< ၂ ပေတရု 3 >

1 ငါ​၏​ချစ်​ဆွေ​တို့၊ ဤ​စာ​သည်​သင်​တို့​ထံ​သို့ ဒု​တိ​ယ​အ​ကြိမ်​ငါ​ရေး​လိုက်​သော​စာ​ဖြစ်​၏။ ငါ​သည်​ဤ​စာ​နှစ်​စောင်​လုံး​၌​မြင့်​မြတ် သန့်​ရှင်း​သူ​ပ​ရော​ဖက်​များ အ​ခါ​တစ်​ပါး​က ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ပေး​အပ် ခဲ့​သည့်​ကယ်​တင်​ရှင်​သ​ခင်​ဘု​ရား​၏​ပ​ညတ် တော်​ကို​လည်း​ကောင်း သင်​တို့​ကြည်​လင်​သော ဉာဏ်​ဖြင့်​နား​လည်​စေ​ရန်​ယင်း​တို့​ကို​ပြန် လည်​သ​တိ​ရ​စေ​၏။-
హే ప్రియతమాః, యూయం యథా పవిత్రభవిష్యద్వక్తృభిః పూర్వ్వోక్తాని వాక్యాని త్రాత్రా ప్రభునా ప్రేరితానామ్ అస్మాకమ్ ఆదేశఞ్చ సారథ తథా యుష్మాన్ స్మారయిత్వా
2
యుష్మాకం సరలభావం ప్రబోధయితుమ్ అహం ద్వితీయమ్ ఇదం పత్రం లిఖామి|
3 အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-
ప్రథమం యుష్మాభిరిదం జ్ఞాయతాం యత్ శేషే కాలే స్వేచ్ఛాచారిణో నిన్దకా ఉపస్థాయ
4 `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-
వదిష్యన్తి ప్రభోరాగమనస్య ప్రతిజ్ఞా కుత్ర? యతః పితృలోకానాం మహానిద్రాగమనాత్ పరం సర్వ్వాణి సృష్టేరారమ్భకాలే యథా తథైవావతిష్ఠన్తే|
5 ဘု​ရား​သ​ခင်​သည်​ရှေး​ကာ​လ​၌​မိုး​ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​အ​မိန့်​တော်​ဖြင့် ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ် တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ထဲ​မှ​ရေ အား​ဖြင့်​ပေါ်​ပေါက်​စေ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊-
పూర్వ్వమ్ ఈశ్వరస్య వాక్యేనాకాశమణ్డలం జలాద్ ఉత్పన్నా జలే సన్తిష్ఠమానా చ పృథివ్యవిద్యతైతద్ అనిచ్ఛుకతాతస్తే న జానాన్తి,
6 ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။-
తతస్తాత్కాలికసంసారో జలేనాప్లావితో వినాశం గతః|
7 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယ​ခု​လက်​ရှိ မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​မီး​ဖြင့် ဖျက်​ဆီး​ရာ​နေ့​တိုင်​အောင် ထို​အ​မိန့်​တော် အား​ဖြင့်​ပင်​လျှင်​ဆက်​လက်​တည်​ရှိ​စေ တော်​မူ​ပေ​သည်။ ထို​နေ့​၌​ဘု​ရား​တ​ရား မဲ့​သော​သူ​တို့​သည်​တ​ရား​စီ​ရင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
కిన్త్వధునా వర్త్తమానే ఆకాశభూమణ్డలే తేనైవ వాక్యేన వహ్న్యర్థం గుప్తే విచారదినం దుష్టమానవానాం వినాశఞ్చ యావద్ రక్ష్యతే|
8 သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-
హే ప్రియతమాః, యూయమ్ ఏతదేకం వాక్యమ్ అనవగతా మా భవత యత్ ప్రభోః సాక్షాద్ దినమేకం వర్షసహస్రవద్ వర్షసహస్రఞ్చ దినైకవత్|
9 လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။
కేచిద్ యథా విలమ్బం మన్యన్తే తథా ప్రభుః స్వప్రతిజ్ఞాయాం విలమ్బతే తన్నహి కిన్తు కోఽపి యన్న వినశ్యేత్ సర్వ్వం ఏవ మనఃపరావర్త్తనం గచ్ఛేయురిత్యభిలషన్ సో ఽస్మాన్ ప్రతి దీర్ఘసహిష్ణుతాం విదధాతి|
10 ၁၀ သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။-
కిన్తు క్షపాయాం చౌర ఇవ ప్రభో ర్దినమ్ ఆగమిష్యతి తస్మిన్ మహాశబ్దేన గగనమణ్డలం లోప్స్యతే మూలవస్తూని చ తాపేన గలిష్యన్తే పృథివీ తన్మధ్యస్థితాని కర్మ్మాణి చ ధక్ష్యన్తే|
