< ၄ ဓမ္မရာဇဝင် 8 >

1 ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-
တဖန် ဧလိရှဲ သည် အထက်က အသက်ရှင် စေ သော သူငယ် ၏အမိ ကို ခေါ် ၍၊ သင် သည် အိမ်သူ အိမ်သားနှင့်တကွ ထ သွား လော့။ တည်းခို ၍ နေနိုင်သော အရပ် တစုံတရပ်၌ တည်းခို ၍နေလော့။ ထာဝရဘုရား သည် အစာ ခေါင်းပါးရာကာလကို မှာ လိုက်တော်မူပြီ။ တပြည်လုံး ၌ ခုနစ် နှစ် ခေါင်းပါး လိမ့်မည်ဟု သတိ ပေး၏
2 ထို​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ညွှန်​ကြား​သည့် အ​တိုင်း မိ​မိ​၏​မိ​သား​စု​နှင့်​အ​တူ​ဖိ​လိတ္တိ​ပြည် သို့​သွား​ရောက်​၍​ခု​နစ်​နှစ်​တိုင်​တိုင်​နေ​ထိုင်​လေ သည်။
ထိုမိန်းမ သည် ဘုရား သခင့်လူ ၏စကား ကို နားထောင် သဖြင့် ၊ အိမ်သူ အိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိ ပြည် ၌ ခုနစ် နှစ် နေ ၏
3 ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။-
ခုနစ် နှစ် စေ့ သောအခါ ၊ ဖိလိတ္တိ ပြည် မှ ပြန် လာ၍ ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံမည့် အကြံနှင့် ရှင်ဘုရင် ထံ သို့သွား ၏
4 ထို​အ​ချိန်​၌​မင်း​ကြီး​သည်​ဧ​လိ​ရှဲ​၏​အ​စေ​ခံ ဂေ​ဟာ​ဇိ​နှင့်​ဆွေး​နွေး​ဆဲ​ဖြစ်​၏။ မင်း​ကြီး​သည် ဧ​လိ​ရှဲ​ပြ​ခဲ့​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​အ ကြောင်း​ကို​ကြား​သိ​လို​၏။-
ထိုအခါ ရှင် ဘုရင်သည် ဘုရား သခင့်လူ ၏ ကျွန် ဂေဟာဇိ နှင့် နှုတ်ဆက် လျက်၊ ဧလိရှဲ ပြု သော အံ့ဩဘွယ် သော အမှုအလုံးစုံ တို့ကို ပြော ပါလော့ဟု မိန့် တော်မူ၍၊ “
5 သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-
ဧလိရှဲ သည် သေ သောသူ အသက် ရှင်စေ ကြောင်း ကို ဂေဟာဇိ သည် ပြန် လျှောက်စဉ်တွင် ၊ အသက် ရှင် စေသောသူငယ် ၏ အမိ သည်ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင် မင်းကြီး ၊ ဤ မိန်းမ ကား ယခုပြော သော မိန်းမ၊ ဤ သူငယ် ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါသည် ဟု လျှောက်လျှင်၊”
6 မင်း​ကြီး​က​ဂေ​ဟာ​ဇိ​၏​စ​ကား​မှန်​မ​မှန် ကို​မေး​မြန်း​တော်​မူ​သော​အ​ခါ အ​မျိုး​သ​မီး က``မှန်​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​အ​မတ်​တစ်​ယောက်​ကို​ခေါ်​၍``ဤ အ​မျိုး​သ​မီး​အ​ဝေး​သို့​ရောက်​ရှိ​နေ​ခဲ့​သည့် ခု​နစ်​နှစ်​အ​တွင်း သူ​၏​လယ်​များ​မှ​ထွက်​သည့် အ​သီး​အ​နှံ​တန်​ဖိုး​အ​ပါ​အ​ဝင်​သူ​ပိုင် ဆိုင်​ခဲ့​သ​မျှ​ကို​သူ့​အား​ပြန်​၍​ပေး​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
ရှင် ဘုရင်သည် မိန်းမ ကို မေး ၍ မိန်းမလည်း သက်သေ ခံ၏။ ထိုအခါ ရှင်ဘုရင် က၊ သူ ၏ဥစ္စာ ရှိသမျှ ကို ၎င်း ၊ ပြည် တော်က ထွက် သောနေ့ မှစ၍ ယခု တိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို၎င်း ပြန် ပေးစေဟု မိန့် တော်မူလျက် ၊ သူ၏အမှုကို စောင့်စေခြင်းငှါအရာရှိ တယောက် ကို ခန့်ထား တော်မူ၏
