< ၂ ဓမ္မရာဇဝင် 16 >

1 ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-
וְדָוִ֗ד עָבַ֤ר מְעַט֙ מֵֽהָרֹ֔אשׁ וְהִנֵּ֥ה צִיבָ֛א נַ֥עַר מְפִי־בֹ֖שֶׁת לִקְרָאתֹ֑ו וְצֶ֨מֶד חֲמֹרִ֜ים חֲבֻשִׁ֗ים וַעֲלֵיהֶם֩ מָאתַ֨יִם לֶ֜חֶם וּמֵאָ֧ה צִמּוּקִ֛ים וּמֵ֥אָה קַ֖יִץ וְנֵ֥בֶל יָֽיִן׃
2 ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။ ဇိ​ဘ​က``မြည်း​များ​သည်​အ​ရှင်​မင်း​ကြီး​၏ မိ​သား​စု​စီး​ရန်​ဖြစ်​ပါ​သည်။ မုန့်​နှင့်​သစ်​သီး များ​မှာ​ငယ်​သား​တို့​စား​ရန်​ဖြစ်​၍​စ​ပျစ် ရည်​မှာ​တော​ကန္တာရ​တွင်​သူ​တို့​မော​ပန်း​ကြ သော​အ​ခါ​သောက်​ရန်​ဖြစ်​ပါ​သည်'' ဟု လျှောက်​၏။
וַיֹּ֧אמֶר הַמֶּ֛לֶךְ אֶל־צִיבָ֖א מָה־אֵ֣לֶּה לָּ֑ךְ וַיֹּ֣אמֶר צִ֠יבָא הַחֲמֹורִ֨ים לְבֵית־הַמֶּ֜לֶךְ לִרְכֹּ֗ב וְלְהַלֶּחֶם (וְהַלֶּ֤חֶם) וְהַקַּ֙יִץ֙ לֶאֱכֹ֣ול הַנְּעָרִ֔ים וְהַיַּ֕יִן לִשְׁתֹּ֥ות הַיָּעֵ֖ף בַּמִּדְבָּֽר׃
3 မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယ​ခု​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် သူ့​အား​ဘိုး​တော်​ရှော​လု​၏​နိုင်​ငံ​ကို အပ်​နှင်း​ကြ​တော့​မည်​ဟု​ယုံ​ကြည်​သ​ဖြင့် သူ သည်​ယေ​ရု​ရှလင်​မြို့​တွင်​နေ​ရစ်​ပါ​၏'' ဟု လျှောက်​လေ​သည်။
וַיֹּ֣אמֶר הַמֶּ֔לֶךְ וְאַיֵּ֖ה בֶּן־אֲדֹנֶ֑יךָ וַיֹּ֨אמֶר צִיבָ֜א אֶל־הַמֶּ֗לֶךְ הִנֵּה֙ יֹושֵׁ֣ב בִּירוּשָׁלַ֔͏ִם כִּ֣י אָמַ֔ר הַיֹּ֗ום יָשִׁ֤יבוּ לִי֙ בֵּ֣ית יִשְׂרָאֵ֔ל אֵ֖ת מַמְלְכ֥וּת אָבִֽי׃
4 မင်း​ကြီး​က​လည်း``မေ​ဖိ​ဗော​ရှက်​ပိုင်​သ​မျှ သော​ပစ္စည်း​ဥစ္စာ​တို့​ကို​သင့်​အား​ငါ​ပေး​၏'' ဟု​မိန့်​တော်​မူ​၏။ ဇိ​ဘ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော် ၌​အ​စဉ်​မျက်​နှာ​ရ​ပါ​စေ​သော'' ဟု လျှောက်​၏။
וַיֹּ֤אמֶר הַמֶּ֙לֶךְ֙ לְצִבָ֔א הִנֵּ֣ה לְךָ֔ כֹּ֖ל אֲשֶׁ֣ר לִמְפִי־בֹ֑שֶׁת וַיֹּ֤אמֶר צִיבָא֙ הִֽשְׁתַּחֲוֵ֔יתִי אֶמְצָא־חֵ֥ן בְּעֵינֶ֖יךָ אֲדֹנִ֥י הַמֶּֽלֶךְ׃
