< ၄ ဓမ္မရာဇဝင် 8 >

1 ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-
Then spoke Elisha unto the woman, whose son he had restored to life, saying, Arise, and go you and your household, and sojourn where ever you can sojourn: for the LORD has called for a famine; and it shall also come upon the land seven years.
2 ထို​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ညွှန်​ကြား​သည့် အ​တိုင်း မိ​မိ​၏​မိ​သား​စု​နှင့်​အ​တူ​ဖိ​လိတ္တိ​ပြည် သို့​သွား​ရောက်​၍​ခု​နစ်​နှစ်​တိုင်​တိုင်​နေ​ထိုင်​လေ သည်။
And the woman arose, and did after the saying of the man of God: and she went with her household, and sojourned in the land of the Philistines seven years.
3 ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။-
And it came to pass at the seven years' end, that the woman returned out of the land of the Philistines: and she went forth to cry unto the king for her house and for her land.
4 ထို​အ​ချိန်​၌​မင်း​ကြီး​သည်​ဧ​လိ​ရှဲ​၏​အ​စေ​ခံ ဂေ​ဟာ​ဇိ​နှင့်​ဆွေး​နွေး​ဆဲ​ဖြစ်​၏။ မင်း​ကြီး​သည် ဧ​လိ​ရှဲ​ပြ​ခဲ့​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​အ ကြောင်း​ကို​ကြား​သိ​လို​၏။-
And the king talked with Gehazi the servant of the man of God, saying, Tell me, I pray you, all the great things that Elisha has done.
5 သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-
And it came to pass, as he was telling the king how he had restored a dead body to life, that, behold, the woman, whose son he had restored to life, cried to the king for her house and for her land. And Gehazi said, My lord, O king, this is the woman, and this is her son, whom Elisha restored to life.
6 မင်း​ကြီး​က​ဂေ​ဟာ​ဇိ​၏​စ​ကား​မှန်​မ​မှန် ကို​မေး​မြန်း​တော်​မူ​သော​အ​ခါ အ​မျိုး​သ​မီး က``မှန်​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​အ​မတ်​တစ်​ယောက်​ကို​ခေါ်​၍``ဤ အ​မျိုး​သ​မီး​အ​ဝေး​သို့​ရောက်​ရှိ​နေ​ခဲ့​သည့် ခု​နစ်​နှစ်​အ​တွင်း သူ​၏​လယ်​များ​မှ​ထွက်​သည့် အ​သီး​အ​နှံ​တန်​ဖိုး​အ​ပါ​အ​ဝင်​သူ​ပိုင် ဆိုင်​ခဲ့​သ​မျှ​ကို​သူ့​အား​ပြန်​၍​ပေး​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
And when the king asked the woman, she told him. So the king appointed unto her a certain officer, saying, Restore all that was hers, and all the fruits of the field since the day that she left the land, even until now.
7 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​နာ​မ​ကျန်း​ရှိ​တော်​မူ ချိန်​၌ ဧ​လိ​ရှဲ​သည်​ဒ​မာ​သက်​မြို့​သို့​ရောက် ရှိ​လာ​၏။ ဧ​လိ​ရှဲ​ရောက်​ရှိ​နေ​ကြောင်း​မင်း ကြီး​ကြား​သိ​တော်​မူ​သော​အ​ခါ၊-
And Elisha came to Damascus; and Benhadad the king of Syria was sick; and it was told him, saying, The man of God has come here.
8 အ​မတ်​တစ်​ဦး​ဖြစ်​သော​ဟာ​ဇေ​လ​အား လက်​ဆောင်​ယူ​ပြီး​လျှင် ပ​ရော​ဖက်​ထံ​သို့ သွား​၍​မိ​မိ​သည်​ပြန်​လည်​ကျန်း​မာ​လာ မည်​မ​လာ​မည်​ကို​ထာ​ဝရ​ဘု​ရား​အား မေး​မြန်း​လျှောက်​စေ​ရန်​စေ​လွှတ်​တော်​မူ​၏။-
And the king said unto Hazael, Take a present in your hand, and go, meet the man of God, and enquire of the LORD by him, saying, Shall I recover of this disease?
9 ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။
So Hazael went to meet him, and took a present with him, even of every good thing of Damascus, forty camels' burden, and came and stood before him, and said, Your son Benhadad king of Syria has sent me to you, saying, Shall I recover of this disease?
10 ၁၀ ဧ​လိ​ရှဲ​က``မင်း​ကြီး​သည်​ကွယ်​လွန်​မည်​ဖြစ် ကြောင်း ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော် မူ​ပြီ။ သို့​ရာ​တွင်​သူ​သည်​ပြန်​လည်​ကျန်း​မာ လာ​လိမ့်​မည်​ဟု​သူ့​အား​ပြော​ကြား​လော့'' ဟု​ဆို​၏။-
And Elisha said unto him, Go, say unto him, You may certainly recover: nevertheless the LORD has showed me that he shall surely die.
11 ၁၁ ထို​နောက်​ဧ​လိ​ရှဲ​သည်​ဟာ​ဇေ​လ​အား​အ​နေ ခက်​စေ​သည့်​တိုင်​အောင် ထိတ်​လန့်​သည့်​အ​မူ အ​ရာ​ဖြင့်​စိုက်​၍​ကြည့်​ပြီး​လျှင်​ငို​လေ​၏။-
And he settled his countenance steadfastly, until he was ashamed: and the man of God wept.
