< ၄ ဓမ္မရာဇဝင် 6 >
1 ၁ ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
선지자의 생도가 엘리사에게 이르되 보소서 우리가 당신과 함께 거한 곳이 우리에게는 좁으니
2 ၂ အဆောင်သစ်တစ်ဆောင်ဆောက်လုပ်နိုင်ရန် အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နားသို့သွား၍ သစ်ပင်ခုတ်လှဲပါရစေ'' ဟုအခွင့်တောင်းကြ၏။ ဧလိရှဲက``ကောင်းပြီ'' ဟုဆို၏။
우리가 요단으로 가서 거기서 각각 한 재목을 취하여 그곳에 우리의 거할 처소를 세우사이다 엘리사가 가로되 가라
3 ၃ ပရောဖက်တစ်ပါးကဧလိရှဲအား မိမိတို့နှင့် အတူလိုက်ရန်တိုက်တွန်းသည့်အတိုင်း ဧလိရှဲ သည်သဘောတူသဖြင့်၊-
그 하나가 가로되 청컨대 당신도 종들과 함께 하소서 엘리사가 가로되 내가 가리라 하고
4 ၄ သူတို့သည်အတူတကွသွားကြလေသည်။ သူတို့သည်ယော်ဒန်မြစ်သို့ရောက်သောအခါ အလုပ်ကိုစကြ၏။-
드디어 저희와 함께 가니라 무리가 요단에 이르러 나무를 베더니
5 ၅ သူတို့အထဲမှလူတစ်ယောက်သည်သစ်ပင် ကိုခုတ်လှဲနေစဉ် သူ၏ပုဆိန်သည်ရေထဲသို့ ကျသွား၏။ ထိုအခါသူသည်ဧလိရှဲအား``အ ရှင်၊ အကျွန်ုပ်အဘယ်သို့ပြုရပါမည်နည်း။ ထိုပုဆိန်သည်ငှားယူခဲ့သောပုဆိန်ဖြစ် ပါ၏'' ဟုဟစ်အော်၍ပြော၏။
한 사람이 나무를 벨 때에 도끼가 자루에서 빠져 물에 떨어진지라 이에 외쳐 가로되 아아 내 주여 이는 빌어온 것이니이다
6 ၆ ဧလိရှဲက``ပုဆိန်အဘယ်မှာကျသနည်း'' ဟု မေးလျှင် ထိုသူသည်ကျသည့်နေရာကိုပြ၏။ ဧလိရှဲ သည်တုတ်တစ်ချောင်းကိုခုတ်၍ရေထဲသို့ပစ် ချကာ ပုဆိန်ကိုပေါလောပေါ်စေပြီးနောက်၊-
하나님의 사람이 가로되 어디 빠졌느냐 하매 그 곳을 보이는지라 엘리사가 나무가지를 베어 물에 던져서 도끼로 떠오르게 하고
7 ၇ ``ထိုပုဆိန်ကိုဆယ်ယူလော့'' ဟုဆို၏။ ထိုသူ သည်လည်းလက်ကိုဆန့်၍ပုဆိန်ကိုဆယ်ယူ လိုက်လေသည်။
가로되 너는 취하라 그 사람이 손을 내밀어 취하니라
8 ၈ ရှုရိဘုရင်သည်ဣသရေလပြည်နှင့်စစ်ဖြစ် နေချိန်၌ မိမိ၏တပ်မှူးများနှင့်တိုင်ပင်၍ တပ်စခန်းချရန်နေရာကိုရွေးချယ်၏။-
때에 아람 왕이 이스라엘로 더불어 싸우며 그 신복들과 의논하여 이르기를 우리가 아무데 아무데 진을 치리라 하였더니
9 ၉ သို့ရာတွင်ဧလိရှဲကဣသရေလဘုရင်အား``ဤ မည်သောနေရာတွင်ရှုရိအမျိုးသားတို့သည် ခြုံ ခိုတိုက်ခိုက်ရန်စောင့်လျက်နေကြပါသည်။ သို့ ဖြစ်၍ထိုနေရာသို့မသွားပါနှင့်'' ဟုလူလွှတ် ၍သတိပေးလေသည်။-
하나님의 사람이 이스라엘 왕에게 기별하여 가로되 왕은 삼가 아무 곳으로 지나가지 마소서 아람 사람이 그 곳으로 나오나이다
10 ၁၀ ထို့ကြောင့်ဣသရေလဘုရင်သည်ထိုအရပ်တွင် နေထိုင်သူတို့အား ကြိုတင်သတိပေး၍သတိ ဝိရိယနှင့်စောင့်နေစေ၏။ ဤသို့ဖြစ်ပျက်သည် မှာအကြိမ်ကြိမ်အဖန်ဖန်ပင်ဖြစ်သတည်း။
