< ၄ ဓမ္မရာဇဝင် 8 >
1 ၁ ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
Elizej bijaše savjetovao ženi kojoj je oživio sina: “Ustani, pođi sa svojom obitelji i skloni se kao tuđinka bilo kamo, jer je Jahve pustio glad; već je došla u zemlju za sedam godina.”
2 ၂ ထိုအမျိုးသမီးသည်ဧလိရှဲညွှန်ကြားသည့် အတိုင်း မိမိ၏မိသားစုနှင့်အတူဖိလိတ္တိပြည် သို့သွားရောက်၍ခုနစ်နှစ်တိုင်တိုင်နေထိုင်လေ သည်။
Žena usta i učini kako joj je rekao čovjek Božji: otišla je, ona i njena obitelj, i ostala sedam godina u zemlji filistejskoj.
3 ၃ ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။-
Na kraju sedme godine žena se vrati iz zemlje filistejske i ode kralju da zatraži svoju kuću i njivu.
4 ၄ ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။-
Upravo je kralj razgovarao s Gehazijem, momkom Božjega čovjeka. Govorio mu je: “Pripovijedaj mi o svim velikim djelima koja je Elizej učinio.”
5 ၅ သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။-
I kad je pripovijedao kralju o uskrisenju djeteta, eto žene kojoj je Elizej oživio sina; ona se obrati kralju radi svoje kuće i njive. A Gezahi reče: “Gospodaru kralju, evo one žene i evo njena sina koga je Elizej oživio.”
6 ၆ မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။
Kralj upita ženu i ona mu sve pripovjedi. Tada joj kralj dade jednoga slugu, komu naredi: “Neka joj se vrati sve što je njeno i svi prihodi od njive od dana kada je ostavila zemlju do danas!”
7 ၇ ရှုရိဘုရင်ဗင်္ဟာဒဒ်နာမကျန်းရှိတော်မူ ချိန်၌ ဧလိရှဲသည်ဒမာသက်မြို့သို့ရောက် ရှိလာ၏။ ဧလိရှဲရောက်ရှိနေကြောင်းမင်း ကြီးကြားသိတော်မူသောအခါ၊-
Elizej dođe u Damask. Ben-Hadad, kralj aramejski, bijaše obolio. Odmah mu javiše: “Božji čovjek došao ovamo.”
8 ၈ အမတ်တစ်ဦးဖြစ်သောဟာဇေလအား လက်ဆောင်ယူပြီးလျှင် ပရောဖက်ထံသို့ သွား၍မိမိသည်ပြန်လည်ကျန်းမာလာ မည်မလာမည်ကိုထာဝရဘုရားအား မေးမြန်းလျှောက်စေရန်စေလွှတ်တော်မူ၏။-
Tada reče kralj Hazaelu: “Uzmi sa sobom dar pa idi pred Božjeg čovjeka. I preko njega se posavjetuj s Jahvom da bi saznao hoću li se izliječiti od ove bolesti.”
9 ၉ ထို့ကြောင့်ဟာဇေလသည်ဒမာသက်မြို့မှ ထွက်သော အဖိုးတန်ပစ္စည်းတို့ကိုကုလား အုတ်လေးဆယ်ဖြင့်တင်၍ ဧလိရှဲထံသို့ သွားပြီးနောက်``အရှင်၏အစေခံဗင်္ဟာဒဒ် မင်းက မိမိပြန်လည်ကျန်းမာလာမည် မလာမည်ကိုအရှင့်ထံစုံစမ်းမေးမြန်းရန် အကျွန်ုပ်အားစေလွှတ်လိုက်ပါသည်'' ဟု လျှောက်၏။
Hazael ode pred Elizeja i donese mu u dar što bijaše od ponajboljeg u Damasku, sve to natovareno na četrdeset deva. Dođe on i stade preda nj i reče: “Tvoj sin Ben-Hadad, kralj aramejski, šalje me k tebi i pita hoće li ozdraviti od one bolesti.”
10 ၁၀ ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။-
Elizej mu odgovori: “Idi i reci mu: 'Ozdravit ćeš, dakako!' Ali mi je Jahve pokazao da će umrijeti.”
11 ၁၁ ထိုနောက်ဧလိရှဲသည်ဟာဇေလအားအနေ ခက်စေသည့်တိုင်အောင် ထိတ်လန့်သည့်အမူ အရာဖြင့်စိုက်၍ကြည့်ပြီးလျှင်ငိုလေ၏။-
I čovjek Božji uprije pogled preda se, smeten, i zaplaka.
12 ၁၂ ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။ ဧလိရှဲက``ဣသရေလအမျိုးသားတို့အား သင်ပြုမည့်ကြမ်းကြုတ်ဆိုးယုတ်သည့်အမှု တို့ကို ငါသိမြင်သောကြောင့်ဖြစ်၏။ သင်သည် သူတို့၏ရဲတိုက်များကိုမီးရှို့ကာ အဖိုးတန် လူငယ်လူရွယ်တို့ကိုသတ်ဖြတ်လိမ့်မည်။ ကလေးသူငယ်တို့ကိုဆောင့်၍သတ်ပြီးလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့၏ဝမ်းကို ခွဲလိမ့်မည်'' ဟုဆို၏။
Hazael reče: “Zašto plačeš, moj gospodaru?” Elizej odgovori: “Zato što znam sva zla koja ćeš ti učiniti Izraelcima: spalit ćeš im utvrde, mačem ćeš poubijati njihove ratnike, njihovu ćeš djecu satirati, a trudne žene parati.”
