< ၄ ဓမ္မရာဇဝင် 5 >

1 ရှု​ရိ​တပ်​မ​တော်​ဗိုလ်​ချုပ်​နေ​မန်​သည် ရှု​ရိ​ဘု​ရင် ၏​ရို​သေ​လေး​စား​မှု​ကို​များ​စွာ​ခံ​ရ​သူ​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​နေ​မန်​အား​ဖြင့် ထာ​ဝရ ဘု​ရား​သည်​ရှု​ရိ​တပ်​များ​ကို​အောင်​ပွဲ​ခံ​စေ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ နေ​မန်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ဦး​ဖြစ်​သော်​လည်း ကြောက်​ရွံ့​ဖွယ်​ဖြစ် သော​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​ဖြစ်​ပေ သည်။-
Et Naaman, général de l'armée syrienne, était un homme considérable aux yeux de son maître, et d'un aspect imposant; c'était par lui que le Seigneur avait sauvé la Syrie, et l'homme était très-puissant, mais il était lépreux.
2 ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-
Or, des maraudeurs sortis de la Syrie avaient emmené captive, de la terre d'Israël, une petite fille qui servait la femme de Naaman,
3 တစ်​နေ့​သော​အ​ခါ​သူ​သည်​မိ​မိ​၏​သ​ခင်​မ အား``ကျွန်​မ​တို့​သ​ခင်​သည်​ရှ​မာ​ရိ​မြို့​တွင်​နေ ထိုင်​သူ​ပ​ရော​ဖက်​ထံ​သို့​သွား​နိုင်​ပါ​က အ​ဘယ် မျှ​ကောင်း​ပါ​မည်​နည်း။ ထို​ပ​ရော​ဖက်​သည်​သ​ခင် ၏​ရော​ဂါ​ကို​ပျောက်​ကင်း​အောင်​ကု​သ​ပေး​ပါ လိမ့်​မည်'' ဟု​ပြော​၏။-
Cette fille dit à sa maîtresse: Plût à Dieu que mon maître fût en présence du prophète de Dieu en Samarie; il le guérirait de sa lèpre.
4 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​နေ​မန်​သည်​မင်း ကြီး​ထံ​သို့​သွား​၍ သူ​ငယ်​မ​ပြော​သည့်​စ​ကား ကို​သံ​တော်​ဦး​တင်​၏။-
Et la femme entra auprès de son seigneur, et elle lui dit: La jeune fille de la terre d'Israël a parlé de telle et telle manière.
5 မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-
Et le roi de Syrie dit à Naaman: Vas-y, va, et j'enverrai une lettre au roi d'Israël. Naaman partit donc, et il prit avec lui dix talents d'argent, six mille sicles d'or, et dix robes diverses.
6 သူ​ယူ​ဆောင်​သွား​သည့်​စာ​တွင်``ယ​ခု​စာ​နှင့်​လာ​သူ ကျွန်ုပ်​၏​အ​မှု​ထမ်း​နေ​မန်​၏​ရော​ဂါ​ကို​ပျောက်​ကင်း အောင်​ကု​သ​ပေး​ရန် ဤ​စာ​နှင့်​တ​ကွ​အ​ဆွေ​တော် ထံ​လွှတ်​လိုက်​သည်'' ဟု​ပါ​ရှိ​၏။
Et il porta au roi d'Israël la lettre où il était écrit: Dès que tu auras reçu cette lettre, tu guériras de sa lèpre mon serviteur Naaman, que j'ai envoyé auprès de toi.
7 ဣ​သ​ရေ​လ​ဘု​ရင်​သည်​ထို​စာ​ကို​ရ​သော​အ​ခါ အ​ဝတ်​တော်​ကို​ဆုတ်​လျက်``ငါ​သည်​ဤ​သူ​၏ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​အ​ဘယ် သို့​ရှု​ရိ​မင်း​မျှော်​လင့်​နိုင်​ပါ​သ​နည်း။ ငါ​သည် အ​သက်​ကို​ပေး​ပိုင်​နုတ်​ပိုင်​သော​တန်​ခိုး​နှင့်​ပြည့် စုံ​သည့်​ဘုရား​ဖြစ်​ပါ​သ​လော။ သူ​သည်​ငါ့​အား ရန်​ရှာ​သည်​မှာ​ထင်​ရှား​ပါ​သည်​တ​ကား'' ဟု ဆို​၏။
Quand le roi d'Israël eut lu la lettre, il déchira ses vêtements, et il s'écria: Suis-je un Dieu pour donner la mort et la vie? Pourquoi celui-ci envoie-t-il un homme auprès de moi, afin que je le guérisse de sa lèpre? Vous le voyez, il cherche un prétexte contre moi.