12 ၁၂ ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။
And Hazael said, Why weeps my lord? And he answered, Because I know the evil that you will do unto the children of Israel: their strong holds will you set on fire, and their young men will you slay with the sword, and will dash their children, and rip up their women with child.
13 ၁၃ ဟာ​ဇေ​လ​က``အ​ကျွန်ုပ်​သည်​မ​ရေ​ရာ​သူ တစ်​ဦး​ဖြစ်​ပါ​သည်။ အ​ဘယ်​သို့​လျှင်​ဤ မျှ​တန်​ခိုး​ကြီး​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ရှု​ရိ​ပြည်​ကို​စိုး​စံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း ငါ့​အား​ထာ​ဝရ​ဘု​ရား​ဖော်​ပြ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
And Hazael said, But what, is your servant a dog, that he should do this great thing? And Elisha answered, The LORD has showed me that you shall be king over Syria.
14 ၁၄ ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ပြန်​ရောက်​သော အ​ခါ မင်း​ကြီး​က``ဧ​လိ​ရှဲ​အ​ဘယ်​သို့​အ​မိန့် ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင် ``အ​ရှင်​ပြန်​လည်​ကျန်း​မာ​လာ​လိမ့်​မည်​ဟု ပြော​ပါ​သည်'' ဟု​လျှောက်​၏။-
So he departed from Elisha, and came to his master; who said to him, What said Elisha to you? And he answered, He told me that you should surely recover.
15 ၁၅ သို့​ရာ​တွင်​နောက်​တစ်​နေ့​၌​ဟာ​ဇေ​လ​သည် စောင်​တစ်​ထည်​ကို​ရေ​ဆွတ်​ပြီး​လျှင်​မင်း​ကြီး ၏​မျက်​နှာ​ကို​ဖုံး​အုပ်​၍​သတ်​လေ​၏။ ထို​နောက်​ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​၏။
And it came to pass on the next day, that he took a thick cloth, and dipped it in water, and spread it on his face, so that he died: and Hazael reigned in his position.
16 ၁၆ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-
And in the fifth year of Joram the son of Ahab king of Israel, Jehoshaphat being then king of Judah, Jehoram the son of Je hoshaphat king of Judah began to reign.
17 ၁၇
Thirty and two years old was he when he began to reign; and he reigned eight years in Jerusalem.
18 ၁၈ သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။-
And he walked in the way of the kings of Israel, as did the house of Ahab: for the daughter of Ahab was his wife: and he did evil in the sight of the LORD.
19 ၁၉ သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။
Yet the LORD would not destroy Judah for David his servant's sake, as he promised him to give him always a light, and to his children.
20 ၂၀ ယ​ဟော​ရံ​နန်း​စံ​နေ​ချိန်​၌​ဧ​ဒုံ​ပြည်​သည် ယု​ဒ ပြည်​ကို​ပုန်​ကန်​၍​လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ လေ​သည်။-
In his days Edom revolted from under the hand of Judah, and made a king over themselves.
21 ၂၁ သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။-
So Joram went over to Zair, and all the chariots with him: and he rose by night, and stroke the Edomites which compassed him about, and the captains of the chariots: and the people fled into their tents.
22 ၂၂ ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။
Yet Edom revolted from under the hand of Judah unto this day. Then Libnah revolted at the same time.
23 ၂၃ ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
And the rest of the acts of Joram, and all that he did, are they not written in the book of the chronicles of the kings of Judah?
24 ၂၄ ယ​ဟော​ရံ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
And Joram slept with his fathers, and was buried with his fathers in the city of David: and Ahaziah his son reigned in his position.
25 ၂၅ အာ​ဟပ်​၏​သား​တော်၊ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ ၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ်​မြောက်​၌ ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​ယ​ဟော​ရံ​၏​သား​အ​သက်​နှစ် ဆယ့်​နှစ်​နှစ်​ရှိ​အာ​ခ​ဇိ​နန်း​တက်​၏။-
In the twelfth year of Joram the son of Ahab king of Israel did Ahaziah the son of Jehoram king of Judah begin to reign.
26 ၂၆ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-
Two and twenty years old was Ahaziah when he began to reign; and he reigned one year in Jerusalem. And his mother's name was Athaliah, the daughter of Omri king of Israel.
27 ၂၇ အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​နှင့်​အိမ်​ထောင်​ရေး အ​ရ​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် အာ​ဟပ်​မင်း​အိမ် ထောင်​စု​နည်း​တူ​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား လေ​သည်။
And he walked in the way of the house of Ahab, and did evil in the sight of the LORD, as did the house of Ahab: for he was the son in law of the house of Ahab.
28 ၂၈ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-
And he went with Joram the son of Ahab to the war against Hazael king of Syria in Ramothgilead; and the Syrians wounded Joram.
29 ၂၉ အ​နာ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန် လေ​၏။ အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု​ရန် ထို​မြို့​သို့​သွား​လေ​၏။
And king Joram went back to be healed in Jezreel of the wounds which the Syrians had given him at Ramah, when he fought against Hazael king of Syria. And Ahaziah the son of Jehoram king of Judah went down to see Joram the son of Ahab in Jezreel, because he was sick.

< ၄ ဓမ္မရာဇဝင် 8 >