< ၂ ဓမ္မရာဇဝင် 11 >

1 ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။
וַיְהִי לִתְשׁוּבַת הַשָּׁנָה לְעֵת ׀ צֵאת הַמַּלְאֿכִים וַיִּשְׁלַח דָּוִד אֶת־יוֹאָב וְאֶת־עֲבָדָיו עִמּוֹ וְאֶת־כָּל־יִשְׂרָאֵל וַיַּשְׁחִתוּ אֶת־בְּנֵי עַמּוֹן וַיָּצֻרוּ עַל־רַבָּה וְדָוִד יוֹשֵׁב בִּירוּשָׁלָֽ͏ִם׃
2 တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-
וַיְהִי ׀ לְעֵת הָעֶרֶב וַיָּקָם דָּוִד מֵעַל מִשְׁכָּבוֹ וַיִּתְהַלֵּךְ עַל־גַּג בֵּית־הַמֶּלֶךְ וַיַּרְא אִשָּׁה רֹחֶצֶת מֵעַל הַגָּג וְהָאִשָּׁה טוֹבַת מַרְאֶה מְאֹֽד׃
3 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။-
וַיִּשְׁלַח דָּוִד וַיִּדְרֹשׁ לָֽאִשָּׁה וַיֹּאמֶר הֲלוֹא־זֹאת בַּת־שֶׁבַע בַּת־אֱלִיעָם אֵשֶׁת אוּרִיָּה הַחִתִּֽי׃
4 မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။-
וַיִּשְׁלַח דָּוִד מַלְאָכִים וַיִּקָּחֶהָ וַתָּבוֹא אֵלָיו וַיִּשְׁכַּב עִמָּהּ וְהִיא מִתְקַדֶּשֶׁת מִטֻּמְאָתָהּ וַתָּשָׁב אֶל־בֵּיתָֽהּ׃
5 မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။
וַתַּהַר הָֽאִשָּׁה וַתִּשְׁלַח וַתַּגֵּד לְדָוִד וַתֹּאמֶר הָרָה אָנֹֽכִי׃
6 ထို​အ​ခါ​ဒါ​ဝိဒ်​သည်``ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​ယွာ​ဘ​ထံ​သို့ လူ​လွှတ်​မှာ​ကြား​တော်​မူ​၏။ သို့​ဖြစ်​၍​ယွာ​ဘ သည်​ဥ​ရိ​ယ​အား​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​လိုက် လေ​သည်။-
וַיִּשְׁלַח דָּוִד אֶל־יוֹאָב שְׁלַח אֵלַי אֶת־אֽוּרִיָּה הַחִתִּי וַיִּשְׁלַח יוֹאָב אֶת־אֽוּרִיָּה אֶל־דָּוִֽד׃
7 ဥရိယ​ရောက်​ရှိ​လာ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ နှင့်​စစ်​သည်​တော်​များ​၏​ကျန်း​မာ​ရေး​နှင့်​စစ်​ပွဲ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-
וַיָּבֹא אוּרִיָּה אֵלָיו וַיִּשְׁאַל דָּוִד לִשְׁלוֹם יוֹאָב וְלִשְׁלוֹם הָעָם וְלִשְׁלוֹם הַמִּלְחָמָֽה׃
8 ထို​နောက်​မင်း​ကြီး​သည်​ဥ​ရိ​ယ​အား``အိမ်​သို့ ပြန်​၍​ခေတ္တ​နား​နေ​လော့'' ဟု​ဆို​၏။ ဥ​ရိ​ယ ထွက်​ခွာ​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​၏ အိမ်​သို့​လက်​ဆောင်​တစ်​ခု​ပေး​ပို့​လိုက်​၏။-
וַיֹּאמֶר דָּוִד לְאוּרִיָּה רֵד לְבֵיתְךָ וּרְחַץ רַגְלֶיךָ וַיֵּצֵא אֽוּרִיָּה מִבֵּית הַמֶּלֶךְ וַתֵּצֵא אַחֲרָיו מַשְׂאַת הַמֶּֽלֶךְ׃
9 သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​အိမ်​သို့​မ​ပြန်​ဘဲ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​နန်း​တော် တံ​ခါး​ဝ​၌​အိပ်​လေ​သည်။-
וַיִּשְׁכַּב אוּרִיָּה פֶּתַח בֵּית הַמֶּלֶךְ אֵת כָּל־עַבְדֵי אֲדֹנָיו וְלֹא יָרַד אֶל־בֵּיתֽוֹ׃
10 ၁၀ ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
