< ၄ ဓမ္မရာဇဝင် 22 >
1 ၁ ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။-
၁ယောရှိ သည် အသက် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဗောဇကတ် မြို့သားအဒါယ ၏သမီး ယေဒိဒ အမည် ရှိ၏
2 ၂ ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သမျှ သောလမ်း သို့ လိုက် လေ၏
3 ၃ ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ မေရှုလံ၏မြေး၊ အာဇလိ၏သား၊ နန်းတော် အတွင်းဝန်ရှာဖန်ကို၊-
၃ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ၊ မေရှုလံ သား ဖြစ်သော အာဇလိ ၏သား စာရေး တော်ရှာဖန် ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိ ထံသို့ သွား လော့
4 ၄ ``ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့သွား၍ ဗိမာန်တော်အဝင်ဝတွင်ယဇ်ပုရောဟိတ်များ ကောက်ခံရရှိသည့်ငွေစာရင်းကိုတောင်းယူ လော့။-
၄ဗိမာန် တော်သို့ဆောင် ခဲ့၍ လူ များလက်မှ တံခါး စောင့် ခံယူ သော ငွေ ကို ယဇ် ပုရောဟိတ်မင်း ရေတွက် သဖြင့်၊”
5 ၅ ထိုနောက်ငွေကိုဗိမာန်တော်ပြင်ဆင်မှုကြီး ကြပ်သူတို့ထံသို့ပေးအပ်ရန် သူ့အားပြော ကြားလော့။ ကြီးကြပ်သူတို့သည်၊-
၅ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန် တော်ပြိုပျက် ရာကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊”
6 ၆ လက်သမားများ၊ ဗိသုကာများနှင့်ပန်းရံ များ၏လုပ်ခကိုပေးရန်နှင့် ဗိမာန်တော်ပြင် ဆင်ရာတွင်လိုအပ်သည့်သစ်သားနှင့်ကျောက် ကိုဝယ်ရန်ထိုငွေကိုအသုံးပြုရမည်။-
၆လက်သမား နှင့် ပန်းရန် သမားလုပ်သည် အတွက် ၊ ဗိမာန် တော်ပြုပြင် စရာ ကျောက် နှင့် သစ်သား ကို ဝယ် သည်အတွက် ဝေပေး ရမည်အကြောင်း မှာထား၍ ဗိမာန် တော်သို့ စေလွှတ် တော်မူ၏
7 ၇ ကြီးကြပ်သူတို့သည်လုံးဝယုံကြည်စိတ်ချ ရသူများဖြစ်သဖြင့် သူတို့အားစာရင်းအင်း များပြခိုင်းရန်မလို'' ဟုအမိန့်ပေး၍ ဗိမာန်တော်သို့စေလွှတ်လေ၏။
၇သို့ရာတွင် ထိုငွေ ကို လက်ခံ သောသူ တို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးရကြ
8 ၈ ရှာဖန်သည်မင်းကြီး၏အမိန့်တော်ကိုဟိလခိ အားပြောကြား၏။ ထိုနောက်ဟိလခိကမိမိ သည် ဗိမာန်တော်ထဲတွင်ပညတ်တရားကျမ်း စောင်ကိုတွေ့ရှိကြောင်းပြောပြ၏။ ဟိလခိ သည်ထိုကျမ်းစောင်ကိုရှာဖန်အားပေး သဖြင့်ရှာဖန်သည်ဖတ်လေသည်။-
၈ယဇ် ပုရောဟိတ်မင်းဟိလခိ ကလည်း ၊ ပညတ္တိ ကျမ်းစာစောင် ကို ဗိမာန် တော်၌ ငါတွေ့ ပြီဟု စာရေး တော်ရှာဖန် အား ဆို လျက်၊ ကျမ်းစာ ကို အပ် ၍ စာရေး တော်ဘတ် ၏
9 ၉ ထိုနောက်သူသည်မင်းကြီးထံသို့ပြန်၍``အရှင် ၏အစေခံတို့သည်ဗိမာန်တော်မှငွေကိုယူ၍ ပြင်ဆင်မှုကြီးကြပ်သူတို့၏လက်သို့ပေး အပ်ပြီးကြပါပြီ'' ဟုလျှောက်ထားအစီရင် ခံလေသည်။-
၉တဖန် စာရေး တော်ရှာဖန် သည် ရှင်ဘုရင် ထံသို့ သွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် ဗိမာန် တော်၌ တွေ့ သော ငွေ ကိုမှုတ်ပြီးမှ၊ ဗိမာန် တော်အုပ် ၊ အမှု တော်စောင့် တို့၌ အပ် ပါပြီဟူ၍၎င်း၊”
10 ၁၀ ထိုနောက်``ဤကျမ်းစောင်ကိုအကျွန်ုပ်အား ဟိလခိပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်မင်းကြီးအား ထိုကျမ်းစောင်ကို အသံကျယ်စွာဖတ်ပြလေ၏။-
၁၀ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြား လျှောက်လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏
11 ၁၁ မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
၁၁ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “
