< ၄ ဓမ္မရာဇဝင် 9 >

1 ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-
ထိုအခါ ပရောဖက် ဧလိရှဲ သည် ပရောဖက် အမျိုးသား တယောက် ကို ခေါ် ၍ ၊ သင် ၏ခါး ကို စည်း လော့။ ဤ ဆီ ဘူး ကိုယူ ၍ ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား လော့
2 နိမ်​ရှိ​၏​မြေး၊ ယေ​ဟော​ရှ​ဖတ်​၏​သား​ယေ​ဟု ကို​ရှာ​လော့။ သူ့​ကို​အ​ဖော်​များ​ရှိ​ရာ​မှ​ဝေး ရာ​ဆိတ်​ကွယ်​သည့်​အ​ခန်း​သို့​ခေါ်​ပြီး​လျှင်၊-
ရောက် သောအခါ ၊ နိမ်ရှိ သား ယောရှဖတ် ၏သား ယေဟု ကို ရှာ ၍ သူ့ထံသို့ဝင် လျက် ၊ သူ့ ကိုသူ ၏အပေါင်း အဘော်စုထဲ က ထွက် စေ၍ ၊ အတွင်းအခန်း ထဲသို့ ခေါ် ပြီးလျှင်၊ “
3 ဤ​ဆီ​ကို​သူ​၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​၍ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏' ဟု​မိန့်​တော် မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မှာ​ကြား​လိုက်​၏။
ဤ ဆီ ဘူး ကိုကိုင် ၍ သူ ၏ခေါင်း ပေါ် ၌ ဆီကို လောင်း လျက် ၊ ထာဝရဘုရား က၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား ၍ ဘိသိက် ပေးသည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါး ကိုဖွင့် ၍ မ ဆိုင်း မလင့် ဘဲ ပြေး လော့ဟု မှာထား လေ၏
4 သို့​ဖြစ်​၍​ပ​ရော​ဖက်​ငယ်​သည်​ရာ​မုတ်​မြို့ သို့​သွား​ရာ၊-
ထိုပရောဖက် အမျိုးသား လုလင် သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏
5 ထို​အ​ရပ်​တွင်​တပ်​မှူး​များ​တိုင်​ပင်​နေ​ကြ​သည် ကို​တွေ့​လျှင်``တပ်​မှူး​မင်း၊ အ​ကျွန်ုပ်​သည်​အ​ရှင့် အ​တွက်​သ​တင်း​ယူ​ဆောင်​လာ​ပါ​သည်'' ဟု ဆို​၏။ ယေ​ဟု​က``ငါ​တို့​အ​နက်​မည်​သူ့​အ​တွက်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ​ပ​ရော​ဖက်​ငယ်​က``အ​ရှင့်​အ​တွက် ဖြစ်​ပါ​သည်'' ဟု​ဆို​၏။-
ရောက် သောအခါ ၊ ဗိုလ် မင်း တို့သည်အတူ ထိုင် လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟု က၊ ငါ တို့အပေါင်း တွင် အဘယ်သူ အား ပြောစရာ ရှိသနည်းဟုမေး သော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏
6 ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-
ထိုအခါ ယေဟုသည် ထ ၍ အိမ် ထဲသို့ ဝင် သဖြင့် ၊ ပရောဖက်သည် သူ ၏ခေါင်း ပေါ် ၌ ဆီ ကိုလောင်း လျက်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါသည် သင့်ကို ထာဝရဘုရား ၏လူ ဣသရေလ အမျိုး၏ ရှင် ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက် ပေး၏
7 ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-
ငါ့ ကျွန် ပရောဖက် တို့ကိုသတ် သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်း ကိုသတ် သော အပြစ် အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ် ပေးမည် အကြောင်း၊ သင်သည် သင့် သခင် အာဟပ် အမျိုး ကို လုပ်ကြံ ရမည်
8 အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-
အာဟပ် အမျိုးသား ရှိသမျှ တို့ကို ပျက်စီး စေခြင်းငှါ ၊ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ အာဟပ် အမျိုးသားယောက်ျား များကို ငါပယ်ဖြတ် မည်
9 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​ဗာ​ရှာ​တို့ ၏​အိမ်​ထောင်​စု​တို့​ကို ငါ​စီ​ရင်​ခဲ့​သည့်​နည်း​တူ အာ​ဟပ်​၏​အိမ်​ထောင်​စု​ကို​လည်း​ငါ​စီ​ရင်​မည်။-