וַיַּגִּדוּ לְדָוִד לֵאמֹר לֹֽא־יָרַד אוּרִיָּה אֶל־בֵּיתוֹ וַיֹּאמֶר דָּוִד אֶל־אוּרִיָּה הֲלוֹא מִדֶּרֶךְ אַתָּה בָא מַדּוּעַ לֹֽא־יָרַדְתָּ אֶל־בֵּיתֶֽךָ׃
11 ၁၁ ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။
וַיֹּאמֶר אוּרִיָּה אֶל־דָּוִד הָאָרוֹן וְיִשְׂרָאֵל וִֽיהוּדָה יֹשְׁבִים בַּסֻּכּוֹת וַאדֹנִי יוֹאָב וְעַבְדֵי אֲדֹנִי עַל־פְּנֵי הַשָּׂדֶה חֹנִים וַאֲנִי אָבוֹא אֶל־בֵּיתִי לֶאֱכֹל וְלִשְׁתּוֹת וְלִשְׁכַּב עִם־אִשְׁתִּי חַיֶּךָ וְחֵי נַפְשֶׁךָ אִֽם־אֶעֱשֶׂה אֶת־הַדָּבָר הַזֶּֽה׃
12 ၁၂ ထို့​ကြောင့်​ဒါ​ဝိဒ်​က``သို့​ဖြစ်​လျှင်​ဤ​အ​ရပ်​တွင် ပင်​ယ​နေ့​နား​နေ​လော့။ နက်​ဖြန်​သင့်​အား​ပြန်​၍ လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဥ​ရိ​ယ သည်​ထို​နေ့​နှင့်​နောက်​တစ်​နေ့​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​လေ​သည်။-
וַיֹּאמֶר דָּוִד אֶל־אוּרִיָּה שֵׁב בָּזֶה גַּם־הַיּוֹם וּמָחָר אֲשַׁלְּחֶךָּ וַיֵּשֶׁב אוּרִיָּה בִירוּשָׁלַ͏ִם בַּיּוֹם הַהוּא וּמִֽמָּחֳרָֽת׃
13 ၁၃ ဒါ​ဝိဒ်​သည်​သူ့​အား​ည​စာ​စား​ရန်​ဖိတ်​ခေါ်​ပြီး လျှင်​ယစ်​မူး​အောင်​သောက်​စား​စေ​၏။ သို့​သော် လည်း​ဥ​ရိ​ယ​သည်​ထို​ည​၌​လည်း​အိမ်​သို့​မ ပြန်​ဘဲ​နန်း​တော်​အ​စောင့်​တပ်​သား​များ​၏ အ​ခန်း​တွင်​စောင်​ခင်း​၍​အိပ်​လေ​သည်။
וַיִּקְרָא־לוֹ דָוִד וַיֹּאכַל לְפָנָיו וַיֵּשְׁתְּ וַֽיְשַׁכְּרֵהוּ וַיֵּצֵא בָעֶרֶב לִשְׁכַּב בְּמִשְׁכָּבוֹ עִם־עַבְדֵי אֲדֹנָיו וְאֶל־בֵּיתוֹ לֹא יָרָֽד׃
14 ၁၄ နောက်​တစ်​နေ့​၌​ဒါ​ဝိဒ်​သည်​ယွာ​ဘ​ထံ​သို့ စာ​တစ်​စောင်​ရေး​၍​ဥ​ရိ​ယ​နှင့်​ပေး​လိုက်​၏။-
וַיְהִי בַבֹּקֶר וַיִּכְתֹּב דָּוִד סֵפֶר אֶל־יוֹאָב וַיִּשְׁלַח בְּיַד אוּרִיָּֽה׃
15 ၁၅ စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။-
וַיִּכְתֹּב בַּסֵּפֶר לֵאמֹר הָבוּ אֶת־אֽוּרִיָּה אֶל־מוּל פְּנֵי הַמִּלְחָמָה הַֽחֲזָקָה וְשַׁבְתֶּם מֵאַחֲרָיו וְנִכָּה וָמֵֽת׃
16 ၁၆ ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။-
וַיְהִי בִּשְׁמוֹר יוֹאָב אֶל־הָעִיר וַיִּתֵּן אֶת־אוּרִיָּה אֶל־הַמָּקוֹם אֲשֶׁר יָדַע כִּי אַנְשֵׁי־חַיִל שָֽׁם׃
17 ၁၇ ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။
וַיֵּצְאוּ אַנְשֵׁי הָעִיר וַיִּלָּחֲמוּ אֶת־יוֹאָב וַיִּפֹּל מִן־הָעָם מֵעַבְדֵי דָוִד וַיָּמָת גַּם אוּרִיָּה הַחִתִּֽי׃
18 ၁၈ ထို​နောက်​ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​သို့​တိုက်​ပွဲ အ​ကြောင်း​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကာ၊-
וַיִּשְׁלַח יוֹאָב וַיַּגֵּד לְדָוִד אֶת־כָּל־דִּבְרֵי הַמִּלְחָמָֽה׃
19 ၁၉ စေ​တ​မန်​အား``တိုက်​ပွဲ​အ​ကြောင်း​ကို​သင် အ​စီ​ရင်​ခံ​ပြီး​သော​အ​ခါ၊-