8 ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။
Aussitôt qu'Elisée apprit que le roi d'Israël avait déchiré ses vêtements, il envoya près de lui, disant: Pourquoi as-tu déchiré tes vêtements? Que Naaman vienne me trouver, qu'il sache qu'en Israël il y a un prophète.
9 သို့​ဖြစ်​၍​နေ​မန်​သည်​မြင်း​များ​က​သည့်​ရ​ထား ကို​စီး​၍ ဧ​လိ​ရှဲ​၏​အိမ်​အ​ဝင်​ဝ​သို့​လာ​ရောက် ရပ်​တန့်​၏။-
Et Naaman y alla avec ses chevaux et son char, et il se tint à la porte d'Elisée.
10 ၁၀ ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-
Et le prophète lui envoya un messager, qui lui dit: Pars et baigne-toi sept fois dans le Jourdain, ta chair te reviendra, et tu seras guéri.
11 ၁၁ သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-
Mais, Naaman irrité s'en alla en disant: Je m'étais dit: Il va certainement venir me trouver; il se tiendra devant moi, il invoquera le nom du Seigneur son Dieu, il imposera les mains sur mes plaies, et il me guérira de la lèpre.
12 ၁၂ ထို့​ပြင်​ဒ​မာ​သက်​မြို့​ရှိ​အာ​ဗ​န​မြစ်​နှင့်​ဖာ​ဖာ မြစ်​တို့​သည် ဣသ​ရေ​လ​မြစ်​ရှိ​သ​မျှ​ထက်​ပို​၍ ကောင်း​သ​ဖြင့် ထို​မြစ်​တို့​တွင်​ရေ​ချိုး​၍​ရော​ဂါ ကို​ပျောက်​ကင်း​နိုင်​သည်​မ​ဟုတ်​လော'' ဟု​ဆို​၍ ပြန်​လေ​သည်။
Les eaux de l'Abana et du Pharphar, fleuves de Damas, ne valent-elles pas mieux que toutes les eaux du Jourdain? Si je m'y baigne après mon retour, ne serai-je point plus tôt guéri? Et il s'éloigna, et il partit courroucé;
13 ၁၃ သူ​၏​အ​စေ​ခံ​တို့​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​၍``အ​ရှင်၊ အ​ကယ်​၍​ပ​ရော​ဖက်​က​အ​ရှင့်​အား​ခက်​ခဲ​သည့် အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​လုပ်​ခိုင်း​ပါ​က အ​ရှင် နာ​ခံ​မည်​မ​ဟုတ်​ပါ​လော။ `ရေ​ချိုး​၍​ရော​ဂါ​ပျောက် ကင်း​လော့' ဟု​ခိုင်း​သည်​ကို​ပို​၍​နာ​ခံ​သင့်​သည် မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​ထား​ကြ​၏။-
Et ses serviteurs s'approchèrent de lui, disant: Si le prophète t'avait prescrit une grande chose, ne la ferais-tu point? A plus forte raison, puisqu'il t'a dit: Baigne-toi, et tu seras guéri.
14 ၁၄ သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-
Et Naaman, ayant mis pied à terre, se baigna sept fois dans le Jourdain selon la parole d'Elisée; et sa chair redevint comme la chair d'un petit enfant; il était guéri.
15 ၁၅ သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။
Et il retourna en personne auprès d'Elisée avec toute sa troupe; arrivé vers le prophète, il se tint debout devant lui, et dit: Je reconnais qu'il n'y a point de Dieu sur la terre sinon en Israël; maintenant reçois la bénédiction de ton serviteur.
16 ၁၆ ဧ​လိ​ရှဲ​က``ငါ​သည်​လက်​ဆောင်​ကို​လက်​ခံ​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​ပြော​၏'' ဟု ဆို​၏။ နေ​မန်​သည်​ဧ​လိ​ရှဲ​အား​လက်​ဆောင်​ကို​လက်​ခံ ပါ​ရန် အ​ကြိမ်​ကြိမ်​တိုက်​တွန်း​သော်​လည်း​ဧ​လိ​ရှဲ သည်​လက်​မ​ခံ​ဘဲ​နေ​၏။-
Elisée répondit: Vive le Seigneur, devant qui je me tiens! je n'accepterai rien. L'autre le pressa d'accepter, mais il ne le voulut pas.
