< ၂ ဓမ္မရာဇဝင် 15 >

1 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-
이 후에 압살롬이 자기를 위하여 병거와 말들을 준비하고 전배(前倍) 오십명을 세우니라
2 သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-
압살롬이 일찌기 일어나 성문길 곁에 서서 어떤 사람이든지 송사가 있어 왕에게 재판을 청하러 올 때에 그 사람을 불러서 이르되 `너는 어느 성 사람이냐' 그 사람의 대답이 `종은 이스라엘 아무 지파에 속하였나이다' 하면
3 အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
압살롬이 저에게 이르기를 `네 일이 옳고 바르다마는 네 송사 들을 사람을 왕께서 세우지 아니하셨다' 하고
4 ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။-
또 이르기를 `내가 이 땅에서 재판관이 되고 누구든지 송사나 재판 할 일이 있어 내게로 오는 자에게 내가 공의 베풀기를 원하노라' 하고
5 အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။-
사람이 가까이 와서 절하려 하면 압살롬이 손을 펴서 그 사람을 붙들고 입을 맞추니
6 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။
무릇 이스라엘 무리 중에 왕께 재판을 청하러 오는 자들에게 압살롬의 행함이 이 같아서 이스라엘 사람의 마음을 도적하니라
7 လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-
사년만에 압살롬이 왕께 고하되 `내가 여호와께 서원한 것이 있사오니 청컨대 나로 헤브론에 가서 그 서원을 이루게 하소서
8 ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။-
종이 아람 그술에 있을 때에 서원하기를 만일 여호와께서 나를 예루살렘으로 돌아가게 하시면 내가 여호와를 섬기리이다' 하였나이다
9 မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-
왕이 저에게 이르되 `평안히 가라' 하니 저가 일어나 헤브론으로 가니라
10 ၁၀ သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-
이에 압살롬이 정탐을 이스라엘 모든 지파 가운데 두루 보내어 이르기를 `너희는 나팔소리를 듣거든 곧 부르기를 압살롬이 헤브론에서 왕이 되었다 하라' 하니라
11 ၁၁ အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-
그 때에 압살롬에게 청함을 받은 이백명이 그 사기를 알지 못하고 아무 뜻 없이 예루살렘에서 저와 함께 갔으며
12 ၁၂ ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။
제사 드릴 때에 압살롬이 사람을 보내어 다윗의 모사 길로 사람 아히도벨을 그 성읍 길로에서 청하여 온지라 반역하는 일이 커 가매 압살롬에게로 돌아오는 백성이 많아지니라
13 ၁၃ အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။
사자가 다윗에게 와서 고하되 `이스라엘의 인심이 다 압살롬에게로 돌아갔나이다' 한지라
14 ၁၄ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။
다윗이 예루살렘에 함께 있는 모든 신복에게 이르되 `일어나 도망하자 그렇지 아니하면 우리 한사람도 압살롬에게서 피하지 못하리라 빨리 가자 두렵건대 저가 우리를 급히 따라와서 해하고 칼로 성을 칠까 하노라'
15 ၁၅ ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-
왕의 신복들이 왕께 고하되 `우리 주 왕의 하고자 하시는 대로 우리가 행하리이다' 하더라
16 ၁၆ သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။
왕이 나갈 때에 권속을 다 따르게 하고 후궁 열명을 남겨 두어 궁을 지키게 하니라
17 ၁၇ မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-
왕이 나가매 모든 백성이 다 따라서 벧메르학에 이르러 머무니
18 ၁၈ မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-
모든 신복이 그 곁으로 지나가고 모든 그렛 사람과 모든 블렛 사람과 및 왕을 따라 가드에서 온 육백인이 왕의 앞으로 진행하니라
19 ၁၉ မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
그 때에 왕이 가드 사람 잇대에게 이르되 `어찌하여 너도 우리와 함께 가느냐? 너는 쫓겨난 나그네니 돌아가서 왕과 함께 네 곳에 있으라
20 ၂၀ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
너는 어제 왔고 나는 정처 없이 가니 오늘날 어찌 너로 우리와 함께 유리하게 하리요 너도 돌아가고 네 동포들도 데려가라 은혜와 진리가 너와 함께 있기를 원하노라!'
