< ၄ ဓမ္မရာဇဝင် 23 >
1 ၁ ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
2 ၂ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
3 ၃ သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။
4 ၄ ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
5 ၅ သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
6 ၆ သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။-
7 ၇ ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
8 ၈ မင်းကြီးသည်ယုဒမြို့များမှယဇ်ပုရော ဟိတ်တို့ကို ယေရုရှလင်မြို့သို့ခေါ်ဆောင် ပြီးလျှင် တစ်ပြည်လုံးရှိထိုသူတို့ယဇ်ပူ ဇော်ခဲ့သောပလ္လင်များကိုညစ်ညမ်းစေတော် မူ၏။ မြို့ထဲသို့ဝင်သောအခါမြို့တံခါးမ ကြီး၏လက်ဝဲဘက်တွင်မြို့ဝန်ယောရှုတည် ဆောက်ထားသည့်တံခါးအနီး ဆိတ်နတ်မိစ္ဆာ တို့အားဆက်ကပ်ထားသောယဇ်ပလ္လင်များ ကိုလည်းဖြိုဖျက်တော်မူ၏။-
9 ၉ အဆိုပါယဇ်ပုရောဟိတ်တို့သည်ဗိမာန် တော်တွင် အမှုတော်ဆောင်ခွင့်မရကြသော် လည်း မိမိတို့အဖော်ယဇ်ပုရောဟိတ်တို့ရ ရှိကြသည့်တဆေးမဲ့မုန့်ကိုမူစားခွင့်ရ ကြ၏။
10 ၁၀ နောက်တစ်ဖန်မည်သူမျှမောလုတ်ဘုရား အား သားသမီးကိုမီးဖြင့်မပူဇော်နိုင်စေရန် ယောရှိမင်းသည်ဟိန္နုံချိုင့်ဝှမ်းရှိရုပ်တုကိုး ကွယ်ရာတောဖက်ဟုခေါ်သောအရပ်ကို လည်းညစ်ညမ်းစေတော်မူ၏။-
11 ၁၁ သူသည်နေကိုဆက်ကပ်ပူဇော်ရန်ယုဒဘုရင် တို့ပေးလှူထားသည့်မြင်းတို့ကိုဖယ်ရှား၍ ဝတ် ပြုကိုးကွယ်ရာ၌အသုံးပြုသည့်ရထားများ ကိုလည်းမီးရှို့တော်မူ၏။ (ဤအရာများကို အထက်တန်းအရာရှိတစ်ဦးဖြစ်သူနာသမ္မေ လက်၏အိမ်အနီးဗိမာန်တော်ဝင်းအဝင်ဝ တွင်ထားရှိသည်။-)
12 ၁၂ အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
13 ၁၃ ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။-
14 ၁၄ ယောရှိမင်းသည်ကျောက်တိုင်များကိုဖြိုဖျက် ၍ အာရှရဘုရားမ၏တံခွန်တိုင်များကို ခုတ်လှဲကာ ယင်းတို့တည်ရာဌာနများတို့ကို လူသေအရိုးတို့နှင့်ပြည့်စေလေ၏။-
15 ၁၅ သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
16 ၁၆ ထိုနောက်သူသည်လှည့်လည်၍ကြည့်သောအခါ တောင်ပေါ်တွင်သင်္ချိုင်းအချို့ကိုတွေ့မြင်သဖြင့် ထိုသင်္ချိုင်းများမှလူရိုးတို့ကိုထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့စေ၏။ ဤနည်းအားဖြင့် မင်းကြီးသည် ထိုယဇ်ပလ္လင်ကိုညစ်ညမ်းစေတော် မူသတည်း။ ဤသို့ဖြစ်ပျက်ရခြင်းမှာလွန် လေပြီးသောအခါက ယေရောဗောင်မင်းသည် မိမိကျင်းပသည့်ဘာသာရေးပွဲတော်အခါ ၌ယဇ်ပလ္လင်အနီးတွင်ရပ်လျက်နေစဉ် ပရော ဖက်တစ်ပါးဟောကြားခဲ့သည့်ဗျာဒိတ်တော် အတိုင်းပင်ဖြစ်ပေသည်။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ပြန်ရာယင်းသို့ဟောကြား ခဲ့သည့်ပရောဖက်၏သင်္ချိုင်းကိုတွေ့မြင် လျှင်၊-
17 ၁၇ ဤသင်္ချိုင်းကားမည်သူ၏သင်္ချိုင်းဖြစ် သနည်း'' ဟုမေးတော်မူ၏။ ဗေသလမြို့သားတို့က``ဤသင်္ချိုင်းသည် ယုဒ ပြည်မှလာသောပရောဖက်၏သင်္ချိုင်းဖြစ်ပါ သည်။ ထိုပရောဖက်ကားဤအရပ်ရှိယဇ်ပလ္လင် တွင် အရှင်ပြုတော်မူသောအမှုအရာတို့ကို ကြိုတင်ဟောကြားခဲ့သူဖြစ်ပါ၏'' ဟုပြန်၍ လျှောက်ထားကြ၏။
18 ၁၈ ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။
