< ၂ ဓမ္မရာဇဝင် 13 >

1 ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။-
그 후에 이일이 있으니라 다윗의 아들 압살롬에게 아름다운 누이가 있으니 이름은 다말이라 다윗의 아들 암논이 저를 연애하나
2 သူ​သည်​တာ​မာ​ကို​အ​လွန်​ချစ်​လှ​သ​ဖြင့် စိတ္တ​ဇ​ရော​ဂါ​စွဲ​ကပ်​လာ​လေ​သည်။ နှ​မ​တော် သည်​အ​ပျို​စင်​ဖြစ်​သ​ဖြင့် အာ​မ​နုန်​သည် မိ​မိ​အ​လို​ပြည့်​စေ​ရန်​မ​ကြံ​တတ်​အောင် ဖြစ်​လေ​၏။-
저는 처녀이므로 어찌할 수 없는 줄을 알고 암논이 그 누이 다말을 인하여 심화로 병이 되니라
3 သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။-
암논에게 요나답이라 하는 친구가 있으니 저는 다윗의 형 시므아의 아들이요 심히 간교한자라
4 ယော​န​ဒပ်​က``သင်​သည်​ဘု​ရင့်​သား​တော်​ဖြစ် ပါ​လျက် နေ့​စဉ်​ရက်​ဆက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​သည်​ကို​ငါ​တွေ့​မြင်​ရ​ပါ​၏။ အ​ကြောင်း​အ​ဘယ်​သို့​ရှိ​သည်​ကို​ငါ့​အား ပြော​လော့'' ဟု​အာ​မ​နုန်​အား​ဆို​၏။ အာ​မ​နုန်​က``ငါ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ အစ်​ကို​တော်​သူ​အ​ဗ​ရှ​လုံ​၏​နှ​မ​တာ​မာ ကို​ငါ​ချစ်​လျက်​နေ​ပါ​၏'' ဟု​ပြန်​ပြော​၏။
저가 암논에게 이르되 `왕자여 어찌하여 나날이 이렇게 파리하여 가느뇨 내게 고하지 아니하겠느뇨?' 암논이 말하되 `내가 아우 압살롬의 누이 다말을 연애함이니라'
5 ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။-
요나답이 저에게 이르되 `침상에 누워 병든 체하다가 네 부친이 너를 보러 오거든 너는 말하기를 청컨대 내 누이 다말로 와서 내게 식물을 먹이되 나 보는데서 식물을 차려 그 손으로 먹여 주게 하옵소서 하라'
6 သို့​ဖြစ်​၍​အာ​မ​နုန်​သည်​ဖျား​နာ​ဟန်​ပြု ၍​အိပ်​ရာ​ပေါ်​တွင်​အိပ်​နေ​လေ​၏။ ဒါ​ဝိဒ်​မင်း​သည်​သူ့​ကို​လာ​၍​ကြည့်​သော​အ​ခါ အာ​မ​နုန်​က``တာ​မာ​ကို​စေ​လွှတ်​၍​အ​ကျွန်ုပ် ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​လုပ်​စေ​ပြီး​လျှင်​သူ့ လက်​ဖြင့်​အ​ကျွန်ုပ်​အား​ကျွေး​မွေး​စေ​တော် မူ​ပါ'' ဟု​လျှောက်​၏။
암논이 곧 누워 병든 체하다가 왕이 와서 저를 볼 때에 왕께 고하되 `청컨대 내 누이 다말로 와서 내가 보는데서 과자 두어개를 만들어 그 손으로 내게 먹여 주게 하옵소서'
7 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​နန်း​တော်​တွင်း​ရှိ​တာ​မာ ၏​အိမ်​သို့​လူ​ကို​စေ​လွှတ်​၍ အာ​မ​နုန်​၏​အိမ် သို့​သွား​၍​သူ့​အ​တွက်​အ​စား​အ​စာ​အ​နည်း ငယ်​ကို​ပြင်​ဆင်​ပေး​လော့'' ဟု​မှာ​လိုက်​၏။-
다윗이 사람을 그 집으로 보내어 다말에게 이르되 `네 오라비 암논의 집으로 가서 저를 위하여 음식을 차리라' 한지라
