< ၄ ဓမ္မရာဇဝင် 25 >
1 ၁ ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
И тако девете године његовог царовања, десетог месеца десетог дана дође Навуходоносор, цар вавилонски са свом војском својом на Јерусалим, и стадоше у логор под њим, и начинише опкопе око њега.
2 ၂ ထိုနောက်ဇေဒကိ၏နန်းစံတစ်ဆယ့်တစ်နှစ် မြောက်တိုင်အောင် မြို့ကိုဝိုင်းထား၏။-
И град би опкољен до једанаесте године царовања Седекијиног.
3 ၃ ထိုနှစ်စတုတ္ထလကိုးရက်နေ့၌အစာရေစာ လွန်စွာခေါင်းပါးမှုကြောင့် မြို့သူမြို့သားတို့ တွင်စားစရာအလျှင်းမရှိကြတော့ပေ။-
И деветог дана месеца четвртог поста велика глад у граду, те народ земаљски немаше хлеба.
4 ၄ ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
Тада град би проваљен, а војници сви побегоше ноћу на врата између два зида уз врт царев; а Халдеји беху свуда око града; и цар отиде путем к пустињи.
5 ၅ သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
Али војска халдејска потера цара, и стигоше га у пољу јерихонском, а сва војска што беше с њим разбеже се од њега.
6 ၆ ရန်သူတို့သည်ဇေဒကိအားနေဗုခဒ်နေဇာ မင်းရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားကြ ရာ နေဗုခဒ်နေဇာသည်ထိုအရပ်၌ပင်စီရင် ချက်ချမှတ်လေသည်။-
И ухватише цара, и одведоше га к цару вавилонском у Ривлу, и онде му судише.
7 ၇ ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။
И синове Седекијине поклаше на његове очи, па онда Седекији ископаше очи, и свезаше га у два ланца бронзана, и одведоше га у Вавилон.
8 ၈ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
А седмог дана петог месеца године деветнаесте царовања Навуходоносора, цара вавилонског дође у Јерусалим Невузардан заповедник стражарски, слуга цара вавилонског.
9 ၉ ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
И попали дом Господњи и дом царски и све домове у Јерусалиму; све велике куће попали огњем.
10 ၁၀ သူ၏တပ်သားတို့သည်မြို့ရိုးကိုဖြိုချကြ၏။-
И зидове јерусалимске унаоколо развали сва војска халдејска, која беше са заповедником стражарским.
11 ၁၁ ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
А остатак народа што оста у граду, и пребеге што пребегоше к цару вавилонском, и остали прости народ одведе Навузардан, заповедник стражарски.
12 ၁၂ သို့ရာတွင်ဆင်းရဲသားအချို့တို့ကိုမူယုဒ ပြည်တွင် စပျစ်ဥယျာဉ်များနှင့်လယ်ယာများ တွင်အလုပ်လုပ်စေရန်ထားခဲ့လေသည်။
Само од сиромаха у земљи остави заповедник стражарски који ће бити виноградари и ратари.
13 ၁၃ ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော်ရှိ ကြေးဝါတိုင်ကြီးများ၊ ကြေးဝါလှည်းများ၊ ကြေးဝါရေကန်ကြီးကိုအစိတ်စိတ်အမြွှာ မြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန်သမျှကို ဗာဗုလုန်ပြည်သို့ယူဆောင်သွားကြ၏။-
И ступове бронзане што беху у дому Господњем, и подножја, и море бронзано које беше у дому Господњем, изломише Халдејци, и бронзу од њих однесоше у Вавилон.
14 ၁၄ သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက်အသုံး ပြုသည့် တူရွင်းပြားများ၊ ပြာခွက်များမီးခွက် များကိုတိုက်ချွတ်ပြင်ဆင်ရာ၌အသုံးပြုသည့် တန်ဆာပလာများ၊ ယဇ်ကောင်သွေးခံခွက်ဖလား များ၊ နံ့သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်းကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့် အခြားကြေးဝါပစ္စည်းအသုံးအဆောင် များကိုလည်းယူဆောင်သွားကြ၏။-
И лонце и лопате и виљушке и кадионице и све судове бронзане којима служаху, узеше,
15 ၁၅ သူတို့သည်မီးကျီးခဲများသယ်ယူရာ၌ အသုံးပြုသည့် ခွက်ငယ်ကလေးများနှင့်အိုး ကင်းများအပါအဝင်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်းယူဆောင် သွားကြသည်။-
И клешта и котлиће, шта год беше златно и шта год беше сребрно, узе заповедник стражарски,
16 ၁၆ ဗိမာန်တော်အတွက်ရှောလမုန်မင်းပြုလုပ်ခဲ့ သောကြေးဝါပစ္စည်းများဖြစ်သည့်တိုင်ကြီးနှစ်လုံး၊ လှည်းများနှင့်ရေစည်ကြီးတို့သည်ချိန်တွယ်၍ မရအောင်ပင်လေးလံပေသည်။-
Два ступа, једно море и подножја, што начини Соломун за дом Господњи; не беше мере бронзи од свих тих судова;
17 ၁၇ ထိုတိုင်ကြီးနှစ်လုံးမှာဆင်တူဖြစ်၍တစ်တိုင် လျှင် နှစ်ဆယ့်ခုနစ်ပေမြင့်လေသည်။ ယင်းတို့ ကိုအမြင့်လေးပေခွဲရှိကြေးဝါတိုင်ထိပ်အုပ် များတပ်ဆင်ထား၏။ ထိုတိုင်ထိပ်အုပ်တို့၏ပတ် လည်တွင် ကြေးဝါကွန်ရွက်နှင့်ကြေးဝါသလဲ သီးများဖြင့်ချယ်လှယ်၍ထားသတည်း။
Осамнаест лаката беше висок један ступ, и озго на њему беше оглавље бронзано, и оглавље беше високо три лакта, и плетенице и шипци око оглавља, све од бронзе; такав беше и други ступ с плетеницом.
