< ၂ ဓမ္မရာဇဝင် 14 >

1 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။-
ထိုသို့ ရှင်ဘုရင် ၏ စိတ် နှလုံးသည် အဗရှလုံ သို့ ပါသွားကြောင်း ကို ဇေရုယာ သား ယွာဘ သည် ရိပ်မိ သောအခါ၊
2 ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-
တေကော မြို့သို့ စေလွှတ် ၍ ပညာရှိ သောမိန်းမ ကို ခေါ် ပြီးလျှင် ၊ သင်သည် ဆီ မ လိမ်း ပါနှင့်။ စိတ် မသာညည်းတွားဟန်ပြု၍ မသာ အဝတ် ကို ဝတ် ပါတော့။ လူသေ အတွက် ကြာမြင့် စွာ ငိုကြွေး သောမိန်းမ ယောင်ဆောင် လျက်၊
3 ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။
ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ဤသို့ လျှောက် ရမည်ဟု သွန်သင် လေ၏။
4 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
ထိုတေကော မြို့သူမိန်းမ သည် အထံ တော်သို့ ဝင်၍ မြေ ပေါ် မှာ ပြပ်ဝပ် ရှိခိုး လျက် ၊ အရှင်မင်းကြီး ၊ ကယ်မ သနားတော်မူပါဟု လျှောက် လေ၏။
5 မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။-
ရှင်ဘုရင် ကလည်း ၊ အဘယ် အမှုရှိသနည်းဟုမေး တော်မူလျှင် မိန်းမ က၊ ကျွန်တော်မ သည် လင် သေ သော မုတ်ဆိုးမ ဖြစ်ပါ၏။
6 ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။-
ကိုယ်တော် ကျွန် မ၌ သား နှစ် ယောက်ရှိပါ၏။ ထိုသားနှစ် ယောက်တို့သည် ခိုက်ရန် ပြုကြပါ၏။ ဖျန်ဖြေ သောသူမ ရှိသောကြောင့် တယောက် သည် တယောက် ကို သေ သည်တိုင်အောင်လုပ်ကြံ ပါ၏။
7 သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
ယခု မှာ အဆွေအမျိုး အပေါင်း တို့သည် ကိုယ်တော် ကျွန် မတဘက် ၌ထ ကြ၍ အစ်ကို ကို သတ် သောသူကိုသေစားသေစေ ခြင်းငှါ အပ် ရမည်။ အမွေခံ ကိုလည်း ငါတို့ပယ်ရှင်း မည်ဟုဆို ကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ ၌ ကျန်ကြွင်း သေးသော မီးခဲ ကို သူတို့သည် သတ် ကြပါလိမ့်မည်။ ကျွန်တော်မ လင် ၏အမည် ကို၎င်း ၊ အကျန် အကြွင်းကို၎င်း၊ မြေကြီး ပေါ် က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက် လေသော်၊
8 မင်း​ကြီး​က``ဤ​အ​မှု​ကို​ငါ​ဆောင်​ရွက်​ပေး မည်။ သင်​အိမ်​သို့​ပြန်​လော့'' ဟု​ဆို​လျှင်၊
ရှင် ဘုရင်က သင့် အိမ် သို့ ပြန်သွား လော့။ သင့်အမှုကို ငါ စီရင် မည်ဟု မိန်းမ အား မိန့် တော်မူ၏”
9 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။
တေကော မြို့သူမိန်းမ ကလည်း ၊ အိုအရှင်မင်းကြီး ၊ ကျွန်တော်မ နှင့် ကျွန်တော်မ အဆွေအမျိုး ၌ အပြစ် ရောက်ပါစေ။ ရှင်ဘုရင် နှင့် ရာဇ ပလ္လင်တော်သည် အပြစ် လွတ်ပါစေဟုလျှောက် လျှင်၊
10 ၁၀ မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။
၁၀ရှင် ဘုရင်က၊ သင် ၌ အပြစ် တင်သောသူကို ငါ့ ထံသို့ ခေါ် ခဲ့လော့။ နောက် တဖန်သင့် ကို မ နှောင့်ရှက် ရဟု မိန့် တော်မူသော်၊
11 ၁၁ အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။
