< ၂ ဓမ္မရာဇဝင် 15 >
1 ၁ ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။-
這事以後,阿貝沙隆準備了車輛和駿馬,並叫五十個為他開道。
2 ၂ သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-
阿貝沙隆常清早起來,站在進城門的大路旁;凡有爭訟,要到君王前去要裁判的人,阿貝沙隆就把他叫到自己跟前來問說:「你是那一城裏的人﹖」他答說:「你僕人是以色列某支派的人」。
3 ၃ အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။-
阿貝沙隆就向他說:「看你的案件是正直有理的,但是君王沒有派人來聽取你的案件」。
4 ၄ ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။-
阿貝沙隆又接著說:「唉! 誰若立我作了國家的判官,凡是有訴和案件的,來到我這裏,我必使他獲得公正的裁判」。
5 ၅ အကယ်၍ထိုသူသည်အဗရှလုံ၏အနီးသို့ ချဉ်းကပ်၍ဦးညွှတ်အရိုအသေပြုခဲ့သော် အဗရှလုံသည်လက်ကိုဆန့်၍ထိုသူအား ကိုင်ပြီးလျှင်နမ်းရှုပ်တတ်၏။-
若有人前來叩拜他,他就伸手將他抱住,與他親吻。
6 ၆ အဗရှလုံသည်ဘုရင်၏အဆုံးအဖြတ် ကိုခံရန်လာရောက်သူ ဣသရေလအမျိုး သားမှန်သမျှကို ဤနည်းအတိုင်းပြုသဖြင့် ထိုသူတို့၏ကျေးဇူးသစ္စာကိုခံယူရရှိ လေသည်။
凡是要到君王前去告狀的以色列人,阿貝沙隆總是這樣對待他們;如此他獲得了以色列人的心。
7 ၇ လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။-
四年以後,阿貝沙隆向君王說:「我要求大王讓我去赫貝龍,向上主所許的願,
8 ၈ ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။-
因為你的僕人住在阿蘭革叔爾時,曾願許說:若上主領我再回耶路撒冷,我要在赫貝龍崇拜上主」。
9 ၉ မင်းကြီးက``ငြိမ်းချမ်းစွာသွားလော့'' ဟု ဆိုသဖြင့်အဗရှလုံသည်ဟေဗြုန်မြို့ သို့သွားလေ၏။-
君王向他說:「你平安去吧! 」阿貝沙隆便往赫貝龍去了。
10 ၁၀ သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။-
阿貝沙隆打發特務到以色列各支派說:「你們一聽見號聲,就喊說:阿貝沙隆在赫貝龍為王了! 」
11 ၁၁ အဗရှလုံ၏ခေါ်ဖိတ်ချက်အရသူနှင့် အတူ ယေရုရှလင်မြို့မှလိုက်လာသူ အပေါင်းမှာနှစ်ရာရှိ၏။ သူတို့သည်အဗ ရှလုံ၏လျှို့ဝှက်ကြံစည်ချက်ကိုလုံးဝ မသိကြ။ စိတ်ရိုးသဘောရိုးဖြင့်လိုက် ပါလာသူများဖြစ်သတည်း။-
由耶路撒冷與阿貝沙隆同來的,還有二百人,他們因為被請,就好心好意的來了,對於事情的真相,卻一點不知道。
12 ၁၂ ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
當阿貝沙隆祭獻時,就派人將達味的參謀,基羅人阿希托費耳由他的本城基羅請來參與祭祀。這樣,叛亂就更形擴大,隨從阿貝沙隆的民眾也逐漸加多。
13 ၁၃ အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
有報信的人來到達味前說:「以色列人的心都歸向阿貝沙隆了」。
14 ၁၄ ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
