< ၂ ဓမ္မရာဇဝင် 20 >

1 ဂိ​လ​ဂါ​လ​မြို့​တွင်​ဗိ​ခ​ရိ​၏​သား၊ ဗင်္ယာ​မိန် အ​နွယ်​ဝင်၊ ရှေ​ဘ​ဆို​သူ​လူ​ဆိုး​လူ​သွမ်း တစ်​ယောက်​ရှိ​၏။ သူ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​ပြီး လျှင်``ဒါ​ဝိဒ်​ကို​အ​လို​မ​ရှိ။ ငါ​တို့​သူ့​နောက် သို့​မ​လိုက်​လို။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​ငါ​တို့ သည်​အိမ်​သို့​ပြန်​ကြ​ကုန်​အံ့'' ဟု​ဟစ်​အော် ကြွေး​ကြော်​၏။-
Ja siellä oli sattumalta kelvoton mies, nimeltä Seba, Bikrin poika, benjaminilainen. Hän puhalsi pasunaan ja sanoi: "Meillä ei ole mitään osaa Daavidiin eikä perintöosaa Iisain poikaan. Kukin majallensa, Israel!"
2 ထို့​ကြောင့်​ဣ​သ​ရေ​လ​ပြည်​မှ​လူ​တို့​သည် ဒါ​ဝိဒ်​ကို​စွန့်​၍ ရှေ​ဘ​နှင့်​လိုက်​သွား​ကြ​၏။ ယု​ဒ​ပြည်​မှ​လူ​တို့​မူ​ကား​သစ္စာ​မ​ဖောက်​ဘဲ ယော်​ဒန်​မြစ်​မှ​ယေ​ရု​ရှ​လင်​မြို့​တိုင်​အောင် ဒါ​ဝိဒ်​နှင့်​လိုက်​သွား​ကြ​လေ​သည်။
Silloin kaikki Israelin miehet luopuivat Daavidista ja seurasivat Sebaa, Bikrin poikaa; mutta Juudan miehet riippuivat kiinni kuninkaassansa ja seurasivat häntä Jordanilta aina Jerusalemiin.
3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သော​မိ​မိ ၏​နန်း​တော်​သို့​ရောက်​သော​အ​ခါ နန်း​တော်​စောင့် အ​ဖြစ်​ထား​ခဲ့​သည့်​မောင်း​မ​ဆယ်​ယောက်​ကို ထိန်း​သိမ်း​လိုက်​ပြီး​လျှင်​အ​စောင့်​နှင့်​ထား​၏။ သူ​တို့​အ​တွက်​လို​အပ်​သော​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပေး​တော်​မူ​သော်​လည်း​မင်း ကြီး​သည်​သူ​တို့​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မ​မူ။ သူ​တို့​သည်​တစ်​သက်​လုံး အ​ချုပ်​ခံ​ရ​ကာ​မု​ဆိုး​မ​များ​ကဲ့​သို့ နေ​ထိုင်​ရ​ကြ​၏။
Niin Daavid tuli linnaansa Jerusalemiin. Ja kuningas otti ne kymmenen sivuvaimoa, jotka hän oli jättänyt palatsia vartioimaan, ja panetti heidät vartioituun taloon; ja hän elätti heitä, mutta ei mennyt heidän luoksensa. Siellä he olivat eristettyinä kuolinpäiväänsä asti, elävän miehen leskinä.
4 မင်း​ကြီး​သည်​အာ​မ​သ​အား``သင်​သည်​ယု​ဒ ပြည်​သူ​တို့​အား​ခေါ်​ယူ​စု​ရုံး​စေ​ပြီး​လျှင် သန် ဘက်​ခါ​ထို​သူ​တို့​နှင့်​အ​တူ​ဤ​အ​ရပ်​သို့​ပြန် လာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
Ja kuningas sanoi Amasalle: "Kutsu koolle Juudan miehet kolmen päivän kuluessa ja ole silloin itse paikallasi täällä".
5 အာ​မ​သ​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​ခေါ်​ယူ ရန်​ထွက်​ခွာ​သွား​သော်​လည်း မင်း​ကြီး​ချိန်း​ဆို သည့်​အ​ချိန်​၌​ပြန်​လည်​၍​ရောက်​မ​လာ​ချေ။-
Niin Amasa meni kutsumaan koolle Juudaa; mutta hän viipyi ohi sen ajan, jonka hän oli määrännyt.