이스라엘 왕이 하나님의 사람의 자기에게 고하여 경계한 곳으로 사람을 보내어 방비하기가 한 두번이 아닌지라
11 ၁၁ ရှုရိဘုရင်သည်လွန်စွာစိတ်ပူပန်သဖြင့် မိမိ၏ တပ်မှူးများကိုခေါ်၍``သင်တို့အနက်အဘယ် သူသည် ဣသရေလဘုရင်ဘက်သို့ပါနေသနည်း'' ဟုမေးတော်မူ၏။
이러므로 아람 왕의 마음이 번뇌하여 그 신복들을 불러 이르되 우리 중에 누가 이스라엘 왕의 내응이 된 것을 내게 고하지 아니하느냐
12 ၁၂ တပ်မှူးတစ်ယောက်က``အရှင်မင်းကြီး၊ အဘယ် သူမျှမပါပါ။ ပရောဖက်ဧလိရှဲသည်အရှင် ၏အိမ်ခန်းတွင်တီးတိုးပြောသည့်စကားကို ပင် ဣသရေလဘုရင်အားသံတော်ဦးတင် ပါ၏'' ဟုလျှောက်၏။
그 신복 중에 하나가 가로되 우리 주 왕이여 아니로소이다 오직 이스라엘 선지자 엘리사가 왕이 침실에서 하신 말씀이라도 이스라엘 왕에게 고하나이다
13 ၁၃ မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။ မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-
왕이 가로되 너희는 가서 엘리사가 어디 있나 보라 내가 보내어 잡으리라 혹이 왕에게 고하여 가로되 엘리사가 도단에 있나이다
14 ၁၄ မြင်းစီးသူရဲများ၊ စစ်ရထားများနှင့်စစ်သည် ဗိုလ်ခြေတို့ကိုထိုအရပ်သို့စေလွှတ်တော်မူ၏။ သူတို့သည်ညဥ့်အချိန်၌ရောက်ရှိလာကာထို မြို့ကိုဝိုင်းရံထားကြ၏။-
왕이 이에 말과 병거와 많은 군사를 보내매 저희가 밤에 가서 그 성을 에워쌌더라
15 ၁၅ နောက်တစ်နေ့နံနက်စောစော၌ဧလိရှဲ၏ အစေခံသည်ထ၍အိမ်ပြင်သို့ထွက်လိုက်ရာ မြို့ကိုဝိုင်းရံထားသောရှုရိတပ်သားများနှင့် တကွမြင်းစီးသူရဲများ၊ စစ်ရထားများကို မြင်လေ၏။ သူသည်ဧလိရှဲထံသို့ပြန်လာပြီး လျှင်``ကျွန်တော်တို့ခက်ချေပြီ။ အဘယ်သို့ပြု ရကြပါမည်နည်း'' ဟုဟစ်အော်၍ပြော၏။
하나님의 사람의 수종드는 자가 일찌기 일어나서 나가보니 군사와 말과 병거가 성을 에워쌌는지라 그 사환이 엘리사에게 고하되 아아! 내 주여 우리가 어찌하리이까
16 ၁၆ ဧလိရှဲက``မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိနေ သူတို့သည် သူတို့ဘက်၌ရှိနေသူတို့ထက် ပိုမိုများပြား၏'' ဟုဆို၏။-
대답하되 두려워하지 말라 우리와 함께한 자가 저와 함께한 자보다 많으니라 하고
17 ၁၇ ထိုနောက်သူသည်``အို ထာဝရဘုရား၊ ဤသူ၏ မျက်စိကိုဖွင့်တော်မူပါ'' ဟုဆုတောင်းသည် အတိုင်းထာဝရဘုရားသည်ထိုသူ၏မျက်စိ ကိုဖွင့်တော်မူသဖြင့် သူသည်ဧလိရှဲ၏ပတ် လည်တောင်ကုန်းပေါ်၌ မီးမြင်းများနှင့်မီး စစ်ရထားများပြည့်နှက်လျက်နေသည်ကို မြင်လေ၏။
기도하여 가로되 여호와여 원컨대 저의 눈을 열어서 보게 하옵소서 하니 여호와께서 그 사환의 눈을 여시매 저가 보니 불말과 불병거가 산에 가득하여 엘리사를 둘렀더라