အာဟပ် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး ကဲ့သို့ ၎င်း ၊ အဟိယ ၏သား ဗာရှာ အမျိုး ကဲ့သို့ ၎င်း ဖြစ် စေမည်
10 ၁၀ ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။
၁၀ယေဇဗေလ ကို သင်္ဂြိုလ် သောသူ မရှိ။ ယေဇရေလ မြေကွက် ၌ ၊ ခွေး တို့သည်သူ့ကိုစား ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှတံခါး ကိုဖွင့် ၍ ပြေး ၏
11 ၁၁ ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။
၁၁ထိုအခါ ယေဟု သည် မိမိ သခင် ၏ ကျွန် တို့ရှိရာသို့ ထွက် ၍ ၊ တယောက်က၊ ရှိသမျှကောင်း သလော။ ထို” အရူး သည် အဘယ် ကြောင့်လာ သနည်းဟုမေး လျှင်၊ ယေဟုက၊ သင် တို့သည် ထိုသူ ကို၎င်း၊ သူ ပြော သော စကားကို၎င်း သိ ကြ၏ဟုဆို သော်၊ “
12 ၁၂ ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။
၁၂သူတို့က ငါတို့မသိ။ ပြော ပါလော့ဟု ဆို ပြန်သော် ၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏။ ထာဝရဘုရား က၊ ငါသည်သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊”
13 ၁၃ ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။
၁၃သူတို့သည် အလျင် အမြန်ထသဖြင့် ၊ အသီးအသီး မိမိ တို့ ဝတ်လုံ ကိုယူ ၍ လှေကား ထိပ် ပေါ် ယေဟု အောက် မှာခင်း လျက် ၊ ယေဟု သည် ရှင် ဘုရင်ဖြစ်တော်မူ၏ဟု တံပိုး မှုတ် ၍ ဟစ်ကြော် ကြ၏
14 ၁၄ ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-
၁၄ထိုသို့ နိမ်ရှိ သား ယောရှဖတ် ၏ သား ယေဟု သည် ယောရံ မင်း တဘက် သင်းဖွဲ့ လေ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ ကြောင့်၊ ယောရံ မင်းနှင့် ဣသရေလ လူ အပေါင်း တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏
15 ၁၅
၁၅သို့ရာတွင် ယောရံ မင်းသည် ရှုရိ ရှင်ဘုရင် ဟာဇေလ ကို စစ်တိုက် သောအခါ ၊ ရှုရိ လူထိခိုက် သော အနာ ကို ပျောက် စေခြင်းငှါ ယေဇရေလ မြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟု ကလည်း ၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့ သွား ၍ သိတင်းကြား ပြောရသော သူတစုံ တယောက်ကိုမျှ မြို့ ထဲ က မ ထွက် မသွားစေနှင့်ဟုစီရင်၏
16 ၁၆ ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။
၁၆ထိုသို့ ယောရံ မင်းသည် ယေဇရေလ မြို့၌ ရှိနေ သောကြောင့် ၊ ယေဟု သည် ရထားကိုစီး ၍ ထို မြို့သို့ သွား၏။ ထိုအခါ ယုဒ ရှင်ဘုရင် အာခဇိ သည်လည်း၊ ယောရံ မင်းကို ကြည့်ရှု အံ့သောငှါ ရောက် လာပြီ
17 ၁၇ ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
၁၇ယေဇရေလ မြို့၌ မျှော်စင် ပေါ် မှာ စောင့် သောသူသည် ရပ် လျက် ၊ ယေဟု နှင့် လိုက် လာသောအလုံးအရင်း ကို မြင် သောအခါ ၊ လူအလုံးအရင်း ကို ငါ မြင် သည်ဟု ဆို လျှင် ၊ ဆီးကြို ခြင်းငှါ သွား၍ ငြိမ်သက် ခြင်း ရှိသလော ဟု မေး မည်အကြောင်း ၊ ယောရံ သည် မြင်းစီး သူရဲတယောက်ကို စေလွှတ် သည်အတိုင်း၊ “
18 ၁၈ မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-
၁၈မြင်းစီး သူရဲသည် ဆီးကြို ခြင်းငှါ သွား ၍ ၊ ငြိမ်သက် ခြင်းရှိသလော ဟု ရှင်ဘုရင် မေး တော်မူကြောင်း ကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက်လော့ ဟုဆို ၏။ စောင့် သောသူကလည်း ၊ မြင်းစီး သူရဲသည်အလုံးအရင်းသို့ ရောက် ၍ ပြန် မ လာပါဟုဆို သော်၊ “
