< ၂ ဓမ္မရာဇဝင် 17 >
1 ၁ အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
Te phoeiah Ahithophel loh Absalom taengah, “Hlang thawng hlai nit ka coelh pawn ni. Ka hlah uh vetih khoyin ah David hnuk te ka hloem laeh mako.
2 ၂ မောပန်းစိတ်ပျက်နေချိန်၌သူ့အားအကျွန်ုပ် ဝင်ရောက်တိုက်ခိုက်ပါမည်။ ထိုအခါသူသည် ကြောက်လန့်သွားမည်ဖြစ်၍ သူ၏လူတို့သည် လည်းထွက်ပြေးကြပါလိမ့်မည်။ အကျွန်ုပ်သည် ဘုရင်တစ်ပါးတည်းကိုသာသတ်ပြီးလျှင်၊-
Bonghnaek tih a kut a kha to vaengah ka anih te ka paan eh, anih te ka lakueng sak eh. A taengkah pilnam loh boeih a rhaelrham tak vaengah manghai amah te ka ngawn eh.
3 ၃ မင်္ဂလာဆောင်သတို့သမီးသည်မိမိ၏ ခင်ပွန်းထံသို့ပြန်လာသကဲ့သို့ သူ၏လူ အပေါင်းကိုအရှင့်ထံသို့ပြန်လာစေပါ မည်။ အရှင်သေစေလိုသူမှာတစ်ယောက် တည်းဖြစ်ပါ၏။ အခြားလူအပေါင်းတို့ သည်ဘေးဥပဒ်ရောက်ရကြလိမ့်မည် မဟုတ်ပါ'' ဟုအဗရှလုံအားလျှောက် ထား၏။-
Te vaengah pilnam te namah taengla boeih kam mael puei mako. Na toem hlang te rhuemtuet la a mael daengah ni pilnam boeih khaw rhoepnah a om eh,” a ti nah.
4 ၄ ဤအကြံကိုအဗရှလုံနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်များကနှစ်သက် ကြ၏။
Tekah olka tah Absalom kah mikhmuh neh Israel patong boeih kah mikhmuh ah thuem mai.
5 ၅ အဗရှလုံက``ယခုဟုရှဲကိုခေါ်ခဲ့ကြ။ သူ ၏အကြံကိုလည်းနားထောင်ကြစို့'' ဟု ဆို၏။-
Tedae Absalom loh, “Arkii Hushai te khaw khue laeh. Anih ka dongkah ol te khaw ya uh sih,” a ti nah.
6 ၆ ဟုရှဲရောက်လာသောအခါအဗရှလုံ က``အဟိသောဖေလပေးသောအကြံမှာ ဤသို့ဖြစ်၏။ ထိုအကြံအတိုင်းငါတို့ လိုက်သင့်ပါသလော။ မလိုက်သင့်ပါမူငါ တို့အဘယ်သို့ပြုရမည်ကိုပြောပါ လော့'' ဟုဆို၏။
Hushai te Absalom taengla a pawk vaengah Absalom loh, “Ahithophel loh a thui ol bangla thui van lah, na thui pawt atah anih ol te vai sih a?” a ti nah.
7 ၇ ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။-
Tedae Hushai loh Absalom taengah, “Tahae tue vaengah Ahithophel loh cilsuep n'uen cilsuep te a then moenih,” a ti nah.
8 ၈ အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
Te phoeiah Hushai loh, “Na pa te na ming coeng, a hlang rhoek khaw amih tah hlangrhalh rhoek ni, amih a hinglu tah kohong kah dueidah laemhong vom bangla tlung. Te phoeiah na pa he caemtloek hlang la a om dongah pilnam nen khaw rhaeh mahpawh.
9 ၉ ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
Amah ngawn tah rhom pakhat ah nim, a hmuen pakhat ah nim thuh uh pawn maco te. Lamhma kah a cungku te a yaak a yaak vaengah, ‘Absalom hnukkah pilnam khuiah lucik om coeng,’ a ti bitni.
10 ၁၀ ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
Na pa neh a taengkah tatthai tongpa rhoek kah a tlung a thang te Israel pum loh a ming vaengah a lungbuei sathueng lungbuei bangla aka om tatthai capa pataeng paci la paci pueng ni.
11 ၁၁ အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-
Te dongah Dan lamloh Beersheba due tuipuei laivin bangla aka yet Israel boeih he nang taengah tingtun rhoe tingtun saeh lamtah na mikhmuh kah caemrhal te kun thil saeh ka ti.
