< ၂ ဓမ္မရာဇဝင် 18 >
1 ၁ ဒါဝိဒ်မင်းသည်မိမိ၏လူတို့ကိုစုရုံးစေ ပြီးလျှင် တစ်ထောင်တပ်၊ တစ်ရာတပ်များကို ဖွဲ့၍ယင်းတို့ကိုအုပ်ချုပ်ရန်တပ်မှူးများ ခန့်ထားတော်မူ၏။-
Sečtl pak David lid, kterýž měl s sebou, a ustanovil nad nimi hejtmany a setníky.
2 ၂ ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
I uvedl David třetinu lidu v správu Joábovu, a třetinu v správu Abizai syna Sarvie, bratra Joábova, a třetinu v správu Ittai Gittejského. A řekl král lidu: I jáť také potáhnu s vámi.
3 ၃ လူတို့က``အရှင်၊ အကျွန်ုပ်တို့နှင့်အတူ ကြွတော်မမူပါနှင့်။ အကယ်၍အကျွန်ုပ် တို့အားလုံးပင်တပ်လန့်ထွက်ပြေးကြ သော်လည်းကောင်း၊ အကျွန်ုပ်တို့အနက် ထက်ဝက်မျှပင်ကျဆုံးသွားသော်လည်း ကောင်း၊ ရန်သူအတွက်အဘယ်သို့မျှ ထူးခြားမှုရှိမည်မဟုတ်ပါ။ အရှင် သည်ကားအကျွန်ုပ်တို့လူတစ်သောင်း လောက်တန်ဖိုးရှိပါ၏။ အရှင်သည်မြို့ ထဲတွင်နေရစ်၍အကျွန်ုပ်တို့အားစစ် ကူပို့ပေးပါကပို၍ကောင်းပါလိမ့် မည်'' ဟုလျှောက်ထားကြ၏။
Ale lid řekl: Nikoli nepotáhneš; nebo jestliže bychom i utíkali, nebudouť na to velmi dbáti, aniž, by nás i polovici zbili, budou toho velmi vážiti. Ty sám zajisté jsi jako z nás deset tisíců, protož lépe bude, abys nám byl v městě ku pomoci.
4 ၄ မင်းကြီးကလည်း``အကောင်းဆုံးဟုသင်တို့ ထင်သည့်အတိုင်းငါပြုမည်'' ဟုမိန့်တော်မူ ၏။ ထိုနောက်သူသည်တစ်ထောင်တပ်၊ တစ်ရာ တပ်တို့ချီတက်ထွက်ခွာသွားကြစဉ်မြို့ တံခါးအနီးတွင်ရပ်၍နေတော်မူ၏။-
I řekl jim král: Což se vám za dobré vidí, učiním. Tedy stál král u brány, a všecken lid vycházel po stu a po tisíci.
5 ၅ ``ငါ့မျက်နှာကိုထောက်၍သူငယ်အဗ ရှလုံအားဘေးအန္တရာယ်မပြုကြပါ နှင့်'' ဟုယွာဘ၊ အဘိရှဲနှင့်အိတ္တဲတို့အား မှာကြားတော်မူလိုက်၏။ ဤသို့တပ်မှူး ကြီးတို့အားမှာကြားသည်ကိုတပ်သား အပေါင်းတို့ကြားကြ၏။
Přikázal pak král Joábovi a Abizai a Ittai, řka: Zacházejtež mi pěkně s synem Absolonem. A všecken lid slyšel, když přikazoval král všechněm hejtmanům o Absolonovi.
6 ၆ ဒါဝိဒ်၏တပ်မတော်သည်ဣသရေလအမျိုး သားတို့အား စစ်ဆင်ရန်မြို့ပြင်သို့ထွက်ခွာ ပြီးလျှင်ဧဖရိမ်တော၌တိုက်ပွဲဝင်ကြ၏။-
A tak vytáhl lid do pole proti lidu Izraelskému, a byla bitva v lese Efraim.
7 ၇ ဣသရေလအမျိုးသားတို့သည်ဒါဝိဒ်၏ လူတို့လက်တွင် အကြီးအကျယ်အရေး ရှုံးနိမ့်ကြလေသည်။ ထိုနေ့တွင်သူတို့ဘက် မှလူပေါင်းနှစ်သောင်းမျှကျဆုံးသွား သတည်း။-
I poražen jest tu lid Izraelský od služebníků Davidových, a stala se tu porážka veliká v ten den až do dvadceti tisíců.
