< ၂ ဓမ္မရာဇဝင် 14 >
1 ၁ ဇေရုယာ၏သားယွာဘသည် အဗရှလုံကို ဒါဝိဒ်မင်းလွန်စွာလွမ်းဆွတ်တသလျက်နေ ကြောင်းသိ၏။-
Now Joab the son of Zeruiah perceived that the king’s heart was towards Absalom.
2 ၂ ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
Joab sent to Tekoa and brought a wise woman from there, and said to her, “Please act like a mourner, and put on mourning clothing, please, and don’t anoint yourself with oil; but be as a woman who has mourned a long time for the dead.
3 ၃ ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
Go in to the king and speak like this to him.” So Joab put the words in her mouth.
4 ၄ ထိုအမျိုးသမီးသည်ဘုရင့်ထံသို့သွား၍ ပျပ်ဝပ်ရှိခိုးလျက်``အရှင်မင်းကြီးကျွန်တော် မအားကယ်တော်မူပါ'' ဟုလျှောက်၏။
When the woman of Tekoa spoke to the king, she fell on her face to the ground, showed respect, and said, “Help, O king!”
5 ၅ မင်းကြီးက``သင်သည်အဘယ်အရာကို အလိုရှိသနည်း'' ဟုမေးတော်မူလျှင်၊ အမျိုးသမီးက``ကျွန်တော်မသည်ဆင်းရဲ သူမုဆိုးမဖြစ်ပါ၏။ ကျွန်တော်မ၏ခင်ပွန်း သည်သေပါပြီ။-
The king said to her, “What ails you?” She answered, “Truly I am a widow, and my husband is dead.
6 ၆ ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
Your servant had two sons; and they both fought together in the field, and there was no one to part them, but the one struck the other and killed him.
7 ၇ သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
Behold, the whole family has risen against your servant, and they say, ‘Deliver him who struck his brother, that we may kill him for the life of his brother whom he killed, and so destroy the heir also.’ Thus they would quench my coal which is left, and would leave to my husband neither name nor remainder on the surface of the earth.”
8 ၈ မင်းကြီးက``ဤအမှုကိုငါဆောင်ရွက်ပေး မည်။ သင်အိမ်သို့ပြန်လော့'' ဟုဆိုလျှင်၊
The king said to the woman, “Go to your house, and I will give a command concerning you.”
9 ၉ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင် အဘယ်သို့ပင်ပြုသည်မဆိုကျွန်တော်မ နှင့်မိသားစုတို့အပေါ်အပြစ်ရောက်ပါ စေသော။ အရှင်နှင့်အရှင့်ဆွေတော်မျိုးတော် တို့သည်အပြစ်ကင်းကြပါစေသော'' ဟု လျှောက်၏။
The woman of Tekoa said to the king, “My lord, O king, may the iniquity be on me, and on my father’s house; and may the king and his throne be guiltless.”
10 ၁၀ မင်းကြီးက``အကယ်၍သင့်အားခြိမ်းခြောက် သူရှိလျှင်သူ့အားငါ့ထံသို့ခေါ်ခဲ့လော့။ သူ သည်သင့်ကိုနောက်တစ်ဖန်မနှောင့်ယှက်ရ'' ဟု ဆို၏။
The king said, “Whoever says anything to you, bring him to me, and he will not bother you any more.”
11 ၁၁ အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
Then she said, “Please let the king remember the LORD your God, that the avenger of blood destroy not any more, lest they destroy my son.” He said, “As the LORD lives, not one hair of your son shall fall to the earth.”
12 ၁၂ အမျိုးသမီးက``အရှင်မင်းကြီးကျွန်တော် မအားစကားတစ်ခွန်းထပ်မံလျှောက်ထား ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်သောအခါ၊ မင်းကြီးက``လျှောက်လော့'' ဟုဆို၏။
Then the woman said, “Please let your servant speak a word to my lord the king.” He said, “Say on.”
13 ၁၃ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
The woman said, “Why then have you devised such a thing against the people of God? For in speaking this word the king is as one who is guilty, in that the king does not bring home again his banished one.
14 ၁၄ ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
For we must die, and are like water spilled on the ground, which can’t be gathered up again; neither does God take away life, but devises means, that he who is banished not be an outcast from him.
15 ၁၅ အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။-
Now therefore, seeing that I have come to speak this word to my lord the king, it is because the people have made me afraid. Your servant said, ‘I will now speak to the king; it may be that the king will perform the request of his servant.’
16 ၁၆ မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
For the king will hear, to deliver his servant out of the hand of the man who would destroy me and my son together out of the inheritance of God.
17 ၁၇ အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
Then your servant said, ‘Please let the word of my lord the king bring rest; for as an angel of God, so is my lord the king to discern good and bad. May the LORD, your God, be with you.’”
18 ၁၈ မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊ အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။
Then the king answered the woman, “Please don’t hide anything from me that I ask you.” The woman said, “Let my lord the king now speak.”
19 ၁၉ မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
The king said, “Is the hand of Joab with you in all this?” The woman answered, “As your soul lives, my lord the king, no one can turn to the right hand or to the left from anything that my lord the king has spoken; for your servant Joab urged me, and he put all these words in the mouth of your servant.