၁၁မိန်းမက၊ သေစားသေစေ သောသူတို့သည် ကျွန်တော်မ ၏သား ကိုသတ် မည်ဟု စိုးရိမ်ပါသည်ဖြစ်၍ ၊ သူတို့သည်အထူးသဖြင့်မ ဖျက်ဆီး စေခြင်းငှါအရှင်မင်းကြီးသည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို အောက်မေ့ တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင့် သား ၏ဆံပင် တပင်မျှ မြေ ပေါ်သို့ မ ကျ ရဟု မိန့် တော်မူ၏”
12 ၁၂ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။
၁၂တဖန် မိန်းမ ကလည်း၊ ကိုယ်တော် ကျွန် မသည် အရှင် မင်းကြီး အား စကား တခွန်းလျှောက် ရသောအခွင့် ကိုပေး တော်မူပါဟု တောင်းပန် လျှင် ၊ လျှောက် လော့ဟု မိန့် တော်မူ၏”
13 ၁၃ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား အ​ဘယ် ကြောင့်​မ​တ​ရား​ပြု​တော်​မူ​ပါ​သ​နည်း။ ပြည် နှင်​ဒဏ်​သင့်​သူ​သား​တော်​ကို​ပြန်​လာ​ခွင့်​ပေး တော်​မ​မူ​သ​ဖြင့် အ​ရှင်​သည်​ယ​ခု​ပင်​မိန့်​ကြား တော်​မူ​ခဲ့​သည့်​စ​ကား​အ​ရ မိ​မိ​ကိုယ်​ကို ပြန်​၍​အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​ပါ​ပြီ။-
၁၃မိန်းမ ကလည်း ၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရား သခင်၏ လူ တို့တစ်ဘက် ၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ် သောသူကို တဖန်ခေါ် တော်မ မူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။
14 ၁၄ ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။-
၁၄ငါတို့သည် သေ အံ့သောသူဖြစ် ကြ၏။ မြေ ပေါ် မှာသွန် ပြီးလျှင်နောက်တဖန်ကျုံး ၍ မ ယူနိုင်သောရေ နှင့် တူ ကြပါ၏။ ဘုရား သခင်သည် လူမျက်နှာကို မ ထောက် သော်လည်း ၊ နှင်ထုတ် ခြင်းကိုခံရသောသူသည် အစဉ် နှင်ထုတ် ခြင်းကိုခံ ၍ မ နေရမည်အကြောင်း ကြံစည် တော်မူ၏။
15 ၁၅ အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​ထံ​သို့​ကျွန်​တော် မ​လာ​ရောက်​လျှောက်​ထား​ရ​သည့်​အ​ကြောင်း မှာ လူ​တို့​သည်​ကျွန်​တော်​မ​အား​ခြိမ်း​ခြောက် ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန် တော်​မ​၏​ပြန်​ကြား​ချက်​အ​တိုင်း​ပြု​တော် မူ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​ကျွန်​တော်​မ သည်​အ​ရှင့်​အား​လျှောက်​ထား​ရ​သော်​ကောင်း အံ့​ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​ပါ​၏။-
၁၅သို့ဖြစ်၍ ကျွန်တော်မသည် လာ ၍ဤ အမှု ကို အရှင် မင်းကြီး အား လျှောက် ရသည်အကြောင်း မှာ၊ ကျွန်တော်မ ကြောက် အောင် လူ များတို့သည်ပြုကြပါ၏။ ကိုယ်တော် ကျွန် မကလည်း ၊ ရှင်ဘုရင် ကို ငါလျှောက် မည်။ ရှင် ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြု ကောင်း ပြုတော်မူမည်။
16 ၁၆ မင်း​ကြီး​သည်​ကျွန်​တော်​မ​၏​သား​ကို​သတ် ၍​မိ​မိ​လူ​မျိုး​တော်​အား ဘု​ရား​သခင်​ပေး တော်​မူ​သည့်​ပြည်​မှ​ပယ်​ရှား​ရန်​ကြိုး​စား သူ​တို့​၏​လက်​မှ​ကျွန်​တော်​မ​ကို​ကယ်​တော် မူ​မည်​ဖြစ်​ကြောင်း​ကျွန်​တော်​မ​သည်​တွေး တော​မိ​ပါ​၏။-