12 ၁၂ ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။-
Anih te hmuen khat, khat ah phoe tih m'muk pahoi vaengah, mamih loh anih te diklai dongkah buemtui a suntlak bangla ng'et thil daengah ni, amah khaw, a taengkah hlang boeih loh pakhat khaw a sueng pawt eh.
13 ၁၃ အကယ်၍သူသည်မြို့တစ်မြို့အတွင်း သို့ဆုတ်ခွာသွားလျှင် အကျွန်ုပ်တို့၏လူ များသည်ကြိုးများကိုယူဆောင်ကာတောင် ကုန်းပေါ်တွင်ကျောက်တစ်လုံးမျှမကျန်ဘဲ ထိုမြို့ကိုချိုင့်ဝှမ်းအောက်သို့ဆွဲချကြ ပါမည်'' ဟုလျှောက်၏။
Khopuei la nong cakhaw khopuei te Israel pum loh rhui a khuen uh vetih anih te a nuei pataeng a hmuh pawt hilah soklong la a sol uh ni.
14 ၁၄ အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
Absalom neh Israel hlang boeih loh, ‘Arkii Hushai kah cilsuep tah Ahithophel kah cilsuep lakah then ngai,’ a ti uh,” a ti nah. BOEIPA loh Absalom soah yoethaenah khuen ham kong ah Ahithophel kah cilsuep then te phae hamla BOEIPA loh a uen.
15 ၁၅ ထိုနောက်ဟုရှဲသည်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့အား မိမိသည်အဗရှလုံ နှင့်ဣသရေလခေါင်းဆောင်များကိုအဘယ် သို့အကြံပေး၍အဟိသောဖေလက မည်သို့အကြံပေးသည်ကိုပြောပြ၏။-
Hushai loh khosoih Zadok neh Abiathar te, “Ahithophel loh Absalom neh Israel patong rhoek tuek tuek a uen bangla, kai loh kang uen.
16 ၁၆ ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။
Te dongah David taengah hlang tlek tueih lamtah puen pah laeh. ‘Khoyin te khosoek kolken ah rhaeh thil boeh. Kat rhoela khat phai, manghai neh a pilnam pum te vik yoop ve,’ ti nah,” a ti nah.
17 ၁၇ ဇာဒုတ်၏သားယောနသန်နှင့်အဗျာသာ ၏သားအဟိမတ်တို့သည်လူမြင်မည်စိုး ၍ မြို့ထဲမဝင်ဝံ့ဘဲအင်္ရောဂေလရွာတွင် စောင့်နေကြ၏။ ဒါဝိဒ်ထံသို့သူတို့ယူ ဆောင်ရန်သတင်းကိုအစေခံမကလေး တစ်ယောက်ကလာရောက်ပေးပို့သည့်အတိုင်း သူတို့သည်ဒါဝိဒ်ထံသို့သွား၍လျှောက် ကြ၏။-
Jonathan neh Ahimaaz tah Enrogel ah a om vaengah amih rhoi taengla salnu cet tih a puen pah. Tedae amih rhoi te Khopuei khuila kun ham neh phoe ham a coeng rhoi pawt dongah manghai David taengla cet rhoi tih a thui rhoi.
18 ၁၈ သို့ရာတွင်ယခုတစ်ကြိမ်၌လူကလေး တစ်ယောက်သည် သူတို့ကိုမြင်သဖြင့်အဗ ရှလုံအားလျှောက်ထားလေ၏။ ထို့ကြောင့် ယောနသန်နှင့်အဟိမတ်တို့သည်ဗာဟု ရိမ်မြို့ရှိအိမ်တစ်အိမ်သို့အဆောတလျင် သွားပြီးလျှင် ထိုအိမ်အနီးရှိရေတွင်းထဲ သို့ဆင်း၍ပုန်းကြ၏။-
Tedae amih rhoi te camoe pakhat loh vik a hmuh tih Absalom taengla a puen pah. Te dongah amih rhoi khaw vil nong rhoi tih Bahurim kah hlang pakhat im la kun rhoi. Te phoeiah a vongup khuikah tangrhom khuila suntla rhoi.
