< ၄ ဓမ္မရာဇဝင် 4 >

1 ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။
וְאִשָּׁ֣ה אַחַ֣ת מִנְּשֵׁ֣י בְנֵֽי־הַ֠נְּבִיאִים צָעֲקָ֨ה אֶל־אֱלִישָׁ֜ע לֵאמֹ֗ר עַבְדְּךָ֤ אִישִׁי֙ מֵ֔ת וְאַתָּ֣ה יָדַ֔עְתָּ כִּ֣י עַבְדְּךָ֔ הָיָ֥ה יָרֵ֖א אֶת־יְהוָ֑ה וְהַ֨נֹּשֶׁ֔ה בָּ֗א לָקַ֜חַת אֶת־שְׁנֵ֧י יְלָדַ֛י ל֖וֹ לַעֲבָדִֽים׃
2 ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။
וַיֹּ֨אמֶר אֵלֶ֤יהָ אֱלִישָׁע֙ מָ֣ה אֶֽעֱשֶׂה־לָּ֔ךְ הַגִּ֣ידִי לִ֔י מַה־יֶּשׁ־לכי בַּבָּ֑יִת וַתֹּ֗אמֶר אֵ֣ין לְשִׁפְחָתְךָ֥ כֹל֙ בַּבַּ֔יִת כִּ֖י אִם־אָס֥וּךְ שָֽׁמֶן׃
3 ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။-
וַיֹּ֗אמֶר לְכִ֨י שַׁאֲלִי־לָ֤ךְ כֵּלִים֙ מִן־הַח֔וּץ מֵאֵ֖ת כָּל־שכנכי כֵּלִ֥ים רֵקִ֖ים אַל־תַּמְעִֽיטִי׃
4 ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။
וּבָ֗את וְסָגַ֤רְתְּ הַדֶּ֙לֶת֙ בַּעֲדֵ֣ךְ וּבְעַד־בָּנַ֔יִךְ וְיָצַ֕קְתְּ עַ֥ל כָּל־הַכֵּלִ֖ים הָאֵ֑לֶּה וְהַמָּלֵ֖א תַּסִּֽיעִי׃
5 သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။-
וַתֵּ֙לֶךְ֙ מֵֽאִתּ֔וֹ וַתִּסְגֹּ֣ר הַדֶּ֔לֶת בַּעֲדָ֖הּ וּבְעַ֣ד בָּנֶ֑יהָ הֵ֛ם מַגִּשִׁ֥ים אֵלֶ֖יהָ וְהִ֥יא מיצקת׃
6 ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-
וַיְהִ֣י ׀ כִּמְלֹ֣את הַכֵּלִ֗ים וַתֹּ֤אמֶר אֶל־בְּנָהּ֙ הַגִּ֨ישָׁה אֵלַ֥י עוֹד֙ כֶּ֔לִי וַיֹּ֣אמֶר אֵלֶ֔יהָ אֵ֥ין ע֖וֹד כֶּ֑לִי וַֽיַּעֲמֹ֖ד הַשָּֽׁמֶן׃
7 မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။
וַתָּבֹ֗א וַתַּגֵּד֙ לְאִ֣ישׁ הָאֱלֹהִ֔ים וַיֹּ֗אמֶר לְכִי֙ מִכְרִ֣י אֶת־הַשֶּׁ֔מֶן וְשַׁלְּמִ֖י אֶת־נשיכי וְאַ֣תְּ בניכי תִֽחְיִ֖י בַּנּוֹתָֽר׃ פ
8 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-
וַיְהִ֨י הַיּ֜וֹם וַיַּעֲבֹ֧ר אֱלִישָׁ֣ע אֶל־שׁוּנֵ֗ם וְשָׁם֙ אִשָּׁ֣ה גְדוֹלָ֔ה וַתַּחֲזֶק־בּ֖וֹ לֶאֱכָל־לָ֑חֶם וַֽיְהִי֙ מִדֵּ֣י עָבְר֔וֹ יָסֻ֥ר שָׁ֖מָּה לֶאֱכָל־לָֽחֶם׃