8 တာ​မာ​ရောက်​ရှိ​သော​အ​ခါ​အာ​မ​နုန်​ကို အိပ်​ရာ​ထဲ​တွင်​တွေ့​ရှိ​ရ​၏။ တာ​မာ​သည် မုန့်​ညက်​အ​နည်း​ငယ်​ကို​ယူ​၍​နယ်​ပြီး​လျှင် အာ​မ​နုန်​၏​ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​ကို​လုပ် ၏။ ထို​နောက်​မုန့်​ကို​ဖုတ်​၍၊-
다말이 그 오라비 암논의 집에 이르매 암논이 누었더라 다말이 밀가루를 가지고 반죽하여 그 보는 데서 과자를 만들고 그 과자를 굽고
9 အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။-
그 남비를 가져다가 그 앞에 쏟아 놓아도 암논이 먹기를 싫어하고 가로되 `모든 사람을 나가게 하라' 하니 다 저를 떠나 나가니라
10 ၁၀ ထို​အ​ခါ​သူ​သည်​တာ​မာ​အား``မုန့်​ကို​ငါ​၏ အိပ်​ရာ​သို့​ယူ​ခဲ့​၍​သင်​ကိုယ်​တိုင်​ငါ့​အား​ကျွေး ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​သည်​မိ​မိ​လုပ်​ထား သည့်​မုန့်​ကို​ယူ​၍​အာ​မ​နုန်​ရှိ​ရာ​သို့​သွား​၏။-
암논이 다말에게 이르되 `식물을 가지고 침실로 들어오라 내가 네 손에서 먹으리라' 다말이 자기의 만든 과자를 가지고 침실에 들어가 그 오라비 암논에게 이르러
11 ၁၁ မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။
저에게 먹이려고 가까이 가지고 갈 때에 암논이 그를 붙잡고 이르되 `누이야 와서 나와 동침하자'
12 ၁၂ တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။-
저가 대답하되 `아니라 내 오라비여 나를 욕되게 말라 이런 일은 이스라엘에서 마땅히 행치 못할 것이니 이 괴악한 일을 행치 말라
13 ၁၃ ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။-
내가 이 수치를 무릅쓰고 어디로 가겠느냐? 너도 이스라엘에서 괴악한 자 중 하나가 되리라 청컨대 왕께 말하라 저가 나를 네게 주기를 거절치 아니하시리라' 하되
14 ၁၄ သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။
암논이 그 말을 듣지 아니하고 다말보다 힘이 세므로 억지로 동침하니라
15 ၁၅ ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။
그리하고 암논이 저를 심히 미워하니 이제 미워하는 미움이 이왕 연애하던 연애보다 더한지라 곧 저에게 이르되 `일어나 가라'
16 ၁၆ တာ​မာ​က``နှ​မ​တော်​ကို​ဤ​သို့​နှင်​ထုတ်​ခြင်း​မှာ ခု​တင်​က​သင်​ကူး​လွန်​သည့်​ပြစ်​မှု​ထက်​ပင် ပို​မို​ဆိုး​ရွား​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ၊-
다말이 가로되 `가치 아니하다 나를 쫓아 보내는 이 큰 악은 아까 내게 행한 그 악보다 더하다' 하되 암논이 듣지 아니하고
17 ၁၇ သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ကို​ခေါ်​၍``ဤ​မိန်း​မ ကို​ငါ့​မျက်​မှောက်​မှ​ထုတ်​၍​တံ​ခါး​ကျင်​ကို ထိုး​ထား​လော့'' ဟု​ဆို​၏။-