8 ၈ တိုက်ခိုက်မှုသည်တောတောင်များသို့ပျံ့နှံ့ ၍သွားသဖြင့် တောတွင်သေဆုံးသည့်လူဦး ရေမှာတိုက်ပွဲတွင်ကျဆုံးသည့်ဦးရေထက် ပင်များလေသည်။
Nebo když ta bitva rozšířila se po vší krajině, více pohubil lidu les, nežli jich požral meč toho dne.
9 ၉ အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
Potkal se pak Absolon s služebníky Davidovými. Kterýžto Absolon jel na mezku, (i podšel mezek pod hustý dub veliký, ) a uvázl za hlavu v stromu tom, tak že visel mezi nebem a zemí. Ale mezek, kterýž pod ním byl, odběhl pryč.
10 ၁၀ ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
To uzřev jeden, oznámil Joábovi, řka: Hle, viděl jsem Absolona, an visí na dubě.
11 ၁၁ ယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။
I řekl Joáb muži, kterýž mu to oznámil: Aj, viděls. Pročež jsi ho tam nesrazil na zem? A já bylť bych povinen dáti deset lotů stříbra a pás rytířský jeden.
12 ၁၂ သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
Odpověděl muž ten Joábovi: A já, bych i odečtených měl na ruce své tisíc lotů stříbra, nevztáhl bych ruky své na syna králova; nebo jsme slyšeli, kterak přikazoval král tobě a Abizai a Ittai, řka: Šetřte všickni syna mého Absolona;
13 ၁၃ သို့ပါလျက်အကျွန်ုပ်သည်မင်းကြီး၏ အမိန့်တော်ကိုနားမထောင်ဘဲ အဗရှလုံ အားသတ်မည်ဆိုပါကမင်းကြီးမကြား မသိသည့်အမှုအရာတစ်စုံတစ်ခုမျှ မရှိသဖြင့် ထိုအကြောင်းကိုကြားသိ တော်မူမည်သာဖြစ်ပါ၏။ ထိုအခါအရှင် သည်အကျွန်ုပ်ဘက်၌နေ၍ကာကွယ်ပြော ဆိုမည်မဟုတ်ပါ'' ဟုပြန်ပြောလေ၏။
Leč bych se dopustiti chtěl sám proti duši své nepravosti. Ale nebýváť nic tajno před králem, a ty bys sám proti mně stál.
14 ၁၄ ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
I řekl Joáb: Nebuduť se tu meškati s tebou. Protož vzav tři kopí do ruky své, vrazil je do Absolona, an ještě živ byl na dubě.
15 ၁၅ ထိုနောက်ယွာဘ၏တပ်သားဆယ်ယောက် တို့သည် အဗရှလုံကိုဝိုင်း၍အဆုံး စီရင်လိုက်ကြ၏။
A obskočivše Absolona deset služebníků, oděnců Joábových, bili jej a zabili.
16 ၁၆ ယွာဘသည်အတိုက်အခိုက်ရပ်စဲစေရန် တံပိုးခရာကိုမှုတ်စေ၏။ ထိုအခါသူ ၏တပ်သားတို့သည်ဣသရေလအမျိုး သားတို့အားလိုက်လံတိုက်ခိုက်ရာမှပြန် လာကြ၏။-
V tom zatroubil Joáb v troubu. I vrátil se lid od honění Izraele; nebo zdržel Joáb lid.
17 ၁၇ သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
A vzavše Absolona, uvrhli jej v tom lese do jámy veliké, a nametali na něj hromadu kamení velmi velikou. Ale všecken Izrael zutíkali jeden každý do stanů svých.
18 ၁၈ အဗရှလုံသည်မိမိတွင်သားမရှိသဖြင့် မိမိနာမည်မတိမ်ကောစေရန်အသက်ရှင် စဉ်အခါက ဘုရင့်ချိုင့်ဝှမ်းတွင်ကျောက်တိုင် ကိုတည်ဆောက်၍ မိမိ၏နာမည်ဖြင့်ခေါ်တွင် စေရာအဗရှလုံကျောက်တိုင်ဟုယနေ့ တိုင်အောင်တွင်သတည်း။
(Absolon pak vzal byl a vyzdvihl sobě za života svého sloup v údolí královském; nebo byl řekl: Nemám syna, aby zůstala pamět jména mého. Protož nazval ten sloup jménem svým, kterýž slove místo Absolonovo až do dnešního dne.)
