< ၄ ဓမ္မရာဇဝင် 24 >

1 ယော​ယ​ကိမ်​နန်း​စံ​ချိန်​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း ဝင်​ရောက်​လာ​၏။ ယော​ယ​ကိမ်​သည်​လည်း​သုံး နှစ်​တိုင်​တိုင် သူ​၏​ထံ​တွင်​အ​ညံ့​ခံ​လျက်​နေ ပြီး​မှ​ပုန်​ကန်​လေ​၏။-
ယောယကိမ် မင်းလက်ထက် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ယောယကိမ် သည် သုံး နှစ် ကျွန်ခံ ပြီးမှတဖန်လှန်ပြန် ၍ ပုန်ကန် လေ၏
2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-
ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသော စကား တော်အတိုင်း ၊ ယုဒ ပြည်ကို ဖျက်ဆီး စေခြင်းငှါ ၊ ခါလဒဲ တပ်သား ၊ ရှုရိ တပ်သား ၊ မောဘ တပ်သား ၊ အမ္မုန် တပ်သား တို့ကို စစ်ချီ စေတော်မူ ၏
3 ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​ပြု​ခဲ့​သည့် ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့် အ​ထူး​သ​ဖြင့် အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ် ကြောင့် ယု​ဒ​ပြည်​သူ​တို့​အား​မျက်​မှောက်​တော် မှ​နှင်​ထုတ်​တော်​မူ​လို​သ​ဖြင့် ဤ​သို့​စီ​ရင် တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ ထို​ပြစ်​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မ​မူ​နိုင်။
မနောရှ မင်းပြု မိသမျှ သော အပြစ်၊ “
4
အသေ မခံထိုက်သောသူတို့ ကိုသတ် ၍ သူတို့ အသွေး နှင့် ယေရုရှလင် မြို့ကို ပြည့် စေသော အပြစ် များ ကို ထာဝရဘုရား သည် လွှတ် တော်မ မူ။ ယုဒ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား လိုသောငှါ စီရင် တော်မူသည် အတိုင်း သာ ထိုအမှုရောက် သတည်း
5 ယော​ယ​ကိမ်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။-
ယောယကိမ် ပြု မူသော အမှု အရာကြွင်း လေ သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏
6 ယော​ယ​ကိမ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
ယောယကိမ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ယေခေါနိ သည်ခမည်းတော် အရာ ၌ နန်းထိုင် ၏
7 အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။
အဲဂုတ္တု မြစ် မှစ၍ ဥဖရတ် မြစ် တိုင်အောင် အဲဂုတ္တု ရှင်ဘုရင် ပိုင်သမျှသောမြေကို ဗာဗုလုန် ရှင်ဘုရင် ယူ သောကြောင့် ၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိ ပြည် မှ မချီမထွက်ရ
8 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-
ယေခေါနိ သည်အသက် ဆယ် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သားဧလနာသန် ၏သမီး နဟုတ္တ အမည် ရှိ၏
9 ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-
ထိုမင်းသည် ခမည်းတော် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
10 ၁၀ နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-
၁၀ထို ကာလ ၌ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန် တို့သည် ယေရုရှလင် မြို့သို့စစ်ချီ ၍ ဝိုင်း ထားကြ ၏
11 ၁၁ ယင်း​သို့​ဝိုင်း​ရံ​ထား​ချိန်​၌​နေ​ဗု​ခဒ်​နေ​ဇာ​ကိုယ် တိုင်​ပင် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​လေ​သည်။-
၁၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ကိုယ်တိုင်ရောက် ၍ ၊ သူ ၏ကျွန် တို့သည် မြို့ ကို ဝိုင်း ထား ကြသောအခါ၊ “
12 ၁၂ ယေ​ခေါ​နိ​မင်း​သည်​မိ​မိ​၏​မယ်​တော်၊ သား​တော် များ၊ တပ်​မှူး​များ၊ နန်း​တော်​အ​ရာ​ရှိ​များ​နှင့်​တ​ကွ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​တွင်​အ​ညံ့​ခံ​တော် မူ​ရ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​နန်း​စံ​ရှစ်​နှစ် မြောက်​၌​ယေ​ခေါ​နိ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ၍၊-
၁၂ယုဒ ရှင်ဘုရင် ယေခေါနိ သည် မယ်တော် မှစသော ကျွန် ၊ မှူးမတ် ၊ အရာ ရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင် ထံသို့ ထွက် ၍ ဗာဗုလုန် ရှင် ဘုရင်သည် နန်းစံ ရှစ် နှစ် တွင် ယုဒ ရှင်ဘုရင်ကိုရ ၏
13 ၁၃ ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-
၁၃ထာဝရဘုရား မိန့် တော်မူဘူးသည်အတိုင်း ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်းသွား ၍ ၊ ဗိမာန် တော်အဘို့ ဣသရေလ ရှင်ဘုရင် လုပ် သော ရွှေ တန်ဆာ အလုံးစုံ တို့ကို အပိုင်းပိုင်း ဖြတ်လေ၏
14 ၁၄ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။
၁၄ယေရုရှလင် မြို့သားမှူးမတ် ၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း ၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်း တို့ကို သိမ်းသွား ၍ ၊ သာမညဆင်းရဲသား မှတပါး အဘယ်သူမျှမ ကျန်ကြွင်း ရ
15 ၁၅ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-
၁၅ယေခေါနိ နှင့် မယ်တော် အစ ရှိသော မိဖုရား များ၊ အရာရှိ များ၊ အားကြီးသော ပြည်သားများ အပေါင်း၊”
16 ၁၆ သူ​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​စု​စု​ပေါင်း လူ​ခု​နစ်​ထောင်​ကို ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​၏။ ထို့​ပြင်​ပန်း​ပဲ​ဆ​ရာ​များ အ​ပါ​အ​ဝင်​အ​တတ်​ပ​ညာ​သည်​တစ်​ထောင် ကို​လည်း​ခေါ်​ဆောင်​သွား​၏။ ထို​သူ​အား​လုံး​ပင် ကိုယ်​လက်​သန်​စွမ်း​၍​စစ်​မှု​ထမ်း​နိုင်​သူ​များ ဖြစ်​ကြ​သ​တည်း။
၁၆စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူ ရှိသမျှ ၊ ခွန်အား ကြီးသော လူခုနစ် ထောင် ၊ အထူးထူး အပြား အပြားသော ဆရာသမား တထောင် တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ လက်ရသိမ်း သွားလေ၏
17 ၁၇ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။
၁၇ဗာဗုလုန် ရှင် ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိ ကို ဇေဒကိ အမည် ဖြင့်မှည့် ၍ ယေခေါနိ အရာ ၌ နန်းတင် ၏
18 ၁၈ ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-
၁၈ဇေဒကိ သည် အသက် နှစ်ဆယ် တ နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သားယေရမိ ၏သမီး ဟာမုတာလ အမည် ရှိ၏
19 ၁၉ ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​နည်း​တူ​ပင် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​လေ​သည်။-
၁၉ထိုမင်းသည် ယောယကိမ် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။
၂၀ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင့်ထုတ် မှီတိုင်အောင်အမျက် ထွက် တော်မူ၍ ၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏”

< ၄ ဓမ္မရာဇဝင် 24 >