18 ၁၈ ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
Узе заповедник стражарски и Серају првог свештеника и Софонију другог свештеника, и три вратара.
19 ၁၉ ယုဒတပ်မှူးဟောင်း၊ မင်းကြီး၏အတိုင်ပင်ခံ အမတ်ငါးဦး၊ တပ်မတော်မှတ်တမ်းထိန်းလက် ထောက်တပ်မှူးနှင့်အခြားအရေးပါအရာ ရောက်သူလူခြောက်ဆယ်တို့ကိုလည်းကောင်း ယေရုရှလင်မြို့မှဖမ်းဆီး၍၊-
А из града узе једног дворанина, који беше над војницима и пет људи који стајаху пред царем, који се нађоше у граду, и првог писара војничког, који пописиваше народ по земљи у војску, и шездесет људи из народа земаљског, који се нађоше у граду.
20 ၂၀ ဗာဗုလုန်ဘုရင်ရှိရာဟာမတ်ပြည်ရိဗလ မြို့သို့ခေါ်ဆောင်သွားရာမင်းကြီးသည် ထိုမြို့ တွင်သူတို့အားဒဏ်ပေးပြီးမှကွပ်မျက်လိုက်၏။ သို့ဖြစ်၍ယုဒပြည်သူတို့သည်တိုင်းတစ်ပါး သို့ပြည်နှင်ဒဏ်ခံရကြလေသတည်း။
Узе их Невузардан, заповедник стражарски, и одведе к цару вавилонском у Ривлу.
А цар их вавилонски поби и погуби у Ривли у земљи ематској. Тако би пресељен Јуда из земље своје.
22 ၂၂ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ရှာဖန် ၏မြေး၊ အဟိကံ၏သား၊ ဂေဒလိအားယုဒ ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် ပြည်သို့ဖမ်းသွားခြင်းမခံရကြသူတို့ အားအုပ်ချုပ်စေ၏။-
А над народом који оста у земљи Јудиној, који остави Навуходоносор цар вавилонски, над њим постави Годолију, сина Ахикама, сина Сафановог.
23 ၂၃ ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
А кад чуше све војводе и људи њихови да је цар вавилонски поставио Годолију, дођоше ка Годолији у Миспу, на име: Исмаило син Нетанијин, и Јоанан син Каријајев и Сераја син Тануметов из Нетофата, и Јазанија син Махатов, они и људи њихови.
24 ၂၄ ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။
И Годолија се закле њима и људима њиховим и рече: Не бојте се службе Халдејима; седите у земљи и служите цару вавилонском, и биће вам добро.
25 ၂၅ သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
Али седмог месеца дође Исмаило, син Нетаније сина Елисамовог, рода царског, и десет људи с њим, и убише Годолију, те погибе; тако и Јудеје и Халдеје који беху с њим у Миспи.
26 ၂၆ ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
Тада се подиже сав народ, мало и велико, и војводе, те отидоше у Мисир, јер се побојаше Халдеја.
27 ၂၇ ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
А тридесет седме године откако се зароби Јоахин, цар Јудин, дванаестог месеца, двадесет седмог дана Евил-Меродах цар вавилонски исте године зацаривши се извади из тамнице Јоахина, цара Јудиног.
28 ၂၈ ဧဝိလမေရောဒက်သည်ယေခေါနိအားကြင်နာ စွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင်ပြည်နှင်ဒဏ်သင့် လျက်နေသော အခြားဘုရင်များထက်ပို၍ချီး မြှင့်မြှောက်စားတော်မူ၏။-
И лепо говори с њим, и намести му престо више престола других царева који беху код њега у Вавилону.
29 ၂၉ သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များကိုလဲ ခွင့်ရလျက် မိမိအသက်ရှည်သမျှကာလပတ် လုံးမင်းကြီးနှင့်အတူပွဲတော်တည်ခွင့်ကိုရရှိ လေသည်။-
И промени му хаљине тамничке, и он јеђаше свагда с њим свега века свог.
30 ၃၀ မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်နေ့စဉ်မှန်မှန် အသုံးစရိတ်ကိုလည်း တစ်သက်လုံးရရှိ၏။ ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။
И храна му се једнако даваше од цара сваки дан свега века његовог до смрти његове.