9 ထို​အ​မျိုး​သ​မီး​က​မိ​မိ​၏​ခင်​ပွန်း​အား``ကျွန်​မ တို့​၏​အိမ်​သို့​မ​ကြာ​ခ​ဏ​လာ​ရောက်​တတ်​သူ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း ကျွန်​မ​သိ​ပါ​၏။-
וַתֹּ֙אמֶר֙ אֶל־אִישָׁ֔הּ הִנֵּה־נָ֣א יָדַ֔עְתִּי כִּ֛י אִ֥ישׁ אֱלֹהִ֖ים קָד֣וֹשׁ ה֑וּא עֹבֵ֥ר עָלֵ֖ינוּ תָּמִֽיד׃
10 ၁၀ ကျွန်မ​တို့​သည်​အိမ်​မိုး​ပေါ်​တွင် အ​ခန်း​ငယ်​ကို​ပြု လုပ်​၍​ကု​တင်၊ စား​ပွဲ၊ ကု​လား​ထိုင်​နှင့်​မီး​ခွက်​တို့ ကို​ထား​လျှင် ထို​သူ​သည်​ကျွန်​မ​တို့​ထံ​သို့​ရောက် ရှိ​လာ​သည့်​အ​ခါ​တိုင်း ထို​အ​ခန်း​တွင်​တည်း​ခို နိုင်​ပါ​လိမ့်​မည်'' ဟု​ပြော​၏။
נַֽעֲשֶׂה־נָּ֤א עֲלִיַּת־קִיר֙ קְטַנָּ֔ה וְנָשִׂ֨ים ל֥וֹ שָׁ֛ם מִטָּ֥ה וְשֻׁלְחָ֖ן וְכִסֵּ֣א וּמְנוֹרָ֑ה וְהָיָ֛ה בְּבֹא֥וֹ אֵלֵ֖ינוּ יָס֥וּר שָֽׁמָּה׃
11 ၁၁ တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​ပြန်​လာ ပြီး​လျှင် နား​နေ​ရန်​မိ​မိ​၏​အ​ခန်း​သို့​သွား​၏။-
וַיְהִ֥י הַיּ֖וֹם וַיָּ֣בֹא שָׁ֑מָּה וַיָּ֥סַר אֶל־הָעֲלִיָּ֖ה וַיִּשְׁכַּב־שָֽׁמָּה׃
12 ၁၂ သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-
וַיֹּ֙אמֶר֙ אֶל־גֵּחֲזִ֣י נַעֲר֔וֹ קְרָ֖א לַשּׁוּנַמִּ֣ית הַזֹּ֑את וַיִּקְרָא־לָ֔הּ וַֽתַּעֲמֹ֖ד לְפָנָֽיו׃
13 ၁၃ ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။
וַיֹּ֣אמֶר ל֗וֹ אֱמָר־נָ֣א אֵלֶיהָ֮ הִנֵּ֣ה חָרַ֣דְתְּ ׀ אֵלֵינוּ֮ אֶת־כָּל־הַחֲרָדָ֣ה הַזֹּאת֒ מֶ֚ה לַעֲשׂ֣וֹת לָ֔ךְ הֲיֵ֤שׁ לְדַבֶּר־לָךְ֙ אֶל־הַמֶּ֔לֶךְ א֖וֹ אֶל־שַׂ֣ר הַצָּבָ֑א וַתֹּ֕אמֶר בְּת֥וֹךְ עַמִּ֖י אָנֹכִ֥י יֹשָֽׁבֶת׃
14 ၁၄ ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။ ဂေ​ဟာ​ဇိ​က``သူ​မှာ​သား​သ​မီး​မ​ရှိ​ပါ။ သူ​၏ ခင်​ပွန်း​သည်​လည်း​အို​မင်း​ပါ​ပြီ'' ဟု​ဆို​၏။
וַיֹּ֕אמֶר וּמֶ֖ה לַעֲשׂ֣וֹת לָ֑הּ וַיֹּ֣אמֶר גֵּיחֲזִ֗י אֲבָ֛ל בֵּ֥ן אֵֽין־לָ֖הּ וְאִישָׁ֥הּ זָקֵֽן׃