達味就對所有跟他在耶路撒冷的臣僕說:「我們趕快逃跑,不然,我們就來不及逃避阿貝沙隆了。你們趕快上路,免得他忽然趕到,殘害我們,用刀屠殺全城的人」。
15 ၁၅ ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။-
王的臣僕向君王說:「凡我主大王所決定的,你的臣僕必都照辦」。
16 ၁၆ သို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။
君王帶著全家徒步出走,只留下十個嬪妃看守王宮。
17 ၁၇ မင်းကြီးတို့လူစုသည် ယင်းသို့ထွက်ခွာသွား ကြပြီးနောက် မြို့အစွန်၌ရှိသောအိမ်တစ် အိမ်တွင်ရပ်တန့်ကြ၏။-
君王徒步前行,他的軍民都跟著他;到了最後的住宅區,君王站住了。
18 ၁၈ မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊-
所有的軍民都由他身邊走過,所有的革勒提人和培肋提人,還有從加特跟隨依泰來的六百人,也都由君王面前過去。
19 ၁၉ မင်းကြီးကသူတို့၏ တပ်မှူးအိတ္တဲအား``သင် သည်အဘယ်ကြောင့်ငါတို့နှင့်အတူလိုက် လာပါသနည်း။ ဘုရင်သစ်ထံသို့ပြန်၍နေ ပါလော့။ သင်သည်လူမျိုးခြားဖြစ်ပါ၏။ မိမိ တိုင်းပြည်နှင့်လည်းဝေးကွာလျက်တိုင်း တစ်ပါးတွင်ခိုလှုံနေသူဖြစ်သည်။-
君王逐向加特人依泰說:「你m口我們一起出走﹖你回去協同新王國吧! 因為你是個離鄉背井的,流徙在外的僑民。
20 ၂၀ ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
你昨天來了,今天我就要你同我們一起漂流嗎﹖我還不知道我要往哪裏去﹖你領著你的兄弟們一起回去吧! 願上主仁慈忠誠對待你! 」
21 ၂၁ သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။
依泰回答君王說:「上主永在! 我主大王萬歲! 在我主大王所在的地方,無論生死,你的僕人也必在那裏! 」
22 ၂၂ ဒါဝိဒ်က``ကောင်းပြီ။ ဆက်လက်ချီသွားလော့'' ဟု မိန့်တော်မူသဖြင့် အိတ္တဲသည်မိမိ၏လူစုနှင့် တကွသူတို့အားမှီခိုသူများကိုခေါ် သွား၏။-
達味向依泰說:「好,你過去吧! 」加特人依泰與他率領的人民,和他全家也都過去了。
23 ၂၃ ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။
人民過去時,遍地一片哭聲;君王停在克德龍谷中,人民在他面前過去,向曠野的路上走去。
24 ၂၄ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။-
匝多克和所有的肋未人抬著天主的結約之櫃來了,他們把天主的約櫃放在厄貝雅塔爾面前,等由城中出來的人民全都走過。
25 ၂၅ ထိုနောက်မင်းကြီးသည်ဇာဒုတ်အား``ပဋိ ညာဉ်သေတ္တာတော်ကိုမြို့တွင်းသို့ပြန်၍ပင့် ဆောင်သွားလော့။ ထာဝရဘုရားသည်ငါ့ အားနှစ်သက်တော်မူလျှင် တစ်နေ့နေ့၌ထို သေတ္တာတော်ကိုလည်းကောင်း၊ သေတ္တာတော် ကျိန်းဝပ်ရာအရပ်ကိုလည်းကောင်း ကြည့်ရှုခွင့်ပေးတော်မူလိမ့်မည်။-
君王對匝多克說:「你將天主的約櫃抬回城去,放在原處! 若我在上主眼中蒙恩,衪必會領我回來,再能見約櫃和衪的聖所。
26 ၂၆ သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
