< ၄ ဓမ္မရာဇဝင် 4 >
1 ၁ ပရောဖက်တစ်ဦး၏မုဆိုးမတစ်ယောက်သည် ဧလိရှဲထံလာ၍``အရှင်၊ ကျွန်မ၏ခင်ပွန်း သေဆုံးပါပြီ။ အရှင်သိသည့်အတိုင်းသူသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူဖြစ် ပါ၏။ သို့ရာတွင်သူ၏ကြွေးရှင်သည်ကျွန်မ ၏သားနှစ်ယောက်အား ဖခင်၏အကြွေးအတွက် ကျွန်ခံစေရန်လာ၍ခေါ်နေပါသည်'' ဟုပြော၏။
Žena jednoga od proročkih sinova zamoli Elizeja ovako: “Tvoj sluga, moj muž, umro je; a znaš da se tvoj sluga bojao Jahve. Sada je došao vjerovnik da mi uzme oba sina i učini ih svojim robovima.”
2 ၂ ဧလိရှဲက``သင်၏အတွက် ငါအဘယ်သို့ပြုရ ပါမည်နည်း။ သင်၏အိမ်တွင်အဘယ်ပစ္စည်းဥစ္စာ ရှိပါသနည်း။ ငါ့အားပြောလော့'' ဟုဆို၏။ မုဆိုးမက``သံလွင်ဆီအိုးကလေးတစ်လုံး မှတစ်ပါး အခြားအဘယ်အရာမျှမရှိပါ'' ဟုဖြေကြား၏။
Elizej joj reče: “Što ti mogu učiniti! Reci mi što imaš u kući?” Ona odgovori: “Tvoja sluškinja nema ništa u kući, osim vrča ulja.”
3 ၃ ဧလိရှဲက``သင်၏အိမ်နီးချင်းများထံသို့ သွား၍ အိုးလွတ်ရနိုင်သမျှကိုငှားရမ်းလော့။-
Tada joj reče: “Idi i posudi od svih svojih susjeda praznih sudova, ali neka ih ne bude premalo!
4 ၄ ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။
Zatim se vrati kući, zatvori vrata za sobom i za svojim sinovima i nalijevaj ulje u sve te sudove i pune stavljaj na stranu.”
5 ၅ သို့ဖြစ်၍ထိုမုဆိုးမသည် မိမိ၏သားများကို ခေါ်၍ အိမ်ထဲသို့ဝင်ကာတံခါးကိုပိတ်ပြီးလျှင် သူ၏သားများယူဆောင်လာသောအိုးများ ထဲသို့ဆီလောင်းထည့်လေသည်။-
I ode ona od njega, zatvori vrata za sobom i za svojim sinovima. Oni su joj dodavali sudove, a ona ih punila.
6 ၆ ထိုအိုးများအားလုံးဆီပြည့်သောအခါ မုဆိုးမက``အိုးလွတ်ကျန်သေးသလော'' ဟု သားတို့အားမေး၏။ သားတစ်ယောက်က``မကျန် တော့ပါ'' ဟုဆိုလိုက်သည်နှင့်ဆီထွက်ရပ်လေ၏။-
I kad se sudovi napuniše, reče ona svome sinu: “Dodaj mi još jedan sud!” Ali joj on odgovori: “Nema više sudova.” I ulje stade.
7 ၇ မုဆိုးမသည်ပရောဖက်ဧလိရှဲထံသို့ပြန် လာသောအခါ ပရောဖက်က``ဆီကိုရောင်းချ၍ အကြွေးရှိသမျှကိုဆပ်ပြီးနောက် ကျန်ငွေဖြင့် သင်နှင့်သားများအသက်မွေးကြလော့'' ဟု ပြော၏။
Ona ode i kaza čovjeku Božjem, a on joj reče: “Idi, prodaj ulje i podmiri svoj dug, a od ostatka živjet ćeš ti i tvoji sinovi!”
8 ၈ တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
Jednoga je dana Elizej prolazio kroza Šunam. A živjela ondje ugledna žena i ona ga pozva k stolu. Odonda, kad god prolazaše onuda, uvratio bi se k njoj na jelo.
9 ၉ ထိုအမျိုးသမီးကမိမိ၏ခင်ပွန်းအား``ကျွန်မ တို့၏အိမ်သို့မကြာခဏလာရောက်တတ်သူသည် သန့်ရှင်းမြင့်မြတ်သူဧကန်အမှန်ဖြစ်ကြောင်း ကျွန်မသိပါ၏။-
Ona reče svome mužu: “Evo, znam i vidim da je svet onaj čovjek Božji što prolazi ovuda.
