< ၄ ဓမ္မရာဇဝင် 9 >
1 ၁ ဤအတောအတွင်း၌ပရောဖက်ဧလိရှဲ သည် လူငယ်ပရောဖက်တစ်ပါးကိုခေါ်၍``သင် သည်ရာမုတ်မြို့သို့သွားရန်အသင့်ပြင်လော့။ ဤသံလွင်ဆီဘူးကိုလည်းယူသွားလော့။ ထို မြို့သို့ရောက်သောအခါ၊-
Tiên tri Ê-li-sê gọi một môn đệ đến bảo: “Con sửa soạn đi Ra-mốt Ga-la-át. Cầm lọ dầu này,
2 ၂ နိမ်ရှိ၏မြေး၊ ယေဟောရှဖတ်၏သားယေဟု ကိုရှာလော့။ သူ့ကိုအဖော်များရှိရာမှဝေး ရာဆိတ်ကွယ်သည့်အခန်းသို့ခေါ်ပြီးလျှင်၊-
đi tìm Giê-hu, con Giô-sa-phát, cháu Nim-si. Con sẽ gặp ông ấy đang ngồi với anh em mình. Bảo người theo con vào một phòng kín,
3 ၃ ဤဆီကိုသူ၏ဦးခေါင်းပေါ်တွင်လောင်း၍ ထာဝရဘုရားက`ငါသည်သင့်အားဣသရေ လဘုရင်အဖြစ်ဘိသိက်ပေး၏' ဟုမိန့်တော် မူကြောင်းဆင့်ဆိုလော့'' ဟုမှာကြားလိုက်၏။
lấy lọ dầu đổ trên đầu người và nói: ‘Chúa Hằng Hữu phán: Ta xức dầu cho ngươi làm vua Ít-ra-ên.’ Xong, con phải nhanh chân chạy thoát!”
4 ၄ သို့ဖြစ်၍ပရောဖက်ငယ်သည်ရာမုတ်မြို့ သို့သွားရာ၊-
Vậy, môn đệ tiên tri đến Ra-mốt Ga-la-át.
5 ၅ ထိုအရပ်တွင်တပ်မှူးများတိုင်ပင်နေကြသည် ကိုတွေ့လျှင်``တပ်မှူးမင်း၊ အကျွန်ုပ်သည်အရှင့် အတွက်သတင်းယူဆောင်လာပါသည်'' ဟု ဆို၏။ ယေဟုက``ငါတို့အနက်မည်သူ့အတွက်နည်း'' ဟုမေး၏။ ထိုအခါပရောဖက်ငယ်က``အရှင့်အတွက် ဖြစ်ပါသည်'' ဟုဆို၏။-
Khi đến nơi, ông thấy Giê-hu đang họp với các quan chỉ huy của quân đội. Môn đệ ấy nói với Giê-hu: “Tôi có chuyện nói với ông.” Giê-hu: “Với ai trong chúng tôi?” Môn đệ trả lời: “Với ông, thưa tướng chỉ huy.”
6 ၆ ထိုနောက်သူတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင် သွားပြီးလျှင် လူငယ်ပရောဖက်သည်ယေဟု ၏ဦးခေါင်းပေါ်သို့သံလွင်ဆီကိုသွန်းလောင်း ကာ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်အား ဣသရေလဘုရင်အဖြစ်ဘိသိက်ပေး၏။-
Giê-hu đứng lên, đi vào nhà. Người ấy theo vào, đổ dầu lên đầu Giê-hu và nói: “Chúa Hằng Hữu Đức Chúa Trời của Ít-ra-ên phán: ‘Ta xức dầu cho ngươi làm vua Ít-ra-ên, dân Ta.
7 ၇ ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
Ngươi sẽ tiêu diệt nhà A-háp, chủ ngươi, báo thù cho các tiên tri và các đầy tớ của Chúa Hằng Hữu đã bị Giê-sa-bên tàn sát.
8 ၈ အာဟပ်၏မိသားစုနှင့်သူ၏မြေးအပေါင်း တို့သည်သေရကြမည်။ သူ၏မိသားစုမှ ယောကျာ်းမှန်သမျှကိုကြီးငယ်မရွေးငါ ပယ်ရှားမည်။-
Cả nhà A-háp phải bị diệt sạch, mọi người đàn ông trong nhà, cả tự do lẫn nô lệ đều phải bị giết.
9 ၉ ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
Ta sẽ làm cho nhà A-háp giống như nhà Giê-rô-bô-am, con Nê-bát, và nhà Ba-ê-sa, con A-hi-gia.