21 ၂၁ သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
잇대가 왕께 대답하여 가로되 `여호와의 사심과 우리 주 왕의 사심으로 맹세하옵나니 진실로 내 주 왕께서 어느 곳에 계시든지 무론 사생하고 종도 그곳에 있겠나이다!'
22 ၂၂ ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။-
다윗이 잇대에게 이르되 `앞서 건너가라` 하매 가드 사람 잇대와 그 종자들과 그와 함께 한 아이들이 다 건너가고
23 ၂၃ ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။
온 땅 사람이 대성통곡하며 모든 인민이 앞서 건너가매 왕도 기드론 시내를 건너가니 건너간 모든 백성이 광야 길로 향하니라
24 ၂၄ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။-
사독과 그와 함께 한 모든 레위 사람이 하나님의 언약궤를 메어다가 내려놓고 아비아달도 올라와서 모든 백성이 성에서 나오기를 기다리더니
25 ၂၅ ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
왕이 사독에게 이르되 `하나님의 궤를 성으로 도로 메어 가라 만일 내가 여호와 앞에서 은혜를 얻으면 도로 나를 인도하사 내게 그 궤와 그 계신 데를 보이시리라
26 ၂၆ သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-
그러나 저가 말씀하시기를 내가 너를 기뻐하지 아니한다 하시면 종이 여기 있사오니 선히 여기시는 대로 내게 행하시옵소서 하리라'
27 ၂၇ ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-
왕이 또 제사장 사독에게 이르되 `네가 선견자가 아니냐? 너는 너희의 두 아들 곧 네 아들 아히마아스와 아비아달의 아들 요나단을 데리고 평안히 성으로 돌아가라
28 ၂၈ ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။-
너희에게서 내게 고하는 기별이 올 때까지 내가 광야 나룻터에서 기다리리라'
29 ၂၉ ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။
사독과 아비아달이 하나님의 궤를 예루살렘으로 도로 메어다 놓고 거기 유하니라
30 ၃၀ ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-
다윗이 감람산 길로 올라갈 때에 머리를 가리우고 맨발로 울며 행하고 저와 함께 가는 백성들도 각각 그 머리를 가리우고 울며 올라가니라
31 ၃၁ အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
혹이 다윗에게 고하되 `압살롬과 함께 모반한 자들 가운데 아히도벨이 있나이다' 하니 다윗이 가로되 `여호와여, 원컨대 아히도벨의 모략을 어리석게 하옵소서' 하니라
32 ၃၂ ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။
다윗이 하나님을 경배하는 마루턱에 이를 때에 아렉 사람 후새가 옷을 찢고 흙을 머리에 무릅쓰고 다윗을 맞으러 온지라
33 ၃၃ ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။-
다윗이 저에게 이르되 `네가 만일 나와 함께 나아가면 내게 누를 끼치리라
34 ၃၄ သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။-
그러나 네가 만일 성으로 돌아가서 압살롬에게 말하기를 왕이여! 내가 왕의 종이니이다 이왕에는 왕의 부친의 종이었더니 내가 이제는 왕의 종이니이다 하면 네가 나를 위하여 아히도벨의 모략을 패하게 하리라
35 ၃၅ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။-
사독과 아비아달 두 제사장이 너와 함께 거기 있지 아니하냐 네가 궁중에서 무엇을 듣든지 사독과 아비아달 두 제사장에게 고하라
36 ၃၆ သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။
저희의 두 아들 곧 사독의 아히마아스와 아비아달의 요나단이 저희와 함께 거기 있나니 무릇 너희 듣는 것을 저희 편으로 내게 기별할지니라'
37 ၃၇ သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။
다윗의 친구 후새가 곧 성으로 들어가고 압살롬도 예루살렘으로 들어갔더라

< ၂ ဓမ္မရာဇဝင် 15 >