5 ဒါ​ဝိဒ်​သည်​ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်​သော​အ​ခါ ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​ဂေ​ရ​၏​သား၊ ရှိ​မိ ဆို​သူ​သည်​ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လျက်​မြို့​မှ ထွက်​လာ​၏။-
וּבָ֛א הַמֶּ֥לֶךְ דָּוִ֖ד עַד־בַּֽחוּרִ֑ים וְהִנֵּ֣ה מִשָּׁם֩ אִ֨ישׁ יֹוצֵ֜א מִמִּשְׁפַּ֣חַת בֵּית־שָׁא֗וּל וּשְׁמֹו֙ שִׁמְעִ֣י בֶן־גֵּרָ֔א יֹצֵ֥א יָצֹ֖וא וּמְקַלֵּֽל׃
6 ဒါ​ဝိဒ်​အား​ကိုယ်​ရံ​တော်​တပ်​သား​များ​နှင့်​လူ တို့​ခြံ​ရံ​လျက်​ရှိ​နေ​သော်​လည်း ရှိ​မိ​သည် ဒါ​ဝိဒ်​နှင့်​မှူး​မတ်​တို့​အား​ခဲ​နှင့်​ပေါက်​လေ သည်။-
וַיְסַקֵּ֤ל בָּֽאֲבָנִים֙ אֶת־דָּוִ֔ד וְאֶת־כָּל־עַבְדֵ֖י הַמֶּ֣לֶךְ דָּוִ֑ד וְכָל־הָעָם֙ וְכָל־הַגִּבֹּרִ֔ים מִימִינֹ֖ו וּמִשְּׂמֹאלֹֽו׃
7 ရှိ​မိ​က``အ​သက်​ကို​သတ်​သော​အ​ချင်း ရာ​ဇ​ဝတ်​ကောင်၊ ထွက်​သွား​လော့။ ထွက်​သွား လော့။-
וְכֹֽה־אָמַ֥ר שִׁמְעִ֖י בְּקַֽלְלֹ֑ו צֵ֥א צֵ֛א אִ֥ישׁ הַדָּמִ֖ים וְאִ֥ישׁ הַבְּלִיָּֽעַל׃
8 သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။
הֵשִׁיב֩ עָלֶ֨יךָ יְהוָ֜ה כֹּ֣ל ׀ דְּמֵ֣י בֵית־שָׁא֗וּל אֲשֶׁ֤ר מָלַ֙כְתָּ֙ תַּחְתֹּו (תַּחְתָּ֔יו) וַיִּתֵּ֤ן יְהוָה֙ אֶת־הַמְּלוּכָ֔ה בְּיַ֖ד אַבְשָׁלֹ֣ום בְּנֶ֑ךָ וְהִנְּךָ֙ בְּרָ֣עָתֶ֔ךָ כִּ֛י אִ֥ישׁ דָּמִ֖ים אָֽתָּה׃
9 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က​မင်း​ကြီး အား``အ​ရှင်​မင်း​ကြီး၊ အ​ဘယ်​ကြောင့်​ဤ​ခွေး သေ​ကောင်​ကို​အ​ရှင့်​အား​ကျိန်​ဆဲ​ခွင့်​ပြု တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​သွား​၍ သူ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​ပါ​ရ​စေ'' ဟု လျှောက်​၏။
וַיֹּ֨אמֶר אֲבִישַׁ֤י בֶּן־צְרוּיָה֙ אֶל־הַמֶּ֔לֶךְ לָ֣מָּה יְקַלֵּ֞ל הַכֶּ֤לֶב הַמֵּת֙ הַזֶּ֔ה אֶת־אֲדֹנִ֖י הַמֶּ֑לֶךְ אֶעְבְּרָה־נָּ֖א וְאָסִ֥ירָה אֶת־רֹאשֹֽׁו׃ ס