10 ၁၀ ယေဇဗေလ၏အလောင်းကိုသင်္ဂြိုဟ်ရလိမ့် မည်မဟုတ်။ သူ၏အလောင်းသည်ယေဇရေလ အရပ်တွင် ခွေးစာဖြစ်လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ ထိုနောက်ပရောဖက်ငယ် သည်အခန်းထဲမှထွက်ပြေးလေ၏။
Giê-sa-bên sẽ bị chó ăn thịt tại Gít-rê-ên, thây nó không ai chôn cất.’” Nói xong, môn đệ ấy mở cửa chạy đi.
11 ၁၁ ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
Giê-hu trở ra với các tướng chỉ huy. Họ hỏi: “Mọi sự tốt đẹp chứ? Gã khùng ấy đến có việc gì thế?” Giê-hu đáp: “Các ông biết người ấy, và cũng biết những điều người ấy nói rồi.”
12 ၁၂ ထိုသူတို့က``ငါတို့မသိပါ။ သူပြောသည့် စကားကိုငါတို့သိပါရစေ'' ဟုဆိုကြ၏။ ယေဟုက``ထိုသူသည်ငါ့အား`သင့်ကိုဣသ ရေလဘုရင်အဖြစ် ထာဝရဘုရားဘိသိက် ပေးတော်မူပြီ' ဟုပြောပါသည်'' ဟူ၍ပြန် ပြောလေ၏။
Họ nhao nhao: “Anh đang giấu vài điều! Anh nói cho chúng tôi biết đi.” Giê-hu kể cho họ nghe những điều Chúa Hằng Hữu nói, và cho họ biết mình đã được xức dầu làm vua Ít-ra-ên.
13 ၁၃ ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
Lập tức, mọi người tại đó lấy áo trải dưới chân Giê-hu, nơi các bực thang rồi thổi kèn, tung hô: “Vua Giê-hu vạn tuế!”
14 ၁၄ ထိုနောက်ယေဟုသည်ယောရံမင်းအားလုပ် ကြံရန် လျှို့ဝှက်ကြံစည်လေသည်။ ထိုအခါ မင်းကြီးသည် ရှုရိဘုရင်ဟာဇေလနှင့်ရာ မုတ်မြို့တွင်တိုက်ပွဲဖြစ်ရာမှ ရရှိခဲ့သည့် ဒဏ်ရာများကိုကုသရန်ယေဇရေလမြို့ သို့သွားနှင့်ပြီ။ သို့ဖြစ်၍ယေဟုကမိမိ ၏အဖော်တပ်မှူးတို့အား``သင်တို့သည်ငါ ၏ဘက်တော်သားများဖြစ်ပါလျှင် ယေဇ ရေလမြို့သားတို့အားကြိုတင်သတိပေး ရန်မည်သူတစ်စုံတစ်ယောက်မျှရာမုတ်မြို့ မှမထွက်ပါစေနှင့်'' ဟုဆို၏။-
Và như thế, Giê-hu, con Giô-sa-phát, cháu Nim-si, làm phản Vua Giô-ram. Lúc ấy, quân Ít-ra-ên đang lo chống giữ Ra-mốt Ga-la-át trước lực lượng của Ha-xa-ên, vua A-ram.
Nhưng khi lâm chiến, Giô-ram đã bị thương và phải trở về Gít-rê-ên chữa trị. Giê-hu nói với mọi người ở đó: “Nếu anh em đồng ý, ta sẽ giữ không cho một ai ra khỏi thành để về Ghít-rê-ên báo tin.”
16 ၁၆ ထိုနောက်သူသည်မိမိ၏စစ်ရထားပေါ်သို့ တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွားလေ သည်။ ယောရံ၏ဒဏ်ရာများမပျောက်သေး သဖြင့် ယုဒဘုရင်အာခဇိသည်သူ့ထံသို့ လာရောက်လည်ပတ်လျက်ရှိ၏။
Nói xong, Giê-hu lên xe đi Gít-rê-ên, nơi Giô-ram đang nằm điều trị thương tích. Lúc ấy, A-cha-xia, vua Giu-đa đến thăm Giô-ram, và cũng có mặt tại Ghít-rê-ên.
17 ၁၇ ယေဇရေလမြို့မျှော်စင်ပေါ်တွင်တာဝန်ကျ သောကင်းစောင့်သည် ယေဟုနှင့်သူ၏လူစု တို့ချဉ်းကပ်လာနေသည်ကိုမြင်လျှင်``မြင်း စီးသူလူအချို့လာနေသည်ကိုမြင်ပါသည်'' ဟုဟစ်အော်၏။ ယောရံက``ထိုသူတို့သည်မိတ်ဆွေများသို့ မဟုတ်ရန်သူများဖြစ်သည်ကို သိရှိနိုင်ရန် မြင်းစီးသူရဲတစ်ယောက်ကိုစေလွှတ်စုံစမ်း လော့'' ဟုအမိန့်ပေးတော်မူ၏။
Người lính gác trên vọng canh thành Gít-rê-ên trông thấy Giê-hu và những người đi theo tiến đến, liền lớn tiếng báo tin: “Tôi thấy một đoàn người đang đi tới!” Giô-ram ra lệnh: “Sai một người cưỡi ngựa ra xem thử họ có ý hòa hảo hay không.”