19 ၁၉ ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
Tedy Achimaas syn Sádochův řekl: Medle, nechť běžím, abych zvěstoval králi, že ho vysvobodil Hospodin z ruky nepřátel jeho.
20 ၂၀ ယွာဘက``ယနေ့သင်သည်အဘယ်သတင်း ကောင်းကိုမျှယူဆောင်၍မသွားရ။ အခြား တစ်နေ့နေ့၌သွားခွင့်ပြုမည်။ ဘုရင်၏သား တော်သေဆုံးပြီဖြစ်၍ယနေ့သင်သွား၍ မဖြစ်'' ဟုဆို၏။-
I řekl jemu Joáb: Nebyl bys dnes dobrým poslem, ale oznámíš to jiného dne; dnes však neoznamuj, proto že syn králův umřel.
21 ၂၁ ထိုနောက်ယွာဘသည်မိမိ၏ကျွန်ကုရှိ အမျိုးသားအား``သင်တွေ့မြင်ရသည့်အမှု ကိုမင်းကြီးထံသွား၍သံတော်ဦးတင် လော့'' ဟုဆိုသဖြင့်သူသည်ယွာဘအား ဦးညွှတ်ပြီးလျှင်ပြေး၍သွားလေသည်။
Potom řekl Joáb k Chuzi: Jdiž, zvěstuj králi, co jsi viděl. A pokloniv se Chuzi Joábovi, běžel.
22 ၂၂ အဟိမတ်က``အကျွန်ုပ်အားလည်းထိုသတင်း ကိုယူဆောင်သွားခွင့်ပြုပါ။ ဘေးတွေ့မည် ဖြစ်သော်လည်းအကျွန်ုပ်အမှုမထားပါ'' ဟုထပ်မံ၍တောင်းပန်၏။ ယွာဘက``ငါ့သား၊ သင်သည်အဘယ်ကြောင့် ဤအမှုကိုပြုလိုပါသနည်း။ ယင်းသို့ပြု သည့်အတွက်ဆုလာဘ်ရရှိလိမ့်မည်မဟုတ်'' ဟုဆို၏။
Mluvil pak ještě Achimaas syn Sádochův, a řekl Joábovi: Buď, jak buď, medle, nechť já také běžím za Chuzi. Odpověděl Joáb: Proč bys ty běžel, synu můj, když nemáš, co bys dobrého zvěstoval?
23 ၂၃ အဟိမတ်ကလည်း``ဘေးတွေ့မည်ဖြစ်သော် လည်းအကျွန်ုပ်သွားလိုပါသည်'' ဟုတစ်ဖန် တောင်းပန်၏။ ယွာဘက``ဤသို့ဖြစ်ပါမူသင်သွားလော့'' ဟုဆိုသဖြင့်အဟိမတ်သည်ယော်ဒန်မြစ် ချိုင့်ဝှမ်းလမ်းဖြင့်ပြေးသွားရာ ကုရှိအမျိုး သားကိုကျော်လွန်၍သွားလေ၏။
I řekl: Buď, jak buď, poběhnu. Odpověděl mu: Běž. A tak běžel Achimaas cestou přímější a předběhl Chuzi.
24 ၂၄ ဒါဝိဒ်သည်မြို့အပြင်တံခါးနှင့်အတွင်း တံခါးစပ်ကြားတွင်ရှိသောမြေကွက်လပ် တွင်ထိုင်လျက်နေ၏။ ကင်းစောင့်သည်မြို့ရိုး ပေါ်သို့တက်ပြီးလျှင် မြို့တံခါးအမိုးပေါ် မှရပ်၍ကြည့်လိုက်ရာလူတစ်ယောက် အဖော်မပါဘဲပြေးလာသည်ကိုမြင် သဖြင့်၊-
David pak seděl mezi dvěma branami. I vyšel strážný na vrch brány na zed, kterýž pozdvih očí svých, uzřel, a hle, muž běžel sám.