17 ၁၇ သို့​ဖြစ်​၍​နေ​မန်​က``အ​ကျွန်ုပ်​ပေး​လှူ​သော​လက် ဆောင်​ကို​အ​ရှင်​လက်​မ​ခံ​ပါ​မူ လား​နှစ်​စီး​တင် မြေ​ကို​အ​ကျွန်ုပ်​၏​နေ​ရင်း​ပြည်​သို့​ယူ​ဆောင် သွား​ခွင့်​ပြု​တော်​မူ​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ယ​ခု​မှ​စ​၍​အ​ကျွန်ုပ် သည် ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် ဘု​ရား​ကို​မျှ မီး​ရှို့​ရာ​ယဇ်​သို့​မ​ဟုတ်​အ​ခြား အ​ဘယ်​ယဇ်​ကို​မျှ​ပူ​ဇော်​တော့​မည်​မ​ဟုတ် သော​ကြောင့်​ဖြစ်​ပါ​၏။-
Et Naaman dit: Puisque tu refuses, que l'on donne du moins à ton serviteur assez de terre pour charger deux mulets; car ton serviteur ne fera plus d'holocaustes, et ne brûlera plus d'encens pour d'autres dieux; il ne sacrifiera qu'au Seigneur, à cause de cette affaire.
18 ၁၈ ထို​ကြောင့်​အ​ကျွန်ုပ်​သည်​မိ​မိ​၏​ဘု​ရင်​နှင့်​အ​တူ ရှု​ရိ​ဘု​ရား​ရိမ္မုန်​ဗိ​မာန်​သို့​လိုက်​ပါ​သွား​ရောက်​၍ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ထာ​ဝရ ဘု​ရား​သည် အ​ကျွန်ုပ်​အား​အ​ပြစ်​လွှတ်​တော်​မူ​လိမ့် မည်​ဟု​မျှော်​လင့်​ပါ​၏။ ထာ​ဝရ​ဘု​ရား​သည်​အ​ကျွန်ုပ် အား​အ​မှန်​ပင်​အ​ပြစ်​လွှတ်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
Et que le Seigneur pardonne à ton serviteur, si, lorsque mon maître entrera dans le temple de Remman, pour y adorer, appuyé sur mon bras, je me prosterne aussi dans le temple de Remman, pendant que mon maître y adorera; que le Seigneur pardonne alors à ton serviteur.
19 ၁၉ ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။ သူ​သည်​သွား​၍​အ​ဝေး​သို့​မ​ရောက်​မီ၊-
Le prophète dit à Naaman: Va-t'en en paix. Et il s'éloigna pour retourner en la terre de Debratha.
20 ၂၀ ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-
Mais Giézi, le serviteur d'Elisée, se dit: Voilà que mon maître s'est abstenu de rien accepter des choses qu'avait apportées ce Naaman le Syrien; vive le Seigneur! je courrai après lui, et j'en obtiendrai quoi que ce soit.
21 ၂၁ နေ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ နေ​မန်​သည်​မိ​မိ ၏​နောက်​သို့​လူ​တစ်​ယောက်​လိုက်​လာ​သည်​ကို​မြင် သော​အ​ခါ ထို​သူ​နှင့်​တွေ့​ဆုံ​ရန်​ရ​ထား​ပေါ်​မှ ဆင်း​၍``အ​ရေး​ကိစ္စ​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
Et Giézi courut après Naaman; le Syrien le vit courant après lui, et il retourna son char pour le rencontrer.
22 ၂၂ ဂေ​ဟာ​ဇိ​က``မ​ရှိ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​၏​သ​ခင် က ယ​ခု​ပင်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ပ​ရော​ဖက် နှစ်​ပါး​ရောက်​ရှိ​လာ​သ​ဖြင့် သူ​တို့​အ​တွက်​ငွေ​သား သုံး​ထောင်​နှင့်​ဝတ်​စုံ​နှစ်​စုံ​ကို​အ​ရှင့်​ထံ​မှ​တောင်း​ခံ ရန် ကျွန်​တော်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ဖြေ​၏။
Et Giézi dit: Tout va bien, mon maître m'envoie, disant: Voilà que deux jeunes gens fils de prophètes m'arrivent des montagnes d'Ephraïm, donne-leur un talent d'argent et deux robes.