10 ၁၀ မင်း​ကြီး​က​အ​ဘိ​ရှဲ​နှင့်​သူ​၏​အစ်​ကို​ယွာ​ဘ အား``ဤ​အ​မှု​သည်​သင်​တို့​နှင့်​မ​သက်​ဆိုင်။ ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့် သူ သည်​ကျိန်​ဆဲ​ခဲ့​သော်​သူ့​အား`သင်​သည် အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း' ဟု အ​ဘယ်​သူ​မေး​မြန်း​မည်​နည်း'' ဟု​ဆို​၏။-
וַיֹּ֣אמֶר הַמֶּ֔לֶךְ מַה־לִּ֥י וְלָכֶ֖ם בְּנֵ֣י צְרֻיָ֑ה כִּי (כֹּ֣ה) יְקַלֵּ֗ל וְכִי (כִּ֤י) יְהוָה֙ אָ֤מַר לֹו֙ קַלֵּ֣ל אֶת־דָּוִ֔ד וּמִ֣י יֹאמַ֔ר מַדּ֖וּעַ עָשִׂ֥יתָה כֵּֽן׃ ס
11 ၁၁ ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-
וַיֹּ֨אמֶר דָּוִ֤ד אֶל־אֲבִישַׁי֙ וְאֶל־כָּל־עֲבָדָ֔יו הִנֵּ֥ה בְנִ֛י אֲשֶׁר־יָצָ֥א מִמֵּעַ֖י מְבַקֵּ֣שׁ אֶת־נַפְשִׁ֑י וְאַ֨ף כִּֽי־עַתָּ֜ה בֶּן־הַיְמִינִ֗י הַנִּ֤חוּ לֹו֙ וִֽיקַלֵּ֔ל כִּ֥י אָֽמַר־לֹ֖ו יְהוָֽה׃
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင် တော်​မူ​၍ ထို​သူ​၏​ကျိန်​စာ​အ​စား​ကောင်း ချီး​မင်္ဂ​လာ​ကို​ချ​ပေး​ကောင်း​ချ​ပေး​တော် မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
אוּלַ֛י יִרְאֶ֥ה יְהוָ֖ה בְּעֳוֹנִי (בְּעֵינִ֑י) וְהֵשִׁ֨יב יְהוָ֥ה לִי֙ טֹובָ֔ה תַּ֥חַת קִלְלָתֹ֖ו הַיֹּ֥ום הַזֶּֽה׃
13 ၁၃ ထို​နောက်​ဒါ​ဝိဒ်​နှင့်​နောက်​တော်​လိုက်​သူ​တို့ သည်​ဆက်​လက်​၍​ခ​ရီး​ပြု​ကြ​၏။ ရှိ​မိ​သည် တောင်​ခါး​ပန်း​တစ်​လျှောက်​လိုက်​၍​ကျိန်​ဆဲ ကာ​ကျောက်​ခဲ​များ​ဖြင့်​ပေါက်​၏။ မြေ​မှုန့် များ​နှင့်​လည်း​ပက်​၏။-
וַיֵּ֧לֶךְ דָּוִ֛ד וַאֲנָשָׁ֖יו בַּדָּ֑רֶךְ ס וְשִׁמְעִ֡י הֹלֵךְ֩ בְּצֵ֨לַע הָהָ֜ר לְעֻמָּתֹ֗ו הָלֹוךְ֙ וַיְקַלֵּ֔ל וַיְסַקֵּ֤ל בָּֽאֲבָנִים֙ לְעֻמָּתֹ֔ו וְעִפַּ֖ר בֶּעָפָֽר׃ פ
14 ၁၄ မင်း​ကြီး​နှင့်​အ​တူ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ နွမ်း​နယ်​ကြ သ​ဖြင့်​ထို​အ​ရပ်​တွင်​အ​ပန်း​ဖြေ​ကြ​၏။
וַיָּבֹ֥א הַמֶּ֛לֶךְ וְכָל־הָעָ֥ם אֲשֶׁר־אִתֹּ֖ו עֲיֵפִ֑ים וַיִּנָּפֵ֖שׁ שָֽׁם׃