15 ၁၅ ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-
וַיֹּ֖אמֶר קְרָא־לָ֑הּ וַיִּקְרָא־לָ֔הּ וַֽתַּעֲמֹ֖ד בַּפָּֽתַח׃
16 ၁၆ ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
וַיֹּ֗אמֶר לַמּוֹעֵ֤ד הַזֶּה֙ כָּעֵ֣ת חַיָּ֔ה אתי חֹבֶ֣קֶת בֵּ֑ן וַתֹּ֗אמֶר אַל־אֲדֹנִי֙ אִ֣ישׁ הָאֱלֹהִ֔ים אַל־תְּכַזֵּ֖ב בְּשִׁפְחָתֶֽךָ׃
17 ၁၇ သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။
וַתַּ֥הַר הָאִשָּׁ֖ה וַתֵּ֣לֶד בֵּ֑ן לַמּוֹעֵ֤ד הַזֶּה֙ כָּעֵ֣ת חַיָּ֔ה אֲשֶׁר־דִּבֶּ֥ר אֵלֶ֖יהָ אֱלִישָֽׁע׃
18 ၁၈ နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-
וַיִּגְדַּ֖ל הַיָּ֑לֶד וַיְהִ֣י הַיּ֔וֹם וַיֵּצֵ֥א אֶל־אָבִ֖יו אֶל־הַקֹּצְרִֽים׃
19 ၁၉ ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။ သို့​ဖြစ်​၍​ဖ​ခင်​သည် အ​စေ​ခံ​တစ်​ယောက်​အား``ဤ သူ​ငယ်​ကို​ချီ​၍​သူ​၏​မိ​ခင်​ထံ​သို့​ပို့​လော့'' ဟု အ​မိန့်​ပေး​၏။-
וַיֹּ֥אמֶר אֶל־אָבִ֖יו רֹאשִׁ֣י ׀ רֹאשִׁ֑י וַיֹּ֙אמֶר֙ אֶל־הַנַּ֔עַר שָׂאֵ֖הוּ אֶל־אִמּֽוֹ׃
20 ၂၀ အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-
וַיִּשָּׂאֵ֔הוּ וַיְבִיאֵ֖הוּ אֶל־אִמּ֑וֹ וַיֵּ֧שֶׁב עַל־בִּרְכֶּ֛יהָ עַד־הַֽצָּהֳרַ֖יִם וַיָּמֹֽת׃
21 ၂၁ ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-
וַתַּ֙עַל֙ וַתַּשְׁכִּבֵ֔הוּ עַל־מִטַּ֖ת אִ֣ישׁ הָאֱלֹהִ֑ים וַתִּסְגֹּ֥ר בַּעֲד֖וֹ וַתֵּצֵֽא׃
22 ၂၂ ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။
וַתִּקְרָא֮ אֶל־אִישָׁהּ֒ וַתֹּ֗אמֶר שִׁלְחָ֨ה נָ֥א לִי֙ אֶחָ֣ד מִן־הַנְּעָרִ֔ים וְאַחַ֖ת הָאֲתֹנ֑וֹת וְאָר֛וּצָה עַד־אִ֥ישׁ הָאֱלֹהִ֖ים וְאָשֽׁוּבָה׃
23 ၂၃ ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-
וַיֹּ֗אמֶר מַ֠דּוּעַ אתי הלכתי אֵלָיו֙ הַיּ֔וֹם לֹֽא־חֹ֖דֶשׁ וְלֹ֣א שַׁבָּ֑ת וַתֹּ֖אמֶר שָׁלֽוֹם׃