7 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​နာ​မ​ကျန်း​ရှိ​တော်​မူ ချိန်​၌ ဧ​လိ​ရှဲ​သည်​ဒ​မာ​သက်​မြို့​သို့​ရောက် ရှိ​လာ​၏။ ဧ​လိ​ရှဲ​ရောက်​ရှိ​နေ​ကြောင်း​မင်း ကြီး​ကြား​သိ​တော်​မူ​သော​အ​ခါ၊-
တဖန် ဧလိရှဲ သည် ဒမာသက် မြို့သို့သွား ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် နာ နေ၏။ ဘုရား သခင် ၏လူ ရောက် ကြောင်း ကို နား တော်လျှောက်လေ သော်၊ “
8 အ​မတ်​တစ်​ဦး​ဖြစ်​သော​ဟာ​ဇေ​လ​အား လက်​ဆောင်​ယူ​ပြီး​လျှင် ပ​ရော​ဖက်​ထံ​သို့ သွား​၍​မိ​မိ​သည်​ပြန်​လည်​ကျန်း​မာ​လာ မည်​မ​လာ​မည်​ကို​ထာ​ဝရ​ဘု​ရား​အား မေး​မြန်း​လျှောက်​စေ​ရန်​စေ​လွှတ်​တော်​မူ​၏။-
ဟာဇေလ ကို ခေါ် ၍ ၊ သင် သည်လက်ဆောင် ကို ဆောင် လျက် ဘုရား သခင်၏ လူ ကိုခရီးဦး ကြိုပြုပြီးလျှင် ၊ ငါသည်ဤ အနာ မှ ထမြောက် မည်လော ဟု သူ အားဖြင့် ထာဝရဘုရား ကို မေးလျှောက် လော့ဟု စေလွှတ် သည် အတိုင်း၊ “
9 ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။
ဟာဇေလ သည်ကုလားအုပ် လေးဆယ် အပေါ်မှာ ဒမာသက် ဥစ္စာ များကိုတင် ၍ ၊ လက်ဆောင် ကို ဆောင် သဖြင့် ၊ ဘုရားသခင်၏လူကို ခရီးဦး ကြို ပြုခြင်းငှါ သွား ၍ ရှေ့ တော်၌ ရပ် လျက် ၊ ကိုယ်တော် ၏သား ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် က၊ ငါသည်ဤ အနာ မှ ထမြောက် ရမည်လော ဟု မေးမြန်း စေခြင်းငှါ ၊ ကျွန်တော် ကို စေလွှတ် ပါသည်ဟု ဆို ၏
10 ၁၀ ဧ​လိ​ရှဲ​က``မင်း​ကြီး​သည်​ကွယ်​လွန်​မည်​ဖြစ် ကြောင်း ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော် မူ​ပြီ။ သို့​ရာ​တွင်​သူ​သည်​ပြန်​လည်​ကျန်း​မာ လာ​လိမ့်​မည်​ဟု​သူ့​အား​ပြော​ကြား​လော့'' ဟု​ဆို​၏။-
၁၀ဧလိရှဲ ကလည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် ထမြောက် နိုင်ပါ၏ဟု ပြန် လျှောက် လော့။ သို့သော်လည်း ဆက်ဆက် သေရမည်အကြောင်း ကို ထာဝရဘုရား သည် ငါ့ အားပြ တော်မူပြီဟုဆို လျက်၊”
11 ၁၁ ထို​နောက်​ဧ​လိ​ရှဲ​သည်​ဟာ​ဇေ​လ​အား​အ​နေ ခက်​စေ​သည့်​တိုင်​အောင် ထိတ်​လန့်​သည့်​အ​မူ အ​ရာ​ဖြင့်​စိုက်​၍​ကြည့်​ပြီး​လျှင်​ငို​လေ​၏။-
၁၁စေ့စေ့ကြည့်ရှု ၍ ဟာဇေလ သည် မျက်နှာ ပျက် လေ၏။ ဘုရား သခင်၏ လူ သည်လည်း မျက်ရည် ကျ၏
12 ၁၂ ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။
၁၂ဟာဇေလ ကလည်း ၊ သခင် သည် အဘယ် ကြောင့် မျက်ရည် ကျတော်မူသနည်းဟုမေး လျှင် ဧလိရှဲ က၊ သင်သည် ဣသရေလ အမျိုးသား တို့၌ ပြု လတံ့သော ဘေးဥပဒ်တည်းဟူသောသူ တို့ ၏ ရဲတိုက် များကို မီးရှို့ ခြင်း၊ လုလင် များကို ထား နှင့် သတ် ခြင်း၊ သူငယ် များကို မြေပေါ်မှာ ဆောင့် ဖွပ်ခြင်း၊ ကိုယ်ဝန် ဆောင်သော မိန်းမများ၌ ဝမ်းခွဲ ခြင်းကို ပြုလိမ့်မည်ဟု ငါသိ မြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြော သော်၊”