וַיְצַו אֶת־הַמַּלְאָךְ לֵאמֹר כְּכַלּוֹתְךָ אֵת כָּל־דִּבְרֵי הַמִּלְחָמָה לְדַבֵּר אֶל־הַמֶּֽלֶךְ׃
20 ၂၀ မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။-
וְהָיָה אִֽם־תַּעֲלֶה חֲמַת הַמֶּלֶךְ וְאָמַר לְךָ מַדּוּעַ נִגַּשְׁתֶּם אֶל־הָעִיר לְהִלָּחֵם הֲלוֹא יְדַעְתֶּם אֵת אֲשֶׁר־יֹרוּ מֵעַל הַחוֹמָֽה׃
21 ၂၁ ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။
מִֽי־הִכָּה אֶת־אֲבִימֶלֶךְ בֶּן־יְרֻבֶּשֶׁת הֲלֽוֹא־אִשָּׁה הִשְׁלִיכָה עָלָיו פֶּלַח רֶכֶב מֵעַל הַֽחוֹמָה וַיָּמָת בְּתֵבֵץ לָמָּה נִגַּשְׁתֶּם אֶל־הַֽחוֹמָה וְאָמַרְתָּ גַּם עַבְדְּךָ אוּרִיָּה הַחִתִּי מֵֽת׃
22 ၂၂ သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။-
וַיֵּלֶךְ הַמַּלְאָךְ וַיָּבֹא וַיַּגֵּד לְדָוִד אֵת כָּל־אֲשֶׁר שְׁלָחוֹ יוֹאָֽב׃
23 ၂၃ သူ​သည်​မင်း​ကြီး​အား``ရန်​သူ​တို့​သည်​အ​ကျွန်ုပ် တို့​ထက်​အင်​အား​ကြီး​မား​၍ အ​ကျွန်ုပ်​တို့​အား တိုက်​ခိုက်​ရန်​မြို့​ထဲ​မှ​မြို့​ပြင်​သို့​ထွက်​လာ​ကြ ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​သူ​တို့​အား မြို့​တံ​ခါး​ဝ​သို့​ပြန်​၍​တိုက်​ထုတ်​လိုက်​ကြ ပါ​၏။-
וַיֹּאמֶר הַמַּלְאָךְ אֶל־דָּוִד כִּֽי־גָבְרוּ עָלֵינוּ הָֽאֲנָשִׁים וַיֵּצְאוּ אֵלֵינוּ הַשָּׂדֶה וַנִּהְיֶה עֲלֵיהֶם עַד־פֶּתַח הַשָּֽׁעַר׃
24 ၂၄ ထို​အ​ခါ​သူ​တို့​သည်​မြို့​ရိုး​မှ​မြား​များ​ဖြင့် ပစ်​ခတ်​ကြ​ရာ​အ​ရှင်​မင်း​ကြီး​၏​တပ်​မှူး​အ​ချို့ ကျ​ဆုံး​သွား​ပါ​၏။ အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​လည်း ကျ​ဆုံး​ပါ​၏'' ဟု​လျှောက်​လေ​၏။
ויראו וַיֹּרוּ המוראים הַמּוֹרִים אֶל־עֲבָדֶךָ מֵעַל הַחוֹמָה וַיָּמוּתוּ מֵעַבְדֵי הַמֶּלֶךְ וְגַם עַבְדְּךָ אוּרִיָּה הַחִתִּי מֵֽת׃
25 ၂၅ မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။
וַיֹּאמֶר דָּוִד אֶל־הַמַּלְאָךְ כֹּֽה־תֹאמַר אֶל־יוֹאָב אַל־יֵרַע בְּעֵינֶיךָ אֶת־הַדָּבָר הַזֶּה כִּֽי־כָזֹה וְכָזֶה תֹּאכַל הֶחָרֶב הַחֲזֵק מִלְחַמְתְּךָ אֶל־הָעִיר וְהָרְסָהּ וְחַזְּקֵֽהוּ׃
26 ၂၆ ဗာ​သ​ရှေ​ဘ​သည်​မိ​မိ​၏​ခင်​ပွန်း​ကျ​ဆုံး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ငို​ကြွေး မြည်​တမ်း​ခြင်း​ကို​ပြု​၏။-
וַתִּשְׁמַע אֵשֶׁת אֽוּרִיָּה כִּי־מֵת אוּרִיָּה אִישָׁהּ וַתִּסְפֹּד עַל־בַּעְלָֽהּ׃
27 ၂၇ ငို​ကြွေး​မြည်​တမ်း​ချိန်​ကုန်​လွန်​သော​အ​ခါ​ဒါ​ဝိဒ် သည် သူ့​အား​နန်း​တော်​သို့​ခေါ်​စေ​၍​မိ​ဖု​ရား​မြှောက် ရာ​သား​တော်​ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​ပြု​ခဲ့​သည့်​အ​မှု ကို​နှစ်​သက်​တော်​မ​မူ။
וַיַּעֲבֹר הָאֵבֶל וַיִּשְׁלַח דָּוִד וַיַּאַסְפָהּ אֶל־בֵּיתוֹ וַתְּהִי־לוֹ לְאִשָּׁה וַתֵּלֶד לוֹ בֵּן וַיֵּרַע הַדָּבָר אֲשֶׁר־עָשָׂה דָוִד בְּעֵינֵי יְהוָֽה׃

< ၂ ဓမ္မရာဇဝင် 11 >