< ၂ ဓမ္မရာဇဝင် 15 >
1 ၁ ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။-
Ikawa baada ya haya Absalomu akaandaa gari la farasi na farasi kwa ajili yake pamoja na watu hamsini wa kwenda mbele zake.
2 ၂ သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-
Absalomu alikuwa akiamka mapema na kusimama kando ya njia iliyoelekea katika lango la mji. Mtu yeyote aliyekuwa na shauri la kuja kwa mfalme kwa ajili ya hukumu, Absalomu alimwita na kumwuliza, “Unatoka mji upi?” Na mtu yule hujibu, Mtumishi wako anatoka mojawapo ya kabila za Israeli.”
3 ၃ အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။-
Hivyo Absalomu umwambia, “Tazama, shitaka lako ni jema na la haki, lakini hakuna aliyepewa mamlaka na mfalme kusikiliza shitaka lako.
4 ၄ ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။-
Absalomu uongeza, “Natamani kwamba ningefanywa mwamzi ndani ya nchi ili kwamba kila mtu aliye na shitaka angeweza kuja kwangu nami ningempa haki.
5 ၅ အကယ်၍ထိုသူသည်အဗရှလုံ၏အနီးသို့ ချဉ်းကပ်၍ဦးညွှတ်အရိုအသေပြုခဲ့သော် အဗရှလုံသည်လက်ကိုဆန့်၍ထိုသူအား ကိုင်ပြီးလျှင်နမ်းရှုပ်တတ်၏။-
Hivyo ikawa kila mtu aliyekuja kumweshimu Absalomu yeye hunyosha mkono na kumshika na kumbusu.
6 ၆ အဗရှလုံသည်ဘုရင်၏အဆုံးအဖြတ် ကိုခံရန်လာရောက်သူ ဣသရေလအမျိုး သားမှန်သမျှကို ဤနည်းအတိုင်းပြုသဖြင့် ထိုသူတို့၏ကျေးဇူးသစ္စာကိုခံယူရရှိ လေသည်။
Absalomu alifanya hivi kwa Israeli wote waliokuja kwa mfalme kwa ajili ya hukumu. Hivyo Absalomu akaipotosha mioyo ya watu wa Israeli.
7 ၇ လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။-
Ikawa mwishoni mwa miaka minne Absalomu akamwambia mfalme, “Tafadhari niruhusu niende ili nitimize nadhiri niliyoiweka kwa Yahwe huko Hebroni.
8 ၈ ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။-
Kwa maana mtumishi wako aliweka nadhiri alipokuwako Geshuri katika Shamu akisema, 'Ikiwa Yahwe kweli atanirejesha Yerusalemu, ndipo nitamwabudu yeye.”
9 ၉ မင်းကြီးက``ငြိမ်းချမ်းစွာသွားလော့'' ဟု ဆိုသဖြင့်အဗရှလုံသည်ဟေဗြုန်မြို့ သို့သွားလေ၏။-
Hivyo mfalme akamwambia, “Nenda kwa amani”. Absalomu akainuka na kwenda Hebroni.
10 ၁၀ သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။-
Kisha Absalomu akatuma wapelelezi katika jamaa zote za Israeli, kusema, “Mara msikiapo sauti ya tarumbeta semeni, 'Absalomu anatawala katika Hebroni.”
11 ၁၁ အဗရှလုံ၏ခေါ်ဖိတ်ချက်အရသူနှင့် အတူ ယေရုရှလင်မြို့မှလိုက်လာသူ အပေါင်းမှာနှစ်ရာရှိ၏။ သူတို့သည်အဗ ရှလုံ၏လျှို့ဝှက်ကြံစည်ချက်ကိုလုံးဝ မသိကြ။ စိတ်ရိုးသဘောရိုးဖြင့်လိုက် ပါလာသူများဖြစ်သတည်း။-
Watu mia mbili waliokuwa wamearikwa kutoka Yerusalemu wakaenda na Absalomu. Wakaenda katika ujinga wao bila kujua Absalomu alichokipanga. Wakati
12 ၁၂ ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
Absalomu akitoa dhabihu, alituma watu kwa Ahithofeli katika mji wake huko Gilo. Yeye alikuwa mshauri wa Daudi. Uaini wa Absalomu ukawa na nguvu kwa kuwa watu waliomfuata waliendelea kuongezeka.
13 ၁၃ အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
Mjumbe akaja kwa Daudi na kusema, “Mioyo ya watu wa Israeli inaambatana na Absalomu.”
14 ၁၄ ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
Hivyo Daudi akawambia watumishi wake waliokuwa pamoja naye huko Yerusalemu, “Haya na tuinuke na kukimbia kwani hakuna hata mmoja atakayesalimika kwa Absalomu. Jiandaeni kuondoka mara moja asije akatupata mara hata akasababisha madhara juu yetu na kuushambulia mji kwa makali ya upanga.”