11 ၁၁ ဤ​အ​ရာ​အား​လုံး​တို့​သည်​ဤ​သို့​ပျက်​စီး သွား​ရ​မည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘယ် သို့​သော​သူ​များ​ဖြစ်​သင့်​ကြ​သ​နည်း။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့် မျှော်​၍ ထို​နေ့​ရက်​အ​မြန်​ကျ​ရောက်​လာ စေ​ရန်​ကြိုး​စား​အား​ထုတ်​လျက်​နေ​ကြ​စဉ် မိ​မိ​တို့​ကိုယ်​ကို​ဖြူ​စင်​သန့်​ရှင်း​စေ​ပြီး လျှင်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သင့်​ကြ ၏။ ထို​နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​မီး​သင့် လောင်​ကျွမ်း​၍​ပျက်​စီး​လိမ့်​မည်။ ကြယ်​တာ ရာ​များ​သည်​လည်း​အ​ပူ​ကြောင့်​အ​ရည် ပျော်​ကြ​လိမ့်​မည်။-
అతః సర్వ్వైరేతై ర్వికారే గన్తవ్యే సతి యస్మిన్ ఆకాశమణ్డలం దాహేన వికారిష్యతే మూలవస్తూని చ తాపేన గలిష్యన్తే
12 ၁၂
తస్యేశ్వరదినస్యాగమనం ప్రతీక్షమాణైరాకాఙ్క్షమాణైశ్చ యూష్మాభి ర్ధర్మ్మాచారేశ్వరభక్తిభ్యాం కీదృశై ర్లోకై ర్భవితవ్యం?
13 ၁၃ သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကတိ ထား​တော်​မူ​သည့်​ဖြောင့်​မတ်​ခြင်း​တ​ရား တည်​ရာ​မိုး​ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး သစ်​ကို​စောင့်​မျှော်​လျက်​နေ​ကြ​၏။
తథాపి వయం తస్య ప్రతిజ్ఞానుసారేణ ధర్మ్మస్య వాసస్థానం నూతనమ్ ఆకాశమణ్డలం నూతనం భూమణ్డలఞ్చ ప్రతీక్షామహే|
14 ၁၄ သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။-
అతఏవ హే ప్రియతమాః, తాని ప్రతీక్షమాణా యూయం నిష్కలఙ్కా అనిన్దితాశ్చ భూత్వా యత్ శాన్త్యాశ్రితాస్తిష్ఠథైతస్మిన్ యతధ్వం|
15 ၁၅ ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။-
అస్మాకం ప్రభో ర్దీర్ఘసహిష్ణుతాఞ్చ పరిత్రాణజనికాం మన్యధ్వం| అస్మాకం ప్రియభ్రాత్రే పౌలాయ యత్ జ్ఞానమ్ అదాయి తదనుసారేణ సోఽపి పత్రే యుష్మాన్ ప్రతి తదేవాలిఖత్|
16 ၁၆ ပေါ​လု​သည်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍​မိ​မိ​ရေး​သ​မျှ​သော​စာ​တို့​တွင်​ဤ​အ​တိုင်း ပင်​ဖော်​ပြ​ထား​၏။ သူ​၏​စာ​များ​တွင်​ပါ​ရှိ​သည့် အ​ကြောင်း​အ​ရာ​အ​ချို့​တို့​မှာ​နား​လည်​ရန် ခက်​သ​ဖြင့် အ​သိ​ပ​ညာ​မဲ့​၍​စိတ်​မ​တည် မ​ငြိမ်​သူ​တို့​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​အ​လွဲ​လွဲ အ​မှား​မှား​ကောက်​ယူ​တတ်​ကြ​၏။ သူ​တို့​သည် အ​ခြား​ကျမ်း​ပုဒ်​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို လည်း​ဤ​နည်း​တူ​ကောက်​ယူ​သ​ဖြင့်​မိ​မိ​တို့ ကိုယ်​တိုင်​ပျက်​စီး​ခြင်း​ငှာ​ပြု​ကြ​၏။
స్వకీయసర్వ్వపత్రేషు చైతాన్యధి ప్రస్తుత్య తదేవ గదతి| తేషు పత్రేషు కతిపయాని దురూహ్యాణి వాక్యాని విద్యన్తే యే చ లోకా అజ్ఞానాశ్చఞ్చలాశ్చ తే నిజవినాశార్థమ్ అన్యశాస్త్రీయవచనానీవ తాన్యపి వికారయన్తి|
17 ၁၇ သို့​ရာ​တွင်​မိတ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​အ​ကြောင်း အ​ရာ​များ​ကို​သိ​ပြီး​သည်​ဖြစ်​သည်။ ထို့​ကြောင့် သင်​တို့​သည်​တ​ရား​မဲ့​သူ​တို့​၏​မှား​ယွင်း​သော လမ်း​သို့​မ​လိုက်​မ​ပါ​မိ​ကြ​စေ​ရန်​နှင့် မိ​မိ တို့​ခိုင်​ခံ့​တည်​ကြည်​စွာ​ရပ်​တည်​ရာ​မှ​မ​ရွေ့ မ​လျော့​ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
తస్మాద్ హే ప్రియతమాః, యూయం పూర్వ్వం బుద్ధ్వా సావధానాస్తిష్ఠత, అధార్మ్మికాణాం భ్రాన్తిస్రోతసాపహృతాః స్వకీయసుస్థిరత్వాత్ మా భ్రశ్యత|
18 ၁၈ သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။ (aiōn g165)
కిన్త్వస్మాకం ప్రభోస్త్రాతు ర్యీశుఖ్రీష్టస్యానుగ్రహే జ్ఞానే చ వర్ద్ధధ్వం| తస్య గౌరవమ్ ఇదానీం సదాకాలఞ్చ భూయాత్| ఆమేన్| (aiōn g165)

< ၂ ပေတရု 3 >

The World is Destroyed by Water
The World is Destroyed by Water