13 ၁၃ ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။ ဧလိရှဲက``သင်သည်ရှုရိပြည်ကိုစိုးစံရလိမ့် မည်ဖြစ်ကြောင်း ငါ့အားထာဝရဘုရားဖော်ပြ တော်မူလေပြီ'' ဟုဆို၏။
Hazael reče: “Ali što je tvoj sluga? Zar je pas da učini tako strašne stvari?” Elizej odgovori: “U jednoj Jahvinoj objavi vidio sam tebe kao kralja aramejskog.”
14 ၁၄ ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။-
Hazael ode od Elizeja i vrati se svome gospodaru, koji ga upita: “Što ti je rekao Elizej?” On odgovori: “Rekao mi je da ćeš ozdraviti.”
15 ၁၅ သို့ရာတွင်နောက်တစ်နေ့၌ဟာဇေလသည် စောင်တစ်ထည်ကိုရေဆွတ်ပြီးလျှင်မင်းကြီး ၏မျက်နှာကိုဖုံးအုပ်၍သတ်လေ၏။ ထိုနောက်ဟာဇေလသည်ဗင်္ဟာဒဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေ၏။
Ali sutradan uze pokrivač, namoči ga u vodi i pokri kralja preko lica te on umrije. A na njegovo mjesto zakralji se Hazael.
16 ၁၆ ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။-
Pete godine kraljevanja Jorama, sina Ahabova, u Izraelu, postade judejskim kraljem Joram, sin Jošafatov.
Bile su mu trideset i dvije godine kad se zakraljio, a kraljevao je osam godina u Jeruzalemu.
18 ၁၈ သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
Živio je poput izraelskih kraljeva, kao i dom Ahabov, jer mu je kći Ahabova bila žena; radio je što je zlo u Jahvinim očima.
19 ၁၉ သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။
Ipak Jahve ne htjede razoriti Judeje zbog sluge svoga Davida, zato što mu obeća da će dati svjetiljku njemu i njegovim sinovima zauvijek.
20 ၂၀ ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။-
U njegovo se vrijeme Edomci odmetnuše ispod judejske vlasti i postaviše sebi kralja.
21 ၂၁ သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။-
Joram ode u Seir i s njim sva bojna kola. Diže se noću i pobi Edomce koji su bili opkolili njega i zapovjednike bojnih kola. Narod pobježe u svoje šatore.
22 ၂၂ ထိုအခါမှအစပြု၍ယခုတိုင်ဧဒုံပြည် သည် ယုဒသြဇာခံမဟုတ်တော့ဘဲလွတ်လပ် သောနိုင်ငံဖြစ်လာလေသည်။ ထိုအချိန်ကာလ ၌လိဗနမြို့သည်လည်းပုန်ကန်လေ၏။
Ipak su se Edomci oslobodili ispod judejske vlasti sve do danas. U isto se doba odmetnu i Libna.
23 ၂၃ ယဟောရံလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
Ostala povijest Jorama, sve što je učinio, zar to nije zapisano u knjizi Ljetopisa kraljeva judejskih?
24 ၂၄ ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
Joram počinu kraj svojih otaca i bi pokopan k svojim ocima u Davidovu gradu. Njegov sin Ahazja zakralji se mjesto njega.
25 ၂၅ အာဟပ်၏သားတော်၊ ဣသရေလဘုရင်ယောရံ ၏နန်းစံတစ်ဆယ့်နှစ်နှစ်မြောက်၌ ယုဒပြည် ဘုရင်အဖြစ်ယဟောရံ၏သားအသက်နှစ် ဆယ့်နှစ်နှစ်ရှိအာခဇိနန်းတက်၏။-
Dvanaeste godine Jorama, sina Ahabova, kralja Izraela, postade judejskim kraljem Ahazja, sin Joramov.
26 ၂၆ သူသည်ယေရုရှလင်မြို့တွင်တစ်နှစ်မျှအုပ် စိုးရ၏။ သူ၏မယ်တော်မှာဣသရေလဘုရင် သြမရိ၏မြေးအာသလိဖြစ်၏။-
Ahazji bijahu dvadeset i dvije godine kad se zakraljio, a kraljevao je godinu dana u Jeruzalemu. Mati mu se zvala Atalija, a bila je kći izraelskog kralja Omrija.
27 ၂၇ အာခဇိသည်အာဟပ်မင်းနှင့်အိမ်ထောင်ရေး အရဆွေမျိုးတော်စပ်သဖြင့် အာဟပ်မင်းအိမ် ထောင်စုနည်းတူထာဝရဘုရားအားပြစ်မှား လေသည်။
I on je hodio putem obitelji Ahabove i činio je zlo u očima Jahvinim, kao i obitelj Ahabova, jer je s njom bio u rodu.
28 ၂၈ ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊-
On je pošao s Joramom, sinom Ahabovim, u Ramot Gilead u boj protiv Hazaela, aramskog kralja.
29 ၂၉ အနာကိုကုသရန်ယေဇရေလမြို့သို့ပြန် လေ၏။ အာခဇိသည်လည်းသူ့ကိုကြည့်ရှုရန် ထိုမြို့သို့သွားလေ၏။
Kralj Joram vratio se u Jizreel da se liječi od rana što mu ih zadadoše u Rami kad se borio s aramejskim kraljem Hazaelom. Joramov sin Ahazja, judejski kralj, sišao je u Jizreel da posjeti Ahabova sina Jorama jer se Joram razbolio.