15 ၁၅ အ​ဗ​ရှ​လုံ​သည်​လိုက်​ပါ​လာ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု ရှ​လင်​မြို့​သို့​ဝင်​ကြ​၏။ ထို​သူ​တို့​နှင့်​အ​တူ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​၏။-
וְאַבְשָׁלֹ֗ום וְכָל־הָעָם֙ אִ֣ישׁ יִשְׂרָאֵ֔ל בָּ֖אוּ יְרוּשָׁלָ֑͏ִם וַאֲחִיתֹ֖פֶל אִתֹּֽו׃
16 ၁၆ ဒါ​ဝိဒ်​၏​လူ​ယုံ​တော်​ဟု​ရှဲ​သည်​အ​ဗ​ရှ​လုံ ကို​တွေ့​သော​အ​ခါ``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော။ မင်း​ကြီး​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြို​ဆို​လေ​၏။
וַיְהִ֗י כַּֽאֲשֶׁר־בָּ֞א חוּשַׁ֧י הָאַרְכִּ֛י רֵעֶ֥ה דָוִ֖ד אֶל־אַבְשָׁלֹ֑ום וַיֹּ֤אמֶר חוּשַׁי֙ אֶל־אַבְשָׁלֹ֔ם יְחִ֥י הַמֶּ֖לֶךְ יְחִ֥י הַמֶּֽלֶךְ׃
17 ၁၇ အ​ဗ​ရှ​လုံ​က``သင်​၏​အ​ဆွေ​တော်​အ​ပေါ်​၌ ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​စ​ကား​အ​ဘယ်​သို့ ဖြစ်​လေ​ပြီ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ နှင့်​အ​တူ​လိုက်​မ​သွား​ပါ​သ​နည်း'' ဟု​မေး​၏။
וַיֹּ֤אמֶר אַבְשָׁלֹום֙ אֶל־חוּשַׁ֔י זֶ֥ה חַסְדְּךָ֖ אֶת־רֵעֶ֑ךָ לָ֥מָּה לֹֽא־הָלַ֖כְתָּ אֶת־רֵעֶֽךָ׃
18 ၁၈ ဟု​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​လိုက်​သွား နိုင်​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့် ထား​သူ​ဤ​လူ​စု​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရွေး​ချယ်​ခန့်​ထား​သူ​၏​အ​စေ ကို​အ​ကျွန်ုပ်​ခံ​ပါ​မည်။ အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​နေ​ပါ​မည်။-
וַיֹּ֣אמֶר חוּשַׁי֮ אֶל־אַבְשָׁלֹם֒ לֹ֕א כִּי֩ אֲשֶׁ֨ר בָּחַ֧ר יְהוָ֛ה וְהָעָ֥ם הַזֶּ֖ה וְכָל־אִ֣ישׁ יִשְׂרָאֵ֑ל לֹא (לֹ֥ו) אֶהְיֶ֖ה וְאִתֹּ֥ו אֵשֵֽׁב׃
19 ၁၉ အ​မှန်​မှာ​အ​ကျွန်ုပ်​သည်​မိ​မိ​သ​ခင်​၏ သား​တော်​ထံ​တွင်​အ​မှု​တော်​မ​ထမ်း​ဆောင် ပါ​လျှင် အ​ဘယ်​သူ​၏​ထံ​တွင်​ထမ်း​ဆောင် ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အ​ရှင့်​ခ​မည်း တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​သည့် နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက်​၏။
