< ၂ ဓမ္မရာဇဝင် 11 >
1 ၁ ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
年歸りて王等の戰に出る時におよびてダビデ、ヨアブおよび自己の臣僕並にイスラエルの全軍を遣はせり彼等アンモンの子孫を滅ぼしてラバを圍めりされどダビデはエルサレムに止りぬ
2 ၂ တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
爰に夕暮にダビデ其床より興きいでて王の家の屋蓋のうへに歩みしが屋蓋より一人の婦人の體をあらふを見たり其婦は觀るに甚だ美し
3 ၃ သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။-
ダビデ人を遣して婦人を探らしめしに或人いふ此はエリアムの女ハテシバにてヘテ人ウリヤの妻なるにあらずやと
4 ၄ မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။-
ダビデ乃ち使者を遣はして其婦を取る婦彼に來りて彼婦と寝たりしかして婦其不潔を清めて家に歸りぬ
5 ၅ မိမိ၌ပဋိသန္ဓေရှိနေကြောင်းသိရသော အခါ ဒါဝိဒ်ထံသို့သတင်းပေးပို့လျှောက် ထားလေသည်။
かくて婦孕みければ人をつかはしてダビデに告ていひけるは我子を孕めりと
6 ၆ ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
是においてダビデ人をヨアブにつかはしてヘテ人ウリヤを我に遣はせといひければヨアブ、ウリヤをダビデに遣はせり
7 ၇ ဥရိယရောက်ရှိလာသောအခါဒါဝိဒ်သည် ယွာဘ နှင့်စစ်သည်တော်များ၏ကျန်းမာရေးနှင့်စစ်ပွဲ အခြေအနေကိုစုံစမ်းမေးမြန်းတော်မူ၏။-
ウリヤ、ダビデにいたりしかばダビデこれにヨアブの如何なると民の如何なると戰爭の如何なるを問ふ
8 ၈ ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။-
しかしてダビデ、ウリヤにいひけるは汝の家に下りて足を洗へとウリヤ王の家を出るに王の贈物其後に從ひてきたる
9 ၉ သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။-
然どウリヤは王の家の門に其主の僕等とともに寝ておのれの家にくだりいたらず
10 ၁၀ ဤသို့ဥရိယအိမ်မပြန်ဘဲနေခဲ့ကြောင်း ကိုဒါဝိဒ်ကြားသိသောအခါသူ့အား``သင် သည်ခရီးဝေးမှယခုပင်ပြန်လည်ရောက် ရှိလာသည်ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်သို့မပြန်ဘဲနေပါသနည်း'' ဟုမေး တော်မူ၏။
人々ダビデに告てウリヤ其家にくだり至らずといひければダビデ、ウリヤにいひけるは汝は旅路をなして來れるにあらずや何故に自己の家にくだらざるや
11 ၁၁ ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
ウリヤ、ダビデにいひけるは櫃とイスラエルとユダは小屋の中に住まりわが主ヨアブとわが主の僕は野の表に陣を取るに我いかでわが家にゆきて食ひ飮しまた妻と寝べけけんや汝は生また汝の霊魂は活く我此事をなさじ
12 ၁၂ ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
ダビデ、ウリヤにいふ今日も此にとどまれ明日我汝を去しめんとウリヤ其日と次の日エルサレムにとどまりしが
13 ၁၃ ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
ダビデかれを召て其まへに食ひ飮せしめダビデかれを酔しめたり晩にいたりて彼出て其床に其主の僕と共に寝たりされどおのれの家にはくだりゆかざりき
14 ၁၄ နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
朝におよびてダビデ、ヨアブヘの書を認めて之をウリヤの手によりて遣れり
15 ၁၅ စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