6 ထို့​ကြောင့်​မင်း​ကြီး​သည်​အ​ဘိ​ရှဲ​အား``ရှေ​ဘ သည်​အ​ဗ​ရှ​လုံ​ထက်​ပင်​ပို​၍​ငါ​တို့​အား ဒုက္ခ​ပေး​လိမ့်​မည်။ ငါ​၏​လူ​တို့​ကို​ခေါ်​၍​သူ့ နောက်​သို့​လိုက်​လော့။ သို့​မ​ဟုတ်​လျှင်​သူ​သည် မြို့​ရိုး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​များ​ကို​သိမ်း ယူ​ကာ​ငါ​တို့​လက်​မှ​လွတ်​မြောက်​သွား​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-
Silloin sanoi Daavid Abisaille: "Nyt Seba, Bikrin poika, tekee meille enemmän pahaa kuin Absalom. Ota sinä herrasi palvelijat ja aja häntä takaa, ettei hän saisi haltuunsa varustettuja kaupunkeja ja repisi meiltä silmiä."
7 သို့​ဖြစ်​၍​ယွာဘ​၏​လူ​များ၊ ကိုယ်​ရံ​တော်​တပ် သား​များ​နှင့်​အ​ခြား​တပ်​သား​အ​ပေါင်း​တို့ သည် အ​ဘိ​ရှဲ​နှင့်​အ​တူ​ရှေ​ဘ​ကို​လိုက်​လံ ရှာ​ဖွေ​ရန်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​ကြ လေ​သည်။-
Niin Jooabin miehet sekä kreetit ja pleetit ja kaikki urhot lähtivät liikkeelle hänen jäljessään; he lähtivät Jerusalemista ajamaan takaa Sebaa, Bikrin poikaa.
8 ဂိ​ဗောင်​မြို့​ရှိ​ကျောက်​တုံး​ကြီး​သို့​ရောက် သော​အ​ခါ သူ​တို့​သည်​အာ​မ​သ​နှင့်​တွေ့ ဆုံ​မိ​ကြ​၏။ ယွာ​ဘ​သည်​စစ်​ပွဲ​ဝင်​ရန် အ​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ကာ ဋ္ဌား ကို​ဋ္ဌား​အိမ်​တွင်​ထည့်​၍​ခါး​ပတ်​တွင်​ချိတ် ထား​၏။ သူ​သည်​ရှေ့​သို့​တိုး​လိုက်​ရာ​ဋ္ဌား အိမ်​မှ​လျှော​ကျ​လာ​၏။-
Mutta kun he olivat suuren kiven luona, joka on Gibeonissa, tuli Amasa heitä vastaan. Ja Jooab oli puettu takkiinsa, ja sen päällä oli miekanvyö, kiinnitettynä vyötäisille; miekka oli tupessaan, mutta kun hän lähti liikkeelle, niin se putosi.
9 ယွာ​ဘ​သည်​အာ​မ​သ​အား``မိတ်​ဆွေ၊ ကျန်း မာ​ပါ​၏​လော'' ဟု​ဆို​ပြီး​လျှင်​နမ်း​ရှုပ်​ဟန် ပြု​၍​ညာ​လက်​ဖြင့်​အာ​မ​သ​၏​မုတ်​ဆိတ် ကို​ဆွဲ​ကိုင်​ကာ၊-
Ja Jooab sanoi Amasalle: "Voitko hyvin, veljeni?" Ja Jooab tarttui oikealla kädellään Amasaa partaan, muka suudellakseen häntä.
10 ၁၀ အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။-
Ja kun Amasa ei varonut miekkaa, joka Jooabilla oli kädessään, pisti tämä häntä sillä vatsaan, niin että hänen sisälmyksensä valuivat maahan; toista pistoa ei tarvittu: hän kuoli. Sitten Jooab ja hänen veljensä Abisai ajoivat takaa Sebaa, Bikrin poikaa.