18 ၁၈ ရှုရိတပ်ချဉ်းကပ်လာသောအခါဧလိရှဲက``အို ထာဝရဘုရား၊ ထိုသူတို့အားမျက်စိကွယ် စေတော်မူပါ'' ဟုဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည်ထိုသူတို့အားမျက်စိ ကွယ်စေတော်မူ၏။-
아람 사람이 엘리사에게 내려오매 엘리사가 여호와께 기도하여 가로되 원컨대 저 무리의 눈을 어둡게 하옵소서 하매 엘리사의 말대로 그 눈을 어둡게 하신지라
19 ၁၉ ထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။
엘리사가 저희에게 이르되 `이는 그 길이 아니요 이는 그 성도 아니니 나를 따라 오라 내가 너희를 인도하여 너희의 찾는 사람에게로 나아가리라' 하고 저희를 인도하여 사마리아에 이르니라
20 ၂၀ သူတို့မြို့တွင်းသို့ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ဧလိရှဲသည်``အို ထာဝရဘုရား၊ ဤသူတို့၏ မျက်စိကိုဖွင့်တော်မူ၍တစ်ဖန်မြင်စေတော် မူပါ'' ဟုဆုတောင်းသည့်အတိုင်းထာဝရ ဘုရားသည် သူတို့အားမျက်စိအလင်းကို ပြန်၍ပေးတော်မူသောအခါ သူတို့သည် ရှမာရိမြို့တွင်းသို့ရောက်ရှိနေသည်ကို မြင်ရကြ၏။
사마리아에 들어갈 때에 엘리사가 가로되 `여호와여 이 무리의 눈을 열어서 보게 하옵소서' 하니 여호와께서 저희의 눈을 여시매 저희가 보니 자기가 사마리아 가운데 있더라
21 ၂၁ ဣသရေလဘုရင်သည်ရှရိအမျိုးသားတို့ ကိုတွေ့သောအခါ ဧလိရှဲအား``အရှင်၊ သူတို့ အားသတ်ရပါမည်လော။ သူတို့အားသတ်ရ ပါမည်လော'' ဟုမေးတော်မူ၏။
이스라엘 왕이 저희를 보고 엘리사에게 이르되 `내 아버지여 내가 치리이까 내가 치리이까'
22 ၂၂ ဧလိရှဲက``မသတ်ပါနှင့်။ တိုက်ပွဲတွင်ဖမ်းဆီးရ မိသည့်စစ်သည်များကိုပင်လျှင်သတ်ရသည်မ ဟုတ်ပါ။ သူတို့အားစားသောက်ဖွယ်ရာများကို ကျွေးမွေး၍ သူတို့၏ဘုရင်ထံသို့ပြန်ခွင့်ပေး တော်မူပါ'' ဟုဆို၏။-
대답하되 `치지 마소서 칼과 활로 사로잡은 자인들 어찌 치리이까 떡과 물을 그 앞에 두어 먹고 마시게 하고 그 주인에게로 돌려 보내소서'
23 ၂၃ သို့ဖြစ်၍ဣသရေလဘုရင်သည်စားပွဲကြီး ခင်းကျင်း၍ သူတို့အားစားသောက်စေပြီး သောအခါ ရှုရိဘုရင်ထံသို့ပြန်စေတော် မူ၏။ ထိုနေ့မှအစပြု၍ရှုရိအမျိုးသား တို့သည် ဣသရေလပြည်ကိုတိုက်ခိုက်လုယက် မှုမပြုဝံ့ကြတော့ချေ။
왕이 위하여 식물을 많이 베풀고 저희가 먹고 마시매 놓아보내니 저희가 그 주인에게로 돌아가니라 이로부터 아람 군사의 부대가 다시는 이스라엘 땅에 들어오지 못하니라
24 ၂၄ ကာလအနည်းငယ်ကြာသောအခါရှုရိဘုရင် ဗင်္ဟာဒဒ်သည် ဣသရေလပြည်သို့မိမိ၏တပ်မ တော်တစ်ခုလုံးနှင့်ချီတက်၍ရှမာရိမြို့ကို ဝိုင်းရံထားသဖြင့်၊-
이 후에 아람 왕 벤하닷이 그 온 군대를 모아 올라와서 사마리아를 에워싸니
