< ၂ ဓမ္မရာဇဝင် 16 >
1 ၁ ဒါဝိဒ်သည်တောင်ထိပ်ကိုအနည်းငယ်ကျော် မိသောအခါ မေဖိဗောရှက်၏အစေခံဇိဘ နှင့်တွေ့ဆုံလေ၏။ ဇိဘသည်မုန့်အလုံးနှစ် ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ စပျစ်သီး မှည့်အခိုင်တစ်ရာနှင့်စပျစ်ရည်ဘူးတစ်ဘူး ကိုမြည်းနှစ်ကောင်ဖြင့်တင်ဆောင်လာ၏။-
David avait à peine dépassé le sommet qu’il rencontra Ciba, serviteur de Mephiboseth, qui conduisait une paire d’ânes sanglés, portant deux cents pains, cent gâteaux de raisins secs, cent gâteaux de figues et une outre de vin.
2 ၂ ဒါဝိဒ်မင်းက``သင်သည်ဤပစ္စည်းများကို အဘယ်ကြောင့် ယူဆောင်လာပါသနည်း'' ဟု မေးတော်မူ၏။ ဇိဘက``မြည်းများသည်အရှင်မင်းကြီး၏ မိသားစုစီးရန်ဖြစ်ပါသည်။ မုန့်နှင့်သစ်သီး များမှာငယ်သားတို့စားရန်ဖြစ်၍စပျစ် ရည်မှာတောကန္တာရတွင်သူတို့မောပန်းကြ သောအခါသောက်ရန်ဖြစ်ပါသည်'' ဟု လျှောက်၏။
Le roi dit à Ciba: "Que fais-tu de ces objets?" Ciba répondit: "Les ânes sont destinés, comme montures, à la maison du roi, le pain et les fruits secs à la nourriture des serviteurs, et le vin pour désaltérer ceux qu’a fatigués la marche au désert."
3 ၃ မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။
Le roi reprit: "Et où est le fils de ton maître?" Ciba répondit: "Il se tient à Jérusalem, parce que, a-t-il dit, maintenant la maison d’Israël va me rendre la royauté de mon père."
4 ၄ မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။
Le roi dit à Ciba: "Tous les biens de Mephiboseth sont maintenant pour toi." Et Ciba dit: "Je me prosterne devant toi, mon royal maître, et puissé-je conserver ta faveur!"
5 ၅ ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
Le roi David venait d’atteindre Bahourim lorsqu’il en vit sortir un homme de la famille de Saül, nommé Séméi, fils de Ghêra, qui, tout en s’avançant, l’accablait d’injures,
6 ၆ ဒါဝိဒ်အားကိုယ်ရံတော်တပ်သားများနှင့်လူ တို့ခြံရံလျက်ရှိနေသော်လည်း ရှိမိသည် ဒါဝိဒ်နှင့်မှူးမတ်တို့အားခဲနှင့်ပေါက်လေ သည်။-
lançait des pierres à David et à tous ses serviteurs, à toute la foule et à tous les guerriers qui l’entouraient à droite et à gauche.
7 ၇ ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
Et Séméi s’exprimait ainsi dans ses imprécations: "Va-t’en, va-t’en, homme de sang, homme indigne!
8 ၈ သင်သည်ရှောလု၏နိုင်ငံကိုသိမ်းယူခဲ့၍ သူ၏မိသားစုတို့ကိုသတ်သည့်အတွက် ယခုထာဝရဘုရားသည်သင့်ကိုဒဏ် ခတ်တော်မူပြီ။ ထာဝရဘုရားသည်နိုင်ငံ တော်ကိုသင်၏သားအဗရှလုံ၏လက်သို့ ပေးအပ်တော်မူပြီ။ အချင်းလူသတ်သမား၊ သင်သည်အကျိုးနည်းရလေပြီ'' ဟုကျိန် ဆဲလေ၏။
Le Seigneur a fait retomber sur toi tout le sang de la maison de Saül dont tu occupes le trône, et a fait passer la royauté aux mains de ton fils Absalon. Te voilà puni de ta méchanceté, homme de sang que tu es!"
9 ၉ ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
Abisaï, fils de Cerouya, dit au roi: "Pourquoi laisse-t-on ce chien mort insulter le roi mon maître? Permets-moi d’avancer et de lui trancher la tête."
10 ၁၀ မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။-
Le roi répondit: "Qu’ai-je affaire de vous, enfants de Cerouya? S’Il insulte ainsi, c’est que Dieu lui aura inspiré d’insulter David; qui lui demandera compte de sa conduite?"
11 ၁၁ ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
Puis il dit à Abïsaï et à tous ses serviteurs: "Si mon propre fils, sorti de mes entrailles, en veut à ma vie, qu’attendre de ce Benjamite? Laissez-le prodiguer l’injure, si Dieu le lui a dit!
12 ၁၂ ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
Peut-être le Seigneur considérera-t-il ma situation et me rendra-t-il du bonheur en échange des outrages que je subis en ce jour."
