< ၄ ဓမ္မရာဇဝင် 9 >

1 ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-
ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
2 နိမ်​ရှိ​၏​မြေး၊ ယေ​ဟော​ရှ​ဖတ်​၏​သား​ယေ​ဟု ကို​ရှာ​လော့။ သူ့​ကို​အ​ဖော်​များ​ရှိ​ရာ​မှ​ဝေး ရာ​ဆိတ်​ကွယ်​သည့်​အ​ခန်း​သို့​ခေါ်​ပြီး​လျှင်၊-
ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
3 ဤ​ဆီ​ကို​သူ​၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​၍ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏' ဟု​မိန့်​တော် မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မှာ​ကြား​လိုက်​၏။
ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
4 သို့​ဖြစ်​၍​ပ​ရော​ဖက်​ငယ်​သည်​ရာ​မုတ်​မြို့ သို့​သွား​ရာ၊-
ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
5 ထို​အ​ရပ်​တွင်​တပ်​မှူး​များ​တိုင်​ပင်​နေ​ကြ​သည် ကို​တွေ့​လျှင်``တပ်​မှူး​မင်း၊ အ​ကျွန်ုပ်​သည်​အ​ရှင့် အ​တွက်​သ​တင်း​ယူ​ဆောင်​လာ​ပါ​သည်'' ဟု ဆို​၏။ ယေ​ဟု​က``ငါ​တို့​အ​နက်​မည်​သူ့​အ​တွက်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ​ပ​ရော​ဖက်​ငယ်​က``အ​ရှင့်​အ​တွက် ဖြစ်​ပါ​သည်'' ဟု​ဆို​၏။-
ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
6 ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-
ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
7 ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-
ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
8 အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-
အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
9 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​ဗာ​ရှာ​တို့ ၏​အိမ်​ထောင်​စု​တို့​ကို ငါ​စီ​ရင်​ခဲ့​သည့်​နည်း​တူ အာ​ဟပ်​၏​အိမ်​ထောင်​စု​ကို​လည်း​ငါ​စီ​ရင်​မည်။-
အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
10 ၁၀ ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။
၁၀ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
11 ၁၁ ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။
၁၁ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
12 ၁၂ ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။
၁၂သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
13 ၁၃ ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။
၁၃သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14 ၁၄ ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-
၁၄ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
15 ၁၅
၁၅သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
16 ၁၆ ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။
၁၆ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
17 ၁၇ ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
၁၇ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
18 ၁၈ မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-
၁၈မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
19 ၁၉ မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။
၁၉ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
20 ၂၀ ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။
၂၀စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
21 ၂၁ ယော​ရံ​က``ငါ​၏​စစ်​ရ​ထား​ကို​အ​သင့်​ပြင် လော့'' ဟု​အ​မိန့်​ပေး​၏။ အ​သင့်​ရှိ​သော​အ​ခါ သူ​နှင့်​အာ​ခ​ဇိ​မင်း​သည် စစ်​ရ​ထား​ကိုယ်​စီ​စီး ၍​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရန်​ထွက်​သွား​ကြ​၏။ သူ တို့​သည်​နာ​ဗုတ်​၏​မြေ​သို့​ရောက်​သော​အ​ခါ ယေ​ဟု​နှင့်​ဆုံ​မိ​ကြ​၏။-
၂၁ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
22 ၂၂ ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
၂၂ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
23 ၂၃ ယော​ရံ​က``အို အာ​ခ​ဇိ၊ တော်​လှန်​ပုန်​ကန်​မှု ပါ​တ​ကား'' ဟု​အော်​ဟစ်​ကာ​မိ​မိ​၏​စစ် ရ​ထား​ကို​လှည့်​၍​ထွက်​ပြေး​လေ​၏။-
၂၃ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
24 ၂၄ ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-
၂၄ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
25 ၂၅ ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။
၂၅ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
26 ၂၆
၂၆အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
27 ၂၇ အာ​ခ​ဇိ​မင်း​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို မြင်​သ​ဖြင့် မိ​မိ​၏​စစ်​ရ​ထား​ဖြင့်​ဗေ​သာ​ဂ​နံ မြို့​ဘက်​သို့​ထွက်​ပြေး​လေ​၏။ ယေ​ဟု​သည် သူ​၏​နောက်​မှ​လိုက်​၍``သူ့​ကို​လည်း​သတ်​ကြ လော့'' ဟု​မိ​မိ​၏​တပ်​သား​များ​အား​အ​မိန့် ပေး​၏။ အာ​ခ​ဇိ​မင်း​သည်​ဣ​ဗ​လံ​မြို့​အ​နီး ရှိ​ဂု​ရ​မြို့​သို့​သွား​ရာ​လမ်း​တွင်​ဒဏ်​ရာ​ရ လေ​သည်။ သို့​ရာ​တွင်​သူ​သည် မေ​ဂိဒ္ဒေါ​မြို့​သို့ ရောက်​သည့်​တိုင်​အောင်​ဆက်​လက်​သွား​ပြီး မှ​သေ​လေ​၏။-
၂၇ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
28 ၂၈ သူ​၏​အ​မှု​ထမ်း​တို့​သည်​သူ​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ယူ ဆောင်​ပြီး​လျှင်​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​၌ သင်္ဂြိုဟ်​ကြ​၏။
၂၈သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
29 ၂၉ အာ​ခ​ဇိ​သည်​အာ​ဟပ်​၏​သား​တော်​ဣ​သ ရေ​လ​ဘု​ရင်​ယော​ရံ​၏​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်​၌ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​ခဲ့​သ​တည်း။
၂၉ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
30 ၃၀ ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-
၃၀ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။
31 ၃၁ ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
၃၁ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊
32 ၃၂ ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-
၃၂ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။
33 ၃၃ ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-
၃၃ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
34 ၃၄ နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-
၃၄စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊
35 ၃၅ သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-
၃၅သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။
36 ၃၆ ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-
၃၆ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။
37 ၃၇ သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။
၃၇သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။

< ၄ ဓမ္မရာဇဝင် 9 >