< ၄ ဓမ္မရာဇဝင် 24 >
1 ၁ ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
Nos seus dias subiu Nabucodonosor, rei de Babylonia, e Joaquim ficou tres annos seu servo; depois se virou, e se rebellou contra elle.
2 ၂ ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
E Deus enviou contra elle as tro- pas dos chaldeos, e as tropas dos syros, e as tropas dos moabitas, e as tropas dos filhos d'Ammon; e as enviou contra Judah, para o destruir, conforme a palavra do Senhor, que fallara pelo ministerio de seus servos, os prophetas.
3 ၃ ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
E, na verdade, conforme o mandado do Senhor, assim succedeu a Judah, que a tirou de diante da sua face, por causa dos peccados de Manasseh, conforme tudo quanto fizera.
Como tambem por causa do sangue innocente que derramou, enchendo a Jerusalem de sangue innocente: e por isso o Senhor não quiz perdoar.
5 ၅ ယောယကိမ်လုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။-
Ora o mais dos successos de Joaquim, e tudo quanto fez, porventura não está escripto no livro das chronicas dos reis de Judah?
6 ၆ ယောယကိမ်ကွယ်လွန်သောအခါသူ၏သား တော်ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
E Joaquim dormiu com seus paes: e Joachin, seu filho, reinou em seu logar.
7 ၇ အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
E o rei do Egypto nunca mais saiu da sua terra; porque o rei de Babylonia tomou tudo quanto era do rei do Egypto, desde o rio do Egypto até ao rio Euphrates.
8 ၈ ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံရ လေသည်။ သူ၏မယ်တော်မှာယေရုရှလင် မြို့သားဧလနာသန်၏သမီးနဟုတ္တဖြစ်၏။-
Tinha Joachin dezoito annos de edade quando começou a reinar, e reinou tres mezes em Jerusalem: e era o nome de sua mãe, Nehustha, filha de Elnathan, de Jerusalem.
9 ၉ ယေခေါနိသည်မိမိခမည်းတော်၏လမ်း စဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။-
E fez o que parecia mal aos olhos do Senhor, conforme tudo quanto fizera seu pae.
10 ၁၀ နေဗုခဒ်နေဇာ၏တပ်မှူးများကွပ်ကဲသည့် ဗာဗုလုန်တပ်မတော်သည် ယေရုရှလင်မြို့ ကိုဝိုင်းရံထားသည်မှာယေခေါနိမင်း၏ လက်ထက်၌ဖြစ်၏။-
N'aquelle tempo subiram os servos de Nabucodonosor, rei de Babylonia, a Jerusalem, e a cidade foi cercada.
11 ၁၁ ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
Tambem veiu Nabucodonosor, rei de Babylonia, contra a cidade, quando já os seus servos a estavam cercando.
12 ၁၂ ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
Então saiu Joachin, rei de Judah, ao rei de Babylonia, elle, e sua mãe, e seus servos, e seus principes, e seus eunuchos; e o rei de Babylonia o tomou preso, no anno oitavo do seu reinado.
13 ၁၃ ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
E tirou d'ali todos os thesouros da casa do Senhor, e os thesouros da casa do rei: e fendeu todos os vasos d'oiro, que fizera Salomão, rei de Israel, no templo do Senhor, como o Senhor tinha dito.
14 ၁၄ နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။
E transportou a toda a Jerusalem, como tambem a todos os principes, e a todos os homens valorosos, dez mil presos, e a todos os carpinteiros e ferreiros: ninguem ficou senão o povo pobre da terra.
15 ၁၅ နေဗုခဒ်နေဇာသည်ယေခေါနိမှစ၍သူ၏ မယ်တော်၊ မိဖုရားများ၊ မှူးမတ်များ၊ ယုဒ အမျိုးသားခေါင်းဆောင်များကို ဗာဗုလုန်မြို့ သို့ဖမ်းဆီးခေါ်ဆောင်သွားလေသည်။-
Assim transportou Joachin a Babylonia; como tambem a mãe do rei, e as mulheres do rei, e os seus eunuchos, e os poderosos da terra levou presos de Jerusalem a Babylonia.
16 ၁၆ သူသည်အရေးပါအရာရောက်သူစုစုပေါင်း လူခုနစ်ထောင်ကို ဗာဗုလုန်ပြည်သို့ဖမ်းဆီး ခေါ်ဆောင်သွား၏။ ထို့ပြင်ပန်းပဲဆရာများ အပါအဝင်အတတ်ပညာသည်တစ်ထောင် ကိုလည်းခေါ်ဆောင်သွား၏။ ထိုသူအားလုံးပင် ကိုယ်လက်သန်စွမ်း၍စစ်မှုထမ်းနိုင်သူများ ဖြစ်ကြသတည်း။
E todos os homens, valentes, até sete mil, e carpinteiros e ferreiros até mil, e todos os varões dextros na guerra, a estes o rei de Babylonia, levou presos para Babylonia.
17 ၁၇ နေဗုခဒ်နေဇာသည်ယေခေါနိ၏ဘထွေး တော်မဿနိအား ယုဒဘုရင်အဖြစ်နန်း တင်ပြီးလျှင်ဇေဒကိဟုနာမည်ပြောင်း ၍ခေါ်တွင်စေ၏။
E o rei de Babylonia estabeleceu a Mathanias, seu tio, rei em seu logar: e lhe mudou o nome em Zedekias.
18 ၁၈ ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ယေရုရှလင် မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာလိဗနမြို့သားယေရမိ၏သမီး၊ ဟာမုတာလဖြစ်၏။-
Tinha Zedekias vinte e um annos de edade quando começou a reinar, e reinou onze annos em Jerusalem: e era o nome de sua mãe Hamutal, filha de Jeremias, de Libna.
19 ၁၉ ဇေဒကိမင်းသည်ယောယကိမ်နည်းတူပင် ထာဝရဘုရားကိုပြစ်မှားလေသည်။-
E fez o que parecia mal aos olhos do Senhor, conforme tudo quanto fizera Joaquim.
20 ၂၀ ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။
Porque assim succedeu por causa da ira do Senhor contra Jerusalem, e contra Judah, até os rejeitar de diante da sua face: e Zedekias se rebellou contra o rei de Babylonia.