그 부리는 종을 불러 이르되 `이 계집을 내어보내고 곧 문빗장을 지르라` 하니
18 ၁၈ အ​စေ​ခံ​သည်​လည်း​တာ​မာ​ကို​အ​ပြင်​သို့ ထုတ်​၍​တံ​ခါး​ကျင်​ကို​ထိုး​လိုက်​၏။ တာ​မာ​သည်​ထို​ခေတ်​အ​ခါ​က​အိမ်​ထောင်​မ​ပြု ရ​သေး​သည့် မင်း​သ​မီး​များ​ဝတ်​ဆင်​တတ်​သည့် လက်​ရှည်​ဝတ်​လုံ​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​၏။-
암논의 하인이 저를 끌어내고 곧 문빗장을 지르니라 다말이 채색옷을 입었으니 출가하지 아니한 공주는 이런 옷으로 단장하는 법이라
19 ၁၉ သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-
다말이 재를 그 머리에 무릅쓰고 그 채색옷을 찢고 손을 머리 위에 얹고 크게 울며 가니라
20 ၂၀ သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။
그 오라비 압살롬이 저에게 이르되 `네 오라비 암논이 너와 함께 있었느냐? 그러나 저는 네 오라비니 누이야 시방은 잠잠히 있고 이것으로 인하여 근심하지 말라' 이에 다말이 그 오라비 압살롬의 집에 있어 처량하게 지내니라
21 ၂၁ ထို​သို့​ဖြစ်​ပျက်​သည်​ကို​ကြား​သိ​သော အ​ခါ​ဒါ​ဝိဒ်​သည်​လွန်​စွာ​အ​မျက်​ထွက်​၏။-
다윗 왕이 이 모든 일을 듣고 심히 노하니라
22 ၂၂ အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။
압살롬이 그 누이 다말을 암논이 욕되게 하였으므로 저를 미워하여 시비간에 말하지 아니하니라
23 ၂၃ နှစ်​နှစ်​မျှ​ကြာ​သော်​အ​ဗ​ရှ​လုံ​သည်​ဧ​ဖ​ရိမ် မြို့​အ​နီး​ဗာ​လ​ဟာ​ဇော်​ရွာ​တွင် မိ​မိ​သိုး​များ အ​မွေး​ညှပ်​ပွဲ​ကို​ကျင်း​ပ​၏။ ထို​အ​ခါ​သူ သည်​ဘု​ရင့်​သား​တော်​အ​ပေါင်း​တို့​ကို​ဖိတ် ခေါ်​လေ​သည်။-
이 주년 후에 에브라임 곁 바알하솔에서 압살롬의 양털을 깎는 일이 있으매 압살롬이 왕의 모든 아들을 청하고
24 ၂၄ သူ​သည်​ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​သိုး​မွေး ညှပ်​ပွဲ​ကျင်း​ပ​မည်​ဖြစ်​၍​အ​ရှင်​နှင့်​မှူး​မတ် များ​ကြွ​ရောက်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
왕께 나아와 말하되 `이제 종에게 양털 깎는 일이 있사오니 청컨대 왕은 신복들을 데리시고 이 종과 함께 가사이다'
25 ၂၅ မင်း​ကြီး​က``ငါ့​သား​ငါ​တို့​မ​လာ​လို။ လာ​ခဲ့ သော်​သင့်​အ​တွက်​တာ​ဝန်​ကြီး​ပါ​လိမ့်​မည်'' ဟု ဆို​၏။ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​အား​မ​ရ​မ က​ဖိတ်​ခေါ်​ပါ​သော်​လည်း မင်း​ကြီး​သည်​မ လိုက်​ဘဲ​အ​ဗ​ရှ​လုံ​အား​ကောင်း​ချီး​ပေး​၍ ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
왕이 압살롬에게 이르되 `아니라 내 아들아 우리가 다 갈 것이 없다 네게 누를 끼칠까 하노라' 압살롬이 간청하되 저가 가지 아니하고 위하여 복을 비는지라
