< ၂ ဓမ္မရာဇဝင် 19 >
1 ၁ ဒါဝိဒ်မင်းသည်အဗရှလုံအတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်း ယွာဘထံသို့ သတင်းရောက်ရှိလာ၏။-
Joab fik nu Efterretning om, at Kongen græd og sørgede over Absalom,
2 ၂ မင်းကြီးသည်သားတော်အတွက်ငိုကြွေး မြည်တမ်းလျက်နေကြောင်းကြားသိရသော အခါ ဒါဝိဒ်၏တပ်သားအပေါင်းတို့အဖို့ ထိုနေ့၌အောင်ပွဲသည်ဝမ်းနည်းပူဆွေးပွဲ ဖြစ်ရလေ၏။-
og Sejren blev den Dag til Sorg for alt Folket, fordi det hørte, at Kongen sørgede dybt over sin Søn.
3 ၃ တိုက်ပွဲမှထွက်ပြေးခဲ့သဖြင့်ရှက်ကြောက် နေသည့်စစ်သားများကဲ့သို့ သူတို့သည်မြို့ ထဲသို့တိတ်တဆိတ်ပြန်လည်ဝင်ရောက် လာကြ၏။-
Og Folket stjal sig den Dag ind i Byen, som man stjæler sig bort af Skam, naar man har taget Flugten i Kampen.
4 ၄ မင်းကြီးသည်မျက်နှာကိုအုပ်၍``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား'' ဟုကျယ်လောင်စွာငိုကြွေးတော်မူ၏။
Kongen havde tilhyllet sit Ansigt og klagede højt: »Min Søn Absalom, min Søn, Absalom, min Søn!«
5 ၅ ယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။-
Da gik Joab ind til Kongen og sagde: »Du beskæmmer i Dag alle dine Folk, der dog i Dag har reddet dit Liv og dine Sønners og Døtres, Hustruers og Medhustruers Liv,
6 ၆ အရှင်သည်မိမိအားချစ်မြတ်နိုးသူတို့ကို ဆန့်ကျင်ဘက်ပြု၍ အရှင့်အားမုန်းသူတို့ကို ထောက်ခံအားပေးတော်မူပြီ။ မိမိ၏တပ်မှူး များနှင့်တပ်သားများအားမည်သို့မျှပမာဏ မပြုကြောင်းထင်ရှားစေတော်မူပြီ။ ယခု အခါ၌အကျွန်ုပ်တို့အားလုံးသေ၍အဗ ရှလုံအသက်ရှင်လျက်နေမည်ဆိုပါမူ အရှင်အားရဝမ်းမြောက်တော်မူမည် ဖြစ်ကြောင်းအကျွန်ုပ်သိမြင်နိုင်ပါ၏။-
siden du elsker dem, som hader dig, og hader dem, som elsker dig; thi i Dag viser du, at Øverster og Folk er intet for dig. Ja, nu forstaar jeg, at du vilde have været tilfreds, hvis Absalom i Dag var i Live og alle vi andre døde.
7 ၇ ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။-
Staa nu op og gaa ud og tal godt for dine Folk; thi jeg sværger ved HERREN, at hvis du ikke gør det, bliver ikke en eneste Mand hos dig Natten over, og dette vil volde dig større Ulykke end alt, hvad der har ramt dig fra din Ungdom af og til nu!«
8 ၈ ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။ ဤအတောအတွင်း၌ဣသရေလအမျိုး သားအပေါင်းတို့သည် မိမိတို့နေရပ် အသီးသီးသို့ထွက်ပြေးကြ၏။-
Saa stod Kongen op og satte sig i Porten; og da man fik at vide, at Kongen sad i Porten, kom alt Folket hen og stillede sig foran Kongen. Men efter at Israeliterne var flygtet hver til sit,
9 ၉ တစ်ပြည်လုံးတွင်လူတို့က``ဒါဝိဒ်မင်းသည် ငါတို့ကိုရန်သူများလက်မှကယ်တော်မူ၏။ သူသည်ငါတို့အားဖိလိတ္တိအမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့၏။ သို့ရာတွင်ယခု အခါအဗရှလုံအတွက်ကြောင့်တိုင်း ပြည်ကိုစွန့်ခွာသွားလေပြီ။-
begyndte alt Folket i alle Israels Stammer at gaa i Rette med hverandre, idet de sagde: »Kongen frelste os fra vore Fjenders Haand; det var ham, som reddede os af Filisternes Haand; og nu har han maattet rømme Landet for Absalom.
