< ၂ ဓမ္မရာဇဝင် 2 >

1 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-
그 후에 다윗이 여호와께 물어 가로되 내가 유다 한 성으로 올라가리이까 여호와께서 가라사대 올라가라 다윗이 가로되 어디로 가리이까 가라사대 헤브론으로 갈지니라
2 ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-
다윗이 그 두 아내 이스르엘 여인 아히노암과 갈멜 사람 나발의 아내 되었던 아비가일을 데리고 그리로 올라갈 때에
3 သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-
또 자기와 함께한 종자들과 그들의 권속들을 다 데리고 올라가서 헤브론 각 성에 거하게 하니라
4 ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-
유다 사람들이 와서 거기서 다윗에게 기름을 부어 유다 족속의 왕을 삼았더라 혹이 다윗에게 고하여 가로되 사울을 장사한 사람은 길르앗 야베스 사람들이니이다 하매
5 ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
다윗이 길르앗 야베스 사람들에게 사자들을 보내어 가로되 너희가 너희 주 사울에게 이처럼 은혜를 베풀어 장사하였으니 여호와께 복을 받을지어다
6 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-
너희가 이 일을 하였으니 이제 여호와께서 은혜와 진리로 너희에게 베푸시기를 원하고 나도 이 선한 일을 너희에게 갚으리니
7 သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။
이제 너희는 손을 강하게 하고 담대히 할지어다 너희 주 사울이 죽었고 또 유다 족속이 내게 기름을 부어 저희의 왕을 삼았음이니라
8 ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-
사울의 군장 넬의 아들 아브넬이 이미 사울의 아들 이스보셋을 데리고 마하나임으로 건너가서
9 သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-
길르앗과 아술과 이스르엘과 에브라임과 베냐민과 온 이스라엘의 왕을 삼았더라
10 ၁၀ ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-
사울의 아들 이스보셋이 비로소 이스라엘 왕이 될 때에 나이 사십 세며 두 해 동안 위에 있으니라 유다 족속은 다윗을 따르니
11 ၁၁ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။
다윗이 헤브론에서 유다 족속의 왕이 된 날 수는 일곱 해 여섯 달이더라
12 ၁၂ အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။-
넬의 아들 아브넬과 사울의 아들 이스보셋의 신복들은 마하나임에서 나와서 기브온에 이르고
13 ၁၃ ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။-
스루야의 아들 요압과 다윗의 신복들도 나와서 기브온 못가에서 저희를 만나 앉으니 이는 못 이편이요 저는 못 저편이라
14 ၁၄ အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။
아브넬이 요압에게 이르되 청컨대 소년들로 일어나서 우리 앞에서 장난하게 하자 요압이 가로되 일어나게 하자 하매
15 ၁၅ သို့​ဖြစ်​၍​ဣ​ရှ​ဗော​ရှက်​နှင့်​ဗင်္ယာ​မိန်​လူ​မျိုး​စု​ကို ကိုယ်​စား​ပြု​သူ​လူ​တစ်​ဆယ့်​နှစ်​ယောက်​တို့​သည် ဒါ​ဝိဒ်​၏​လူ​တစ်​ဆယ့်​နှစ်​ယောက်​နှင့်​စစ်​က​စား ကြ​၏။-
저희가 일어나 그 수효대로 나아가니 베냐민과 사울의 아들 이스보셋의 편에 열둘이요 다윗의 신복 중에 열둘이라
16 ၁၆ လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။
각기 적수의 머리를 잡고 칼로 적수의 옆구리를 찌르매 일제히 쓰러진지라 그러므로 그곳을 헬갓 핫수림이라 일컬었으며 기브온에 있더라
17 ၁၇ ထို​နောက်​ပြင်း​ထန်​သော​စစ်​ပွဲ​ဖြစ်​ပွား​၍​အာ​ဗ​နာ နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​၏​လူ​တို့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​သည်။-
그 날에 싸움이 심히 맹렬하더니 아브넬과 이스라엘 사람들이 다윗의 신복들 앞에서 패하니라
18 ၁၈ ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-
그곳에 스루야의 세 아들 요압과 아비새와 아사헬이 있었는데 아사헬의 발은 들노루 같이 빠르더라
19 ၁၉
아사헬이 아브넬을 쫓아 달려가되 좌우로 치우치지 않고 아브넬의 뒤를 쫓으니
20 ၂၀ အာ​ဗ​နာ​သည်​နောက်​သို့​လည့်​၍​ကြည့်​ပြီး လျှင်``သင်​သည်​အာ​သ​ဟေ​လ​လော'' ဟု​မေး​၏။ အာ​သ​ဟေ​လ​က``ငါ​ဟုတ်​သည်'' ဟု​ပြန်​ပြော သော​အ​ခါ၊
아브넬이 뒤를 돌아 보며 가로되 아사헬아 너냐 대답하되 내로라
21 ၂၁ အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်​တော့။ အ​ခြား စစ်​သည်​တစ်​ယောက်​ယောက်​ကို​လိုက်​၍​ဖမ်း​ပြီး​မှ သူ့​ထံ​မှ​ရ​သည့်​ပစ္စည်း​ကို​ယူ​လော့'' ဟု​ဆို​၏။ သို့ ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက်​၍ နေ​၏။-
