< ၄ ဓမ္မရာဇဝင် 23 >

1 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
And they brought the king word again what she had said. And he sent: and all the ancients of Juda and Jerusalem were assembled to him.
2 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ဆင်း​ရဲ ချမ်း​သာ​မ​ရွေး​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ကြွ တော်​မူ​၏။ မင်း​ကြီး​သည်​ထို​သူ​အ​ပေါင်း​တို့ အား ဗိ​မာန်​တော်​ထဲ​တွင်​တွေ့​ရှိ​ရ​သော​ပ​ဋိ ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​အ​သံ​ကျယ် စွာ​ဖတ်​ပြ​တော်​မူ​၏။-
And the king went up to the temple of the Lord, and all the men of Juda, and all the inhabitants of Jerusalem with him, the priests and the prophets, and all the people both little and great: and in the hearing of them all he read all the words of the book of the covenant, which was found in the house of the Lord.
3 သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။
And the king stood upon the step: and made a covenant with the Lord, to walk after the Lord, and to keep his commandments, and his testimonies and his ceremonies, with all their heart, and with all their soul, and to perform the words of this covenant, which were written in that book: and the people agreed to the covenant.
4 ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-
And the king commanded Helcias the high priest, and the priests of the second order, and the doorkeepers, to cast out of the temple of the Lord all the vessels that had been made for Baal, and for the grove, and for all the host of heaven: and he burnt them without Jerusalem in the valley of Cedron, and he carried the ashes of them to Bethel.
5 သူ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ နီး​နား​ဝန်း​ကျင်​တွင် ရုပ်​တု​များ​ကို​ယဇ်​ပူ ဇော်​ရန်​ယု​ဒ​ဘု​ရင်​များ​ခန့်​အပ်​ထား​သည့် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း​ကောင်း၊ ဗာ​လ ဘု​ရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်​တို့​ကို​ယဇ်​ပူ​ဇော် ကြ​သည့် ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ကောင်း​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။
And he destroyed the soothsayers, whom the kings of Juda had appointed to sacrifice in the high places in the cities of Juda, and round about Jerusalem: them also that burnt incense to Baal, and to the sun, and to the moon, and to the twelve signs, and to all the host of heaven.
6 သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-
And he caused the grove to be carried out from the house of the Lord without Jerusalem to the valley of Cedron, and he burnt it there, and reduced it to dust, and cast the dust upon the graves of the common people.
7 ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)
He destroyed also the pavilions of the effeminate, which were in the house of the Lord, for which the women wove as it were little dwellings for the grove.
8 မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-
And he gathered together all the priests out of the cities of Juda: and he defiled the high places, where the priests offered sacrifice, from Gabaa to Bersabee: and he broke down the altars of the gates that were in the entering in of the gate of Josue governor of tile city, which was on the left hand of the gate of the city.
9 အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။
However the priests of the high places came not up to the altar of the Lord in Jerusalem: but only ate of the unleavened bread among their brethren.
10 ၁၀ နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-
And he defiled Topheth, which is in the valley of the son of Ennom: that no man should consecrate there his son or his daughter through fire to Moloch.
11 ၁၁ သူ​သည်​နေ​ကို​ဆက်​ကပ်​ပူ​ဇော်​ရန်​ယု​ဒ​ဘု​ရင် တို့​ပေး​လှူ​ထား​သည့်​မြင်း​တို့​ကို​ဖယ်​ရှား​၍ ဝတ် ပြု​ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ရ​ထား​များ ကို​လည်း​မီး​ရှို့​တော်​မူ​၏။ (ဤ​အ​ရာ​များ​ကို အ​ထက်​တန်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​သူ​နာ​သမ္မေ လက်​၏​အိမ်​အ​နီး​ဗိ​မာန်​တော်​ဝင်း​အ​ဝင်​ဝ တွင်​ထား​ရှိ​သည်။-)
And he took away the horses which the kings of Juda had given to the sun, at the entering in of the temple of the Lord, near the chamber of Nathanmelech the eunuch, who was in Pharurim: and he burnt the chariots of the sun with fire.
12 ၁၂ အာ​ခတ်​မင်း​စံ​ခဲ့​သည့်​အ​ဆောင်​တော်​အ​ထက် ရှိ​နန်း​တော်​အ​မိုး​ပေါ်​တွင်​ယု​ဒ​ဘု​ရင်​တို့ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​ဝင်း​နှစ်​ခု​အ​တွင်း​မ​နာ​ရှေ မင်း​ဆောက်​လုပ်​ခဲ့​သော ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း​ယော​ရှိ​မင်း​သည်​ဖြို​ဖျက်​၍​ကြေ​မွ အောင်​ဖျက်​ဆီး​ပြီး​လျှင် ကေဒြုန်​ချိုင့်​ဝှမ်း ထဲ​သို့​ပစ်​ချ​လိုက်​လေ​သည်။-
And the altars that were upon the top of the upper chamber of Achaz, which the kings of Juda had made, and the altars which Manasses had made in the two courts of the temple of the Lord, the king broke down: and he ran from thence, and cast the ashes of them into the torrent Cedron.
13 ၁၃ ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-
The high places also that were at Jerusalem on the right side of the Mount of Offence, O which Solomon king of Israel had built to Astaroth the idol of the Sidonians, and to Chamos the scandal of Moab, and to Melchom the abomination of the children of Ammon, the king defiled.
14 ၁၄ ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-
And he broke in pieces the statues, and cut down the groves: and he filled their places with the bones of dead men.
15 ၁၅ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-
Moreover the altar also that was at Bethel, and the high place, which Jeroboam the son of Nabat, who made Israel to sin, had made: both the altar, and the high place he broke down and burnt, and reduced to powder, and burnt the grove.
