< ၄ ဓမ္မရာဇဝင် 7 >
1 ၁ ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
Maar Eliseus sprak: Hoort het woord van Jahweh! Zo spreekt Jahweh! Morgen om deze tijd kost bij de poort van Samaria een maat meel een sikkel, en twee maten gerst evenveel.
2 ၂ မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
Maar de hopman, op wiens arm de koning leunde, riep den godsman toe: Al maakt Jahweh sluizen in de hemel, dan gebeurt dat nog niet! Eliseus hernam: Ge zult het met eigen ogen zien, maar er niet van eten.
3 ၃ အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
Nu bevonden zich buiten de stadspoort vier melaatse mannen. Dezen zeiden tot elkander: Waarom zouden we hier blijven zitten, tot we dood zijn?
4 ၄ မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
Besluiten we de stad in te gaan, dan sterven we daar van de honger; blijven we hier, dan sterven we ook. We moesten dus maar naar het kamp der Arameën overlopen. Laten ze ons in het leven, dan blijven we leven; doden ze ons, dan sterven we maar.
5 ၅ ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
Zo stonden ze dan tegen het vallen van de avond op, om naar het kamp der Arameën te gaan. Maar toen ze de rand van het kamp der Arameën hadden bereikt, vonden ze daar niemand.
6 ၆ ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
Want de Heer had in het kamp der Arameën het gedruis van een groot leger met paarden en wagens doen horen, zodat ze tot elkander riepen: De koning van Israël heeft de koningen der Chittieten en van Moesri bezoldigd, om ons te overvallen!
7 ၇ သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။
Zo waren ze bij het vallen van de avond op de vlucht geslagen; ze hadden hun tenten, hun paarden en ezels met het kamp, zoals het was, achtergelaten, en vluchtten nu om lijfsbehoud.
8 ၈ ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
Toen de melaatsen dus aan de rand van het kamp waren aangekomen, gingen ze daar een tent binnen. Na gegeten en gedronken te hebben, namen ze er goud, zilver en kleren uit mee, en gingen heen, om het te verbergen. Daarna keerden ze terug, liepen een andere tent binnen, namen ook daar het een en ander weg, en gingen ook dat verbergen.
9 ၉ သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
Toen zeiden ze echter tot elkaar: Wij handelen niet zoals het behoort. Vandaag is een dag van blijde verrassing, en wij houden ons stil. Wanneer wij wachten, tot het licht is, worden we strafbaar. Laat ons dus heengaan, om het aan het koninklijk paleis te berichten.
10 ၁၀ ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
Bij de stad gekomen, riepen ze de poortwachters toe: We zijn naar het kamp der Arameën geweest, maar er was geen mens te horen of te zien; alleen de paarden en de ezels stonden er vastgebonden, en de tenten waren verlaten.
11 ၁၁ တံခါးစောင့်တို့သည်ထိုသတင်းကိုကြေညာ ၍ နန်းတော်သို့သတင်းရောက်ရှိသွား၏။-
Toen maakten de poortwachters alarm, en gaven het bericht door aan het koninklijk paleis.
12 ၁၂ ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။
Ofschoon het nog nacht was, stond de koning op, en zei tot zijn hovelingen: Ik zal u zeggen, wat de Arameën hebben gedaan. Ze weten, dat wij honger lijden; daarom zijn ze het kamp uitgegaan, en hebben zich in het veld verborgen. Ze denken: Nu komen ze zeker de stad uit, en kunnen wij ze levend grijpen en de stad binnentrekken.
13 ၁၃ အမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။-
Maar een van de hovelingen antwoordde: Laat men een vijftal van de paarden nemen, die hier nog over zijn; ze zijn er toch niet veel beter aan toe, dan de troep, die al dood is. Laat ons die er aan wagen, om te zien wat er gaande is.
14 ၁၄ ထို့နောက်သူတို့သည်လူအချို့ကိုရွေးချယ် ကြ၏။ မင်းကြီးသည်ထိုသူတို့အားရှုရိတပ် မတော်၏ဖြစ်ရပ်ကို စုံစမ်းရန်စစ်ရထားနှစ် စီးနှင့်စေလွှတ်တော်မူ၏။-
Ze kozen nu een paar ruiters uit, en de koning zond die het leger der Arameën achterna met het bevel, te gaan zien wat er aan de hand was.