10 ၁၀ ငါတို့သည်အဗရှလုံအားငါတို့၏ဘုရင် အဖြစ်ဘိသိက်ပေးခဲ့ကြသော်လည်း သူသည် စစ်ပွဲတွင်ကျဆုံးသွားလေပြီ။ ထို့ကြောင့် ဒါဝိဒ်မင်းအားပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် ငါတို့မကြံစည်ဘဲနေကြ ပါသနည်း'' ဟူ၍အချင်းချင်းငြင်းခုံ ပြောဆိုကြ၏။
Men Absalom, som vi havde salvet til Konge over os, er faldet i Kampen. Hvorfor tøver I da med at føre Kongen tilbage?«
11 ၁၁ ဤသို့ဣသရေလအမျိုးသားတို့ပြောဆို နေကြသည့်သတင်းသည် ဒါဝိဒ်ထံသို့ ရောက်ရှိလာ၏။ ``အဘယ်ကြောင့်သင်တို့ သည်မိမိတို့ဘုရင်အားနန်းတော်သို့ပြန် လည်ခေါ်ဆောင်ရန် ဣသရေလအမျိုး သားတို့ထက်နောက်ကျလျက်နေကြပါ သနည်း။-
Men da alle Israeliternes Ord kom Kong David for Øre, sendte han Bud til Præsterne Zadok og Ebjatar og lod sige: »Tal til Judas Ældste og sig: Hvorfor vil I være de sidste til at føre Kongen tilbage til hans Hus?
12 ၁၂ သင်တို့သည်ငါ၏ဆွေမျိုး၊ ငါ၏သွေးသား များဖြစ်ကြ၏။ ငါ့အားပြန်လည်ခေါ်ဆောင် ရန်အဘယ်ကြောင့်နောက်ကျနေရပါသနည်း'' ဟုမေးမြန်းစေရန်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့ကိုယုဒခေါင်းဆောင် များထံသို့စေလွှတ်တော်မူ၏။-
I er jo mine Brødre, I er mit Kød og Blod. Hvorfor vil I være de sidste til at føre Kongen tilbage?
13 ၁၃ ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
Og til Amasa skal I sige: Er du ikke mit Kød og Blod? Gud ramme mig baade med det ene og det andet, om du ikke for stedse skal være min Hærfører i Joabs Sted!«
14 ၁၄ ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။
Saa vendte alle Judas Mænds Hjerter sig til ham, alle som een, og de sendte Bud til Kongen: »Vend tilbage med alle dine Folk!«
15 ၁၅ အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။-
Og da Kongen paa Hjemvejen kom til Jordan, var Judæerne kommet til Gilgal for at gaa Kongen i Møde og føre ham over Jordan.