15 ၁၅ ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။-
Watumishi wa mfalme wakamwambia, “Tazama, watumishi wako wapo tiyari kufanya lolote bwana wetu mfalme atakaloamua.
16 ၁၆ သို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။
Mfalme akaondoka na familia yake yote pamoja naye, lakini mfalme akawaacha wanawake kumi waliokuwa masuria wa mfalme ili walitunze kasri.
17 ၁၇ မင်းကြီးတို့လူစုသည် ယင်းသို့ထွက်ခွာသွား ကြပြီးနောက် မြို့အစွန်၌ရှိသောအိမ်တစ် အိမ်တွင်ရပ်တန့်ကြ၏။-
Baada ya mfalme kwenda na watu wote pamoja naye, wakasimama katika nyumba ya mwisho.
18 ၁၈ မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊-
Jeshi lake lote likaenda pamoja naye na mbele yake wakaenda Wakerethi na Wapelethi, na Wagiti mia sita wote waliokuwa wamemfuata kutoka Gathi.
19 ၁၉ မင်းကြီးကသူတို့၏ တပ်မှူးအိတ္တဲအား``သင် သည်အဘယ်ကြောင့်ငါတို့နှင့်အတူလိုက် လာပါသနည်း။ ဘုရင်သစ်ထံသို့ပြန်၍နေ ပါလော့။ သင်သည်လူမျိုးခြားဖြစ်ပါ၏။ မိမိ တိုင်းပြည်နှင့်လည်းဝေးကွာလျက်တိုင်း တစ်ပါးတွင်ခိုလှုံနေသူဖြစ်သည်။-
Kisha mfalme akamwambia Itai Mgiti, “Kwa nini wewe pia uende nasi? Rudi na ukae na mfalme Absalomu kwa kuwa wewe ni mgeni tena mfungwa. Rudi mahali pako mwenyewe.
20 ၂၀ ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
Kwani ni jana tu umeondoka, kwa nini nikufanye uzunguke nasi popote? Hata sijui niendako. Hivyo rudi pamoja na wenzako. Utiifu na uaminifu viambatane nawe.”
21 ၂၁ သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။
Lakini Itai akamjibu mfalme na kusema, “Kama Yahwe aishivyo na kama bwana wangu mfalme aishivyo, kwa hakika mahali popote bwana wangu mfalme aendako, mtumishi wako pia ndipo atakapokwenda, kwamba ni maisha au kifo.”
22 ၂၂ ဒါဝိဒ်က``ကောင်းပြီ။ ဆက်လက်ချီသွားလော့'' ဟု မိန့်တော်မူသဖြင့် အိတ္တဲသည်မိမိ၏လူစုနှင့် တကွသူတို့အားမှီခိုသူများကိုခေါ် သွား၏။-
Hivyo Daudi akamwambia Itai, haya tangulia uende pamoja nasi.” Hivyo Itai Mgiti akaenda pamoja na mfalme, pamoja na watu wake wote na familia zao zote.
23 ၂၃ ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။
Nchi yote ikalia kwa sauti kadili watu walivyokuwa wakivuka Bonde la Kidroni, mfalme naye pia akavuka. Watu wote wakasafiri kuelekea nyikani.
24 ၂၄ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။-
Walikuwepo pia Sadoki pamoja na Walawi wote wamebeba sanduku la Mungu la agano. Wakaliweka sanduku la Mungu chini na kisha Abiathari akaungana nao. Wakasubiri mpaka watu wote walioondoka mjini walipokwisha kupita.
25 ၂၅ ထိုနောက်မင်းကြီးသည်ဇာဒုတ်အား``ပဋိ ညာဉ်သေတ္တာတော်ကိုမြို့တွင်းသို့ပြန်၍ပင့် ဆောင်သွားလော့။ ထာဝရဘုရားသည်ငါ့ အားနှစ်သက်တော်မူလျှင် တစ်နေ့နေ့၌ထို သေတ္တာတော်ကိုလည်းကောင်း၊ သေတ္တာတော် ကျိန်းဝပ်ရာအရပ်ကိုလည်းကောင်း ကြည့်ရှုခွင့်ပေးတော်မူလိမ့်မည်။-
Mfalme akamwambia Sadoki, “Ulirudishe sanduku la Mungu mjini. Ikiwa nitaona neema machoni pa Yahwe atanirudisha na kunionesha tena sanduku na mahali likaapo.
26 ၂၆ သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
Lakini ikiwa atasema, sipendezwi nawe,' tazama mimi nipo hapa, na anitendee yaliyo mema machoni pake.”