26 ၂၆ သို့​ရာ​တွင်​အ​ဗ​ရှ​လုံ​က``ထို​သို့​ဖြစ်​ပါ​မူ ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အစ်​ကို​အာ​မ​နုန် ကို​သွား​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သူ့​အား သွား​စေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။-
압살롬이 가로되 `그렇게 아니하시려거든 청컨대 내 형 암논으로 우리와 함께 가게 하옵소서' 왕이 저에게 이르되 `그가 너와 함께 갈 것이 무엇이냐?' 하되
27 ၂၇ သို့​သော်​လည်း​အဗ​ရှ​လုံ​သည်​မ​ရ​မ​က​ဆက် လက်​ပူ​ဆာ​နေ​သ​ဖြင့် နောက်​ဆုံး​၌​ဒါ​ဝိဒ်​သည် အာ​မ​နုန်​နှင့်​အ​ခြား​သား​တော်​အား​လုံး​ကို သွား​ခွင့်​ပြု​တော်​မူ​၏။
압살롬이 간청하매 왕이 암논과 왕의 모든 아들을 저와 함께 보내니라
28 ၂၈ အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-
압살롬이 이미 그 사환들에게 분부하여 이르기를 `너희는 암논의 마음이 술로 즐거워할 때를 자세히 보다가 내가 너희에게 암논을 치라 하거든 저를 죽이라 두려워 말라 내가 너희에게 명한 것이 아니냐? 너희는 담대히 용맹을 내라' 한지라
29 ၂၉ အ​စေ​ခံ​တို့​သည်​အ​ဗ​ရှ​လုံ​အ​မိန့်​ပေး​ထား သည့်​အ​တိုင်း​အာ​မ​နုန်​ကို​လုပ်​ကြံ​ကြ​၏။ ထို အ​ခါ​ဒါ​ဝိဒ်​၏​အ​ခြား​သား​တော်​အ​ပေါင်း တို့​သည်​လား​များ​ကို​စီး​၍​ထွက်​ပြေး​ကြ လေ​သည်။
압살롬의 사환들이 그 분부대로 암논에게 행하매 왕의 모든 아들이 일어나 각기 노새를 타고 도망하니라
30 ၃၀ သူ​တို့​သည်​အိမ်​အ​ပြန်​လမ်း​၌​ရှိ​နေ​သေး စဉ်``အ​ဗ​ရှ​လုံ​သည်​အ​ရှင်​၏​သား​တော် အ​ပေါင်း​တို့​ကို​သတ်​လေ​ပြီ။ တစ်​ဦး​တစ် ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့​ပါ'' ဟူ​သော သ​တင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
저희가 길에 있을 때에 압살롬이 왕의 모든 아들을 죽이고 하나도 남기지 아니하였다는 소문이 다윗에게 이르매
31 ၃၁ မင်း​ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​မိ​မိ ၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် ကိုယ်​ကို​မြေ ပေါ်​သို့​လှဲ​ချ​လိုက်​၏။ ထို​အ​ရပ်​တွင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​သော​အ​စေ​ခံ​တို့​သည် လည်း မိ​မိ​တို့​၏​အင်္ကျီ​များ​ကို​ဆုတ်​ဖြဲ ကြ​၏။-
왕이 곧 일어나서 그 옷을 찢고 땅에 엎드러지고 그 신복들도 다 옷을 찢고 모셔 선지라