16 ၁၆ ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-
And as Josias turned himself, he saw there the sepulchres that were in the mount: and he sent and took the bones out of the sepulchres, and burnt them upon the altar, and defiled it according to the word of the Lord, which the man of God spoke, who had foretold these things.
17 ၁၇ ဤ​သင်္ချိုင်း​ကား​မည်​သူ​၏​သ​င်္ချိုင်း​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဗေ​သ​လ​မြို့​သား​တို့​က``ဤ​သင်္ချိုင်း​သည် ယု​ဒ ပြည်​မှ​လာ​သော​ပ​ရော​ဖက်​၏​သင်္ချိုင်း​ဖြစ်​ပါ သည်။ ထို​ပ​ရော​ဖက်​ကား​ဤ​အ​ရပ်​ရှိ​ယဇ်​ပလ္လင် တွင် အ​ရှင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကြို​တင်​ဟော​ကြား​ခဲ့​သူ​ဖြစ်​ပါ​၏'' ဟု​ပြန်​၍ လျှောက်​ထား​ကြ​၏။
And he said: What is that monument which I see? And the men of that city answered: It is the sepulchre of the man of God, who came from Juda, and foretold these things which thou hast done upon the altar of Bethel.
18 ၁၈ ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​၏​အ​ရိုး​တို့​ကို​လည်း​ကောင်း၊ ရှမာ​ရိ မြို့​မှ​လာ​သော​ပ​ရော​ဖက်​၏​အ​ရိုး​တို့​ကို​လည်း ကောင်း​မ​ရွှေ့​မ​ပြောင်း​ဘဲ​ထား​ကြ​၏။
And he said: Let him alone, let no man move his bones. So his bones were left untouched with the bones of the prophet that came out of Samaria.
19 ၁၉ ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-
Moreover all the temples of the high places, which were in the cities of Samaria, which the kings of Israel had made to provoke the Lord, Josias took away: and he did to them according to all the acts that he had done in Bethel.
20 ၂၀ သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
And he slew all the priests of the high places, that were there, upon the altars: and he burnt men’s bones upon them: and returned to Jerusalem.
21 ၂၁ ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-
And he commanded all the people, saying: Keep the phase to the Lord your God, according as it is written in the book of this covenant.
22 ၂၂ ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-
Now there was no such a phase kept from the days of the judges, who judged Israel, nor in all the days of the kings of Israel, and of the kings of Juda,
23 ၂၃ ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။
As was this phase that was kept to the Lord in Jerusalem, in the eighteenth year of king Josias.
24 ၂၄ ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-
Moreover the diviners by spirits, and soothsayers, and the figures of idols, and the uncleannesses, and the abominations, that had been in the land of Juda, and Jerusalem, Josias took away: that he might perform the words of the law, that were written in the book which Helcias the priest had found in the temple of the Lord.
25 ၂၅ ယ​ခင်​အ​ခါ​များ​က​ယော​ရှိ​ကဲ့​သို့​မော​ရှေ ၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​၍ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ ဘု​ရား​အား ကိုး​ကွယ်​သည့်​ဘု​ရင်​တစ်​ပါး​မျှ မ​ပေါ်​စ​ဖူး။ သူ​၏​နောက်​၌​လည်း​မ​ပေါ်​ခဲ့ ချေ။-
There was no king before him like unto him, that returned to the Lord with all his heart, and with all his soul, and with ail his strength, according to all the law of Moses: neither after him did there arise any like him.
26 ၂၆ သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-
But yet the Lord turned not away from the wrath of his great indignation, wherewith his anger was kindled against Juda: because of the provocations, wherewith Manasses had provoked him.
27 ၂၇ ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။
And the Lord said: I will remove Juda also from before my face, as I have removed Israel: and I will cast off this city Jerusalem, which I chose, and the house, of which I said: My name shall be there.
28 ၂၈ ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
Now the rest of the acts of Josias, and all that he did, are they not written in the book of the words of the days of the kings of Juda?
29 ၂၉ ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-
In his days Pharao Nechao king of Egypt went up against the king of Assyria to the river Euphrates: and king Josias went to meet him: and was slain at Mageddo, when he had seen him.
30 ၃၀ သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။
And his servants carried him dead from Mageddo: and they brought him to Jerusalem, and buried him in Iris own sepulchre. And the people of the land took Joachaz the son of Josias: and they anointed him, and made him king in his father’s stead.
31 ၃၁ ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-
Joachaz was three and twenty years old when he began to reign, and he reigned three months in Jerusalem: the name of his mother was Amital, the daughter of Jeremias of Lobna.
32 ၃၂ ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
And he did evil before the Lord, according to all that his fathers had done.
33 ၃၃ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-
And Pharao Nechao bound him at Rebla, which is in the land of Emath, that he should not reign in Jerusalem: and he set a fine upon the land, of a hundred talents of silver, and a talent of gold.
34 ၃၄ နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။
And Pharao Nechao made Eliacim the son of Josias king in the room of Josias his father: and turned his name to Joakim. And he took Joachaz away and carried him into Egypt, and he died there.
35 ၃၅ ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။
And Joakim gave the silver and the gold to Pharao, after he had taxed the land for every man, to contribute according to the commandment of Pharao: and he exacted both the silver and the gold of the people of the land, of every man according to his ability: to give to Pharao Nechao.
36 ၃၆ ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရုမ​မြို့​သား ပေ​ဒဲ​ယ​၏​သမီး​ဇေ​ဗု​ဒ​ဖြစ်​၏။-
Joakim was five and twenty years old when he began to reign: and he reigned eleven years in Jerusalem: the name of his mother was Zebida the daughter of Phadaia of Ruma.
37 ၃၇ ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။
And he did evil before the Lord according to all that his fathers had done.

< ၄ ဓမ္မရာဇဝင် 23 >