၁၆ငါ နှင့် ငါ့ သား ကိုဘုရား သခင်၏ အမွေ တော်မြေပေါ်က သုတ်သင်ပယ်ရှင်း သောသူ ၏လက် မှ ငါ့ကို နှုတ် အံ့သောငှါ နားထောင် တော်မူလိမ့်မည်ဟု ဆို ပါ၏။
17 ၁၇ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။
၁၇ကိုယ်တော် ကျွန် မကလည်း ၊ ငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ ရ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။
18 ၁၈ မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
၁၈ထိုအခါ ရှင် ဘုရင်က၊ ငါ မေးမြန်း သည်အမှု ကို မ ထိမ် မဝှက်ပါနှင့် ဟုအမိန့် ရှိသော် ၊ မိန်းမ က အရှင် မင်းကြီး အမိန့် ရှိတော်မူပါဟု လျှောက် လေ၏”
19 ၁၉ မင်း​ကြီး​က``ဤ​သို့​ငါ့​အား​လျှောက်​ထား​ရန် သင့်​အား​စေ​ခိုင်း​သူ​မှာ​ယွာ​ဘ​ပေ​လော'' ဟု မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏​မေး ခွန်း​ကို​ဖြေ​ကြား​ရန်​လွှဲ​ဖယ်​၍​မ​ဖြစ်​နိုင်​ကြောင်း ကျွန်​တော်​မ​ကျိန်​ဆို​လျှောက်​ထား​ပါ​၏။ မည်​သို့ ပြု​ရ​မည်​ကို​လည်း​ကောင်း၊ မည်​သို့​လျှောက်​ထား ရ​မည်​ကို​လည်း​ကောင်း သင်​ကြား​ပေး​သူ​မှာ ကိုယ်​တော့်​ကျွန်​ယွာ​ဘ​ပင်​ဖြစ်​ပါ​၏။-
၁၉ရှင် ဘုရင်ကလည်း ၊ ဤ အမှု၌ ယွာဘ သည် သင့် အားအကြံပေးသည်မဟုတ်လောဟုမေး သော် ၊ မိန်းမ က အိုအရှင် မင်းကြီး ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း၊ အရှင် မင်းကြီး မိန့် တော်မူသော စကားလမ်းမှ လက်ျာ ဘက်လက်ဝဲ ဘက်သို့ အဘယ်သူမျှမ လွှဲနိုင် ရာ။ အကယ်စင်စစ် ကိုယ်တော် ကျွန် ယွာဘ သည် ကျွန်တော်မ ကို မှာ ထား၍ ဤ စကား အလုံးစုံ တို့ကို သွန်သင် ပါ၏။
20 ၂၀ သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
၂၀ပရိယာယ်ပြု၍ ဤသို့ အယောင်ဆောင် စေခြင်းငှါ ကိုယ်တော် ကျွန် ယွာဘ သည် စီရင် ပါ၏။ အရှင်သခင် သည်လည်း မြေကြီး ပေါ် မှာ ရှိသမျှ တို့ကို သိ နိုင်သည် တိုင်အောင်ဘုရား သခင်၏ ကောင်းကင်တမန် သည် ပညာရှိ သကဲ့သို့ ပညာရှိ တော်မူသည်ဟု ပြန်လျှောက် လေ၏”
21 ၂၁ ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။
၂၁ထိုအခါ ရှင် ဘုရင်က၊ ဤ အမှု ကို ငါစီရင် ရ၏။ သင်သွား ၍ ထို လုလင် အဗရှလုံ ကို တဖန်ခေါ်ရမည်ဟု ယွာဘ အား မိန့် တော်မူ၏။
22 ၂၂ ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-
၂၂ယွာဘ သည်လည်း မြေ ပေါ် မှာ ဦးချ ပြပ်ဝပ် လျက် ၊ ကျွန်တော် သခင် အရှင်မင်းကြီး ၊ ကိုယ်တော် ကျွန် အသနား တော်ခံသည်အတိုင်း အရှင်မင်းကြီး ပြု တော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာရ ကြောင်း ကို ကျွန်တော်သိ ပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
23 ၂၃ ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။-
၂၃ထိုနောက် ယွာဘ သည်ထ ၍ ဂေရှုရ မြို့သို့ သွား သဖြင့် ၊ အဗရှလုံ ကို ယေရုရှလင် မြို့သို့ဆောင် ခဲ့လေ၏။
24 ၂၄ သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။