32 ၃၂ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အစ်​ကို​ရှိ​မာ​၏​သား ယော​န​ဒပ်​က``အ​ရှင်​မင်း​ကြီး၊ အရှင်​၏​သား တော်​အား​လုံး​ကို​သတ်​လိုက်​ကြ​သည်​မ​ဟုတ် ပါ။ အာ​မ​နုန်​တစ်​ယောက်​တည်း​ကို​သာ​သတ် ခြင်း​ဖြစ်​ပါ​သည်။ အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏ နှ​မ​တော်​တာ​မာ​ကို​အာ​မ​နုန်​မ​တ​ရား ပြု​ကျင့်​သည့်​နေ့​မှ​စ​၍ ဤ​အ​မှု​ကို​ပြု​ရန် စိတ်​ပိုင်း​ဖြတ်​ထား​ကြောင်း​သူ​၏​မျက်​နှာ တွင်​ပေါ်​ပါ​၏။-
다윗의 형 시므아의 아들 요나답이 고하여 가로되 `내 주여 소년 왕자들이 다 죽임을 당한 줄로 생각지 마옵소서 오직 암논만 죽었으리이다 저가 압살롬의 누이 다말을 욕되게 한 날부터 압살롬이 결심한 것이니이다
33 ၃၃ သို့​ဖြစ်​၍​အ​ရှင်​၏​သား​တော်​အား​လုံး​သေ လေ​ပြီ​ဟူ​သော​သ​တင်း​ကို​ယုံ​ကြည်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ဦး​တည်း​သာ သေ​ပါ​၏'' ဟု​လျှောက်​၏။
그러하온즉 내 주 왕이여! 왕자들이 다 죽은줄로 생각하여 괘념(掛念)하지 마옵소서 암논만 죽었으리이다'
34 ၃၄ ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။-
이에 압살롬은 도망하니라 파수하는 소년이 눈을 들어 보니 뒷산 언덕길로 여러 사람이 오더라
35 ၃၅ ယော​န​ဒပ်​က​ဒါ​ဝိဒ်​အား`အ​ကျွန်ုပ်​လျှောက် ထား​ခဲ့​သည့်​အ​တိုင်း ထို​သူ​တို့​သည်​အ​ရှင် ၏​သား​တော်​များ​ဖြစ်​ပါ​၏' ဟု​လျှောက်​၏။-
요나답이 왕께 고하되 `왕자들이 오나이다 종의 말한대로 되었나이다'
36 ၃၆ သူ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက်​ဒါ​ဝိဒ် ၏​သား​တော်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၏။ သူ တို့​သည်​စ​တင်​ငို​ကြွေး​ကြ​သ​ဖြင့်​ဒါ​ဝိဒ် နှင့်​မှူး​မတ်​တို့​သည်​လည်း​ပြင်း​စွာ​ငို​ကြွေး ကြ​၏။
말을 마치자 왕자들이 이르러 대성통곡하니 왕과 그 모든 신복도 심히 통곡하니라
37 ၃၇ အ​ဗ​ရှ​လုံ​သည်​ထွက်​ပြေး​ပြီး​လျှင်​ဂေ​ရှု​ရ ပြည်​အ​မိ​ဟုဒ်​၏​သား​ဘု​ရင်​တာ​လ​မဲ​ထံ သို့​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​သား​တော် အာ​မ​နုန်​အ​တွက် ကာ​လ​ကြာ​မြင့်​စွာ​ဝမ်း နည်း​ကြေ​ကွဲ​လျက်​နေ​၏။ အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​ပြည်​တွင်​သုံး​နှစ်​မျှ​နေ​လေ​သည်။-
압살롬은 도망하여 그술 왕 암미훌의 아들 달매에게로 갔고 다윗은 날마다 그 아들을 인하여 슬퍼하니라
38 ၃၈
압살롬이 도망하여 그술로 가서 거한지 삼년이라
39 ၃၉ မင်း​ကြီး​သည်​သေ​ဆုံး​သော​အာ​မ​နုန်​ကို အ​လွမ်း​ပြေ​သော​အ​ခါ အ​ဗ​ရှ​လုံ​အား လွမ်း​ဆွတ်​တ​သ​လေ​၏။
다윗 왕의 마음이 압살롬에게 향하여 간절하니 암논은 이미 죽었으므로 왕이 위로를 받았음이더라

< ၂ ဓမ္မရာဇဝင် 13 >