< ၂ ဓမ္မရာဇဝင် 18 >

1 ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။-
And David mustered the people who were with him, and appointed commanders of thousands and commanders of hundreds over them.
2 ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။
David divided the army into three, a third part under the hand of Joab, and a third part under the hand of Abishai the son of Zeruiah, Joab's brother, and a third part under the hand of Ittai the Gittite. The king said to the people, "I will surely go forth with you myself also."
3 လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။
But they said, "You must not go out, for if we retreat, no one will care about us. If half of us die, no one will care about us. But you are worth ten thousand of us. So it is better for you to be in the city to help."
4 မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-
The king said to them, "I will do what seems best to you." The king stood beside the gate, and all the people went out by hundreds and by thousands.
5 ``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။
The king gave this order to Joab and Abishai and Ittai, saying, "Be gentle for my sake with the young man Absalom." And all the people were listening when the king gave orders to all the commanders concerning Absalom.
6 ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-
So the people went out into the field against Israel, and the battle took place in the forest of Ephraim.
7 ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-
And the people of Israel were struck there before the servants of David, and a great slaughter took place that day of twenty thousand men.
8 တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။
For the battle spread over the entire region, and the forest devoured more people that day than the sword devoured.
9 အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-
And Absalom happened to meet the servants of David. And he was riding on his mule, and the mule went under the thick branches of a great oak, and his head got caught in the oak, and he was left suspended in midair, while the mule that was under him kept going.
10 ၁၀ ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။
And someone saw it and told Joab, and said, "Look, I saw Absalom hanging in an oak."
11 ၁၁ ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။
Then Joab said to the man who reported it, "Look, you saw this. So why didn't you strike him there to the ground? I would have given you ten pieces of silver, and a belt."
12 ၁၂ သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-
But the man said to Joab, "Even if I could feel in my hand the weight of a thousand pieces of silver in my hand, I still wouldn't lay a hand on the king's son, for in our hearing the king commanded you and Abishai and Ittai, saying, 'Be gentle for my sake with the young man Absalom.'
13 ၁၃ သို့​ပါ​လျက်​အကျွန်ုပ်​သည်​မင်း​ကြီး​၏ အ​မိန့်​တော်​ကို​နား​မ​ထောင်​ဘဲ အ​ဗ​ရှ​လုံ အား​သတ်​မည်​ဆို​ပါ​က​မင်း​ကြီး​မ​ကြား မ​သိ​သည့်​အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သ​ဖြင့် ထို​အ​ကြောင်း​ကို​ကြား​သိ တော်​မူ​မည်​သာ​ဖြစ်​ပါ​၏။ ထို​အ​ခါ​အ​ရှင် သည်​အ​ကျွန်ုပ်​ဘက်​၌​နေ​၍​ကာ​ကွယ်​ပြော ဆို​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော​လေ​၏။
Otherwise, if I had dealt treacherously against his life (and there is no matter hidden from the king), then you yourself would have dissociated yourself from me."
14 ၁၄ ယွာ​ဘ​က``ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ'' ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။-
Then Joab said, "I'm not going to waste time with you." So he took three sharp sticks in his hand and thrust them into the heart of Absalom while he was still alive in the midst of the oak.
15 ၁၅ ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။
Then ten young men, Joab's armor-bearers, surrounded and struck Absalom and killed him.
16 ၁၆ ယွာ​ဘ​သည်​အ​တိုက်​အ​ခိုက်​ရပ်​စဲ​စေ​ရန် တံ​ပိုး​ခ​ရာ​ကို​မှုတ်​စေ​၏။ ထို​အ​ခါ​သူ ၏​တပ်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ရာ​မှ​ပြန် လာ​ကြ​၏။-
Then Joab blew the trumpet and the people turned back from pursuing Israel, for Joab had called for the people to halt.
17 ၁၇ သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။
And they took Absalom and threw him into a large pit in the forest, and heaped up over him a huge pile of stones. Then all Israel fled, each one to his tent.
18 ၁၈ အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။
Now Absalom in his lifetime had taken and reared up for himself the pillar, which is in the King's Valley; for he said, "I have no son to keep my name in memory." He called the pillar after his own name; and it is called Absalom's monument, to this day.
19 ၁၉ ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။
Then Ahimaaz the son of Zadok said, "Let me run, let me carry the king news how that YHWH has avenged him of his enemies."
20 ၂၀ ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-
But Joab said, "You are not to bring the news today, but you may bring news another day. But today you are to bring no news." For it was because the king's son was dead.
21 ၂၁ ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။
Then Joab said to the Cushite, "Go, tell the king what you have seen." So the Cushite bowed before Joab and departed.
22 ၂၂ အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။
Then Ahimaaz the son of Zadok said again to Joab, "Whatever happens, please let me go after the Cushite." But Joab said, "Why do you want to run, my son, since you will have no reward for the news?"
