< ၂ ဓမ္မရာဇဝင် 2 >
1 ၁ ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
2 ၂ ဒါဝိဒ်သည်မိမိဇနီးနှစ်ယောက်ဖြစ်ကြသော ယေဇရေလမြို့သူ အဟိနောင်နှင့်ကရမေလ မြို့မှနာဗလ၏မုဆိုးမအဘိဂဲလကို ခေါ်၍ဟေဗြုန်မြို့သို့သွားလေသည်။-
3 ၃ သူသည်မိမိ၏အပေါင်းပါတို့နှင့်အိမ်ထောင် စုများကိုခေါ်ဆောင်ကာ ဟေဗြုန်မြို့ပတ်ဝန်း ကျင်ရှိမြို့ရွာတို့တွင်နေထိုင်စေ၏။-
4 ၄ ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
5 ၅ ထိုသူတို့ထံသို့လူအချို့ကိုစေလွှတ်၍``သင် တို့သည်ရှောလု၏အလောင်းကိုသင်္ဂြိုဟ်ကြ ခြင်းအားဖြင့် မိမိတို့၏ဘုရင်အားသစ္စာ စောင့်ပုံကိုဖော်ပြကြပေသည်။ သို့ဖြစ်၍ ထာဝရဘုရားသည်သင်တို့အားကောင်း ချီးပေးတော်မူပါစေသော။-
6 ၆ ထာဝရဘုရားသည်သင်တို့အားသစ္စာ ကရုဏာထားတော်မူပါစေသော။ သင်တို့ ပြုခဲ့သည့်အမှုအတွက်ငါသည်လည်းသင် တို့အားကျေးဇူးပြုမည်။-
7 ၇ သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။
8 ၈ ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
9 ၉ သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
10 ၁၀ ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။ သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။-
11 ၁၁ ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။
12 ၁၂ အာဗနာသည်ဣရှဗောရှက်၏စစ်သူရဲများ နှင့်အတူမဟာနိမ်မြို့မှဂိဗောင်မြို့သို့သွား ၏။-
13 ၁၃ ဇေရုယာ၏သားယွာဘနှင့်ဒါဝိဒ်၏စစ်သူရဲ တို့သည်လည်း ဂိဗောင်ကန်အနီးသို့လာရောက်၍ သူတို့နှင့်တွေ့ဆုံကြ၏။ သူတို့လူနှစ်စုသည် ကန်တစ်ဘက်တစ်ချက်စီ၌နေရာယူကြ၏။-
14 ၁၄ အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
15 ၁၅ သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။-
16 ၁၆ လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
17 ၁၇ ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။-
18 ၁၈ ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
19 ၁၉
20 ၂၀ အာဗနာသည်နောက်သို့လည့်၍ကြည့်ပြီး လျှင်``သင်သည်အာသဟေလလော'' ဟုမေး၏။ အာသဟေလက``ငါဟုတ်သည်'' ဟုပြန်ပြော သောအခါ၊
21 ၂၁ အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။-
22 ၂၂ အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။-
23 ၂၃ သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။
24 ၂၄ သို့ရာတွင်ယွာဘနှင့်အဘိရှဲတို့မူကား အာဗနာ ကိုလိုက်လံတိုက်ခိုက်ရန်ထွက်ခွာသွားကြ၏။ သူ တို့သည်နေဝင်ချိန်၌ဂိဗောင်တောကန္တာရသို့ သွားရာလမ်းအနီး၊ ဂိအာမြို့၏အရှေ့ဘက် တွင်ရှိသောအမ္မတောင်ကုန်းသို့ရောက်ကြ၏။-
25 ၂၅ ဗင်္ယာမိန်အနွယ်ဝင်တို့သည်အာဗနာ၏ထံတွင် ပြန်လည်စုရုံးကြပြီးလျှင် တောင်ကုန်းထိပ်တွင် တပ်စွဲနေကြ၏။-
26 ၂၆ အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
27 ၂၇ ယွာဘက``အကယ်၍သင်ဤကဲ့သို့မပြောခဲ့ လျှင် ငါ၏လူတို့သည်သင်တို့အားနက်ဖြန်နံ နက်တိုင်အောင် လိုက်လံကြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကို တိုင်တည်၍ငါကျိန်ဆိုပါ၏'' ဟုပြန်ပြော လေ၏။-
28 ၂၈ ထိုနောက်ယွာဘသည်တံပိုးခရာကိုမှုတ် လိုက်ရာသူ၏လူတို့သည် ဣသရေလအမျိုး သားတို့အားလိုက်လံမှုကိုမပြုကြတော့ ချေ။ သို့ဖြစ်၍တိုက်ခိုက်မှုလည်းရပ်စဲသွား လေသည်။
29 ၂၉ အာဗနာနှင့်သူ၏လူတို့သည်တစ်ညလုံး ယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍သွားကြ၏။ သူတို့ သည်ယော်ဒန်မြစ်ကိုကူး၍ နောက်တစ်နေ့တစ် မနက်လုံးခရီးပြုကြပြီးနောက်မဟာနိမ် မြို့သို့ရောက်ကြ၏။
30 ၃၀ ယွာဘသည်အာဗနာကိုလိုက်လံမှုရပ်စဲစေ ပြီးနောက် မိမိ၏လူအပေါင်းကိုစုရုံးစေ၏။ ထို အခါအာသဟေလအပြင်လူတစ်ဆယ့်ကိုး ယောက်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရလေ သည်။-
31 ၃၁ ဒါဝိဒ်၏လူတို့သည်ဗင်္ယာမိန်အနွယ်ဝင် အာဗနာ၏လူပေါင်းသုံးရာခြောက်ဆယ် ကိုသတ်ဖြတ်ခဲ့ကြသတည်း။-
32 ၃၂ ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။