16 ၁၆ ထိုအချိန်၌ပင်လျှင်ဂေရ၏သား၊ ဗာဟု ရိမ်မြို့သားဗင်္ယာမိန်အနွယ်ဝင်ရှိမိသည် လည်း ဒါဝိဒ်မင်းကိုကြိုဆိုရန်ယော်ဒန်မြစ် သို့အလျင်အမြန်လာရောက်၏။-
Da skyndte Benjaminiten Simeï, Geras Søn, fra Bahurim sig sammen med Judas Mænd ned for at gaa Kong David i Møde,
17 ၁၇ သူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။-
fulgt af tusind Mænd fra Benjamin. Ogsaa Ziba, som var Tjener i Sauls Hus, var med sine femten Sønner og tyve Trælle ilet til Jordan forud for Kongen,
18 ၁၈ သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။ မင်းကြီးသည်မြစ်ကိုကူးရန်အသင့်ပြင် ဆင်နေစဉ်ရှိမိသည်ရှေ့တော်၌ပျပ်ဝပ် ပြီးလျှင်၊-
og de var sat over Vadestedet for at sætte Kongens Hus over og være ham til Tjeneste. Men da Kongen skulde til at gaa over Floden kastede Simeï, Geras Søn, sig ned for ham
19 ၁၉ အရှင်မင်းကြီး၊ အရှင်ယေရုရှလင်မြို့ မှထွက်ကြွတော်မူစဉ်အခါက အရှင့် အားအကျွန်ုပ်ပြစ်မှားခဲ့သည်ကိုခွင့်လွှတ် တော်မူပါ။ ထိုအမှုအတွက်အကျွန်ုပ် အားရန်ငြိုးထားတော်မမူပါနှင့်။ ထို အမှုကိုမေ့ပျောက်တော်မူပါ။-
og sagde: »Min Herre tilregne mig ikke min Brøde og tænke ikke mere paa, hvad din Træl forbrød, den Dag min Herre Kongen drog bort fra Jerusalem; Kongen agte ikke derpaa;
20 ၂၀ အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
thi din Træl ved, at han har syndet, men se, jeg er i Dag den første af hele Josefs Hus, der er kommet herned for at gaa min Herre Kongen i Møde!«
21 ၂၁ ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
Da tog Abisjaj, Zerujas Søn, Ordet og sagde: »Skal Simeï ikke lide Døden til Straf for, at han forbandede HERRENS Salvede?«
22 ၂၂ သို့ရာတွင်ဒါဝိဒ်သည် အဘိရှဲနှင့်သူ၏ အစ်ကိုယွာဘအား``သင်တို့ထင်မြင်ချက် ကိုအဘယ်သူတောင်းခံပါသနည်း။ သင် တို့သည်ငါ့ကိုဒုက္ခပေးလိုကြပါသလော။ ငါသည်ကားယခုအခါဣသရေလဘုရင် ဖြစ်လေပြီ။ ထို့ကြောင့်အဘယ်ဣသရေလ အမျိုးသားကိုမျှမသတ်ရကြ'' ဟု ဆိုပြီးလျှင်၊-
Men David svarede: »Hvad er der mig og eder imellem, I Zerujasønner, at I vil være mine Modstandere i Dag? Skulde nogen i Israel lide Døden i Dag? Ved jeg da ikke, at jeg nu er Konge over Israel?«
23 ၂၃ ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
Derpaa sagde Kongen til Simeï: »Du skal ikke dø!« Og Kongen tilsvor ham det.
24 ၂၄ ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
Ogsaa Mefibosjet, Sauls Sønnesøn, var draget ned for at gaa Kongen i Møde. Han havde ikke plejet sine Fødder eller sit Skæg eller tvættet sine Klæder, fra den Dag Kongen gik bort, til den Dag han kom uskadt tilbage.