13 ၁၃ ဟာ​ဇေ​လ​က``အ​ကျွန်ုပ်​သည်​မ​ရေ​ရာ​သူ တစ်​ဦး​ဖြစ်​ပါ​သည်။ အ​ဘယ်​သို့​လျှင်​ဤ မျှ​တန်​ခိုး​ကြီး​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ရှု​ရိ​ပြည်​ကို​စိုး​စံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း ငါ့​အား​ထာ​ဝရ​ဘု​ရား​ဖော်​ပြ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
၁၃ဟာဇေလ က၊ ကိုယ်တော် ကျွန် သည် ခွေး ဖြစ်လျက် နှင့် ဤ မျှလောက်ကြီး သော အမှု ကို ပြု ရပါလိမ့်မည် လောဟု မေး ပြန်သော်၊ ဧလိရှဲ က၊ သင် သည် ရှုရိ နိုင်ငံကို စိုးစံ ရလိမ့်မည်အကြောင်းကို ထာဝရဘုရား သည် ငါ့ အား ပြ တော်မူပြီဟုဆို ၏
14 ၁၄ ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ပြန်​ရောက်​သော အ​ခါ မင်း​ကြီး​က``ဧ​လိ​ရှဲ​အ​ဘယ်​သို့​အ​မိန့် ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင် ``အ​ရှင်​ပြန်​လည်​ကျန်း​မာ​လာ​လိမ့်​မည်​ဟု ပြော​ပါ​သည်'' ဟု​လျှောက်​၏။-
၁၄ဟာဇေလသည်သွား ၍ မိမိ သခင့် ထံ သို့ရောက် သောအခါ ၊ သခင်က၊ ဧလိရှဲ သည် အဘယ်သို့ ဆို သနည်း ဟုမေး လျှင် ၊ ကိုယ်တော် သည် အနာမှ ဆက်ဆက်ထမြောက် တော်မူမည်ဆို ပါသည်ဟု လျှောက် လေ၏
15 ၁၅ သို့​ရာ​တွင်​နောက်​တစ်​နေ့​၌​ဟာ​ဇေ​လ​သည် စောင်​တစ်​ထည်​ကို​ရေ​ဆွတ်​ပြီး​လျှင်​မင်း​ကြီး ၏​မျက်​နှာ​ကို​ဖုံး​အုပ်​၍​သတ်​လေ​၏။ ထို​နောက်​ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​၏။
၁၅နက်ဖြန် နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ် ကို ရေ ၌ နှစ် ပြီး လျှင်၊ ရှင် ဘုရင်၏ မျက်နှာ ကို ဖုံးအုပ် သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလ သည် နန်း ထိုင်လေ၏
16 ၁၆ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-
၁၆ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံငါး နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ သည် နန်း ထိုင်လေ၏
17 ၁၇
၁၇အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ ယေရုရှလင် မြို့၌ မင်း ပြု၍ ရှစ် နှစ် စိုးစံ ၏
18 ၁၈ သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။-
၁၈အာဟပ် သမီး နှင့် စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက်ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
19 ၁၉ သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။
၁၉သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစရှိ သော သား မြေးတို့ ၏မီးခွက် ကို အစဉ် ထွန်းလင်း စေမည်ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒ ပြည်ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏
20 ၂၀ ယ​ဟော​ရံ​နန်း​စံ​နေ​ချိန်​၌​ဧ​ဒုံ​ပြည်​သည် ယု​ဒ ပြည်​ကို​ပုန်​ကန်​၍​လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ လေ​သည်။-
၂၀ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သည် ယုဒ ရှင်ဘုရင် ကို ပုန်ကန် ၍ ကိုယ် အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏
21 ၂၁ သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။-