18 ၁၈ မင်းကြီး၏စေတမန်သည်ယေဟုထံရောက် ၍``အရှင်သည်မိတ်ဆွေအနေဖြင့်လာပါ သလောဟုမင်းကြီးကစုံစမ်းခိုင်းပါ သည်'' ဟုမေး၏။ ယေဟုက``ဤကိစ္စသည်သင်နှင့်မသက်ဆိုင်။ ငါ့ နောက်မှလိုက်လော့'' ဟုဆို၏။ ထိုစေတမန်သည်ယေဟုထံသို့ရောက်ရှိသွား သော်လည်း ပြန်မလာဘဲနေသည်ကိုမျှော်စင် ပေါ်ရှိကင်းစောင့်ကအစီရင်ခံသောအခါ၊-
Một người phi ngựa ra gặp Giê-hu, hỏi: “Vua muốn biết các ông đến với tinh thần hòa bình hay không.” Giê-hu nói: “Hòa hay chiến có liên hệ gì với ngươi? Tránh ra phía sau!” Người lính canh loan báo: “Sứ giả đến gặp họ rồi nhưng không quay về.”
19 ၁၉ မင်းကြီးသည်အခြားစေတမန်တစ်ယောက် ကိုလွှတ်ပြန်၏။ သူသည်လည်းရှေးနည်းတူ ယေဟုအားမေး၏။ ယေဟုက``ဤကိစ္စသည် သင်နှင့်မသက်ဆိုင်။ ငါ့နောက်မှလိုက်လော့'' ဟုဆိုပြန်၏။
Vua sai một người thứ hai phóng ngựa ra, nói: “Vua muốn biết các ông đến với hòa khí hay không?” Giê-hu nói: “Hòa hay bất hòa có việc gì đến ngươi? Tránh ra phía sau!”
20 ၂၀ ထိုစေတမန်သည်ယေဟုတို့လူစုထံသို့ ရောက်ရှိသွားသော်လည်း ပြန်မလာဘဲနေ သည်ကိုကင်းစောင့်သည်နောက်တစ်ကြိမ်အစီ ရင်ခံပြန်၏။ ထိုနောက်သူသည်ဆက်လက်၍``ထို လူစု၏ခေါင်းဆောင်သည် မိမိစစ်ရထားကို ယေဟုမောင်းနှင်သကဲ့သို့ပင် သူရူးသဖွယ် အပြင်းမောင်းနှင်လာပါသည်'' ဟုလျှောက် ထား၏။
Người lính canh lại loan báo: “Sứ giả gặp họ rồi, nhưng cũng không quay về! Còn người đang tới chắc là Giê-hu con trai Nim-si, vì người ấy đánh xe một cách hung hăng.”
21 ၂၁ ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
Giô-ram ra lệnh: “Chuẩn bị xe cộ sẵn sàng cho ta.” Thế rồi, Giô-ram, vua Ít-ra-ên và A-cha-xia, vua Giu-đa, mỗi người lên xe, ra đón Giê-hu. Họ gặp nhau trong cánh đồng của Na-bốt ở Gít-rê-ên.
22 ၂၂ ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
Giô-ram hỏi: “Ngươi đến trong hòa khí phải không, Giê-hu?” Giê-hu hỏi vặn: “Hòa thế nào được trong khi Giê-sa-bên, mẹ vua vẫn sống trong dâm loạn, tà thuật?”
23 ၂၃ ယောရံက``အို အာခဇိ၊ တော်လှန်ပုန်ကန်မှု ပါတကား'' ဟုအော်ဟစ်ကာမိမိ၏စစ် ရထားကိုလှည့်၍ထွက်ပြေးလေ၏။-
Giô-ram quay xe chạy trốn, đồng thời gọi A-cha-xia, báo: “Có âm mưu phản loạn!”
24 ၂၄ ယေဟုသည်မိမိ၏လေးကိုယူပြီးလျှင် အား ကုန်ဆွဲ၍မြားတစ်လက်ကိုပစ်လွှတ်လိုက်ရာ ယောရံ၏ကျောမှနှလုံးအထိခွင်းဖောက် သဖြင့် ယောရံသည်ရထားပေါ်၌ပင်လဲကျ သေဆုံးလေသည်။-
Giê-hu lắp tên, kéo cung, bắn vào giữa hai vai Giô-ram, mũi tên xuyên thấu tim. Giô-ram ngã chết trong xe.