ダビデ其書に書ていはく汝らウリヤを烈しき戰の先鉾にいだしてかれの後より退きて彼をして戰死せしめよ
16 ၁၆ ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။-
是においてヨアブ城邑を窺ひてウリヤをば其勇士の居ると知る所に置り
17 ၁၇ ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။
城邑の人出てヨアブと戰ひしかばダビデの僕の中の數人仆れヘテ人ウリヤも死り
18 ၁၈ ထိုနောက်ယွာဘသည်ဒါဝိဒ်ထံသို့တိုက်ပွဲ အကြောင်းအစီရင်ခံစာပေးပို့ကာ၊-
ヨアブ人をつかはして軍の事を悉くダビデに告げしむ
19 ၁၉ စေတမန်အား``တိုက်ပွဲအကြောင်းကိုသင် အစီရင်ခံပြီးသောအခါ၊-
ヨアブ其使者に命じていひけるは汝が軍の事を皆王に語り終しとき
20 ၂၀ မင်းကြီးသည်အမျက်ထွက်လျက်`သင်တို့သည် ရန်သူကိုတိုက်ခိုက်ရန်အဘယ်ကြောင့်မြို့အနီး သို့ချဉ်းကပ်ကြသနည်း။ မြို့ရိုးများမှနေ၍ ရန်သူတို့သည်မြားများဖြင့်ပစ်ခတ်ကြမည် ကိုမသိကြပါသလော။-
王もし怒りを發して汝に汝らなんぞ戰はんとて城邑に近づきしや汝らは彼らが石墻の上より射ることを知らざりしや
21 ၂၁ ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
ヱルベセテの子アビメレクを撃し者は誰なるや一人の婦が石垣の上より磨の上石を投て彼をテベツに殺せしにあらずや何ぞ汝ら城垣に近づきしやと言はば汝言べし汝の僕ヘテ人ウリヤもまた死りと
22 ၂၂ သို့ဖြစ်၍စေတမန်သည်ဒါဝိဒ်ထံသို့သွား၍ ယွာဘအမိန့်ပေးလိုက်သည့်အတိုင်းလျှောက် ထား၏။-
使者ゆきてダビデにいたりヨアブが遣はしたるところのことをことごとく告げたり
23 ၂၃ သူသည်မင်းကြီးအား``ရန်သူတို့သည်အကျွန်ုပ် တို့ထက်အင်အားကြီးမား၍ အကျွန်ုပ်တို့အား တိုက်ခိုက်ရန်မြို့ထဲမှမြို့ပြင်သို့ထွက်လာကြ ပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်သူတို့အား မြို့တံခါးဝသို့ပြန်၍တိုက်ထုတ်လိုက်ကြ ပါ၏။-
使者ダビデにいひけるは敵我儕に手強かりしが城外にいでて我儕にいたりしかば我儕これに迫りて門の入口にまでいたれり
24 ၂၄ ထိုအခါသူတို့သည်မြို့ရိုးမှမြားများဖြင့် ပစ်ခတ်ကြရာအရှင်မင်းကြီး၏တပ်မှူးအချို့ ကျဆုံးသွားပါ၏။ အရှင့်တပ်မှူးဥရိယလည်း ကျဆုံးပါ၏'' ဟုလျှောက်လေ၏။
時に射手の者城垣の上より汝の僕を射たりければ王の僕の或者死に亦汝の僕ヘテ人ウリヤも死りと
25 ၂၅ မင်းကြီးကစေတမန်အား``စစ်ပွဲတွင်မည်သူ မည်ဝါကျဆုံးမည်ကိုအဘယ်အခါ၌မျှ မပြောနိုင်။ သို့ဖြစ်၍ယွာဘအားစိတ်မပျက် ရန်အားပေးစကားပြောကြားလော့။ မြို့ကို ပိုမိုပြင်းထန်စွာတိုက်စစ်ဆင်၍သိမ်းယူရန် ကိုလည်းပြောလော့''ဟုမှာတော်မူလိုက်၏။
ダビデ使者にいひけるは斯汝ヨアブに言べし此事を憂ふるなかれ刀劍は此をも彼をも同じく殺すなり強く城邑を攻て戰ひ之を陷いるべしと汝かくヨアブを勵ますべし
26 ၂၆ ဗာသရှေဘသည်မိမိ၏ခင်ပွန်းကျဆုံး ကြောင်းကိုကြားသိသောအခါ ငိုကြွေး မြည်တမ်းခြင်းကိုပြု၏။-
ウリヤの妻其夫ウリヤの死たるを聞て夫のために悲哀り
27 ၂၇ ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
其喪の過し時ダビデ人を遣はしてかれをおのれの家に召いる彼すなはちその妻となりて男子を生り但しダビデの爲たる此事はヱホバの目に惡かりき