20 ၂၀ သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။
Your servant Joab has done this thing to change the face of the matter. My lord is wise, according to the wisdom of an angel of God, to know all things that are in the earth.”
21 ၂၁ ထိုနောက်မင်းကြီးသည်ယွာဘအား``သင်အလို ရှိသည့်အတိုင်းပြုရန်ငါဆုံးဖြတ်ပြီးပြီ။ ထို သူငယ်အဗရှလုံကိုသွား၍ခေါ်လော့'' ဟု မိန့်တော်မူ၏။
The king said to Joab, “Behold now, I have granted this thing. Go therefore, and bring the young man Absalom back.”
22 ၂၂ ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။-
Joab fell to the ground on his face, showed respect, and blessed the king. Joab said, “Today your servant knows that I have found favour in your sight, my lord, O king, in that the king has performed the request of his servant.”
23 ၂၃ ထိုနောက်သူသည်ထ၍ဂေရှုရမြို့သို့သွား၍ အဗရှလုံအားယေရုရှလင်မြို့သို့ပြန်လည် ခေါ်ခဲ့၏။-
So Joab arose and went to Geshur, and brought Absalom to Jerusalem.
24 ၂၄ သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
The king said, “Let him return to his own house, but let him not see my face.” So Absalom returned to his own house, and didn’t see the king’s face.
25 ၂၅ ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။-
Now in all Israel there was no one to be so much praised as Absalom for his beauty. From the sole of his foot even to the crown of his head there was no defect in him.
26 ၂၆ သူ၏ဆံပင်သည်အလွန်ကောင်း၍ရှည်လွန်း လေးလွန်းသဖြင့် ယင်းကိုတစ်နှစ်လျှင်တစ် ကြိမ်ဖြတ်ပစ်ရလေသည်။ ဖြတ်လိုက်သည့် ဆံပင်သည်တော်ဝင်စံမီအလေးချိန်အား ဖြင့်ငါးပေါင်ခန့်ရှိ၏။-
When he cut the hair of his head (now it was at every year’s end that he cut it; because it was heavy on him, therefore he cut it), he weighed the hair of his head at two hundred shekels, after the king’s weight.
27 ၂၇ အဗရှလုံတွင်သားသုံးယောက်နှင့်တာမာမည် သောသမီးတစ်ယောက်ရှိ၏။ ထိုအမျိုးသမီး သည်အလွန်အဆင်းလှ၏။
Three sons were born to Absalom, and one daughter, whose name was Tamar. She was a woman with a beautiful face.
28 ၂၈ အဗရှလုံသည်မင်းကြီး၏ရှေ့တော်သို့မဝင် ရဘဲ ယေရုရှလင်မြို့တွင်နှစ်နှစ်ပတ်လုံးနေ ထိုင်လေသည်။-
Absalom lived two full years in Jerusalem, and he didn’t see the king’s face.
29 ၂၉ သူသည်ယွာဘအားမိမိ၏အတွက်မင်းကြီး ထံစေလွှတ်လိုသဖြင့်ခေါ်စေရာ ယွာဘသည် မလာဘဲနေ၏။ နောက်တစ်ကြိမ်ခေါ်စေသော် လည်းယွာဘမလာဘဲနေပြန်၏။-
Then Absalom sent for Joab, to send him to the king, but he would not come to him. Then he sent again a second time, but he would not come.
30 ၃၀ ထို့ကြောင့်အဗရှလုံသည်မိမိ၏အစေခံ တို့အား``ကြည့်လော့၊ ယွာဘ၏လယ်သည်ငါ့ လယ်နှင့်ကပ်လျက်နေ၏။ ထိုလယ်တွင်မုယော စပါးခင်းများရှိ၏။ ယင်းတို့ကိုမီးရှို့ပစ် လော့'' ဟုဆိုလျှင်အစေခံတို့သည်ထို လယ်ကိုသွား၍မီးရှို့ကြ၏။
Therefore he said to his servants, “Behold, Joab’s field is near mine, and he has barley there. Go and set it on fire.” So Absalom’s servants set the field on fire.
31 ၃၁ ယွာဘသည်အဗရှလုံ၏အိမ်သို့သွား၍``အရှင် ၏အစေခံတို့သည်အဘယ်ကြောင့်အကျွန်ုပ်၏ လယ်ကိုမီးရှို့ကြပါသနည်း'' ဟုမေး၏။
Then Joab arose and came to Absalom to his house, and said to him, “Why have your servants set my field on fire?”
32 ၃၂ အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။
Absalom answered Joab, “Behold, I sent to you, saying, ‘Come here, that I may send you to the king, to say, “Why have I come from Geshur? It would be better for me to be there still. Now therefore, let me see the king’s face; and if there is iniquity in me, let him kill me.”’”
33 ၃၃ သို့ဖြစ်၍ယွာဘသည်မင်းကြီးထံသို့သွား၍ ထိုအကြောင်းကိုလျှောက်ထား၏။ မင်းကြီးသည် အဗရှလုံအားအခေါ်ခိုင်းသဖြင့် အဗရှလုံ သည်လာရောက်၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ် လေ၏။ မင်းကြီးသည်သူ့အားနမ်းရှုပ်လေ၏။
So Joab came to the king and told him; and when he had called for Absalom, he came to the king and bowed himself on his face to the ground before the king; and the king kissed Absalom.