< ၂ ဓမ္မရာဇဝင် 20 >
1 ၁ ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
Nu traff det sig så at det på det sted var en illesinnet mann som hette Seba, sønn av Bikri, en benjaminitt. Han støtte i basunen og sa: Vi har ingen del i David og ingen lodd i Isais sønn; hver mann til sine telt, Israel!
2 ၂ ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
Da forlot hver mann av Israel David og fulgte Seba, Bikris sønn, men Judas menn hang ved sin konge og fulgte ham fra Jordan like til Jerusalem.
3 ၃ ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
Så kom David hjem til Jerusalem. Og kongen tok de ti medhustruer som han hadde latt bli tilbake for å ta vare på huset, og lot dem bo i et hus for sig selv under varetekt; han forsørget dem med det nødvendige, men gikk ikke inn til dem. Der satt de nu innestengt til sin dødsdag og levde hele resten av sitt liv som enker.
4 ၄ မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
Så sa kongen til Amasa: Kall Judas menn sammen for mig innen tre dager og møt så selv frem her!
5 ၅ အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-
Amasa tok da avsted for å kalle Juda sammen; men han drygde lenger enn den tid som var fastsatt.
6 ၆ ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
Da sa David til Abisai: Nu kommer Seba, Bikris sønn, til å gjøre oss mere ondt enn Absalom; ta du din herres menn og sett efter ham! Bare han ikke alt har funnet faste byer og har undsloppet oss!
7 ၇ သို့ဖြစ်၍ယွာဘ၏လူများ၊ ကိုယ်ရံတော်တပ် သားများနှင့်အခြားတပ်သားအပေါင်းတို့ သည် အဘိရှဲနှင့်အတူရှေဘကိုလိုက်လံ ရှာဖွေရန်ယေရုရှလင်မြို့မှထွက်ခွာကြ လေသည်။-
Så drog da Joabs menn og livvakten og alle de djerveste stridsmenn ut efter ham; de drog ut fra Jerusalem for å sette efter Seba, Bikris sønn.
8 ၈ ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။-
De var nettop kommet til den store sten ved Gibeon, da kom Amasa imot dem. Joab hadde på sig kappen som var hans vanlige drakt, og utenpå den et belte med et sverd i skjeden, fastbundet over hans lender, og da han gikk frem, falt det ut.
9 ၉ ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊-
Og Joab sa til Amasa: Går det dig vel, bror? og grep med sin høire hånd fatt i Amasas skjegg for å kysse ham.
10 ၁၀ အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-
Men Amasa tok sig ikke i vare for sverdet som Joab hadde i hånden, og Joab stakk ham med det i underlivet, så hans innvoller rant ut på jorden. Han stakk ham ikke mere enn denne ene gang, så var han død. Derefter satte Joab og hans bror Abisai efter Seba, Bikris sønn.
11 ၁၁ ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
Men en av Joabs unge menn blev stående hos Amasa og ropte: Hvem som holder med Joab, og som står på Davids side, følge Joab!
12 ၁၂ အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။-
Men Amasa lå veltet i sitt blod midt på landeveien, og da mannen så at alt folket blev stående. flyttet han Amasa fra landeveien bort på marken og kastet et klæde over ham, fordi han så at enhver som kom bort til ham, blev stående.
13 ၁၃ လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
Da han var ført bort fra landeveien, gikk hver mann forbi og fulgte Joab for å sette efter Seba, Bikris sønn.
14 ၁၄ ရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။-
Han drog frem gjennem alle Israels stammer til Abel og Bet-Ma'aka og hele Berim; og de samlet sig og fulgte også efter ham.
15 ၁၅ ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။-
Og de kom og kringsatte ham i Abel-Bet-Ma'aka og opkastet en voll mot byen; den støtte op mot yttermuren; og alt folket som var med Joab, var i ferd med å ødelegge muren for å få den til å falle.
16 ၁၆ ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။-
Da ropte en klok kvinne fra byen: Hør, hør! Si til Joab: Kom nærmere, så jeg kan få tale med dig!
17 ၁၇ ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။ ``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊ ``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။ ``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊
Da gikk han bort til henne, og kvinnen spurte: Er du Joab? Han svarte: Ja. Hun sa til ham: Hør din tjenerinnes ord! Han svarte: Jeg hører.
18 ၁၈ အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။-
Da sa hun: Før pleide folk å si så: En skal spørre sig for i Abel, og så utførte de det.
19 ၁၉ ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
Jeg er en av de fredsommelige og trofaste i Israel; du søker å ødelegge en by, en mor i Israel, hvorfor vil du tilintetgjøre Herrens arv?
20 ၂၀ ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
Da svarte Joab og sa: Langt, langt være det fra mig at jeg skulde tilintetgjøre eller ødelegge.
21 ၂၁ ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။ အမျိုးသမီးက``ထိုသူ၏ဦးခေါင်းကိုမြို့ရိုး ပေါ်သို့ကျော်၍ပစ်ချလိုက်ပါမည်'' ဟုဆို ပြီးလျှင်၊-
Det har sig ikke så. Men en mann fra Efra'im-fjellet som heter Seba, sønn av Bikri, har løftet sin hånd mot kongen, mot David; la mig bare få ham, så skal jeg dra bort fra byen. Da sa kvinnen til Joab: Hans hode skal bli kastet ut til dig over muren.
22 ၂၂ မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
Så gikk kvinnen med sitt kloke råd til alt folket, og de hugg hodet av Seba, Bikris sønn, og kastet det ut til Joab. Da støtte han i basunen, og de drog bort fra byen og spredte sig hver mann til sitt hjem; og Joab vendte tilbake til Jerusalem, til kongen.
23 ၂၃ ယွာဘသည်တပ်မတော်ဗိုလ်ချုပ်ဖြစ်၍ ယောယဒ၏သားဗေနာယသည် ဒါဝိဒ်၏ ကိုယ်ရံတော်တပ်သားများကိုအုပ်ချုပ် ရ၏။-
Joab var høvding over hele Israels hær, og Benaja, sønn av Jojada, var høvding over livvakten;
24 ၂၄ အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-
Adoram hadde opsyn med dem som gjorde pliktarbeid, og Josafat, sønn av Akilud, var historieskriver;
25 ၂၅ ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
Seja var statsskriver, og Sadok og Abjatar var prester.
26 ၂၆ ယာဣရမြို့သားဣရသည်လည်းဒါဝိဒ်၏ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သတည်း။
Ja'iritten Ira var også prest hos David.