25 ၂၅ မင်းကြီးသည်မေဖိဗောရှက်ယေရုရှလင် မြို့မှရောက်ရှိလာသောအခါ``မေဖိဗောရှက်၊ သင်သည်အဘယ်ကြောင့်ငါနှင့်အတူမ လိုက်ခဲ့ပါသနည်း'' ဟုမေးတော်မူ၏။
Da han nu kom fra Jerusalem for at gaa Kongen i Møde, sagde Kongen til ham: »Hvorfor fulgte du mig ikke, Mefibosjet?«
26 ၂၆ မေဖိဗောရှက်က``အရှင်မင်းကြီး၊ အရှင်သိ တော်မူသည့်အတိုင်းအကျွန်ုပ်သည်ခြေဆွံ့ သူဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်နှင့်အတူ မြည်းစီး၍လိုက်နိုင်ရန်မြည်းကိုကုန်းနှီး အတင်ခိုင်းသော်လည်းအကျွန်ုပ်၏အစေခံ သည်အကျွန်ုပ်အားလှည့်စားပါ၏။-
Han svarede: »Herre Konge, min Træl bedrog mig; thi din Træl bød ham sadle mit Æsel, for at jeg kunde sidde op og følge Kongen; din Træl er jo lam;
27 ၂၇ သူသည်အကျွန်ုပ်အကြောင်းကိုလည်းမင်း ကြီးအားလိမ်လည်လျှောက်ထားပါ၏။ သို့ ရာတွင်အရှင်သည်ထာဝရဘုရား၏ကောင်း ကင်တမန်ကဲ့သို့ဖြစ်သဖြင့် မိမိမှန်ကန် သည်ဟုအရှင်ထင်မြင်တော်မူသည့်အတိုင်း ပြုတော်မူပါ၏။-
men i Stedet bagtalte han din Træl hos min Herre Kongen. Dog, min Herre Kongen er jo som en Guds Engel. Gør, hvad du finder for godt!
28 ၂၈ အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
Thi skønt hele mit Fædrenehus kun havde Døden at vente af min Herre Kongen, gav du din Træl Plads imellem dine Bordfæller; hvad Ret har jeg da endnu til at kræve noget eller anraabe Kongen?«
29 ၂၉ မင်းကြီးက``သင်နောက်ထပ်ပြောဆိုရန်မလို တော့ပြီ။ ရှောလု၏ဥစ္စာပစ္စည်းများကိုသင်နှင့် ဇိဘတစ်ဝက်စီယူကြရန်ငါဆုံးဖြတ်ပြီး ဖြစ်သည်'' ဟုမိန့်တော်မူ၏။
Da sagde Kongen til ham: »Hvorfor bliver du ved med at tale? Her er mit Ord: Du og Ziba skal dele Jordegodset!«
30 ၃၀ မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။
Mefibosjet svarede Kongen: »Han maa gerne faa det hele, nu min Herre Kongen er kommet uskadt hjem!«
31 ၃၁ ဂိလဒ်ပြည်သားဗာဇိလဲသည်လည်းမင်း ကြီးအား ယော်ဒန်မြစ်တစ်ဘက်သို့ပို့ဆောင် ရန်ရောဂေလိမ်မြို့မှလာ၏။-
Ogsaa Gileaditen Barzillaj drog ned fra Rogelim og fulgte med Kongen for at ledsage ham til Jordan.
32 ၃၂ ဗာဇိလဲသည်အသက်ရှစ်ဆယ်ရှိ၍အလွန် အိုမင်းနေလေပြီ။ သူသည်အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်သဖြင့် မဟာနိမ်မြို့တွင် မင်းကြီးစခန်းချနေစဉ်အခါကစားနပ် ရိက္ခာထောက်ပံ့ခဲ့သူဖြစ်၏။-
Barzillaj var en Olding paa firsindstyve Aar; det var ham, som havde sørget for Kongens Underhold, medens han var i Mahanajim, thi han var en meget velstaaende Mand.
33 ၃၃ မင်းကြီးကသူ့အား``ငါနှင့်အတူယေရု ရှလင်မြို့သို့လိုက်ခဲ့လော့။ သင့်အားငါ ကြည့်ရှုစောင့်ရှောက်မည်'' ဟုဆို၏။
Kongen sagde nu til Barzillaj: »Følg med mig, jeg vil sørge for, at du i din Alderdom faar dit Underhold hos mig i Jerusalem!«
34 ၃၄ သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။-
Men Barzillaj svarede Kongen: »Hvor lang Tid har jeg endnu tilbage, at jeg skulde følge med Kongen op til Jerusalem?