15 ၁၅ သူတို့သည်ယော်ဒန်မြစ်တိုင်အောင်သွားရောက် ကြရာ ရှုရိအမျိုးသားတို့ထွက်ပြေးစဉ်အခါ က စွန့်ထားခဲ့သည့်အဝတ်အစားများနှင့်လက် နက်ပစ္စည်းများကို လမ်းတစ်လျှောက်လုံးတွင်တွေ့ မြင်ရကြ၏။ ထိုနောက်သူတို့သည်မင်းကြီး ထံပြန်၍အစီရင်ခံကြ၏။-
Zij reden hun dus achterna tot aan de Jordaan, en zagen, dat heel de weg vol lag met kleren en wapens, die de Arameën bij hun overijlde vlucht hadden weggeworpen. Daarop keerden zij terug, en meldden het den koning.
16 ၁၆ ရှမာရိမြို့သားတို့သည်ပြေး၍ထွက်လာပြီး လျှင် ရှုရိတပ်စခန်းကိုလုယက်ကြကုန်၏။ ထို့ နောက်ထာဝရဘုရားမိန့်တော်မူခဲ့သည်အတိုင်း အကောင်းဆုံးဂျုံဆန်ဆယ်ပေါင်သို့မဟုတ် မုယောဆန်ပေါင်နှစ်ဆယ်ကို ငွေသားတစ်ကျပ် ဖြင့်ရောင်းချကြလေသည်။
Toen liep het volk de stad uit, en plunderde het kamp der Arameën. En nu kostte inderdaad een maat meel en eveneens twee maten gerst slechts een sikkel, zoals Jahweh gezegd had.
17 ၁၇ မင်းကြီး၏သက်တော်စောင့်အဖြစ်ဆောင်ရွက် ခဲ့သူတပ်မှူးသည် ထိုအချိန်၌မြို့တံခါး အစောင့်တပ်ကိုကြီးကြပ်အုပ်ချုပ်နေရစဉ် လူတို့တိုးကြိတ်ထွက်ဝင်ရာတွင် သူ့အားနင်း မိကြသဖြင့်သေလေ၏။ ဧလိရှဲအားတွေ့ဆုံ ရန်မင်းကြီးလာရောက်စဉ်အခါက ဧလိရှဲ ကြိုတင်ဟောကြားခဲ့သည်အတိုင်းဖြစ်ပျက် လေသည်။-
De koning had den hopman, op wiens arm hij leunde, met het toezicht over de poort belast; maar het volk liep hem in de poort onder de voet. Zo stierf hij, zoals de godsman voorspeld had, toen de koning bij hem was gekomen.
18 ၁၈ ဧလိရှဲက``နောက်တစ်နေ့ဤအချိန်ရောက် လျှင် ရှမာရိမြို့စျေးထဲတွင်အကောင်းဆုံး ဂျုံဆန်ဆယ်ပေါင် သို့မဟုတ်မုယောဆန်ပေါင် နှစ်ဆယ်ကိုငွေသားတစ်ကျပ်နှင့်ရောင်းချ ကြလိမ့်မည်'' ဟုမင်းကြီးအားလျှောက်ထား သောအခါ၊-
Toen immers de godsman tot den koning gezegd had, dat de volgende dag om dezelfde tijd in de poort van Samaria een maat meel en eveneens twee maten gerst slechts een sikkel zouden kosten,
19 ၁၉ ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။-
had de hopman den godsman toegeroepen: Al maakt Jahweh sluizen in de hemel, dan gebeurt dat nog niet! En deze had toen geantwoord: Gij zult het met eigen ogen zien, maar er niet van eten.
20 ၂၀ ဧလိရှဲပြောကြားခဲ့သည့်အတိုင်းပင်တပ် မှူးသည် မြို့တံခါးဝတွင်လူတို့နင်းမိကြ သဖြင့်သေလေသတည်း။
Zo is het ook gebeurd; want hij werd in de poort door het volk onder de voet gelopen en stierf.