25 ၂၅ ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။
Giê-hu bảo Bích-ca, người phụ tá: “Đem thây hắn ném vào cánh đồng của Na-bốt. Vì chắc ông còn nhớ, lúc ông với tôi cùng cưỡi ngựa theo sau A-háp cha hắn, Chúa Hằng Hữu có phán với A-háp những lời này:
‘Hôm qua, Ta có thấy máu của Na-bốt và các con người ấy, và ngươi sẽ chịu quả báo ngay trong cánh đồng này.’ Vậy, ném hắn xuống cánh đồng của Na-bốt đi, theo như lời Chúa Hằng Hữu đã phán.”
27 ၂၇ အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-
Thấy việc xảy ra, vua A-cha-xia của Giu-đa bỏ chạy về hướng Bết-ha-gan. Giê-hu đuổi theo ra lệnh: “Đánh chết nó luôn trong xe nó!” A-cha-xia bị tấn công lúc đang ngồi trong xe tại Dốc Gu-rơ, gần Íp-lê-am. Vua chạy đến Mê-ghi-đô, và chết tại đó.
28 ၂၈ သူ၏အမှုထမ်းတို့သည်သူ၏အလောင်းကို စစ်ရထားပေါ်တင်၍ ယေရုရှလင်မြို့သို့ယူ ဆောင်ပြီးလျှင်ဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။
Các đầy tớ A-cha-xia đặt xác vua trên một cỗ xe, chở về Giê-ru-sa-lem, chôn trong mộ cùng với tổ tiên vua tại Thành Đa-vít.
29 ၂၉ အာခဇိသည်အာဟပ်၏သားတော်ဣသ ရေလဘုရင်ယောရံ၏နန်းစံတစ်ဆယ့်တစ် နှစ်မြောက်၌ ယုဒပြည်ဘုရင်အဖြစ်နန်း တက်ခဲ့သတည်း။
A-cha-xia bắt đầu làm vua Giu-đa vào năm thứ mười một đời Giô-ram, con A-háp.
30 ၃၀ ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
Khi Hoàng hậu Giê-sa-bên nghe Giê-hu đến Gít-rê-ên, liền vẽ mắt, sửa lại mái tóc, rồi đứng bên cửa sổ lâu đài nhìn ra.
31 ၃၁ ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
Thấy Giê-hu đến trước cổng, Giê-sa-bên nói: “Này Xim-ri! Kẻ giết chủ, còn đến đây làm gì?”
32 ၃၂ ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
Giê-hu ngước đầu nhìn lên cửa sổ, hỏi: “Ai thuộc về phe ta?” Vài ba thái giám nhìn xuống về phía Giê-hu.
33 ၃၃ ယေဟုကသူတို့အား``သူ့ကိုတွန်းချလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ယေဇဗေလ ကိုတွန်းချကြသဖြင့် သွေးစက်သည်နန်း တော်နံရံနှင့်မြင်းများအပေါ်သို့စဉ်၍ကျ လေသည်။ ယေဟုသည်ယေဇဗေလ၏အလောင်း ပေါ်ဖြတ်၍ မိမိ၏စစ်ရထားကိုမောင်းနှင် ပြီးလျှင်၊-
Giê-hu la lên: “Ném bà ấy xuống đây!” Họ liền ném Giê-sa-bên xuống, máu văng lên tường, vấy cả lên ngựa. Ngựa giẫm lên xác Giê-sa-bên.
34 ၃၄ နန်းတော်သို့ဝင်၍အစားအစာစား၏။ ထို နောက်သူက``အမင်္ဂလာခံရသောထိုမိန်းမ ကိုသင်္ဂြိုဟ်ကြလော့။ မည်သို့ပင်ဆိုစေကာမူ သူသည်မင်းသမီးဖြစ်သည်'' ဟုဆို၏။-
Giê-hu vào cung vua. Ăn uống xong, ông nói: “Bây giờ lo đi chôn người đàn bà bị nguyền rủa kia, dù sao bà ta cũng là con gái của vua.”
35 ၃၅ သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
Nhưng những người được sai đi chôn Giê-sa-bên chỉ thấy cái sọ, hai chân và hai bàn tay nằm đó.
36 ၃၆ ယေဟုအားအစီရင်ခံကြ၏။ ထိုအခါ ယေဟုက``ယေဇဗေလသည်ယေဇရေလ အရပ်တွင်ခွေးစာဖြစ်လိမ့်မည်။-
Họ quay lại trình báo. Giê-hu nói: “Đúng như lời Chúa Hằng Hữu phán qua đầy tớ Ngài là Ê-li người Tích-bê: ‘Chó sẽ ăn thịt Giê-sa-bên trong đất Gít-rê-ên.
37 ၃၇ သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။
Thây nó sẽ như phân trong đồng ruộng Gít-rê-ên đến nỗi chẳng ai còn nhận ra đó là Giê-sa-bên.’”