11 ၁၁ ယွာ​ဘ​၏​ငယ်​သား​တစ်​ယောက်​သည်​အာ​မ​သ ၏​အ​လောင်း​အ​နီး​တွင်​ရပ်​လျက်``ယွာ​ဘ​နှင့် ဒါ​ဝိဒ်​၏​ဘက်​သား​မှန်​သ​မျှ​သည်​ယွာ​ဘ နောက်​သို့​လိုက်​ကြ​လော့'' ဟု​အော်​ဟစ်​၏။-
Mutta eräs Jooabin palvelijoista jäi seisomaan Amasan ääreen ja huusi: "Jokainen, joka on Jooabille myötämielinen ja joka on Daavidin puolella, seuratkoon Jooabia!"
12 ၁၂ အာ​မ​သ​၏​အ​လောင်း​သည်​လမ်း​လယ်​တွင် သွေး​၌​လူး​လျက်​နေ​၏။ လူ​တိုင်း​ပင်​ထို နေ​ရာ​သို့​ရောက်​သော​အ​ခါ​ရပ်​တန့်​လိုက် ကြ​သည်​ကို​ယွာ​ဘ​၏​ငယ်​သား​မြင်​သော အ​ခါ အ​လောင်း​ကို​ကွင်း​ပြင်​သို့​ဆွဲ​ယူ ပြီး​လျှင်​အ​ဝတ်​နှင့်​အုပ်​ထား​လိုက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​နီး​မှ​ဖြတ် သွား​သူ​အ​ပေါင်း​တို့​သည်​ထို​အ​လောင်း ကို​မြင်​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။-
Ja Amasa virui verissään keskellä tietä; mutta kun se mies näki, että kaikki väki pysähtyi siihen, vei hän Amasan tieltä syrjään pellolle ja heitti vaatteen hänen päällensä, nähdessään, että kaikki ohikulkijat pysähtyivät.
13 ၁၃ လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။
Ja kun hänet oli toimitettu pois tieltä, kulkivat kaikki ohi ja seurasivat Jooabia ajaakseen takaa Sebaa, Bikrin poikaa.
14 ၁၄ ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။-
Tämä kulki kaikkien Israelin sukukuntien kautta Aabeliin ja Beet-Maakaan, ja kaikki beeriläiset kokoontuivat ja seurasivat häntä sinne saakka.
15 ၁၅ ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။-
Mutta he tulivat ja piirittivät häntä Aabel-Beet-Maakassa ja loivat kaupunkia vastaan vallin, joka ulottui ulkomuuriin. Ja kaikki Jooabin väki teki hävitystyötä kukistaakseen muurin.
16 ၁၆ ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-
Silloin huusi viisas vaimo kaupungista: "Kuulkaa! Kuulkaa! Sanokaa Jooabille, että hän tulee tänne lähelle puhutellakseni häntä".
17 ၁၇ ယွာ​ဘ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မျိုး သ​မီး​က``သင်​သည်​ယွာ​ဘ​ပေ​လော'' ဟု မေး​၏။ ``ဟုတ်​ပါ​သည်'' ဟု​ယွာ​ဘ​ဆို​လျှင်၊ ``အ​ရှင်​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ'' ဟု​အ​မျိုး​သ​မီး​က​ပြော​၏။ ``ယွာ​ဘ​က`အ​ကျွန်ုပ်​နား​ထောင်​နေ​ပါ​သည်' ဟု​ဆို​သော​အ​ခါ၊
Ja kun tämä tuli häntä lähelle, sanoi vaimo: "Oletko Jooab?" Hän vastasi: "Olen". Vaimo sanoi hänelle: "Kuule palvelijattaresi sanoja". Hän vastasi: "Minä kuulen".
18 ၁၈ အ​မျိုး​သ​မီး​က``အ​ကြောင်း​ပြီး​စေ​လို​သော် အာ​ဗေ​လ​မြို့​သို့​သွား​လော့' ဟု​ရှေး​ဆို​ရိုး စ​ကား​ရှိ​ပါ​၏။ လူ​တို့​သည်​ဤ​အ​တိုင်း လည်း​ပြု​ခဲ့​ကြ​၏။-
Silloin vaimo sanoi: "Muinoin oli tapana sanoa: 'On kysyttävä neuvoa Aabelista', ja niin tuli valmista.