24 ၂၄ ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-
וַֽתַּחֲבֹשׁ֙ הָֽאָת֔וֹן וַתֹּ֥אמֶר אֶֽל־נַעֲרָ֖הּ נְהַ֣ג וָלֵ֑ךְ אַל־תַּעֲצָר־לִ֣י לִרְכֹּ֔ב כִּ֖י אִם־אָמַ֥רְתִּי לָֽךְ׃
25 ၂၅ သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-
וַתֵּ֗לֶךְ וַתָּב֛וֹא אֶל־אִ֥ישׁ הָאֱלֹהִ֖ים אֶל־הַ֣ר הַכַּרְמֶ֑ל וַ֠יְהִי כִּרְא֨וֹת אִישׁ־הָאֱלֹהִ֤ים אֹתָהּ֙ מִנֶּ֔גֶד וַיֹּ֙אמֶר֙ אֶל־גֵּיחֲזִ֣י נַעֲר֔וֹ הִנֵּ֖ה הַשּׁוּנַמִּ֥ית הַלָּֽז׃
26 ၂၆ သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​သည်​ဂေ​ဟာ​ဇိ​အား``ကျန်း​မာ​ပါ သည်'' ဟု​ပြန်​ပြော​၏။-
עַתָּה֮ רֽוּץ־נָ֣א לִקְרָאתָהּ֒ וֶאֱמָר־לָ֗הּ הֲשָׁל֥וֹם לָ֛ךְ הֲשָׁל֥וֹם לְאִישֵׁ֖ךְ הֲשָׁל֣וֹם לַיָּ֑לֶד וַתֹּ֖אמֶר שָׁלֽוֹם׃
27 ၂၇ သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။
וַתָּבֹ֞א אֶל־אִ֤ישׁ הָֽאֱלֹהִים֙ אֶל־הָהָ֔ר וַֽתַּחֲזֵ֖ק בְּרַגְלָ֑יו וַיִּגַּ֨שׁ גֵּֽיחֲזִ֜י לְהָדְפָ֗הּ וַיֹּאמֶר֩ אִ֨ישׁ הָאֱלֹהִ֤ים הַרְפֵּֽה־לָהּ֙ כִּֽי־נַפְשָׁ֣הּ מָֽרָה־לָ֔הּ וַֽיהוָה֙ הֶעְלִ֣ים מִמֶּ֔נִּי וְלֹ֥א הִגִּ֖יד לִֽי׃
28 ၂၈ အ​မျိုး​သ​မီး​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရှင့်​ထံ တွင်​သား​ဆု​ကို​တောင်း​ပါ​သ​လော။`အ​ချည်း​နှီး ကျွန်​မ​မျှော်​လင့်​၍​မ​နေ​ပါ​ရ​စေ​နှင့်' ဟု​အ​ရှင့် အား​ပြော​ကြား​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု ဆို​၏။
וַתֹּ֕אמֶר הֲשָׁאַ֥לְתִּי בֵ֖ן מֵאֵ֣ת אֲדֹנִ֑י הֲלֹ֣א אָמַ֔רְתִּי לֹ֥א תַשְׁלֶ֖ה אֹתִֽי׃
29 ၂၉ ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။
וַיֹּ֨אמֶר לְגֵיחֲזִ֜י חֲגֹ֣ר מָתְנֶ֗יךָ וְקַ֨ח מִשְׁעַנְתִּ֣י בְיָדְךָ֮ וָלֵךְ֒ כִּֽי־תִמְצָ֥א אִישׁ֙ לֹ֣א תְבָרְכֶ֔נּוּ וְכִֽי־יְבָרֶכְךָ֥ אִ֖ישׁ לֹ֣א תַעֲנֶנּ֑וּ וְשַׂמְתָּ֥ מִשְׁעַנְתִּ֖י עַל־פְּנֵ֥י הַנָּֽעַר׃