10 ၁၀ ကျွန်မတို့သည်အိမ်မိုးပေါ်တွင် အခန်းငယ်ကိုပြု လုပ်၍ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့်မီးခွက်တို့ ကိုထားလျှင် ထိုသူသည်ကျွန်မတို့ထံသို့ရောက် ရှိလာသည့်အခါတိုင်း ထိုအခန်းတွင်တည်းခို နိုင်ပါလိမ့်မည်'' ဟုပြော၏။
Načinimo mu sobicu na krovu, stavimo mu ondje postelju, stol, stolicu i svjetiljku: kad dođe k nama, povući će se onamo.”
11 ၁၁ တစ်နေ့သ၌ဧလိရှဲသည် ရှုနင်မြို့သို့ပြန်လာ ပြီးလျှင် နားနေရန်မိမိ၏အခန်းသို့သွား၏။-
Jednoga dana dođe on onamo, povuče se u gornju sobu i počinu ondje.
12 ၁၂ သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊-
Reče zatim svome momku Gehaziju: “Pozovi tu Šunamku!” On je pozva te ona stade preda nj.
13 ၁၃ ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။ ထိုအခါအမျိုးသမီးက``ကျွန်မသည်ဤ အရပ်တွင် ဆွေမျိုးများနှင့်နေရသဖြင့်ကျွန်မ မှာလိုလေသေးမရှိပါ'' ဟုပြန်ပြော၏။
I još mu reče: “Kaži joj: 'Lijepo se brineš za nas. Što možemo učiniti za te? Treba li reći riječ za te kralju ili vojskovođi?'” Ali ona odgovori: “Ja živim usred svoga naroda.”
14 ၁၄ ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။ ဂေဟာဇိက``သူမှာသားသမီးမရှိပါ။ သူ၏ ခင်ပွန်းသည်လည်းအိုမင်းပါပြီ'' ဟုဆို၏။
On nastavi: “Dakle, što da učinimo za nju?” Gehazi odgovori: “Eto, nema sina, a muž joj je vremešan.”
15 ၁၅ ဧလိရှဲက``ထိုအမျိုးသမီးကို ဤနေရာသို့ ခေါ်ခဲ့လော့'' ဟုအမိန့်ရှိသည့်အတိုင်း အမျိုး သမီးသည်လာ၍တံခါးဝတွင်ရပ်လျက်နေ၏။-
A on reče: “Pozovi je!” Pozva je, a ona stade kod ulaza.
16 ၁၆ ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။ အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။
“Dogodine u ovo doba”, reče joj, “zagrlit ćeš sina u naručju.” A ona reče: “Ne, gospodaru moj, ne varaj službenice svoje!”
17 ၁၇ သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
Ali je žena doista zatrudnjela i rodila je sina druge godine u ono doba, kako joj je rekao Elizej.
18 ၁၈ နှစ်အနည်းငယ်ကြာသောအခါကောက်ရိတ်ချိန် တစ်ခုသောနံနက်ခင်း၌ သူငယ်သည်လယ်ထဲ တွင်ကောက်ရိတ်သမားများနှင့်အတူရှိသည့် ဖခင်ထံသို့သွားရောက်ပြီးနောက်၊-
Dječak je rastao. Jednoga dana ode ocu kod žetelaca.
19 ၁၉ ရုတ်တရက်``ခေါင်းကိုက်သည်၊ ခေါင်းကိုက်သည်၊'' ဟု ဆို၏။ သို့ဖြစ်၍ဖခင်သည် အစေခံတစ်ယောက်အား``ဤ သူငယ်ကိုချီ၍သူ၏မိခင်ထံသို့ပို့လော့'' ဟု အမိန့်ပေး၏။-
I potuži se ocu: “Jao, glava, glava moja!” A otac zapovjedi jednom momku da ga odnese majci.
20 ၂၀ အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။-
On ga uze i odvede ga njegovoj majci. Na njenim je koljenima ostao do podne i onda umrije.
21 ၂၁ ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။-
Ona tada ode gore i položi ga u postelju Božjega čovjeka. Izišla je zatim i zaključala vrata.
22 ၂၂ ထိုနောက်မိမိ၏ခင်ပွန်းကိုခေါ်၍``ပရောဖက် ဧလိရှဲထံသို့ကျွန်မသွားရပါမည်။ အစေခံ တစ်ယောက်နှင့်မြည်းတစ်ကောင်ကိုကျွန်မထံ သို့စေလွှတ်ပေးပါ'' ဟုပြော၏။
Potom je pozvala svoga muža i rekla: “Pošalji mi jednoga od momaka i jednu magaricu; otrčat ću do čovjeka Božjeg i vratit ću se.”
23 ၂၃ ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
On je upita: “Zašto da danas pođeš k njemu? Nije ni mlađak niti je subota.” Ali ona odgovori: “Ostaj u miru!”