35 ၃၅ အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။-
Jeg er nu firsindstyve Aar gammel; mon jeg kan skelne mellem godt og ondt, eller mon din Træl har nogen Smag for, hvad jeg spiser eller drikker, mon jeg endnu har Øre for Sangeres og Sangerinders Røst? Hvorfor skulde din Træl da i Fremtiden falde min Herre Kongen til Byrde?
36 ၃၆ ဤသို့ကြီးမြတ်သည့်ဆုလာဘ်တော်နှင့်လည်း မထိုက်မတန်ပါ။ သို့သော်အကျွန်ုပ်သည် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် အရှင် နှင့်အတူအနည်းငယ်လိုက်ပါမည်။-
Kun det lille Stykke Vej til Jordan vilde din Træl ledsage Kongen; hvorfor vil Kongen give mig saa meget til Gengæld?
37 ၃၇ မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
Lad din Træl vende tilbage, at jeg kan dø i min egen By ved mine Forældres Grav! Men her er din Træl Kimham; lad ham følge med min Herre Kongen, og gør med ham, hvad dig tykkes bedst!«
38 ၃၈ မင်းကြီးကလည်း``ငါသည်သူ့ကိုခေါ်သွား ပြီးလျှင်သင်အလိုရှိသည့်အတိုင်းသူ့အတွက် ဆောင်ရွက်ပေးမည်။ သင်၏အတွက်သင်တောင်း လျှောက်သည့်အတိုင်းငါပြုမည်'' ဟုပြန်လည် မိန့်ကြားတော်မူ၏။-
Da sagde Kongen: »Kimham skal følge med mig, og jeg vil gøre med ham, hvad dig tykkes bedst; alt, hvad du ønsker, vil jeg gøre for dig!«
39 ၃၉ ထိုနောက်ဒါဝိဒ်နှင့်သူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူးကြ၏။ မင်းကြီးသည် ဗာဇိလဲအားနမ်းရှုပ်ပြီးလျှင်ကောင်းချီးပေး တော်မူ၏။ ထိုနောက်ဗာဇိလဲသည်မိမိနေရပ် သို့ပြန်လေ၏။
Derpaa gik alle Krigerne over Jordan, medens Kongen blev staaende; og Kongen kyssede Barzillaj og velsignede ham, hvorefter Barzillaj vendte tilbage til sit Hjem.
40 ၄၀ မင်းကြီးသည်ယော်ဒန်မြစ်ကိုကူးသောအခါ ယုဒပြည်တစ်ပြည်လုံးမှလူတို့နှင့် ဣသရေလ ပြည်တစ်ဝက်မှလူတို့သည်မင်းကြီးအားလိုက် ပါပို့ဆောင်ကြ၏။ ထိုနောက်မင်းကြီးသည် ဂိလဂါလမြို့သို့ဆက်လက်၍ကြွတော်မူ ၏။ ခိမဟံသည်လည်းလိုက်ပါသွားလေသည်။-
Saa drog Kongen over til Gilgal, og Kimham drog med ham. Hele Judas Folk fulgte med Kongen og desuden Halvdelen af Israels Folk.
41 ၄၁ ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။
Men nu kom alle Israeliterne til Kongen og sagde: »Hvorfor har vore Brødre, Judas Mænd, bortført dig og bragt Kongen og hans Hus over Jordan tillige med alle Davids Mænd?«
42 ၄၂ ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
Da svarede alle Judas Mænd Israels Mænd: »Kongen staar jo os nærmest; hvorfor er I vrede over det? Har vi levet af Kongen eller taget noget fra ham?«
43 ၄၃ ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။
Israels Mænd svarede Judas Mænd: »Vi har ti Gange Part i Kongen, og tilmed har vi Førstefødselsretten fremfor eder; hvorfor har I da tilsidesat os? Og var det ikke os, der først talte om at føre vor Konge tilbage?« Men Judas Mænds Svar var endnu haardere end Israels Mænds.