25 ၂၅ မင်းကြီးအားဟစ်အော်လျှောက်ထား၏။ မင်း ကြီးက``ထိုသူသည်တစ်ကိုယ်တည်းဖြစ်လျှင် သတင်းကောင်းကိုယူဆောင်လာသူဖြစ်မည်'' ဟုမိန့်တော်မူ၏။ ပြေးလာသူသည်လည်း အနီးသို့ရောက်ရှိလာ၏။
Tedy volaje strážný, oznámil králi. I řekl král: Jest-liť sám, dobré poselství nese. A když ten šel předce a přibližoval se,
26 ၂၆ ထိုအခါကင်းစောင့်သည် အခြားလူတစ် ယောက်တစ်ကိုယ်တည်းပြေးလာသည်ကို မြင်ပြန်သဖြင့် တံခါးမှူးအား``ကြည့်လော့၊ အခြားသူတစ်ယောက်တစ်ကိုယ်တည်း ပြေးလာနေပါသည်'' ဟုအော်၍ပြော၏။ မင်းကြီးက``ဤသူသည်လည်း သတင်းကောင်း ကိုယူဆောင်လာသူဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။
Uzřel ještě strážný muže druhého běžícího. I zavolal strážný na branného a řekl: Hle, opět muž běží sám. Tedy řekl král: I tenť v poselství běží.
27 ၂၇ ကင်းစောင့်က``ပထမလူပြေးပုံမှာအဟိ မတ်ပြေးပုံနှင့်တူပါသည်'' ဟုလျှောက်လျှင်၊ မင်းကြီးက``သူသည်လူကောင်းဖြစ်၍ သတင်းကောင်းကိုယူဆောင်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
Řekl ještě strážný: Vidím běh prvního, jako běh Achimaasa syna Sádochova. I řekl král: Dobrýtě to muž, protož s dobrým poselstvím jde.
28 ၂၈ အဟိမတ်သည်မင်းကြီးအားနှုတ်ခွန်းဆက် သပြီးလျှင် ရှေ့တော်၌မြေပေါ်သို့လှဲချ ပျပ်ဝပ်ကာ``သူပုန်တို့အပေါ်တွင်အရှင်မင်း ကြီးအားအောင်ပွဲခံစေတော်မူသောအရှင် ၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူစေသတည်း'' ဟုလျှောက်၏။
Tedy volaje Achimaas, řekl králi: Pokoj tobě. A pokloniv se králi tváří svou k zemi, řekl: Požehnaný Hospodin Bůh tvůj, kterýž podmanil muže ty, kteříž pozdvihli rukou svých proti pánu mému králi.
29 ၂၉ မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးလျှင်၊ အဟိမတ်က``အရှင်၊ အကျွန်ုပ်အားအရှင် ၏တပ်မှူးစေလွှတ်စဉ်အခါကရုန်းရင်းဆန် ခတ်ဖြစ်၍နေသဖြင့် အကျွန်ုပ်သည်အဘယ် သို့မျှမလျှောက်ထားတတ်ပါ'' ဟုပြန်လည် ဖြေကြား၏။
I řekl král: Dobře-li se má syn můj Absolon? Odpověděl Achimaas: Viděl jsem hluk veliký, když posílal služebníka králova Joáb, a mne služebníka tvého, ale nevím nic, co bylo.
30 ၃၀ မင်းကြီးက``ထိုနေရာသို့ရွှေ့၍ရပ်လော့'' ဟု ဆိုလျှင်အဟိမတ်သည်ရွှေ့၍ရပ်နေ၏။
Jemuž řekl král: Odstup a stůj tamto. I odstoupil a stál.
31 ၃၁ ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
A v tom Chuzi přišed, řekl: Zvěstuje se pánu mému králi, že vysvobodil tě dnes Hospodin z ruky všech povstávajících proti tobě.
32 ၃၂ မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။
Ale král řekl k Chuzi: Jest-liž živ syn můj Absolon? Odpověděl Chuzi: Nechť jsou tak, jako syn králův, nepřátelé pána mého krále, i všickni, kteříž povstávají proti tobě ke zlému.
33 ၃၃ မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
I zarmoutil se král, a vstoupiv do horního pokoje na bráně, plakal a jda, mluvil takto: Synu můj Absolone, synu můj, synu můj Absolone! Ó kdybych byl umřel za tebe, Absolone synu můj, synu můj!