< ၄ ဓမ္မရာဇဝင် 22 >
1 ၁ ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။-
၁ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။
2 ၂ ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
၂ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
3 ၃ ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ မေရှုလံ၏မြေး၊ အာဇလိ၏သား၊ နန်းတော် အတွင်းဝန်ရှာဖန်ကို၊-
၃ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
4 ၄ ``ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့သွား၍ ဗိမာန်တော်အဝင်ဝတွင်ယဇ်ပုရောဟိတ်များ ကောက်ခံရရှိသည့်ငွေစာရင်းကိုတောင်းယူ လော့။-
၄ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
5 ၅ ထိုနောက်ငွေကိုဗိမာန်တော်ပြင်ဆင်မှုကြီး ကြပ်သူတို့ထံသို့ပေးအပ်ရန် သူ့အားပြော ကြားလော့။ ကြီးကြပ်သူတို့သည်၊-
၅ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊
6 ၆ လက်သမားများ၊ ဗိသုကာများနှင့်ပန်းရံ များ၏လုပ်ခကိုပေးရန်နှင့် ဗိမာန်တော်ပြင် ဆင်ရာတွင်လိုအပ်သည့်သစ်သားနှင့်ကျောက် ကိုဝယ်ရန်ထိုငွေကိုအသုံးပြုရမည်။-
၆လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
7 ၇ ကြီးကြပ်သူတို့သည်လုံးဝယုံကြည်စိတ်ချ ရသူများဖြစ်သဖြင့် သူတို့အားစာရင်းအင်း များပြခိုင်းရန်မလို'' ဟုအမိန့်ပေး၍ ဗိမာန်တော်သို့စေလွှတ်လေ၏။
၇သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။
8 ၈ ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
၈ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
9 ၉ ထိုနောက်သူသည်မင်းကြီးထံသို့ပြန်၍``အရှင် ၏အစေခံတို့သည်ဗိမာန်တော်မှငွေကိုယူ၍ ပြင်ဆင်မှုကြီးကြပ်သူတို့၏လက်သို့ပေး အပ်ပြီးကြပါပြီ'' ဟုလျှောက်ထားအစီရင် ခံလေသည်။-
၉တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
10 ၁၀ ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
၁၀ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
11 ၁၁ မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
၁၁ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
12 ၁၂ မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
၁၂ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊
13 ၁၃ ``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။
၁၃ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
14 ၁၄ ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
၁၄ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
15 ၁၅ အမျိုးသမီးပရောဖက်ကသူတို့အား``မင်းကြီး ထံဤသို့ပြန်ကြားကြလော့။ ထာဝရဘုရား က`ငါသည်မင်းကြီးဖတ်ရသည့်ကျမ်းစောင်တွင် ရေးသားပါရှိသည့်အတိုင်း ယေရုရှလင်မြို့ နှင့်တကွမြို့သူမြို့သားအပေါင်းတို့ကိုသုတ် သင်ဖျက်ဆီးမည်။-
၁၅မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
၁၆ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
17 ၁၇ သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
၁၇အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18 ၁၈ မင်းကြီးနှင့်ပတ်သက်၍ဣသရေလအမျိုး သားတို့၏ဘုရားသခင်၊ ငါထာဝရဘုရား ဤသို့မိန့်တော်မူသည်။ သင်သည်ပညတ်တရား ကျမ်းစောင်တွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
၁၈ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
19 ၁၉ ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
၁၉ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
20 ၂၀ သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။
၂၀ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။