< ၂ ဓမ္မရာဇဝင် 1 >

1 ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-
사울의 죽은 후라 다윗이 아말렉 사람을 도륙하고 돌아와서 시글락에서 이틀을 유하더니
2 နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-
제삼일에 한 사람이 사울의 진에서 나왔는데 그 옷은 찢어졌고 머리에는 흙이 있더라 저가 다윗에게 나아와 땅에 엎드려 절하매
3 ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။ ထို​သူ​က``ကျွန်​တော်​သည်​ဣသ​ရေ​လ​တပ်​စခန်း မှ​ထွက်​ပြေး​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​၏။
다윗이 저에게 묻되 너는 어디서 왔느냐 대답하되 이스라엘 진에서 도망하여 왔나이다
4 ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊ လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။
다윗이 가로되 일이 어떻게 되었느뇨 너는 내게 고하라 저가 대답하되 군사가 전쟁 중에서 도망하기도 하였고 무리 중에 엎드러져 죽은 자도 많았고 사울과 그 아들 요나단도 죽었나이다
5 ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊
다윗이 자기에게 고하는 소년에게 묻되 사울과 그 아들 요나단의 죽은 줄을 네가 어떻게 아느냐
6 ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-
그에게 고하는 소년이 가로되 내가 우연히 길보아 산에 올라 보니 사울이 자기 창을 의지하였고 병거와 기병은 저를 촉급히 따르는데
7 ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊-
사울이 뒤로 돌이켜 나를 보고 부르시기로 내가 대답하되 내가 여기 있나이다 한즉
8 မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။-
내게 이르되 너는 누구냐 하시기로 내가 대답하되 나는 아말렉 사람이니이다 한즉
9 ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။-
또 내게 이르되 내 목숨이 아직 내게 완전히 있으므로 내가 고통에 들었나니 너는 내 곁에 서서 나를 죽이라 하시기로
10 ၁၀ မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။
저가 엎드러진 후에는 살 수 없는 줄을 내가 알고 그 곁에 서서 죽이고 그 머리에 있는 면류관과 팔에 있는 고리를 벗겨서 내 주께로 가져왔나이다
11 ၁၁ ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-
이에 다윗이 자기 옷을 잡아 찢으매 함께 있는 모든 사람도 그리하고
12 ၁၂ သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။
사울과 그 아들 요나단과 여호와의 백성과 이스라엘 족속이 칼에 죽음을 인하여 저녁때까지 슬퍼하여 울며 금식하니라
13 ၁၃ သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊ ``ကျွန်​တော်​သည်​အာ​မ​လက်​ပြည်​သား​ဖြစ် ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏​ပြည်​တွင်​နေ​ထိုင် ပါ​သည်'' ဟု​ပြန်​၍​လျှောက်​၏။
다윗이 그 고한 소년에게 묻되 너는 어디 사람이냐 대답하되 나는 아말렉 사람 곧 외국인의 아들이니이다
14 ၁၄ ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊-
다윗이 저에게 이르되 네가 어찌하여 손을 들어 여호와의 기름 부음 받은 자 죽이기를 두려워하지 아니하였느냐 하고
15 ၁၅ ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။-
소년 중 하나를 불러 이르되 가까이 가서 저를 죽이라 하매 그가 치매 곧 죽으니라
16 ၁၆ ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။
다윗이 저에게 이르기를 네 피가 네 머리로 돌아갈지어다 네 입이 네게 대하여 증거하기를 내가 여호와의 기름 부음 받은 자를 죽였노라 함이니라 하였더라
17 ၁၇ ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။
다윗이 이 슬픈 노래로 사울과 그 아들 요나단을 조상하고
18 ၁၈ ယင်း​ကို​ယု​ဒ​ပြည်​သူ​တို့​အား​လည်း​သင်​ကြား ပေး​ရန်​အ​မိန့်​ပေး​၏။ (ဤ​အ​ကြောင်း​အ​ရာ ကို​ယာရှာ​စာ​စောင်​တွင်​မှတ်​တမ်း​တင်​ထား သ​တည်း။)
명하여 그것을 유다 족속에게 가르치라 하였으니 곧 활 노래라 야살의 책에 기록되었으되
19 ၁၉ ``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။ သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။
이스라엘아 너의 영광이 산 위에서 죽임을 당하였도다 오호라 두 용사가 엎드러졌도다
20 ၂၀ ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။
이 일을 가드에도 고하지 말며 아스글론 거리에도 전파하지 말지어다 블레셋 사람의 딸들이 즐거워할까, 할례받지 못한 자의 딸들이 개가를 부를까 염려로다
21 ၂၁ ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည် သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။
길보아 산들아 너희 위에 우로가 내리지 아니하며 제물 낼 밭도 없을지어다 거기서 두 용사의 방패가 버린바 됨이라 곧 사울의 방패가 기름 부음을 받지 않음 같이 됨이로다
22 ၂၂ ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊ ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။
죽은 자의 피에서, 용사의 기름에서 요나단의 활이 물러가지 아니하였으며 사울의 칼이 헛되이 돌아오지 아니하였도다
23 ၂၃ ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။
사울과 요나단이 생전에 사랑스럽고 아름다운 자러니 죽을 때에도 서로 떠나지 아니하였도다 저희는 독수리보다 빠르고 사자보다 강하였도다
24 ၂၄ ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍ ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။
이스라엘 딸들아 사울을 슬퍼하여 울지어다 저가 붉은 옷으로 너희에게 화려하게 입혔고 금 노리개를 너희 옷에 채웠도다
25 ၂၅ သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။ ယော​န​သန်​သည်​တောင်​ကုန်း​များ​ပေါ်​တွင် လဲ​၍​သေ​နေ​လေ​ပြီ။
오호라 두 용사가 전쟁 중에 엎드러졌도다 요나단이 너의 산 위에서 죽임을 당하였도다
26 ၂၆ ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။ ငါ​သည်​သင့်​ကို​လွန်​စွာ​ချစ်​မြတ်​နိုး​ပါ​၏။ ငါ့​အ​ပေါ်​၌​သင်​ထား​ရှိ​သော​မေတ္တာ​သည် အံ့​သြ​ဖွယ်​ကောင်း​၍ အ​မျိုး​သ​မီး​တို့​၏​မေတ္တာ​ထက်​ပင်​လွန်​ကဲ ပါ​ပေ​သည်။
내 형 요나단이여 내가 그대를 애통함은 그대는 내게 심히 아름다움이라 그대가 나를 사랑함이 기이하여 여인의 사랑보다 승하였도다
27 ၂၇ ``သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​သည် ကျ​ဆုံး​ကြ​လေ​ပြီ။ သူ​တို့​၏​လက်​နက်​များ​သည်​စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​၍ အ​သုံး​မ​ဝင်​ကြ​တော့​သည်​တ​ကား။''
오호라 두 용사가 엎드러졌으며 싸우는 병기가 망하였도다 하였더라

< ၂ ဓမ္မရာဇဝင် 1 >