< ၄ ဓမ္မရာဇဝင် 1 >
1 ၁ ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
Sau khi Vua A-háp qua đời, người Mô-áp nổi dậy chống lại Ít-ra-ên.
2 ၂ ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။-
Một ngày nọ tại kinh đô Sa-ma-ri, Vua A-cha-xia ngã từ thang gác xuống, thương tích trầm trọng. Vua sai sứ đi cầu thần Ba-anh Xê-bụt ở Éc-rôn xem thử mình có khỏi bệnh không.
3 ၃ သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
Lúc ấy, thiên sứ của Chúa Hằng Hữu phán bảo Tiên tri Ê-li người Tích-bê đi đón các sứ của vua Sa-ma-ri và bảo họ: “Ít-ra-ên không có Đức Chúa Trời hay sao mà lại phải đi cầu Ba-anh Xê-bụt ở Éc-rôn?
4 ၄ မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။ ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊-
Bởi thế, Chúa Hằng Hữu phán: ‘A-cha-xia phải nằm liệt giường cho đến chết.’” Ê-li vâng lời ra đi.
5 ၅ သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။
Nghe xong những lời của Ê-li, các sứ quay về. Vua hỏi: “Tại sao trở về?”
6 ၆ ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
Họ đáp: “Có một người đón đường chúng tôi, bảo trở về tâu với vua như sau: ‘Chúa Hằng Hữu phán: Ít-ra-ên không có Đức Chúa Trời hay sao, mà phải đi cầu Ba-anh Xê-bụt ở Éc-rôn? Bởi thế ngươi sẽ không rời giường bệnh; chắc chắn ngươi sẽ chết.’”
7 ၇ မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
Vua hỏi: “Người đón các ngươi trông như thế nào?”
8 ၈ ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။
Họ đáp: “Người ấy mặc áo lông, thắt lưng bằng giây da.” Vua nói: “Đó là Ê-li, người Tích-bê.”
9 ၉ ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
Vua sai một viên quan dẫn năm mươi lính đi bắt Ê-li. Lúc ấy ông đang ngồi trên một đỉnh đồi. Viên quan bảo: “Thưa người của Đức Chúa Trời! Vua truyền lệnh cho ông đi xuống.”
10 ၁၀ ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်မီးကျလာသဖြင့် တပ်မှူး နှင့်သူ၏တပ်သားတို့သည်ကျွမ်းလောင်လေ ၏။
Nhưng Ê-li đáp: “Nếu ta là người của Đức Chúa Trời, thì lửa trời sẽ thiêu đốt anh và lính của anh.” Tức thì có lửa từ trời rơi xuống thiêu cháy họ tất cả.
11 ၁၁ မင်းကြီးသည်အခြားတပ်မှူးတစ်ယောက်နှင့် လူငါးဆယ်တပ်ကိုစေလွှတ်ပြန်၏။ သူတို့ သည်ဧလိယထံသို့သွား၍``ဘုရားသခင် ၏အစေခံ၊ အမြန်ဆင်းခဲ့လော့။ ဘုရင် အမိန့်တော်ရှိသည်'' ဟုဆို၏။
Vua lại sai một viên quan dẫn năm mươi người lính khác đến. Viên quan nói: “Thưa người của Đức Chúa Trời! Vua ra lệnh bảo ông xuống ngay.”
12 ၁၂ ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။
Ê-li đáp: “Nếu ta là người của Đức Chúa Trời, thì lửa trời sẽ thiêu đốt anh và lính của anh.” Lửa của Đức Chúa Trời từ trời xuống thiêu họ luôn.
13 ၁၃ မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။-
Vua lại sai một viên quan thứ ba với năm mươi lính khác đi. Đến nơi, viên quan quỳ xuống trước Ê-li, khẩn khoản: “Thưa người của Đức Chúa Trời! Xin ông tha mạng tôi và mạng của năm mươi người đầy tớ ông đây.
14 ၁၄ အခြားတပ်မှူးနှစ်ယောက်နှင့်သူတို့၏တပ် သားများသည် ကောင်းကင်မှမီးကျ၍သေ ရကြပါ၏။ သို့ရာတွင်အကျွန်ုပ်ကိုသနား တော်မူပါ'' ဟုတောင်းပန်၏။
Lửa từ trời đã thiêu hai toán trước; nhưng bây giờ, xin tha mạng tôi!”
15 ၁၅ ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊-
Thiên sứ của Chúa Hằng Hữu nói với Ê-li: “Xuống với người ấy đi, đừng sợ.” Ông xuống, đi với viên quan đến gặp vua.
16 ၁၆ ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
Ê-li nói với A-cha-xia: “Chúa Hằng Hữu phán: ‘Vì ngươi sai sứ giả đi cầu thần Ba-anh Xê-bụt ở Éc-rôn, chẳng lẽ Ít-ra-ên không có Đức Chúa Trời để cầu hỏi sao? Nên ngươi sẽ không rời khỏi giường bệnh; chắc chắn ngươi sẽ chết.’”
17 ၁၇ ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
Vậy, A-cha-xia chết, đúng theo lời Chúa Hằng Hữu dùng Ê-li tuyên phán. Vì A-cha-xia không có con trai, nên em vua là Giô-ram lên ngôi kế vị vào năm thứ hai đời Giô-ram, con Giô-sa-phát vua Giu-đa.
18 ၁၈ အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
Các việc khác của A-cha-xia đều được chép trong Sách Lịch Sử Các Vua Ít-ra-ên.