12 ၁၂ မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
၁၂ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာခဗော် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အသဟိ ကိုခေါ် ၍၊ “
13 ၁၃ ``သင်တို့သည်ထာဝရဘုရားထံတော်သို့ သွား၍ ငါနှင့်ယုဒပြည်သူလူအပေါင်းတို့ အတွက် ဤကျမ်းစောင်တွင်ပါရှိသည့်သွန် သင်ချက်များအကြောင်းကိုမေးလျှောက်ကြ လော့။ ငါတို့၏ဘိုးဘေးများသည် ဤကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များကို မလိုက်နာမပြုကျင့်ကြသဖြင့် ထာဝရ ဘုရားသည်ငါတို့အားအမျက်ထွက်တော် မူပြီ'' ဟုမိန့်တော်မူ၏။
၁၃ယခု တွေ့ သော ကျမ်း စကား ကြောင့် ငါ့ အတွက် ၊ လူ များအတွက် ၊ ယုဒ အမျိုးသားအပေါင်း တို့အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ငါ တို့အဘို့ ဤ ကျမ်းစာ ၌ ရေးထား သမျှ သောစကား တို့ကို ဘိုးဘေး တို့သည် နား မ ထောင်မကျင့် ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်း စွာအမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏
14 ၁၄ ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
၁၄ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏
15 ၁၅ အမျိုးသမီးပရောဖက်ကသူတို့အား``မင်းကြီး ထံဤသို့ပြန်ကြားကြလော့။ ထာဝရဘုရား က`ငါသည်မင်းကြီးဖတ်ရသည့်ကျမ်းစောင်တွင် ရေးသားပါရှိသည့်အတိုင်း ယေရုရှလင်မြို့ နှင့်တကွမြို့သူမြို့သားအပေါင်းတို့ကိုသုတ် သင်ဖျက်ဆီးမည်။-
၁၅မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သောသူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊ “
၁၆ယုဒ ရှင်ဘုရင် ဘတ် သော ကျမ်း စကား လာသမျှ အတိုင်း ငါ သည် ဤ အရပ် ၌ ၎င်း၊ ဤ အရပ်သားတို့၌ ၎င်း ၊ ဘေး ရောက် စေမည်
17 ၁၇ သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအား ယဇ်ပူဇော်ကြလေပြီ။ သူတို့သည်ဤ အမှုတို့ကိုပြုခြင်းဖြင့်ငါ၏အမျက်တော် ကိုလှုံ့ဆော်သဖြင့် ယေရုရှလင်မြို့အပေါ် မငြိမ်းနိုင်သောဒေါသမီးသင့်လောင်စေမည်။-
၁၇အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏
18 ၁၈ မင်းကြီးနှင့်ပတ်သက်၍ဣသရေလအမျိုး သားတို့၏ဘုရားသခင်၊ ငါထာဝရဘုရား ဤသို့မိန့်တော်မူသည်။ သင်သည်ပညတ်တရား ကျမ်းစောင်တွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
၁၈ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ သင် တို့ကို စေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလ အမျိုး ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူကြောင်း ကိုထိုရှင် ဘုရင်အား တဖန် ပြန် လျှောက်ရမည်ကား၊ “
19 ၁၉ ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
၁၉ဤအရပ်သားတို့သည် ဖျက်ဆီး ရာနှင့် ကျိန်ဆဲ ရာ ဖြစ် ရကြလိမ့်မည်ဟု ဤ အရပ် ကို ၎င်း ၊ ဤအရပ် သား တို့ကို၎င်း ၊ ငါခြိမ်းချောက် သော စကားကို သင် သည် ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကို ပြုသောကြောင့် သင့်စကားကို ငါ နားထောင် ၏
20 ၂၀ သို့ဖြစ်၍ယေရုရှလင်မြို့အားငါသင့်စေမည့် ဘေးကို သင်ကိုယ်တိုင်မြင်ရမည်မဟုတ်။ ငါသည် သင့်အားငြိမ်းချမ်းစွာစုတေခွင့်ကိုပေးတော် မူမည်၊ ထိုသူတို့သည်မင်းကြီးအားပြန် လျှောက်ကြ၏'' ဟုဆင့်ဆိုလေသည်။
၂၀ငါ သည်သင့် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍ ၊ သင် သည် ငြိမ်ဝပ် စွာသင်္ချိုင်း သို့ ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက်ကြ၏