ун скут пентру тоць чей че каутэ адэпост ын Ел.
32 ၃၂ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဘုရားဖြစ်တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ ကွယ်ကာရာဖြစ်တော်မူ၏။
Кэч чине есте Думнезеу, афарэ де Домнул? Ши чине есте о стынкэ, афарэ де Думнезеул ностру?
33 ၃၃ ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။
Думнезеу есте четэцуя мя чя таре ши Ел мэ кэлэузеште пе каля чя дряптэ.
34 ၃၄ ကိုယ်တော်သည်ငါ့အားသမင်ကဲ့သို့ခြေမြဲစေ၍ တောင်များပေါ်တွင်၊ဘေးမဲ့လုံခြုံစွာထားတော် မူ၏။
Ел ымь фаче пичоареле ка але чербоайчелор ши Ел мэ ашазэ пе локуриле меле челе ыналте.
35 ၃၅ အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
Ымь депринде мыниле ла луптэ ши брацеле меле ынтинд аркул де арамэ.
36 ၃၆ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အကျွန်ုပ် အား ကွယ်ကာစောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကူမတော်မူသဖြင့်အကျွန်ုပ်သည် ကြီးမြင့်လာရပါ၏။
Ту ымь дай скутул мынтуирий Тале ши ажунг маре прин бунэтатя Та.
37 ၃၇ ကိုယ်တော်ရှင်သည်အကျွန်ုပ်အားရန်သူဖမ်းဆီးခြင်း မခံရအောင်စီရင်တော်မူပါ၏။ အကျွန်ုပ်သည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ခဲ့သည်မရှိပါ။
Лэрӂешть друмул суб паший мей ши пичоареле меле ну се клатинэ.
38 ၃၈ အကျွန်ုပ်သည်ရန်သူတို့အားလိုက်လံဖမ်းဆီးလျက် သူတို့အားနှိမ်နင်းပယ်ရှားပြီးသည့်တိုင်အောင် မပြန်ပါ။
Урмэреск пе врэжмаший мей ши-й нимическ, ну мэ ынторк пынэ ну-й нимическ.
39 ၃၉ အကျွန်ုပ်သည်ရန်သူတို့အားနာလန်မထူ နိုင်အောင် ချေမှုန်းပါ၏။ သူတို့သည်အကျွန်ုပ်၏ခြေရင်းတွင်လဲ၍ အညံ့ခံကြပါ၏။
Ый нимическ, ый здробеск, де ну се май скоалэ; кад суб пичоареле меле.
40 ၄၀ ကိုယ်တော်ရှင်သည်အကျွန်ုပ်အားစစ်ပွဲဝင်နိုင်ရန် ခွန်အားကိုပေးတော်မူပါ၏။ ရန်သူများအပေါ်တွင်အောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
Ту мэ ынчинӂь ку путере пентру луптэ, рэпуй суб мине пе потривничий мей.
41 ၄၁ ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
Фачь пе врэжмаший мей сэ дя досул ынаинтя мя ши нимическ пе чей че мэ урэск.
42 ၄၂ သူတို့သည်ကယ်မည့်သူကိုရှာသော်လည်း ကယ်မည့်သူမရှိပါ။ ထာဝရဘုရားအားအော်ဟစ်ကြသော်လည်း ထူးတော်မမူပါ။
Се уйтэ ын журул лор ши ну-й чине сэ-й скапе. Стригэ кэтре Домнул, дар ну ле рэспунде!
43 ၄၃ အကျွန်ုပ်သည်သူတို့အားချေမှုန်းသဖြင့် သူတို့သည် မြေမှုန့်ကဲ့သို့ညက်ညက်ကြေကြပါ၏။ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့သူတို့အား အကျွန်ုပ်နင်းပါ၏။
Ый писез ка пулберя пэмынтулуй, ый здробеск, ый калк ын пичоаре, ка нороюл де пе улице.
44 ၄၄ ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။ အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။
Мэ скапь дин неынцелеӂериле попорулуй меу; мэ пэстрезь дрепт кэпетение а нямурилор; ун попор пе каре ну-л куноштям ымь есте супус.
45 ၄၅ လူမျိုးခြားတို့သည်အကျွန်ုပ်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်အကျွန်ုပ်၏အမိန့်ကိုကြားသော အခါ နာခံကြပါ၏။
Фиий стрэинулуй мэ лингушеск; мэ аскултэ ла чя динтый порункэ.
46 ၄၆ သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲ မိမိတို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
Фиий стрэинулуй лешинэ де ла инимэ, тремурэ кынд ес дин четэцуе.
47 ၄၇ ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ တန်ခိုးကြီး၍ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်သည်ကြီးမြတ်တော်မူကြောင်း ကြွေးကြော်ကြလော့။
Трэяскэ Домнул ши бинекувынтатэ сэ фие Стынка мя! Ынэлцат сэ фие Думнезеу, Стынка мынтуирий меле,
48 ၄၈ ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
Думнезеу, каре есте рэзбунэторул меу, каре-мь супуне попоареле
49 ၄၉ ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍ အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။
ши каре мэ фаче сэ скап де врэжмаший мей! Ту мэ ыналць май пресус де потривничий мей, мэ избэвешть де омул асупритор.
50 ၅၀ သို့ဖြစ်၍အကျွန်ုပ်သည်လူမျိုးတကာတို့ရှေ့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုသီချင်းဆို ပါမည်။
Де ачея Те вой лэуда принтре нямурь, Доамне, ши вой кынта спре слава Нумелуй Тэу!
51 ၅၁ ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။
Ел дэ марь избэвирь ымпэратулуй Сэу ши аратэ милэ унсулуй Сэу: луй Давид ши семинцей луй пентру тотдяуна.”