25 ၂၅ မြည်းခေါင်းတစ်လုံးကိုငွေသားရှစ်ဆယ်ဖြင့် လည်းကောင်း၊ ခိုချေး အစိတ်သားကိုငွေသားငါးခုဖြင့်လည်းကောင်း ဝယ်ယူရသည့်တိုင်အောင်ထိုမြို့တွင်အစာ ခေါင်းပါး၏။
아람 사람이 사마리아를 에워싸므로 성중이 크게 주려서 나귀 머리 하나에 은 팔십 세겔이요 합분태 사분 일 갑에 은 다섯 세겔이라
26 ၂၆ ဣသရေလဘုရင်သည်မြို့ရိုးပေါ်တွင်လမ်းလျှောက် သွားစဉ် အမျိုးသမီးတစ်ယောက်က``အရှင်မင်း ကြီး၊ ကျွန်တော်မအားကယ်တော်မူပါ'' ဟုဟစ် အော်လေသည်။
이스라엘 왕이 성 위로 통과할 때에 한 여인이 외쳐 가로되 `나의 주 왕이여 도우소서'
27 ၂၇ မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
왕이 가로되 `여호와께서 너를 돕지 아니하시면 내가 무엇으로 너를 도우랴 타작마당으로 말미암아 하겠느냐 포도주 틀로 말미암아 하겠느냐'
28 ၂၈ သင်၏အခက်အခဲကားအဘယ်သို့နည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ဤမိန်းမသည်ယမန်နေ့က`သင် ၏သားကိုငါတို့ယနေ့စားကြပြီးလျှင် နောက် တစ်နေ့၌ငါ၏သားကိုစားကြပါမည်' ဟု ကျွန်တော်မအားပြောပါ၏။-
또 가로되 `무슨 일이냐' 여인이 대답하되 `이 여인이 내게 이르기를 네 아들을 내라 우리가 오늘날 먹고 내일은 내 아들을 먹자 하매
29 ၂၉ သို့ဖြစ်၍ကျွန်တော်မ၏သားကိုချက်ပြုတ်စား ကြပြီးလျှင် နောက်တစ်နေ့၌ကျွန်တော်မက သူ၏သားကိုစားရန်ပြောသောအခါ သူသည် ကလေးကိုဝှက်ထားပါသည်'' ဟုလျှောက်၏။
우리가 드디어 내 아들을 삶아 먹었더니 이튿날에 내가 이르되 네 아들을 내라 우리가 먹으리라 하나 저가 그 아들을 숨겼나이다'
30 ၃၀ ဤအကြောင်းကိုကြားသောအခါမင်းကြီးသည် ဝမ်းနည်းစိတ်ပျက်လျက် မိမိ၏အဝတ်တော်ကို ဆုတ်သဖြင့် ထိုအဝတ်တော်အောက်တွင်ဝတ်ဆင် ထားသောလျှော်တေကိုမြို့ရိုးအနီးရှိလူတို့ တွေ့မြင်ရကြလေသည်။-
왕이 그 여인의 말을 듣고 자기 옷을 찢으니라 저가 성 위로 지나갈 때에 백성이 본즉 그 속살에 굵은 베를 입었더라
31 ၃၁ မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
왕이 가로되 `사밧의 아들 엘리사의 머리가 오늘날 그 몸에 붙어 있으면 하나님이 내게 벌 위에 벌을 내리실지로다' 하니라
32 ၃၂ ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-
그 때에 엘리사가 그 집에 앉았고 장로들이 저와 함께 앉았는데 왕이 자기 처소에서 사람을 보내었더니 그 사자가 이르기 전에 엘리사가 장로들에게 이르되 `너희는 이 살인한 자의 자식이 내 머리를 취하려고 사람을 보내는 것을 보느냐 너희는 보다가 사자가 오거든 문을 닫고 문안에 들이지말라 그 주인의 발소리가 그 뒤에서 나지 아니하느냐' 하고
33 ၃၃ သူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။
무리와 말씀할 때에 그 사자가 이르니라 왕이 가로되 `이 재앙이 여호와께로부터 나왔으니 어찌 더 여호와를 기다리리요'