< ၂ ဓမ္မရာဇဝင် 13 >
1 ၁ ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
Now after this so it was, that Absalom the sonne of Dauid hauing a fayre sister, whose name was Tamar, Amnon the sonne of Dauid loued her.
2 ၂ သူသည်တာမာကိုအလွန်ချစ်လှသဖြင့် စိတ္တဇရောဂါစွဲကပ်လာလေသည်။ နှမတော် သည်အပျိုစင်ဖြစ်သဖြင့် အာမနုန်သည် မိမိအလိုပြည့်စေရန်မကြံတတ်အောင် ဖြစ်လေ၏။-
And Amnon was so sore vexed, that he fell sicke for his sister Tamar: for she was a virgin, and it seemed hard to Amnon to doe any thing to her.
3 ၃ သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
But Amnon had a friend called Ionadab, the sonne of Shimeah Dauids brother: and Ionadab was a very subtile man.
4 ၄ ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။ အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
Who sayde vnto him, Why art thou the Kings sonne so leane from day to day? wilt thou not tell me? Then Amnon answered him, I loue Tamar my brother Absaloms sister.
5 ၅ ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။-
And Ionadab sayd vnto him, Lie downe on thy bed, and make thy selfe sicke: and when thy father shall come to see thee, say vnto him, I pray thee, let my sister Tamar come, and giue me meate, and let her dresse meate in my sight, that I may see it, and eate it of her hand.
6 ၆ သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။ ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
So Amnon lay downe, and made himselfe sicke: and when the King came to see him, Amnon sayde vnto the King, I pray thee, let Tamar my sister come, and make me a couple of cakes in my sight, that I may receiue meate at her hand.
7 ၇ သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။-
Then Dauid sent home to Tamar, saying, Goe now to thy brother Amnons house, and dresse him meate.
8 ၈ တာမာရောက်ရှိသောအခါအာမနုန်ကို အိပ်ရာထဲတွင်တွေ့ရှိရ၏။ တာမာသည် မုန့်ညက်အနည်းငယ်ကိုယူ၍နယ်ပြီးလျှင် အာမနုန်၏ရှေ့တွင်မုန့်အနည်းငယ်ကိုလုပ် ၏။ ထိုနောက်မုန့်ကိုဖုတ်၍၊-
So Tamar went to her brother Amnons house, and he lay downe: and she tooke floure, and knead it, and made cakes in his sight, and did bake the cakes.
9 ၉ အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
And she tooke a pan, and powred them out before him, but he would not eat. Then Amnon saide, Cause ye euery man to goe out from me: so euery man went out from him.
10 ၁၀ ထိုအခါသူသည်တာမာအား``မုန့်ကိုငါ၏ အိပ်ရာသို့ယူခဲ့၍သင်ကိုယ်တိုင်ငါ့အားကျွေး ပါလော့'' ဟုဆို၏။ တာမာသည်မိမိလုပ်ထား သည့်မုန့်ကိုယူ၍အာမနုန်ရှိရာသို့သွား၏။-
Then Amnon said vnto Tamar, Bring the meate into the chamber, that I may eate of thine hand. And Tamar tooke the cakes which shee had made, and brought them into the chamber to Amnon her brother.
11 ၁၁ မုန့်ကိုကမ်း၍ပေးလိုက်သောအခါအာမနုန် သည်တာမာ၏လက်ကိုဆွဲကိုင်ကာ``ငါနှင့် အတူအိပ်စက်ပါလော့'' ဟုဆို၏။
And when she had set them before him to eate, he tooke her, and sayd vnto her, Come, lye with me, my sister.
12 ၁၂ တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။-
But shee answered him, Nay, my brother, doe not force me: for no such thing ought to be done in Israel: commit not this follie.
13 ၁၃ ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
And I, whither shall I cause my shame to goe? and thou shalt be as one of the fooles in Israel: now therefore, I pray thee, speake to the King, for he will not denie me vnto thee.
14 ၁၄ သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
Howbeit he would not hearken vnto her voyce, but being stronger then she, forced her, and lay with her.
15 ၁၅ ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
Then Amnon hated her exceedingly, so that the hatred wherewith he hated her, was greater then the loue, wherewith hee had loued her: and Amnon sayde vnto her, Vp, get thee hence.
16 ၁၆ တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။ သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်ဘဲ၊-
And she answered him, There is no cause: this euill (to put mee away) is greater then the other that thou diddest vnto me: but he would not heare her,
17 ၁၇ သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။-
But called his seruant that serued him, and sayd, Put this woman now out from me, and locke the doore after her.
18 ၁၈ အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။ တာမာသည်ထိုခေတ်အခါကအိမ်ထောင်မပြု ရသေးသည့် မင်းသမီးများဝတ်ဆင်တတ်သည့် လက်ရှည်ဝတ်လုံအင်္ကျီကိုဝတ်ဆင်ထား၏။-
(And she had a garment of diuers coulours vpon her: for with such garments were the Kings daughters that were virgins, apparelled) Then his seruant brought her out, and locked the doore after her.
19 ၁၉ သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
And Tamar put ashes on her head and rent the garment of diuers colours which was on her, and layde her hand on her head, and went her way crying.