19 ၁၉ မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။
၁၉ရှင်ဘုရင်သည် အခြား သော မြင်းစီး သူရဲ တယောက်ကို စေလွှတ် ပြန်၍ ၊ သူသည်ရောက် သောအခါ ၊ ငြိမ်သက် ခြင်းရှိသလောဟု ရှင်ဘုရင် မေး တော်မူကြောင်းကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်း နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက် လော့ဟု ဆို ၏
20 ၂၀ ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။
၂၀စောင့် သောသူကလည်း ၊ မြင်းစီးသူရဲသည်ရောက် ၍ ပြန် မ လာပါ။ လာသောသူသည် နိမ်ရှိ သား ယေဟု နှင် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏
21 ၂၁ ယော​ရံ​က``ငါ​၏​စစ်​ရ​ထား​ကို​အ​သင့်​ပြင် လော့'' ဟု​အ​မိန့်​ပေး​၏။ အ​သင့်​ရှိ​သော​အ​ခါ သူ​နှင့်​အာ​ခ​ဇိ​မင်း​သည် စစ်​ရ​ထား​ကိုယ်​စီ​စီး ၍​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရန်​ထွက်​သွား​ကြ​၏။ သူ တို့​သည်​နာ​ဗုတ်​၏​မြေ​သို့​ရောက်​သော​အ​ခါ ယေ​ဟု​နှင့်​ဆုံ​မိ​ကြ​၏။-
၂၁ယောရံ မင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆို သည်အတိုင်း ၊ မြင်းရထား ကို ပြင်ဆင် ကြ၏။ ဣသရေလ ရှင်ဘုရင် ယောရံ နှင့် ယုဒ ရှင်ဘုရင် အာခဇိ တို့ သည် ရထား တော်တခုစီ စီး လျက် ယေဟု ကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလ မြို့သားနာဗုတ် ၏ မြေကွက် တွင် တွေ့ ကြ၏
22 ၂၂ ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
၂၂ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “
23 ၂၃ ယော​ရံ​က``အို အာ​ခ​ဇိ၊ တော်​လှန်​ပုန်​ကန်​မှု ပါ​တ​ကား'' ဟု​အော်​ဟစ်​ကာ​မိ​မိ​၏​စစ် ရ​ထား​ကို​လှည့်​၍​ထွက်​ပြေး​လေ​၏။-
၂၃ယောရံ က၊ အိုအာခဇိ ၊ ပုန်ကန် မှုပါတကားဟု ဆို လျက် လှည့် ၍ ပြေး ၏
24 ၂၄ ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-
၂၄ယေဟု သည်လည်း လေး ကို တင် ၍ ပစ် သဖြင့်၊ ယောရံ ကို ပခုံး ကြား မှာမှန်၏။ မြှား သည်လည်း နှလုံး ကို ထုတ် ချင်းဖောက်၍ ၊ ယောရံ သည် ရထား တော်ပေါ် မှာ လဲ နေ၏
25 ၂၅ ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။
၂၅ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော
26 ၂၆
၂၆အကယ် စင်စစ်နာဗုတ် အသွေး ၊ သူ့ သား တို့၏ အသွေး ကို မနေ့ က ငါကြည့် မြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤ မြေကွက် ၌ သင့် ကို အပြစ်နှင့် အလျောက်ငါဒဏ်ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်း ကိုချ ပစ်လော့ဟု မိမိရထားမှုးဗိဒကကို ဆို၏
27 ၂၇ အာ​ခ​ဇိ​မင်း​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို မြင်​သ​ဖြင့် မိ​မိ​၏​စစ်​ရ​ထား​ဖြင့်​ဗေ​သာ​ဂ​နံ မြို့​ဘက်​သို့​ထွက်​ပြေး​လေ​၏။ ယေ​ဟု​သည် သူ​၏​နောက်​မှ​လိုက်​၍``သူ့​ကို​လည်း​သတ်​ကြ လော့'' ဟု​မိ​မိ​၏​တပ်​သား​များ​အား​အ​မိန့် ပေး​၏။ အာ​ခ​ဇိ​မင်း​သည်​ဣ​ဗ​လံ​မြို့​အ​နီး ရှိ​ဂု​ရ​မြို့​သို့​သွား​ရာ​လမ်း​တွင်​ဒဏ်​ရာ​ရ လေ​သည်။ သို့​ရာ​တွင်​သူ​သည် မေ​ဂိဒ္ဒေါ​မြို့​သို့ ရောက်​သည့်​တိုင်​အောင်​ဆက်​လက်​သွား​ပြီး မှ​သေ​လေ​၏။-