但若上主說:我不喜歡你,看,我在這裏,衪看著怎樣好,就怎樣處置 吧! 」
27 ၂၇ ထို့အပြင်မင်းကြီးကဇာဒုတ်အား``ကြည့်လော့၊ သင်၏သားအဟိမတ်နှင့်အဗျာသာ၏သား ယောနသန်တို့ကိုခေါ်၍ငြိမ်းချမ်းစွာမြို့ တော်သို့ပြန်လော့။-
君王又向匝多克司祭「看,你 和厄貝雅塔爾可以平安回城,你的兒子阿希瑪茲和厄貝雅塔爾的兒子約納堂,你們的兩個兒子,也應隨你們回去。
28 ၂၈ ဤအတောအတွင်း၌ငါသည်သင်၏ထံ မှသတင်းစကားမရမချင်းတောကန္တာရ ရှိကူးတို့ဆိပ်တွင်စောင့်ဆိုင်းနေမည်'' ဟု မိန့်တော်မူ၏။-
我願在曠野中的渡口暫並住下,等侯你們來給我報告消息」。
29 ၂၉ ထို့ကြောင့်ဇာဒုတ်နှင့်အဗျာသာတို့သည် ပဋိညာဉ်သေတ္တာတော်ကိုမြို့တော်သို့ပြန် လည်ပင့်ဆောင်၍မြို့တော်တွင်နေကြ၏။
匝多克和厄貝雅塔爾抬著天主的約櫃回了耶路撒冷,且住在那裏。
30 ၃၀ ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
以後,達味上了橄欖山:一邊上,一邊哭,蒙著頭赤著腳;隨著人民也都蒙著頭,哭著上山。
31 ၃၁ အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
忽有人報告達味說:「阿希托費耳也跟隨了阿貝沙隆,雜在叛黨中」。 根遂說:「上主,我求你使阿希托費耳的計謀轉為愚策」。
32 ၃၂ ဒါဝိဒ်သည်ကိုးကွယ်ရာဌာနတော်ရှိသည့် တောင်ထိပ်သို့ရောက်သောအခါ မိမိ၏လူယုံ တော်အာခိမြို့သားဟုရှဲသည် မိမိအဝတ် များကိုဆုတ်ဖြဲလျက်ဦးခေါင်းကိုလည်း မြေမှုန့်ဖြင့်လူးလျက်မင်းကြီးအားခရီး ဦးကြိုပြု၏။
達味一到了山頂,敬拜天主的地方,見他的朋友阿爾基人胡瑟穿著撕裂的衣服,頭上頂灰,出來迎接他。
33 ၃၃ ဒါဝိဒ်ကဟုရှဲအား``သင်သည်ငါနှင့်အတူ လိုက်လာလျှင် ငါ့အားမည်သို့မျှအကူ အညီပေးနိုင်မည်မဟုတ်။-
達味向他說:「你若跟隨 ,為我反是負擔;
34 ၃၄ သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။-
但你若回去,向阿貝沙隆說:大王,我願作你的僕人,先我是你父親的人,如今我作你的僕人;這樣你反能為我破壞阿希托費耳的計謀。
35 ၃၅ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာတို့ သည်မြို့တော်တွင်ရှိနေကြပါမည်။ နန်း တော်တွင်သင်ကြားသိရသမျှသတင်း ကိုသူတို့အားပြောကြားလော့။-
在那裏同你一起的,還有司祭匝多克和厄貝雅塔爾司祭。
36 ၃၆ သူတို့နှင့်အတူသူတို့၏သားများဖြစ်ကြ သော အဟိမတ်နှင့်ယောနသန်တို့လည်းရှိကြ သည်ဖြစ်၍ သင်ရရှိသည့်သတင်းမှန်သမျှ ကိုထိုသူနှစ်ယောက်တို့အားဖြင့်ငါ့ထံသို့ ပေးပို့လော့'' ဟုမိန့်တော်မူ၏။
與他們在一起的,還有他們的兩個兒子,匝多克的兒子阿希瑪茲和厄貝雅塔爾的兒子約納堂,託他們把你們所聽到的傳報給我」。
37 ၃၇ သို့ဖြစ်၍ဒါဝိဒ်၏အဆွေတော်ဟုရှဲသည် မြို့တော်သို့ပြန်လေ၏။ ထိုအချိန်၌ပင် လျှင်အဗရှလုံသည်မြို့တော်သို့ရောက် ရှိလာလေသည်။
達味的朋友胡瑟就回了城,同時也到了耶路撒冷。