30 ၃၀ အ​မျိုး​သ​မီး​က​ဧ​လိ​ရှဲ​အား``အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင်​၏​အ​ပေါ် တွင်​ကျွန်​မ​ထား​ရှိ​သော​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍ အ​ရှင်​မ​ပါ​က​ကျွန်​မ​သွား​မည်​မ​ဟုတ် ပါ'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဧ​လိ​ရှဲ​သည်​ထ​၍ သူ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။-
וַתֹּ֙אמֶר֙ אֵ֣ם הַנַּ֔עַר חַי־יְהוָ֥ה וְחֵֽי־נַפְשְׁךָ֖ אִם־אֶעֶזְבֶ֑ךָּ וַיָּ֖קָם וַיֵּ֥לֶךְ אַחֲרֶֽיהָ׃
31 ၃၁ ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။
וְגֵחֲזִ֞י עָבַ֣ר לִפְנֵיהֶ֗ם וַיָּ֤שֶׂם אֶת־הַמִּשְׁעֶ֙נֶת֙ עַל־פְּנֵ֣י הַנַּ֔עַר וְאֵ֥ין ק֖וֹל וְאֵ֣ין קָ֑שֶׁב וַיָּ֤שָׁב לִקְרָאתוֹ֙ וַיַּגֶּד־ל֣וֹ לֵאמֹ֔ר לֹ֥א הֵקִ֖יץ הַנָּֽעַר׃
32 ၃၂ ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-
וַיָּבֹ֥א אֱלִישָׁ֖ע הַבָּ֑יְתָה וְהִנֵּ֤ה הַנַּ֙עַר֙ מֵ֔ת מֻשְׁכָּ֖ב עַל־מִטָּתֽוֹ׃
33 ၃၃ သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-
וַיָּבֹ֕א וַיִּסְגֹּ֥ר הַדֶּ֖לֶת בְּעַ֣ד שְׁנֵיהֶ֑ם וַיִּתְפַּלֵּ֖ל אֶל־יְהוָֽה׃
34 ၃၄ ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-
וַיַּ֜עַל וַיִּשְׁכַּ֣ב עַל־הַיֶּ֗לֶד וַיָּשֶׂם֩ פִּ֨יו עַל־פִּ֜יו וְעֵינָ֤יו עַל־עֵינָיו֙ וְכַפָּ֣יו עַל־כפו וַיִּגְהַ֖ר עָלָ֑יו וַיָּ֖חָם בְּשַׂ֥ר הַיָּֽלֶד׃
35 ၃၅ ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-
וַיָּ֜שָׁב וַיֵּ֣לֶךְ בַּבַּ֗יִת אַחַ֥ת הֵ֙נָּה֙ וְאַחַ֣ת הֵ֔נָּה וַיַּ֖עַל וַיִּגְהַ֣ר עָלָ֑יו וַיְזוֹרֵ֤ר הַנַּ֙עַר֙ עַד־שֶׁ֣בַע פְּעָמִ֔ים וַיִּפְקַ֥ח הַנַּ֖עַר אֶת־עֵינָֽיו׃
36 ၃၆ ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-
וַיִּקְרָ֣א אֶל־גֵּיחֲזִ֗י וַיֹּ֙אמֶר֙ קְרָא֙ אֶל־הַשֻּׁנַמִּ֣ית הַזֹּ֔את וַיִּקְרָאֶ֖הָ וַתָּב֣וֹא אֵלָ֑יו וַיֹּ֖אמֶר שְׂאִ֥י בְנֵֽךְ׃
37 ၃၇ အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။