24 ၂၄ ထိုနောက်သူသည်မြည်းကိုကုန်းနှီးတင်စေပြီး လျှင် အစေခံအား``မြည်းကိုအမြန်ဆုံးမောင်း နှင်ပေးပါ။ ငါအမိန့်မပေးဘဲအသွားမနှေး စေနှင့်'' ဟုမှာကြားထား၏။-
Pošto joj je momak osamario magaricu, ona će mu: “Povedi i pođi! Ne zadržavaj me na putu, osim ako ti naredim.”
25 ၂၅ သို့ဖြစ်၍အမျိုးသမီးသည်ဧလိရှဲရှိရာ ကာရ မေလတောင်ထိပ်သို့ထွက်ခွာသွားလေသည်။ သူ့ကိုအဝေးမှလာနေသည်ကိုဧလိရှဲမြင်နေ သဖြင့် မိမိ၏အစေခံဂေဟာဇိအား``ရှုနင်မြို့ သူလာနေပါသည်တကား။-
Ode ona i dođe k čovjeku Božjem, na goru Karmel. Kada je čovjek Božji ugleda izdaleka, reče svome momku Gehaziju: “Evo one Šunamke.
26 ၂၆ သူ့ထံသို့အလျင်အမြန်သွား၍`ကိုယ်တိုင်မာ ၏လော၊ ခင်ပွန်းမာ၏လော၊ သားငယ်မာ၏လော၊' ဟုမေးမြန်းလော့'' ဟုဆို၏။ အမျိုးသမီးသည်ဂေဟာဇိအား``ကျန်းမာပါ သည်'' ဟုပြန်ပြော၏။-
Otrči pred nju i pitaj je: 'Kako si? Je li ti muž dobro? Je li ti dijete zdravo?'” Ona odgovori: “Zdravi smo.”
27 ၂၇ သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။
Kada je stigla do čovjeka Božjega na gori, obujmi mu noge. Gehazi pristupi da je odmakne, ali mu čovjek Božji reče: “Pusti je jer joj je duša ojađena. Jahve mi krije, nije mi ništa objavio.”
28 ၂၈ အမျိုးသမီးက``အရှင်၊ ကျွန်မသည်အရှင့်ထံ တွင်သားဆုကိုတောင်းပါသလော။`အချည်းနှီး ကျွန်မမျှော်လင့်၍မနေပါရစေနှင့်' ဟုအရှင့် အားပြောကြားခဲ့သည်မဟုတ်ပါလော'' ဟု ဆို၏။
A ona reče: “Zar sam ja tražila sina od svoga gospodara? Nisam li ti govorila da me ne zavaravaš?”
29 ၂၉ ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။
On tada reče Gehaziju: “Opaši se, uzmi u ruku moj štap pa idi! Ako koga susretneš, ne pozdravljaj ga; ako te tko pozdravi, ne odzdravljaj mu. Moj štap položi na dječaka.”
30 ၃၀ အမျိုးသမီးကဧလိရှဲအား``အသက်ရှင် တော်မူသောထာဝရဘုရားနှင့်အရှင်၏အပေါ် တွင်ကျွန်မထားရှိသောကျေးဇူးသစ္စာကိုတိုင် တည်၍ အရှင်မပါကကျွန်မသွားမည်မဟုတ် ပါ'' ဟုပြော၏။ သို့ဖြစ်၍ဧလိရှဲသည်ထ၍ သူနှင့်အတူလိုက်သွားလေသည်။-
Ali dječakova majka reče: “Života mi Jahvina i tvoga, neću te ostaviti!” On tada ustade i pođe za njom.
31 ၃၁ ဂေဟာဇိသည်ရှေ့မှသွားနှင့်ပြီးလျှင်ဧလိရှဲ ၏တောင်ဝှေးကိုကလေး၏အပေါ်တွင်တင်ထား၏။ သို့ရာတွင်သူငယ်ထံမှအသံကိုမကြားရ။ အသက်ရှင်သည့်လက္ခဏာကိုလည်းမတွေ့ရ သဖြင့်ဂေဟာဇိသည်ဧလိရှဲကိုပြန်၍ ကြိုဆိုကာ``သူငယ်မနိုးပါ'' ဟုပြော၏။
Gehazi je otišao prije njih i položio štap na dječaka, ali ne bješe ni glasa ni odziva. Vrati se on pred Elizeja i javi mu: “Dječak se nije probudio.”
32 ၃၂ ဧလိရှဲသည်အိမ်သို့ရောက်သောအခါတစ်ကိုယ် တည်းအခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်သေနေ သောသူငယ်ကိုတွေ့လေ၏။-
Elizej uđe u kuću i nađe dječaka gdje mrtav leži na njegovoj postelji.