19 ၁၉ ကျွန်​မ​တို့​၏​မြို့​သည်​ကြီး​မြတ်​သည့်​မြို့၊ ဣ​သ​ရေ​လ​ပြည်​တွင်​ငြိမ်း​ချမ်း​မှု​ကို​အ​လို လား​ဆုံး၊ သစ္စာ​အ​ရှိ​ဆုံး​မြို့​တစ်​မြို့​ဖြစ်​ပါ​၏။ အ​ရှင်​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​ရန်​အ​ဘယ် ကြောင့်​ကြိုး​စား​နေ​ပါ​သ​နည်း။ ဘု​ရား​သ​ခင် ပိုင်​တော်​မူ​သော​အ​ရာ​ကို​အ​ရှင်​ပျက်​စီး​စေ လို​တော်​မူ​ပါ​သ​လော'' ဟု​မေး​၏။
Minä olen rauhallisimpia ja uskollisimpia Israelissa, ja sinä koetat ottaa hengen kaupungilta, joka on äiti Israelissa. Miksi sinä tahdot hävittää Herran perintöosan?"
20 ၂၀ ယွာ​ဘ​က``ထို​သို့​မ​ဟုတ်​ပါ။ ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ သင်​တို့​၏​မြို့​ကို​ဖျက်​ဆီး​မည် မ​ဟုတ်​ပါ။-
Jooab vastasi ja sanoi: "Pois se, pois se! En minä tahdo hävittää enkä tuhota.
21 ၂၁ ဖျက်​ဆီး​ရန်​ငါ​တို့​မှာ​အ​ကြံ​အ​စည်​လည်း မ​ရှိ​ပါ။ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ဗိ​ခ​ရိ ၏​သား​ရှေ​ဘ​ဆို​သူ​သည် ဒါ​ဝိဒ်​မင်း​အား ပုန်​ကန်​မှု​ကို​စ​တင်​ပြု​လုပ်​ခဲ့​ပါ​၏။ ထို​သူ တစ်​ဦး​တည်း​ကို​ငါ့​အား​ပေး​အပ်​ပါ​မူ​ငါ သည်​ဤ​မြို့​မှ​ထွက်​ခွာ​သွား​ပါ​အံ့'' ဟု ပြန်​ပြော​လေ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​၏​ဦး​ခေါင်း​ကို​မြို့​ရိုး ပေါ်​သို့​ကျော်​၍​ပစ်​ချ​လိုက်​ပါ​မည်'' ဟု​ဆို ပြီး​လျှင်၊-
Niin ei ole asia, vaan eräs mies Efraimin vuoristosta, nimeltä Seba, Bikrin poika, on nostanut kätensä kuningas Daavidia vastaan; luovuttakaa hänet yksin, niin minä lähden pois kaupungin edustalta." Vaimo vastasi Jooabille: "Katso, hänen päänsä heitetään sinulle muurin yli".
22 ၂၂ မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။
Sitten vaimo viisaudessaan meni kaiken kansan luo; niin he löivät Sebalta, Bikrin pojalta, pään poikki ja heittivät sen Jooabille. Silloin tämä puhalsi pasunaan, ja he hajaantuivat kaupungin edustalta, kukin majallensa. Mutta Jooab palasi kuninkaan luo Jerusalemiin.
23 ၂၃ ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-
Jooab oli Israelin koko sotajoukon ylipäällikkönä, ja Benaja, Joojadan poika, oli kreettien ja pleettien päällikkönä.
24 ၂၄ အ​ဒေါ​နိ​ရံ​သည်​ချွေး​တပ်​ကို​အုပ်​ချုပ်​ရ ၍​အ​ဟိ​လုပ်​၏​သား​ယော​ရှ​ဖတ်​သည်​မော် ကွန်း​ထိန်း​ဖြစ်​၏။-
Adoram oli verotöiden valvojana, ja Joosafat, Ahiludin poika, oli kanslerina.
25 ၂၅ ရှေ​ဝ​သည်​တ​ရား​ရုံး​တော်​အ​တွင်း​ဝန်​ဖြစ် ၍​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။-
Seja oli kirjurina, ja Saadok ja Ebjatar olivat pappeina.
26 ၂၆ ယာ​ဣ​ရ​မြို့​သား​ဣ​ရ​သည်​လည်း​ဒါ​ဝိဒ်​၏ ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ဖြစ်​သ​တည်း။
Myöskin jaairilainen Iira oli Daavidilla pappina.

< ၂ ဓမ္မရာဇဝင် 20 >