13 ၁၃ ထိုနောက်ဒါဝိဒ်နှင့်နောက်တော်လိုက်သူတို့ သည်ဆက်လက်၍ခရီးပြုကြ၏။ ရှိမိသည် တောင်ခါးပန်းတစ်လျှောက်လိုက်၍ကျိန်ဆဲ ကာကျောက်ခဲများဖြင့်ပေါက်၏။ မြေမှုန့် များနှင့်လည်းပက်၏။-
David, avec ses gens, poursuivit sa route. Cependant Séméi suivait du même pas le flanc de la montagne, continuant à l’insulter, lançant des pierres et faisant voler de la poussière dans sa direction.
14 ၁၄ မင်းကြီးနှင့်အတူသူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်သို့ရောက်သောအခါ နွမ်းနယ်ကြ သဖြင့်ထိုအရပ်တွင်အပန်းဖြေကြ၏။
Le roi avec toute sa suite, tous fatigués, arriva, et l’on s’y reposa.
15 ၁၅ အဗရှလုံသည်လိုက်ပါလာသောဣသရေလ အမျိုးသားအပေါင်းတို့နှင့်အတူ ယေရု ရှလင်မြို့သို့ဝင်ကြ၏။ ထိုသူတို့နှင့်အတူ အဟိသောဖေလလည်းပါ၏။-
Or, Absalon, suivi de tout le peuple israélite, était entré dans Jérusalem, et Ahitofel avec lui.
16 ၁၆ ဒါဝိဒ်၏လူယုံတော်ဟုရှဲသည်အဗရှလုံ ကိုတွေ့သောအခါ``မင်းကြီးသက်တော်ရှည် ပါစေသော။ မင်းကြီးသက်တော်ရှည်ပါစေ သော'' ဟုကြိုဆိုလေ၏။
Lorsque Houchaï l’Arkéen, ami de David, arriva auprès d’Absalon, il s’écria devant lui: "Vive le roi! Vive le roi!"
17 ၁၇ အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
Absalon lui dit: "C’Est là ton dévouement pour ton ami? Pourquoi n’as-tu pas suivi ton ami?"
18 ၁၈ ဟုရှဲက``အကျွန်ုပ်သည်အဘယ်သို့လိုက်သွား နိုင်ပါမည်နည်း။ ထာဝရဘုရားရွေးချယ်ခန့် ထားသူဤလူစုနှင့်ဣသရေလအမျိုးသား အပေါင်းတို့ရွေးချယ်ခန့်ထားသူ၏အစေ ကိုအကျွန်ုပ်ခံပါမည်။ အကျွန်ုပ်သည်အရှင် နှင့်အတူနေပါမည်။-
Houchaï répondit à Absalon: "Point du tout; celui qui a été adopté par l’Eternel et par ce peuple, par tous les Israélites, c’est à lui que j’appartiens, c’est avec lui que je demeure.
19 ၁၉ အမှန်မှာအကျွန်ုပ်သည်မိမိသခင်၏ သားတော်ထံတွင်အမှုတော်မထမ်းဆောင် ပါလျှင် အဘယ်သူ၏ထံတွင်ထမ်းဆောင် ရပါမည်နည်း။ အကျွန်ုပ်သည်အရှင့်ခမည်း တော်၏အမှုတော်ကိုထမ်းဆောင်ခဲ့သည့် နည်းတူ ယခုအရှင်၏အမှုတော်ကို ထမ်းဆောင်ပါမည်'' ဟုလျှောက်၏။
En second lieu, qui vais-je servir? N’Est-ce pas le fils de David? Comme j’ai servi ton père, ainsi serai-je à ton égard."
20 ၂၀ ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
Absalon dit à Ahitofel: "Délibérez entre vous sur ce que nous avons à faire."
21 ၂၁ အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
Ahitofel répondit à Absalon: "Aie commerce avec les concubines de ton père, laissées par lui pour garder sa demeure; tout Israël saura que tu t’es rendu odieux à ton père, et tous ceux qui sont avec toi en seront plus résolus."
22 ၂၂ သို့ဖြစ်၍အဗရှလုံသည်နန်းတော်အမိုး ထက်တွင်အမိုးမိုးစေပြီးနောက် လူအပေါင်း တို့၏မျက်မှောက်၌ခမည်းတော်၏မောင်းမ များနှင့်ကိုယ်လက်နှီးနှောမှုကိုပြု၏။
On dressa donc pour Absalon une tente sur la terrasse, et il eut commerce avec les concubines de son père à la vue de tout Israël.
23 ၂၃ ထိုစဉ်အခါကလူတို့သည်အဟိသော ဖေလပေးသည့်အကြံကို ဘုရားသခင် ၏ဗျာဒိတ်တော်သဖွယ်မှတ်ယူတတ်ကြ၏။ ဒါဝိဒ်နှင့်အဗရှလုံတို့လည်းမှတ်ယူ ကြသတည်း။
Les avis que donnait Ahitofel en ce temps-là étaient respectés comme la parole de Dieu même; il en était ainsi de tous ses avis et pour David et pour Absalon.