27 ၂၇ ထို့အပြင်မင်းကြီးကဇာဒုတ်အား``ကြည့်လော့၊ သင်၏သားအဟိမတ်နှင့်အဗျာသာ၏သား ယောနသန်တို့ကိုခေါ်၍ငြိမ်းချမ်းစွာမြို့ တော်သို့ပြန်လော့။-
Pia mfalme akamwambia Sadoki kuhani, “Je wewe siyo mwonaji? Rudi mjini kwa amani na wanao wawili, Ahimaazi mwanao na Yonathani mwana wa Abiathari.
28 ၂၈ ဤအတောအတွင်း၌ငါသည်သင်၏ထံ မှသတင်းစကားမရမချင်းတောကန္တာရ ရှိကူးတို့ဆိပ်တွင်စောင့်ဆိုင်းနေမည်'' ဟု မိန့်တော်မူ၏။-
Tazama nitasubiri katika vivuko vya Araba mpaka nitakapo pata neno kutoka kwenu kunitaarifu.”
29 ၂၉ ထို့ကြောင့်ဇာဒုတ်နှင့်အဗျာသာတို့သည် ပဋိညာဉ်သေတ္တာတော်ကိုမြို့တော်သို့ပြန် လည်ပင့်ဆောင်၍မြို့တော်တွင်နေကြ၏။
Hivyo Sadoki na Abiathari wakalirudish sanduku la Mungu Yerusalemu nao wakakaa humo.
30 ၃၀ ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
Lakini Daudi akaenda bila viatu huku akilia hata Mlima wa Mizeituni, naye alikuwa amefunika kichwa chake. Kila mtu miongoni mwao waliokuwa pamoja naye akafunika kichwa chake, nao wakaenda huku wakilia.
31 ၃၁ အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
Mtu mmoja akamwambia Daudi kusema, Ahithofeli ni miongoni mwa waaini walio pamoja na Absalomu.” Hivyo Daudi akaomba, “Ee Yahwe, tafadhari badili ushauri wa Ahithofeli kuwa upumbavu.”
32 ၃၂ ဒါဝိဒ်သည်ကိုးကွယ်ရာဌာနတော်ရှိသည့် တောင်ထိပ်သို့ရောက်သောအခါ မိမိ၏လူယုံ တော်အာခိမြို့သားဟုရှဲသည် မိမိအဝတ် များကိုဆုတ်ဖြဲလျက်ဦးခေါင်းကိုလည်း မြေမှုန့်ဖြင့်လူးလျက်မင်းကြီးအားခရီး ဦးကြိုပြု၏။
Ikawa Daudi alipofika juu njiani mahala Mungu alipokuwa akiabudiwa, Hushai Mwarki akaja kumlaki vazi lake limeraruliwa na mavumbi kichwani pake.
33 ၃၃ ဒါဝိဒ်ကဟုရှဲအား``သင်သည်ငါနှင့်အတူ လိုက်လာလျှင် ငါ့အားမည်သို့မျှအကူ အညီပေးနိုင်မည်မဟုတ်။-
Daudi akamwambia, “Ikiwa utaenda nami utakuwa mzigo kwangu.
34 ၃၄ သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။-
Lakini ukirudi mjini na kumwambia Absalomu, 'Nitakuwa mtumishi wa mfalme kama nilivokuwa mtumishi wa baba yako, ndivyo nitakavyokuwa mtumishi wako,' ndipo utayageuza mashauri ya Ahithofeli kwa ajili yangu.
35 ၃၅ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာတို့ သည်မြို့တော်တွင်ရှိနေကြပါမည်။ နန်း တော်တွင်သင်ကြားသိရသမျှသတင်း ကိုသူတို့အားပြောကြားလော့။-
Je haunao pamoja nawe Sadoki na Abiathari makuhani? Hivyo chochote ukisikiacho katika kasri, uwaambie Sadoki na Abiathari makuhani.
36 ၃၆ သူတို့နှင့်အတူသူတို့၏သားများဖြစ်ကြ သော အဟိမတ်နှင့်ယောနသန်တို့လည်းရှိကြ သည်ဖြစ်၍ သင်ရရှိသည့်သတင်းမှန်သမျှ ကိုထိုသူနှစ်ယောက်တို့အားဖြင့်ငါ့ထံသို့ ပေးပို့လော့'' ဟုမိန့်တော်မူ၏။
Tazama wanao pamoja nao wana wao wawili, Ahimaasi, mwana wa Sadoki, na Yonathani mwana wa Abiathari. Mniletee habari juu ya kila mnachokisikia.”
37 ၃၇ သို့ဖြစ်၍ဒါဝိဒ်၏အဆွေတော်ဟုရှဲသည် မြို့တော်သို့ပြန်လေ၏။ ထိုအချိန်၌ပင် လျှင်အဗရှလုံသည်မြို့တော်သို့ရောက် ရှိလာလေသည်။
Hivyo Hushai, rafiki wa Daudi, akaja mjini wakati Absalomu anafika na kuingia Yerusalemu.