וַתָּבֹא֙ וַתִּפֹּ֣ל עַל־רַגְלָ֔יו וַתִּשְׁתַּ֖חוּ אָ֑רְצָה וַתִּשָּׂ֥א אֶת־בְּנָ֖הּ וַתֵּצֵֽא׃ פ
38 ၃၈ အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-
וֶאֱלִישָׁ֞ע שָׁ֤ב הַגִּלְגָּ֙לָה֙ וְהָרָעָ֣ב בָּאָ֔רֶץ וּבְנֵי֙ הַנְּבִיאִ֔ים יֹשְׁבִ֖ים לְפָנָ֑יו וַיֹּ֣אמֶר לְנַעֲר֗וֹ שְׁפֹת֙ הַסִּ֣יר הַגְּדוֹלָ֔ה וּבַשֵּׁ֥ל נָזִ֖יד לִבְנֵ֥י הַנְּבִיאִֽים׃
39 ၃၉ ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-
וַיֵּצֵ֨א אֶחָ֣ד אֶל־הַשָּׂדֶה֮ לְלַקֵּ֣ט אֹרֹת֒ וַיִּמְצָא֙ גֶּ֣פֶן שָׂדֶ֔ה וַיְלַקֵּ֥ט מִמֶּ֛נּוּ פַּקֻּעֹ֥ת שָׂדֶ֖ה מְלֹ֣א בִגְד֑וֹ וַיָּבֹ֗א וַיְפַלַּ֛ח אֶל־סִ֥יר הַנָּזִ֖יד כִּֽי־לֹ֥א יָדָֽעוּ׃
40 ၄၀ ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-
וַיִּֽצְק֥וּ לַאֲנָשִׁ֖ים לֶאֱכ֑וֹל וַ֠יְהִי כְּאָכְלָ֨ם מֵהַנָּזִ֜יד וְהֵ֣מָּה צָעָ֗קוּ וַיֹּֽאמְרוּ֙ מָ֤וֶת בַּסִּיר֙ אִ֣ישׁ הָאֱלֹהִ֔ים וְלֹ֥א יָכְל֖וּ לֶאֱכֹֽל׃
41 ၄၁ ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။
וַיֹּ֙אמֶר֙ וּקְחוּ־קֶ֔מַח וַיַּשְׁלֵ֖ךְ אֶל־הַסִּ֑יר וַיֹּ֗אמֶר צַ֤ק לָעָם֙ וְיֹאכֵ֔לוּ וְלֹ֥א הָיָ֛ה דָּבָ֥ר רָ֖ע בַּסִּֽיר׃ ס
42 ၄၂ အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-
וְאִ֨ישׁ בָּ֜א מִבַּ֣עַל שָׁלִ֗שָׁה וַיָּבֵא֩ לְאִ֨ישׁ הָאֱלֹהִ֜ים לֶ֤חֶם בִּכּוּרִים֙ עֶשְׂרִֽים־לֶ֣חֶם שְׂעֹרִ֔ים וְכַרְמֶ֖ל בְּצִקְלֹנ֑וֹ וַיֹּ֕אמֶר תֵּ֥ן לָעָ֖ם וְיֹאכֵֽלוּ׃
43 ၄၃ သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-
וַיֹּ֙אמֶר֙ מְשָׁ֣רְת֔וֹ מָ֚ה אֶתֵּ֣ן זֶ֔ה לִפְנֵ֖י מֵ֣אָה אִ֑ישׁ וַיֹּ֗אמֶר תֵּ֤ן לָעָם֙ וְיֹאכֵ֔לוּ כִּ֣י כֹ֥ה אָמַ֛ר יְהוָ֖ה אָכֹ֥ל וְהוֹתֵֽר׃
44 ၄၄ သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။
וַיִּתֵּ֧ן לִפְנֵיהֶ֛ם וַיֹּאכְל֥וּ וַיּוֹתִ֖רוּ כִּדְבַ֥ר יְהוָֽה׃ פ

< ၄ ဓမ္မရာဇဝင် 4 >