19 ၁၉ အိမ်ရှင်မသည်ရေတွင်းကိုဖုံးအုပ်ပြီးလျှင် မည်သူမျှမရိပ်မိစေရန်အဖုံးပေါ်တွင် ဆန်လှန်း၍ထားလေသည်။-
A yuu loh himbaiyan te a loh tih tangrhom kah a rhai ah khoep a phaih. A soah canghum khoep a yaal thil dongah a hmuethma khaw ming uh pawh.
20 ၂၀ အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။ အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။ အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
Absalom kah sal rhoek te huta kah im la ha pawk uh tih, “Ahimaaz neh Jonathan ta?” a ti nah. Te vaengah amih te huta loh, “Sokca tui ke a poeng rhoi coeng ta,” a ti nah. A tlap uh dae a hmuh pawt dongah Jerusalem la mael uh.
21 ၂၁ သူတို့ပြန်သွားကြသောအခါအဟိမတ် နှင့်ယောနသန်တို့သည်ရေတွင်းထဲမှတက် လာပြီးလျှင် ဒါဝိဒ်မင်းထံသွားရောက်သတင်း ပို့ကြ၏။ သူတို့သည်မင်းကြီးအားအဟိသော ဖေလအဘယ်သို့မကောင်းကြံသည်ကိုသံ တော်ဦးတင်ပြီးနောက်``မြစ်တစ်ဘက်ကမ်းသို့ ဆောလျင်စွာကူးတော်မူပါ'' ဟုလျှောက်ထား ကြ၏။-
Amih a caeh phoeiah tangrhom lamloh koep ha luei rhoi tih cet rhoi. Te phoeiah manghai David taengla puen rhoi. David taengah te, “Hlah uh lamtah tui ke pahoi kat uh laeh, he tlam he ni Ahithophel ni nang ng'uen,” a ti nah.
22 ၂၂ သို့ဖြစ်၍ဒါဝိဒ်နှင့်နောက်ပါအပေါင်းတို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူးကြရာ မိုး သောက်ချိန်၌တစ်ယောက်မကျန်တစ်ဘက် ကမ်းသို့ရောက်ရှိကြ၏။
Te dongah David neh a taengkah pilnam boeih te hlah uh tih Jordan te kat uh. Mincang khothaih duela Jordan aka kat pawt he pakhat khaw mueh pawh.
23 ၂၃ အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
A cilsuep loh a pha pawt te Ahithophel loh a hmuh coeng dongah, laak te a ngoldoelh tih hlah uh. Te phoeiah amah kho la a im te a paan. A imkhui cako te a uen phoeiah kuiok tih duek tih a napa kah phuel ah a up uh.
24 ၂၄ အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
Te dongah David loh Mahanaim la a pawk vaengah Absalom neh amah taengah Israel hlang boeih te Jordan ah kat uh.
25 ၂၅ (အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
Amasa te Absalom loh Joab yueng la caempuei soah a ngol sak. Te vaengah Amasa capa tongpa pakhat a ming ah Ithra tah Israel hoel dae ta. Anih long te Nahash nu Joab manu Zeruiah mana Abigail te a kun thil.
26 ၂၆ အဗရှလုံနှင့်နောက်ပါအပေါင်းတို့သည် ဂိလဒ်ပြည်တွင်တပ်စခန်းချကြ၏။
Te vaengah Israel neh Absalom te Gilead kho ah rhaeh.
27 ၂၇ မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
David te Mahanaim la a pawk vaengah Rabbah lamkah Ammon koca Nahash capa Shobi, Lodebar lamkah Ammiel capa Makir, Rogelim lamkah Giladi Barzillai loh,
28 ၂၈ တောကန္တာရ၌ဒါဝိဒ်နှင့်နောက်ပါတို့သည် အစာရေစာငတ်မွတ်လျက်၊ နွမ်းနယ်လျက် နေကြမည်ကိုသူတို့သိသောကြောင့် ခွက် ဖလားများ၊ မြေအိုးများ၊ အိပ်ရာများ၊ ဂျုံ ဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်၊ ပဲတောင့်၊ ပဲကြား၊ ပျားရည်၊ ဒိန်ခဲ၊ မလိုင်နှင့်သိုးများ ကိုယူဆောင်လာကြ၏။
thingkong, baeldung, um-am, cangyen, cangtun, vaidam, maidawn, vairhum, rhacik, vairhum,
khoitui, suknaeng, boiva, vaito sukkhal te David neh a taengkah a pilnam ham hang khuen tih, “Pilnam he bungpong neh khosoek ah tui a halh vaengah ca uh saeh,” a ti uh.