၂၁ယဟောရံ မင်းသည် ရထား စီးသူရဲအပေါင်း တို့ နှင့်တကွ ၊ ဇာဣရ မြို့သို့ စစ်ချီ ၍ ညဉ့် အခါဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ သဖြင့် ၊ ဧဒုံလူတို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏
22 ၂၂ ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။
၂၂သို့သော်လည်း ၊ ဧဒုံ ပြည်သည်ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၏။ထို ကာလ ၌ လိဗန ပြည်သည်လည်း ပုန်ကန် ၏
23 ၂၃ ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
၂၃ယဟောရံ ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
24 ၂၄ ယ​ဟော​ရံ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
၂၄ယဟောရံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော်အာခဇိ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏
25 ၂၅ အာ​ဟပ်​၏​သား​တော်၊ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ ၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ်​မြောက်​၌ ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​ယ​ဟော​ရံ​၏​သား​အ​သက်​နှစ် ဆယ့်​နှစ်​နှစ်​ရှိ​အာ​ခ​ဇိ​နန်း​တက်​၏။-
၂၅ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံဆယ် နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် နန်းထိုင် လေ၏
26 ၂၆ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-
၂၆အသက်နှစ်ဆယ် နှစ် နှစ် ရှိသော်၊ မင်းပြု ၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ဣသရေလ ရှင်ဘုရင် ဩမရိ မြေး အာသလိ အမည် ရှိ၏
27 ၂၇ အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​နှင့်​အိမ်​ထောင်​ရေး အ​ရ​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် အာ​ဟပ်​မင်း​အိမ် ထောင်​စု​နည်း​တူ​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား လေ​သည်။
၂၇အာခဇိ သည် အာဟပ် ၏သမက် ဖြစ်သဖြင့် ၊ အာဟပ် အမျိုး လိုက်ရာလမ်း သို့ လိုက် ၍ ၊ အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
28 ၂၈ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-
၂၈အာဟပ် ၏သား ယောရံ နှင့် ဝိုင်း လျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိ လူတို့သည်ယောရံ ကိုထိခိုက် ကြ၏
29 ၂၉ အ​နာ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန် လေ​၏။ အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု​ရန် ထို​မြို့​သို့​သွား​လေ​၏။
၂၉ထိုသို့ရာမုတ် မြို့၌ ရှုရိ ဘုရင် ဟာဇေလ ကိုတိုက် ၍ ၊ ရှုရိ လူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံ မင်းကြီး သည် ယေဇရေလ မြို့သို့ ပြန် သွား၍ နာ လျက်နေစဉ်တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည်လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏

< ၄ ဓမ္မရာဇဝင် 8 >