아브넬이 저에게 이르되 너는 좌편으로나 우편으로나 치우쳐서 소년 하나를 잡아 그 군복을 빼앗으라 하되 아사헬이 치우치기를 원치 않고 그 뒤를 쫓으매
22 ၂၂ အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်။ သင့်​ကို​ငါ မ​သတ်​လို​ပါ။ သင့်​ကို​သတ်​ပြီး​လျှင်​သင်​၏​အစ်​ကို ယွာ​ဘ​အား​ငါ​အ​ဘယ်​သို့​မျက်​နှာ​ပြ​နိုင်​ပါ မည်​နည်း'' ဟု​ဆို​၏။-
아브넬이 다시 아사헬에게 이르되 너는 나 쫓기를 그치라 내가 너를 쳐서 땅에 엎드러지게 할 까닭이 무엇이냐 그렇게 하면 내가 어떻게 네 형 요압을 대면하겠느냐 하되
23 ၂၃ သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။
저가 치우치기를 싫어하매 아브넬이 창 뒤 끝으로 그 배를 찌르니 창이 그 등을 꿰뚫고 나간지라 곧 그곳에 엎드러져 죽으매 아사헬의 엎드러져 죽은 곳에 이르는 자마다 머물러 섰더라
24 ၂၄ သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။-
요압과 아비새가 아브넬의 뒤를 쫓아 기브온 거친 땅의 길가 기아 맞은편 암마 산에 이를 때에 해가 졌고
25 ၂၅ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အာ​ဗ​နာ​၏​ထံ​တွင် ပြန်​လည်​စု​ရုံး​ကြ​ပြီး​လျှင် တောင်​ကုန်း​ထိပ်​တွင် တပ်​စွဲ​နေ​ကြ​၏။-
베냐민 족속은 함께 모여 아브넬을 따라 한 떼를 이루고 작은 산꼭대기에 섰더라
26 ၂၆ အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​သည်​အ​စဉ်​အ​မြဲ ဆက်​လက်​တိုက်​ခိုက်​နေ​ရ​ကြ​ပါ​မည်​လော။ နောက်​ဆုံး ၌​စိတ်​နာ​မှု​မှ​တစ်​ပါး​အ​ဘယ်​အ​ကျိုး​မျှ​ရှိ​မည် မ​ဟုတ်​ကြောင်း သင်​မ​သိ​မ​မြင်​ပါ​သ​လော။ ငါ​တို့ သည်​သင်​တို့​နှင့်​တစ်​မြေ​တည်း​နေ၊ တစ်​ရေ​တည်း သောက်​သူ​များ​ဖြစ်​ပါ​၏။ ငါ​တို့​အား​လိုက်​လံ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​စေ​ရန် သင်​၏​လူ​တို့ အား​အ​မိန့်​မ​ပေး​ဘဲ​အ​ဘယ်​မျှ​ကြာ​အောင် ဆိုင်း​ငံ့​နေ​ပါ​ဦး​မည်​နည်း'' ဟု​ဟစ်​အော်​၍ ပြော​၏။
아브넬이 요압에게 외쳐 가로되 칼이 영영히 사람을 상하겠느냐 마침내 참혹한 일이 생길 줄을 알지 못하느냐 네가 언제나 무리에게 그 형제 쫓기를 그치라 명하겠느냐
27 ၂၇ ယွာ​ဘ​က``အ​ကယ်​၍​သင်​ဤ​ကဲ့​သို့​မ​ပြော​ခဲ့ လျှင် ငါ​၏​လူ​တို့​သည်​သင်​တို့​အား​နက်​ဖြန်​နံ နက်​တိုင်​အောင် လိုက်​လံ​ကြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော လေ​၏။-
요압이 가로되 하나님이 사시거니와 네가 흔단의 말을 내지 아니하였더면 무리가 아침에 다 돌아갔을 것이요 그 형제를 쫓지 아니하였으리라 하고
28 ၂၈ ထို​နောက်​ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​ကို​မှုတ် လိုက်​ရာ​သူ​၏​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​မှု​ကို​မ​ပြု​ကြ​တော့ ချေ။ သို့​ဖြစ်​၍​တိုက်​ခိုက်​မှု​လည်း​ရပ်​စဲ​သွား လေ​သည်။
나팔을 불매 온 무리가 머물러 서고 다시는 이스라엘을 쫓아가지 아니하고 다시는 싸우지도 아니하니라
29 ၂၉ အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။
아브넬과 그 종자들이 밤새도록 행하여 아라바를 지나 요단을 건너 비드론 온 땅을 지나 마하나임에 이르니라
30 ၃၀ ယွာ​ဘ​သည်​အာ​ဗ​နာ​ကို​လိုက်​လံ​မှု​ရပ်​စဲ​စေ ပြီး​နောက် မိ​မိ​၏​လူ​အ​ပေါင်း​ကို​စု​ရုံး​စေ​၏။ ထို အ​ခါ​အာသ​ဟေ​လ​အ​ပြင်​လူ​တစ်​ဆယ့်​ကိုး ယောက်​ပျောက်​ဆုံး​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ သည်။-
요압이 아브넬 쫓기를 그치고 돌아와서 무리를 다 모으니 다윗의 신복 중에 십구 인과 아사헬이 궐이 났으나
31 ၃၁ ဒါ​ဝိဒ်​၏​လူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အာ​ဗ​နာ​၏​လူ​ပေါင်း​သုံး​ရာ​ခြောက်​ဆယ် ကို​သတ်​ဖြတ်​ခဲ့​ကြ​သ​တည်း။-
다윗의 신복들이 베냐민과 아브넬에게 속한 자들을 쳐서 삼백육십 명을 죽였더라
32 ၃၂ ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။
무리가 아사헬을 베들레헴에 있는 그 아비 묘에 장사하고 요압과 그 종자들이 밤새도록 행하여 헤브론에 이를 때에 날이 밝았더라

< ၂ ဓမ္မရာဇဝင် 2 >