19 ၁၉ ယောရှိမင်းသည်ဣသရေလပြည်အမြို့မြို့ အရွာရွာရှိ ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်တော်မူ၏။ ထိုဌာနများကိုတည်ဆောက် ခြင်းအားဖြင့် ဣသရေလဘုရင်တို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ သတည်း။ ယောရှိသည်ဗေသလမြို့တွင်ပြု တော်မူသကဲ့သို့ ထိုယဇ်ပလ္လင်အပေါင်းတို့ ကိုလည်းပြုတော်မူ၏။-
20 ၂၀ သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင် အမှုထမ်းသောယဇ်ပုရောဟိတ်အပေါင်းတို့ ကို မိမိတို့ယဇ်ပူဇော်သည့်ပလ္လင်များပေါ်တွင် တင်၍သတ်ပြီးလျှင် လူသေအရိုးတို့ကိုထို ပလ္လင်များအပေါ်တွင်မီးရှို့လေသည်။ ထိုနောက် မင်းကြီးသည်ယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
21 ၂၁ ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
22 ၂၂ ဣသရေလပြည်ကိုအုပ်စိုးခဲ့သောတရားသူ ကြီးများ၏လက်ထက်မှစ၍ အဘယ်ဣသရေလ ဘုရင်သို့မဟုတ်ယုဒဘုရင်မျှ ဤပသခါပွဲ မျိုးကိုကျင်းပခဲ့ဖူးသည်မရှိ။-
23 ၂၃ ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။
24 ၂၄ ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
25 ၂၅ ယခင်အခါများကယောရှိကဲ့သို့မောရှေ ၏ပညတ်ရှိသမျှကိုစောင့်ထိန်း၍ စိတ်စွမ်း၊ ဉာဏ်စွမ်း၊ အစွမ်းသတ္တိရှိသမျှနှင့်ထာဝရ ဘုရားအား ကိုးကွယ်သည့်ဘုရင်တစ်ပါးမျှ မပေါ်စဖူး။ သူ၏နောက်၌လည်းမပေါ်ခဲ့ ချေ။-
26 ၂၆ သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။-
27 ၂၇ ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
28 ၂၈ ယောရှိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာများအကြောင်းကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
29 ၂၉ ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
30 ၃၀ သူ၏အရာရှိများသည်မင်းကြီး၏အလောင်းကို စစ်ရထားပေါ်တွင်တင်၍ ယေရုရှလင်မြို့သို့ ယူဆောင်ပြီးလျှင်ဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူတို့သည်ယောရှိ၏ သားတော်ယောခတ်ကိုရွေးချယ်ကာဘိသိက် ပေး၍မင်းမြှောက်ကြလေသည်။
31 ၃၁ ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးလမျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလဖြစ်၏။-
32 ၃၂ ထိုမင်းသည်မိမိဘိုးဘေးတော်တို့၏လမ်းစဉ် ကိုလိုက်၍ ထာဝရဘုရားကိုပြစ်မှား၏။-
33 ၃၃ အီဂျစ်ဘုရင်နေခေါသည်သူ့အားဟာမတ် ပြည်ရိဗလမြို့၌အကျဉ်းချထားပြီးလျှင် ယုဒပြည်မှငွေအလေးချိန်ပေါင်ခုနစ်ထောင့် ငါးရာနှင့်ရွှေအလေးချိန်ခုနစ်ဆယ့်ငါးပေါင် ကို အခွန်ဘဏ္ဍာအဖြစ်တောင်းလေ၏။ ထိုအခါ မှစ၍ယောခတ်၏နန်းသက်မှာကုန်ဆုံးသွား တော့၏။-
34 ၃၄ နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။
35 ၃၅ ယောယကိမ်မင်းသည်အီဂျစ်ဘုရင်တောင်းခံ သည့်အခွန်ဘဏ္ဍာကိုဆက်သနိုင်ရန် ပြည်သူ တို့ထံမှဋ္ဌနအင်အားအလိုက်အချိုးကျ အခွန်တော်ကိုကောက်ခံလေသည်။
36 ၃၆ ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံ ရလေသည်။ သူ၏မယ်တော်မှာရုမမြို့သား ပေဒဲယ၏သမီးဇေဗုဒဖြစ်၏။-
37 ၃၇ ယောယကိမ်သည်ဘေးတော်ဘိုးတော်တို့၏ လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။