וְהַשֵּׁנִ֗ית לְמִי֙ אֲנִ֣י אֶֽעֱבֹ֔ד הֲלֹ֖וא לִפְנֵ֣י בְנֹ֑ו כַּאֲשֶׁ֤ר עָבַ֙דְתִּי֙ לִפְנֵ֣י אָבִ֔יךָ כֵּ֖ן אֶהְיֶ֥ה לִפָנֶֽיךָ׃ פ
20 ၂၀ ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။
וַיֹּ֥אמֶר אַבְשָׁלֹ֖ום אֶל־אֲחִיתֹ֑פֶל הָב֥וּ לָכֶ֛ם עֵצָ֖ה מַֽה־נַּעֲשֶֽׂה׃
21 ၂၁ အ​ဟိ​သော​ဖေ​လ​က``နန်း​တော်​ကို​စောင့်​စေ ရန်​အ​ရှင့်​ခ​မည်း​တော်​ထား​ခဲ့​သော​မောင်း​မ များ​ရှိ​ရာ​သို့​ဝင်​၍ ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မူ​ပါ။ သို့​ပြု​လျှင်​ခ​မည်း​တော်​သည် အ​ရှင့်​အား​ရန်​သူ​အ​ဖြစ်​သတ်​မှတ်​ကြောင်း လူ​အ​ပေါင်း​တို့​သိ​သော​အ​ခါ​အ​ရှင်​၏ နောက်​လိုက်​နောက်​ပါ​တို့​သည်​အ​လွန်​အား ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-
וַיֹּ֤אמֶר אֲחִיתֹ֙פֶל֙ אֶל־אַבְשָׁלֹ֔ם בֹּ֚וא אֶל־פִּלַגְשֵׁ֣י אָבִ֔יךָ אֲשֶׁ֥ר הִנִּ֖יחַ לִשְׁמֹ֣ור הַבָּ֑יִת וְשָׁמַ֤ע כָּל־יִשְׂרָאֵל֙ כִּֽי־נִבְאַ֣שְׁתָּ אֶת־אָבִ֔יךָ וְחָ֣זְק֔וּ יְדֵ֖י כָּל־אֲשֶׁ֥ר אִתָּֽךְ׃
22 ၂၂ သို့​ဖြစ်​၍​အ​ဗ​ရှ​လုံ​သည်​နန်း​တော်​အ​မိုး ထက်​တွင်​အ​မိုး​မိုး​စေ​ပြီး​နောက် လူ​အ​ပေါင်း တို့​၏​မျက်​မှောက်​၌​ခ​မည်း​တော်​၏​မောင်း​မ များ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု​၏။
וַיַּטּ֧וּ לְאַבְשָׁלֹ֛ום הָאֹ֖הֶל עַל־הַגָּ֑ג וַיָּבֹ֤א אַבְשָׁלֹום֙ אֶל־פִּֽלַגְשֵׁ֣י אָבִ֔יו לְעֵינֵ֖י כָּל־יִשְׂרָאֵֽל׃
23 ၂၃ ထို​စဉ်​အ​ခါ​က​လူ​တို့​သည်​အ​ဟိ​သော ဖေ​လ​ပေး​သည့်​အ​ကြံ​ကို ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​သ​ဖွယ်​မှတ်​ယူ​တတ်​ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​တို့​လည်း​မှတ်​ယူ ကြ​သ​တည်း။
וַעֲצַ֣ת אֲחִיתֹ֗פֶל אֲשֶׁ֤ר יָעַץ֙ בַּיָּמִ֣ים הָהֵ֔ם כַּאֲשֶׁ֥ר יִשְׁאַל־ (אִ֖ישׁ) בִּדְבַ֣ר הָאֱלֹהִ֑ים כֵּ֚ן כָּל־עֲצַ֣ת אֲחִיתֹ֔פֶל גַּם־לְדָוִ֖ד גַּ֥ם לְאַבְשָׁלֹֽם׃ ס

< ၂ ဓမ္မရာဇဝင် 16 >