23 ၂၃ အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။ ယွာ​ဘ​က``ဤ​သို့​ဖြစ်​ပါ​မူ​သင်​သွား​လော့'' ဟု​ဆို​သ​ဖြင့်​အ​ဟိ​မတ်​သည်​ယော်​ဒန်​မြစ် ချိုင့်​ဝှမ်း​လမ်း​ဖြင့်​ပြေး​သွား​ရာ ကု​ရှိ​အ​မျိုး သား​ကို​ကျော်​လွန်​၍​သွား​လေ​၏။
But he said, "But whatever happens, I will run." So he said to him, "Run." Then Ahimaaz ran by the way of the plain, and outran the Cushite.
24 ၂၄ ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-
Now David was sitting between the two gates, and the watchman went up to the roof of the gate by the wall and raised his eyes and looked, and there was a man running alone towards him.
25 ၂၅ မင်း​ကြီး​အား​ဟစ်​အော်​လျှောက်​ထား​၏။ မင်း ကြီး​က``ထို​သူ​သည်​တစ်​ကိုယ်​တည်း​ဖြစ်​လျှင် သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပြေး​လာ​သူ​သည်​လည်း အ​နီး​သို့​ရောက်​ရှိ​လာ​၏။
Then the watchman shouted and informed the king. And the king said, "If he is alone, there is good news in his mouth." And he kept coming nearer.
26 ၂၆ ထို​အ​ခါ​ကင်း​စောင့်​သည် အ​ခြား​လူ​တစ် ယောက်​တစ်​ကိုယ်​တည်း​ပြေး​လာ​သည်​ကို မြင်​ပြန်​သ​ဖြင့် တံ​ခါး​မှူး​အား``ကြည့်​လော့၊ အ​ခြား​သူ​တစ်​ယောက်​တစ်​ကိုယ်​တည်း ပြေး​လာ​နေ​ပါ​သည်'' ဟု​အော်​၍​ပြော​၏။ မင်း​ကြီး​က``ဤ​သူ​သည်​လည်း သ​တင်း​ကောင်း ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
Then the watchman saw another man running. And the watchman above the gate called out, and said, "Look, another man running alone." And the king said, "He also brings good news."
27 ၂၇ ကင်း​စောင့်​က``ပ​ထ​မ​လူ​ပြေး​ပုံ​မှာ​အ​ဟိ မတ်​ပြေး​ပုံ​နှင့်​တူ​ပါ​သည်'' ဟု​လျှောက်​လျှင်၊ မင်း​ကြီး​က``သူ​သည်​လူ​ကောင်း​ဖြစ်​၍ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Then the watchman said, "I think the first runner is like the running of Ahimaaz the son of Zadok." And the king said, "He is a good man, and comes with good news."
28 ၂၈ အ​ဟိ​မတ်​သည်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက် သ​ပြီး​လျှင် ရှေ့​တော်​၌​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​ကာ``သူ​ပုန်​တို့​အ​ပေါ်​တွင်​အ​ရှင်​မင်း ကြီး​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​စေ​သ​တည်း'' ဟု​လျှောက်​၏။
And Ahimaaz came near and said to the king, "All is well." Then he bowed himself before the king with his face to the ground, and said, "Blessed is YHWH your God, who has defeated the men who opposed my lord the king."
29 ၂၉ မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊ အ​ဟိ​မတ်​က``အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင် ၏​တပ်​မှူး​စေ​လွှတ်​စဉ်​အ​ခါ​က​ရုန်း​ရင်း​ဆန် ခတ်​ဖြစ်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည်​အ​ဘယ် သို့​မျှ​မ​လျှောက်​ထား​တတ်​ပါ'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
And the king asked, "Is it well with the young man Absalom?" And Ahimaaz answered, "When Joab, the king's servant, sent your servant off, I saw a great commotion, but I do not know what it was."
30 ၃၀ မင်း​ကြီး​က``ထို​နေ​ရာ​သို့​ရွှေ့​၍​ရပ်​လော့'' ဟု ဆို​လျှင်​အ​ဟိ​မတ်​သည်​ရွှေ့​၍​ရပ်​နေ​၏။
Then the king said, "Step aside and stand here." So he stepped aside and waited.
31 ၃၁ ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။
Then look, the Cushite arrived, and he said, "Good news for my lord the king, for YHWH has delivered you today from all those who rose up against you."
32 ၃၂ မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။
Then the king asked the Cushite, "Is it well with the young man Absalom?" And the Cushite replied, "May the enemies of my lord the king and all who rise up against you with evil intent be like that young man."
33 ၃၃ မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။
And the king was shaken, and went up to the room over the gate and wept. And as he wept he said, "My son Absalom. My son, my son Absalom. If only I had died in your place, Absalom, my son, my son."

< ၂ ဓမ္မရာဇဝင် 18 >