၂၄ရှင် ဘုရင်ကလည်း ၊ မိမိ အိမ် သို့ သွား စေ။ ငါ့ မျက်နှာ ကို မ မြင် စေနှင့်ဟု အမိန့် တော်ရှိသည်အတိုင်း ၊ အဗရှလုံ သည် မိမိ အိမ် သို့ သွား ၍ ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရ။
25 ၂၅ ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-
၂၅ဣသရေလ အမျိုး တမျိုးလုံး တွင် အဗရှလုံ ကဲ့သို့ အဆင်းလှ ၍ ချီးမွမ်း ရသောသူတယောက်မျှမ ရှိ။ ခြေဘဝါး မှ သည် ဦးထိပ် တိုင်အောင် အပြစ် တခုမျှမ ရှိ။
26 ၂၆ သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။-
၂၆ဆံပင်လေး သောကြောင့် ၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ် သုံးဆယ်ရတတ်၏။
27 ၂၇ အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။
၂၇အဗရှလုံ သည် သား သုံး ယောက်နှင့် တာမာ အမည် ရှိသောသမီး တယောက် ကိုမြင် လေ၏။ သမီးသည် အလွန်လှ သောသူဖြစ် ၏။
28 ၂၈ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။-
၂၈အဗရှလုံ သည် ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရဘဲနှစ်နှစ် ပတ်လုံးယေရုရှလင် မြို့၌ နေ ပြီးမှ၊
29 ၂၉ သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။-
၂၉ယွာဘ ကိုရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မ လာ။
30 ၃၀ ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။
၃၀ဒုတိယ အကြိမ်ခေါ်သော်လည်း မ လာ။ ထိုကြောင့် ကျွန် တို့အား ၊ ယွာဘ ၏ လယ် သည် ငါတို့နေရာ နှင့်နီးပြီ။ မုယော စပါးရှိ၏။ သွား ၍ မီး ရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ ၏ကျွန် တို့သည် မီး ရှို့ ကြ၏။
31 ၃၁ ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
၃၁ထိုအခါ ယွာဘ သည် အဗရှလုံ အိမ် သို့ ထ သွား ၍ ၊ ကိုယ်တော် ၏ ကျွန် တို့သည် ကျွန်တော် လယ် ကို အဘယ်ကြောင့် မီး ရှို့ ကြသနည်းဟုမေး သော်၊
32 ၃၂ အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။
၃၂အဗရှလုံ က၊ ငါသည် ဂေရှုရ မြို့မှ အဘယ်ကြောင့် လာ ရသနည်း။ ထို မြို့၌ ယခုတိုင်အောင်နေကောင်း သည်ဟု လျှောက် စေခြင်းငှါ ၊ သင့် ကို ရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်ဟု ငါခေါ်၏။ ယခု မှာ ရှင်ဘုရင် ၏ မျက်နှာ တော်ကို ငါမြင် ရပါစေ။ အပြစ် ရှိ လျှင် သတ် တော်မူပါစေဟု ယွာဘ အား ပြောဆို သော်၊
33 ၃၃ သို့​ဖြစ်​၍​ယွာ​ဘ​သည်​မင်း​ကြီး​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​လျှောက်​ထား​၏။ မင်း​ကြီး​သည် အဗ​ရှ​လုံ​အား​အ​ခေါ်​ခိုင်း​သ​ဖြင့် အ​ဗ​ရှ​လုံ သည်​လာ​ရောက်​၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ် လေ​၏။ မင်း​ကြီး​သည်​သူ့​အား​နမ်း​ရှုပ်​လေ​၏။
၃၃ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ သွား ၍ လျှောက် သဖြင့် ၊ အဗရှလုံ ကို ခေါ် တော်မူ၏။ အဗရှလုံ သည်လာ ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်၏။ ရှင် ဘုရင်သည် သူကို နမ်း တော်မူ၏။

< ၂ ဓမ္မရာဇဝင် 14 >