20 ၂၀ သူ၏အစ်ကိုအဗရှလုံက``သင့်အားအာမနုန် စော်ကားလိုက်ပြီလော။ ငါ့နှမ၊ အခြားမည်သူ့ ကိုမျှမပြောနှင့်။ သူသည်သင်နှင့်အဖေတူ အမေကွဲမောင်နှမတော်၏။ ဤအမှုကြောင့် များစွာစိတ်ဒုက္ခမဖြစ်ပါစေနှင့်'' ဟုဆို၏။
And Absalom her brother sayd vnto her, Hath Amnon thy brother bene with thee? Now yet be still, my sister: he is thy brother: let not this thing grieue thine heart. So Tamar remayned desolate in her brother Absaloms house.
21 ၂၁ ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။-
But when King Dauid heard all these things, he was very wroth.
22 ၂၂ အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
And Absalom sayde vnto his brother Amnon neither good nor bad: for Absalom hated Amnon, because he had forced his sister Tamar.
23 ၂၃ နှစ်နှစ်မျှကြာသော်အဗရှလုံသည်ဧဖရိမ် မြို့အနီးဗာလဟာဇော်ရွာတွင် မိမိသိုးများ အမွေးညှပ်ပွဲကိုကျင်းပ၏။ ထိုအခါသူ သည်ဘုရင့်သားတော်အပေါင်းတို့ကိုဖိတ် ခေါ်လေသည်။-
And after the time of two yeeres, Absalom had sheepesherers in Baal-hazor, which is beside Ephraim, and Absalom called all the Kings sonnes.
24 ၂၄ သူသည်ဒါဝိဒ်မင်းကြီးထံသို့သွားပြီး လျှင်``အရှင်မင်းကြီး၊ အကျွန်ုပ်သည်သိုးမွေး ညှပ်ပွဲကျင်းပမည်ဖြစ်၍အရှင်နှင့်မှူးမတ် များကြွရောက်တော်မူပါ'' ဟုလျှောက်၏။
And Absalom came to the King and sayd, Beholde now, thy seruant hath sheepesherers: I pray thee, that the King with his seruants would goe with thy seruant.
25 ၂၅ မင်းကြီးက``ငါ့သားငါတို့မလာလို။ လာခဲ့ သော်သင့်အတွက်တာဝန်ကြီးပါလိမ့်မည်'' ဟု ဆို၏။ အဗရှလုံသည်မင်းကြီးအားမရမ ကဖိတ်ခေါ်ပါသော်လည်း မင်းကြီးသည်မ လိုက်ဘဲအဗရှလုံအားကောင်းချီးပေး၍ ထွက်ခွာသွားစေတော်မူ၏။
But the King answered Absalom, Nay my sonne, I pray thee, let vs not goe all, lest we be chargeable vnto thee. Yet Absalom lay sore vpon him: howbeit he would not go, but thanked him.
26 ၂၆ သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။ မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။-
Then sayd Absalom, But, I pray thee, shall not my brother Amnon goe with vs? And the king answered him, Why should he go with thee?
27 ၂၇ သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။
But Absalom was instant vpon him, and he sent Amnon with him, and all the Kings children.
28 ၂၈ အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
Now had Absalom commanded his seruants, saying, Marke now when Amnons heart is merry with wine, and when I say vnto you, Smite Amnon, kill him, feare not, for haue not I commanded you? be bold therefore, and play the men.
29 ၂၉ အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
And the seruantes of Absalom did vnto Amnon, as Absalom had commanded: and al the Kings sonnes arose, and euery man gate him vp vpon his mule, and fled.
30 ၃၀ သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
And while they were in the way, tydings came to Dauid, saying, Absalom hath slaine al the Kings sonnes, and there is not one of them left.
31 ၃၁ မင်းကြီးသည်ဝမ်းနည်းကြေကွဲလျက်မိမိ ၏အဝတ်ကိုဆုတ်ဖြဲပြီးလျှင် ကိုယ်ကိုမြေ ပေါ်သို့လှဲချလိုက်၏။ ထိုအရပ်တွင်မင်း ကြီးနှင့်အတူရှိသောအစေခံတို့သည် လည်း မိမိတို့၏အင်္ကျီများကိုဆုတ်ဖြဲ ကြ၏။-
Then the King arose, and tare his garments, and lay on the ground, and all his seruants stoode by with their clothes rent.
32 ၃၂ သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-
And Ionadab the sonne of Shimeah Dauids brother answered and sayde, Let not my lord suppose that they haue slayne all the yong men the Kings sonnes: for Amnon onely is dead, because Absalom had reported so, since hee forced his sister Tamar.
33 ၃၃ သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။
Nowe therefore let not my lord the King take the thing so grieuously, to thinke that all ye Kings sonnes are dead: for Amnon only is dead.
34 ၃၄ ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။-
Then Absalom fled: and the yong man that kept the watch, lift vp his eyes, and looked, and behold, there came much people by the way of the hill side behinde him.
35 ၃၅ ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
And Ionadab said vnto the King, Behold, ye Kings sonnes come: as thy seruant sayd, so it is.
36 ၃၆ သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
And assoone as hee had left speaking, behold, the Kings sonnes came, and lift vp their voyces, and wept: and the King also and all his seruants wept exceedingly sore.
37 ၃၇ အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-
But Absalom fled away, and went to Talmai the sonne of Ammihur King of Geshur: and Dauid mourned for his sonne euery day.
So Absalom fled, and went to Geshur, and was there three yeeres.
39 ၃၉ မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။
And King Dauid desired to go forth vnto Absalom, because he was pacified concerning Amnon, seeing he was dead.