၂၇ထိုအမှုကို ယုဒ ရှင်ဘုရင် အာခဇိ သည်မြင် လျှင် ၊ ဥယျာဉ်စံနန်းလမ်း ဖြင့် ပြေး ၏။ ယေဟု ကလည်း ၊ သူ့ ကို ရထား ပေါ် မှာ ထိုးတော့ဟု လိုက် လျက် ဆို သည်အတိုင်း၊ ဣဗလံ မြို့နား ၊ ဂုရ မြို့သို့သွား သောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါ မြို့သို့ပြေး ၍ သေ ၏
28 ၂၈ သူ​၏​အ​မှု​ထမ်း​တို့​သည်​သူ​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ယူ ဆောင်​ပြီး​လျှင်​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​၌ သင်္ဂြိုဟ်​ကြ​၏။
၂၈သူ ၏ကျွန် တို့သည် အလောင်း ကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ် မြို့ တွင် မိမိ သင်္ချိုင်း ၌ ဘိုးဘေး တို့နှင့်အတူ သင်္ဂြိုဟ် ကြ၏
29 ၂၉ အာ​ခ​ဇိ​သည်​အာ​ဟပ်​၏​သား​တော်​ဣ​သ ရေ​လ​ဘု​ရင်​ယော​ရံ​၏​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်​၌ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​ခဲ့​သ​တည်း။
၂၉ထိုမင်းအာခဇိ သည် အာဟပ် သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ယုဒ နိုင်ငံ၌ နန်း ထိုင်၏
30 ၃၀ ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-
၃၀ယေဟု သည် ယေဇရေလ မြို့သို့ ရောက် သည်ကို ယေဇဗေလ သည် ကြား လျှင် ၊ မျက်ခမ်း တို့ကို ဆေး သုတ်၍ ဆံပင် ကိုတန်ဆာ ဆင်ပြီးမှ ၊ ပြတင်းပေါက် ဝ၌ ကြည့်ရှု လျက် နေ၏
31 ၃၁ ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
၃၁ယေဟု သည် တံခါးဝ သို့ ဝင် သောအခါ ယေဇဗေလက၊ မိမိ သခင် ကိုသတ် သောဇိမရိ သည် ချမ်းသာ ရသလော ဟု မေး လျှင်၊ “
32 ၃၂ ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-
၃၂ယေဟု သည် မျှော် ကြည့်၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေသနည်း။ အဘယ်သူ ဟုမေး လေသော် ၊ မိန်းမစိုး နှစ် ယောက်သုံး ယောက်တို့သည် ပြတင်းပေါက် ထဲ က ကြည့်ရှု ကြ၏
33 ၃၃ ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-
၃၃ယေဟုက၊ သူ့ ကို တွန်း ချလိုက်ဟုဆို သည် အတိုင်း တွန်းချ သဖြင့် ၊ သူ ၏အသွေး သည် နန်းတော်ထရံ အပေါ် ၌၎င်း ၊ မြင်း တို့အပေါ် ၌၎င်း စဉ် ၏။ ယေဟုသည် သူ့ ကိုယ်ကို နင်း လေ၏။ အထဲသို့ဝင်၍၊”
34 ၃၄ နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-
၃၄စား သောက် ပြီးမှ ၊ ထို ကျိန် အပ်သော မိန်းမသည် ရှင်ဘုရင် သမီး ဖြစ်သောကြောင့် ၊ သွား ကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆို သည်အတိုင်း၊ “
35 ၃၅ သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-
၃၅သင်္ဂြိုဟ် ခြင်းငှါ သွား သောအခါ ၊ ဦးခေါင်းခွံ ၊ ခြေ ဖျား၊ လက်ဝါး တို့ကိုသာ တွေ့ သောကြောင့် ၊ တဖန် လာ၍ ကြားလျှောက်ကြ၏
36 ၃၆ ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-
၃၆ယေဟုက၊ ယေဇရေလ မြေကွက် ၌ ခွေး တို့သည် ယေဇဗေလ ၏အသား ကို စား ကြလိမ့်မည်ဟု ထာဝရဘုရား သည် မိမိ ကျွန် တိရှဘိ မြို့သားဧလိယ အားဖြင့် မိန့် တော်မူသော စကား တော်သည် ဤသို့ပြည့်စုံပြီ
37 ၃၇ သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။
၃၇သို့ဖြစ်၍ ဤ သင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှမ ပြော နိုင်မည်အကြောင်း ၊ သူ၏ အလောင်း ကောင်သည် ယေဇရေလ မြေကွက် တွင် ၊ လယ်ပြင် ၌ နောက်ချေး ကဲ့သို့ ရှိ ရလိမ့်မည်ဟု ဆို၏

< ၄ ဓမ္မရာဇဝင် 9 >