33 ၃၃ သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။-
Ušavši, zatvori vrata za sobom i pomoli se Jahvi.
34 ၃၄ ထိုနောက်သူငယ်၏အပေါ်တွင်မှောက်လျက်နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်၍ထား၏။ ယင်းသို့ သူငယ်၏အပေါ်တွင်မှောက်၍နေသောအခါ သူငယ်၏ကိုယ်ခန္ဓာသည်နွေးစပြုလာ၏။-
Zatim se pope na postelju, leže na dječaka, položi svoja usta na njegova usta, svoje oči na njegove oči, svoje ruke na njegove ruke; disao je nad njim te se ugrijalo tijelo dječakovo.
35 ၃၅ ဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။-
Potom ustade i prošeta se po kući tamo-amo, zatim se opet pope i disaše nad njim. A dječak tada kihnu sedam puta i otvori oči.
36 ၃၆ ဧလိရှဲသည်ဂေဟာဇိအားသူငယ်၏မိခင်ကို အခေါ်ခိုင်း၏။ အမျိုးသမီးရောက်လာသောအခါ ဧလိရှဲကသူ့အား``ဤမှာသင်၏သား'' ဟုဆို၏။-
I zovnu Elizej Gehazija i reče: “Pozovi tu Šunamku.” On je pozva. Kad je stigla preda nj, reče joj: “Uzmi svoga sina.”
37 ၃၇ အမျိုးသမီးသည်ဧလိရှဲ၏ခြေရင်းတွင်ပျပ်ဝပ် ပြီးလျှင် မိမိ၏သားကိုချီ၍ထွက်ခွာသွားလေ သည်။
Ona, ušavši, pade mu pred noge i pokloni se do zemlje. Zatim uze svoga sina te iziđe.
38 ၃၈ အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-
Elizej se vrati u Gilgal, a bijaše glad u zemlji. I kad su proročki sinovi sjedili pred njim, reče svome momku: “Stavi veliki lonac na vatru i skuhaj jelo sinovima proročkim.”
39 ၃၉ ပရောဖက်တစ်ပါးသည်ဟင်းသီးဟင်းရွက်များ ခူးရန် လယ်တောသို့သွားရာဘူးပင်ရိုင်းတစ်ပင် ကိုတွေ့သဖြင့် သယ်နိုင်သမျှသောဘူးသီးတို့ ကိုခူးဆွတ်ပြီးသော် ဘူးရိုင်းမှန်းမသိဘဲခွဲ စိတ်၍ဟင်းအိုးတွင်ခတ်လေသည်။-
Jedan od njih ode u polje da nabere zelja, ali nađe divlju povijušu i nabra s nje punu haljinu gorkih plodova. Vrati se i nareza ih u lonac, jer nije znao kakvi su.
40 ၄၀ ထိုဟင်းကိုလူတို့စားသောက်ရန်လောင်းထည့် လိုက်သောအခါ သူတို့သည်မြည်းစမ်းမိသည် နှင့်တစ်ပြိုင်နက်ဧလိရှဲအား``ဤဟင်းတွင် အဆိပ်ခတ်ထားပါသည်တကား'' ဟုဟစ် အော်ကာမစားဘဲနေကြ၏။-
Usuše ljudima da jedu. Ali kad su počeli jesti, povikaše: “Čovječe Božji! Smrt je u loncu!” I nisu mogli jesti.
41 ၄၁ ဧလိရှဲသည်မုန့်ညက်အနည်းငယ်ကိုတောင်းယူ ကာအိုးထဲသို့ပစ်ထည့်လိုက်၏။ ထိုနောက်``ဤသူ တို့စားသောက်ရန်လောင်းထည့်လော့'' ဟုဆိုသည့် အတိုင်းလောင်းထည့်သောအခါအဆိပ်မရှိ တော့ချေ။
Tada će Elizej: “Donesite brašna!” I baci ga u lonac i reče: “Uspite ljudima neka jedu!” I ništa više nije bilo štetno u loncu.
42 ၄၂ အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။-
Neki čovjek došao iz Baal Šališe i donio čovjeku Božjem kruh od prvina, dvadeset ječmenih hljebova i kaše u torbi. A on zapovjedi: “Daj ljudima neka jedu!”
43 ၄၃ သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။-
Ali njegov momak odgovori: “Kako to mogu postaviti pred stotinu ljudi?” On odgovori: “Podaj ljudima i neka jedu, jer ovako veli Jahve: 'Jest će i preostat će.'”
44 ၄၄ သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။
I postavi on pred njih. I jedoše i još preosta, prema riječi Jahvinoj.