< ၂ ပေတရု 1 >

1 ယေ​ရှု​ခရစ်​၏​အ​စေ​ခံ​နှင့်​တ​မန်​တော်​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​ထံ​မှ ငါ​တို့​ဘု​ရား​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ငါ​တို့​ခံ​ယူ​ရ​သည့် ယုံ​ကြည်​ခြင်း​ကဲ့​သို့​အ​ဖိုး​ထိုက်​သည့်​ယုံ​ကြည် ခြင်း​ကို​ရ​ရှိ​ကြ​ကုန်​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​သည်။
ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရား သခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
2 ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင်​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် သင်​တို့​သည်​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
ဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော။
3 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။-
ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။
4 ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-
ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။
5 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊-
ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊
6 အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊-
ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
7 ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။-
ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
8 ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။-
အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ မပျင်းရိစေခြင်းငှါ၎င်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ၎င်း၊ ပြုပြင်တတ်ကြ၏။
9 ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။
ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း ၏။ ကိုယ်မျက်စီ ကိုကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။
10 ၁၀ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။-
၁၀ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲ စေခြင်းငှါ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျာ့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
11 ၁၁ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ငါ​တို့​ကို​အ​ရှင် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု ခ​ရစ်​၏​ထာ​ဝ​ရ​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန် အ​ခွင့် အ​ရေး​အ​ပြည့်​အ​ဝ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ (aiōnios g166)
၁၁ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့် ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့။ (aiōnios g166)
12 ၁၂ ထို့​ကြောင့်​သင်​တို့​သည်​ဤ​အ​ကြောင်း​အ​ရာ များ​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​ခံ​ယူ​ရ ရှိ​ထား​သည့်​သမ္မာ​တ​ရား​တော်​တွင်​အ​ခြေ​ခိုင် ၍​နေ​ပြီ​ဖြစ်​သော်​လည်း ငါ​သည်​သင်​တို့​အား ထို​အ​ရာ​များ​အ​ကြောင်း​ကို​အ​စဉ်​သ​တိ ပေး​လို​၏။-
၁၂ထိုကြောင့်၊ ယခုဟောပြောသောသမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည် အမှုကို ငါမမေ့မလျော့။
13 ၁၃ ငါ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​အ​ရာ​များ​အ​ကြောင်း​ကို​သင်​တို့​အား​သ​တိ ပေး​နှိုး​ဆော်​လျက်​နေ​သင့်​သည်​ဟု​လည်း​ယူ​ဆ ၏။-
၁၃ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူ သည်အတိုင်း၊
14 ၁၄ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။-
၁၄ငါတည်းခိုရာတဲကို မကြာမမြင့်မှီ ငါပစ်သွား ရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ်ကာလ ပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။
15 ၁၅ သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။
၁၅ထိုမှတပါး၊ ငါစုတေ့သည်နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစား အားထုတ်မည်။
16 ၁၆ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။-
၁၆ငါတို့သခြင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသော အခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီ စကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင် သော သူဖြစ်ကြ၏။
17 ၁၇ အကြီး​မြတ်​ဆုံး​သော​ဘုန်း​အ​သ​ရေ​ရောင်​ခြည် တော်​ရှင်​က``ဤ​သူ​ကား​ငါ​နှစ်​သက်​မြတ်​နိုး သော​ငါ​၏​ချစ်​သား​ဖြစ်​၏'' ဟူ​သော​အ​သံ တော်​မိန့်​တော်​မူ​သော​အ​ချိန်​၌ ခ​မည်း​တော် ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကိုယ်​တော်​သည်​ဂုဏ် အ​သ​ရေ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​ယူ​တော်​မူ​၏။-
၁၇အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါ နှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သောအရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်သရေဘုန်းအာနုဘော်ကိုခံရတော်မူ၏။
18 ၁၈ ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။
၁၈ကောင်းကင်က ရောက်လာသော ထိုအသံတော် ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရား နှင့်အတူရှိသောအခါ ကြားရကြ၏။
19 ၁၉ သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။-
၁၉ထိုမှတပါး၊ သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ ဘာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
20 ၂၀ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။-
၂၀ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။
21 ၂၁ အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။
၂၁အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။

< ၂ ပေတရု 1 >