23 ၂၃ နေ​မန်​က``ကျေး​ဇူး​ပြု​၍​ငွေ​သား​ခြောက်​ထောင်​ယူ ပါ​လော့'' ဟု​တိုက်​တွန်း​ပြီး​လျှင်​ထို​ငွေ​ကို​အိတ်​နှစ် လုံး​တွင်​ထည့်​၍ ဝတ်​စုံ​နှစ်​စုံ​နှင့်​အ​တူ​မိ​မိ​၏ အစေ​ခံ​နှစ်​ယောက်​အား​ပေး​အပ်​ကာ​ဂေ​ဟာ​ဇိ ရှေ့​မှ​ထမ်း​ယူ​သွား​စေ​၏။-
Naaman répondit: Prends un double talent d'argent. Et il prit deux talents d'argent, en deux sacs, et deux robes, puis il les donna à porter à ses deux serviteurs qui partirent devant lui.
24 ၂၄ သူ​တို့​သည်​ဧ​လိ​ရှဲ​နေ​ထိုင်​ရာ​တောင်​ကုန်း​သို့​ရောက် သော​အ​ခါ ဂေ​ဟာ​ဇိ​သည်​အိတ်​နှစ်​လုံး​ကို​ယူ​၍​အိမ် ထဲ​သို့​သယ်​ဆောင်​သွား​လေ​သည်။ ထို​နောက်​နေ​မန်​၏ အ​စေ​ခံ​များ​အား​ပြန်​၍​လွှတ်​လိုက်​၏။-
Il arriva à la brune, prit de leurs mains les présents, les déposa dans la maison, et congédia les deux hommes.
25 ၂၅ သူ​သည်​အိမ်​ထဲ​သို့​ပြန်​၍​ဝင်​လာ​သော​အ​ခါ​ဧ​လိ ရှဲ​က``အ​ဘယ်​သို့​သွား​နေ​ပါ​သ​နည်း'' ဟု​မေး​၏။ ဂေ​ဟာ​ဇိ​က``အ​ရှင်၊ ကျွန်​တော်​အ​ဘယ်​ကို​မျှ မ​သွား​ပါ'' ဟု​ပြန်​ပြော​၏။
Lui-même entra ensuite, et se tint auprès de son maître. Or, Elisée lui dit: Giézi, d'où viens-tu? Celui-ci répondit: Ton serviteur ne s'éloigne ni à droite, ni à gauche.
26 ၂၆ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``သင်​နှင့်​တွေ့​ဆုံ​ရန်​ထို​သူ ရ​ထား​ပေါ်​မှ​ဆင်း​ရာ​အ​ရပ်​သို့ ငါ​၏​စိတ်​ဝိ​ညာဉ် သည်​ရောက်​ရှိ​ခဲ့​သည်​မ​ဟုတ်​လော။ ဤ​အ​ချိန်​သည် ငွေ၊ အ​ထည်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး၊ နွား၊ အ​စေ​ခံ​များ​ကို​ခံ​ယူ​ရန်​အ​ချိန်​မ​ဟုတ်။-
Et le prophète reprit: Est-ce que mon cœur n'était pas avec toi quand l'homme a retourné son char pour aller à ta rencontre? Et maintenant, tu as pris de l'argent, tu as reçu des robes; tu veux acheter des oliviers, des vignes, des brebis, des bœufs, des serviteurs et des servantes.
27 ၂၇ ယ​ခု​နေ​မန်​၏​ရော​ဂါ​သည်​သင့်​အ​ပေါ်​သို့​သက် ရောက်​၍ သင်​နှင့်​သင့်​သား​မြေး​တို့​၌​ထာ​ဝ​စဉ်​စွဲ ကပ်​နေ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေ​ဟာ​ဇိ​ထွက်​သွား ချိန်​၌​ထို​ရော​ဂါ​စွဲ​ကပ်​သ​ဖြင့် သူ​၏​ကိုယ်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်​နေ​၏။
Eh bien! la lèpre de Naaman s'attachera à toi et à ta race pour toujours. Et Giézi sortit de sa présence, couvert d'une lèpre blanche comme la neige.

< ၄ ဓမ္မရာဇဝင် 5 >