< ၄ ဓမ္မရာဇဝင် 22 >

1 ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗော​ဇ​ကတ်​မြို့​သား​အ​ဒါ ယ​၏​သ​မီး​ယေ​ဒိ​ဒ​ဖြစ်​၏။-
Josias avait huit ans lorsqu'il devint roi, et il régna trente et un ans à Jérusalem. Sa mère s'appelait Idida, fille d'Hadaï, de Bésécath.
2 ယော​ရှိ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။ သူ​သည်​မိ​မိ​၏​ဘိုး တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ လိုက်​နာ​ကျင့်​သုံး​၏။
Il fit ce qui est droit aux yeux de Yahweh, et il marcha entièrement dans la voie de David, son père, et il ne s'en détourna ni à droite ni à gauche.
3 ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ မေ​ရှု​လံ​၏​မြေး၊ အာ​ဇ​လိ​၏​သား၊ နန်း​တော် အ​တွင်း​ဝန်​ရှာ​ဖန်​ကို၊-
La dix-huitième année du roi Josias, le roi envoya dans la maison de Yahweh Saphan, le secrétaire, fils d'Aslia, fils de Messulam, en disant:
4 ``ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့​သွား​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ကောက်​ခံ​ရ​ရှိ​သည့်​ငွေ​စာ​ရင်း​ကို​တောင်း​ယူ လော့။-
« Monte vers Helcias, le grand prêtre, et qu'il tienne prêt l'argent qui a été apporté dans la maison de Yahweh, et que les gardiens de la porte ont recueilli du peuple.
5 ထို​နောက်​ငွေ​ကို​ဗိ​မာန်​တော်​ပြင်​ဆင်​မှု​ကြီး ကြပ်​သူ​တို့​ထံ​သို့​ပေး​အပ်​ရန် သူ့​အား​ပြော ကြား​လော့။ ကြီး​ကြပ်​သူ​တို့​သည်၊-
On remettra cet argent entre les mains de ceux qui font exécuter l'ouvrage, qui sont établis surveillants dans la maison de Yahweh, et ils le donneront à ceux qui travaillent à l'œuvre de la maison de Yahweh, pour réparer les brèches de la maison,
6 လက်​သ​မား​များ၊ ဗိ​သု​ကာ​များ​နှင့်​ပန်း​ရံ များ​၏​လုပ်​ခ​ကို​ပေး​ရန်​နှင့် ဗိ​မာန်​တော်​ပြင် ဆင်​ရာ​တွင်​လို​အပ်​သည့်​သစ်​သား​နှင့်​ကျောက် ကို​ဝယ်​ရန်​ထို​ငွေ​ကို​အ​သုံး​ပြု​ရ​မည်။-
aux charpentiers, aux manœuvres et aux maçons, et ils l'emploieront à acheter le bois et les pierres de taille pour réparer la maison.
7 ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​စာ​ရင်း​အင်း များ​ပြ​ခိုင်း​ရန်​မ​လို'' ဟု​အ​မိန့်​ပေး​၍ ဗိ​မာန်​တော်​သို့​စေ​လွှတ်​လေ​၏။
Mais on ne leur demandera pas de comptes pour l'argent remis entre leur mains, car ils se conduisent avec probité. »
8 ရှာ​ဖန်​သည်​မင်း​ကြီး​၏​အ​မိန့်​တော်​ကို​ဟိ​လ​ခိ အား​ပြော​ကြား​၏။ ထို​နောက်​ဟိ​လ​ခိ​က​မိ​မိ သည် ဗိ​မာန်​တော်​ထဲ​တွင်​ပ​ညတ်​တ​ရား​ကျမ်း စောင်​ကို​တွေ့​ရှိ​ကြောင်း​ပြော​ပြ​၏။ ဟိ​လ​ခိ သည်​ထို​ကျမ်း​စောင်​ကို​ရှာ​ဖန်​အား​ပေး သ​ဖြင့်​ရှာ​ဖန်​သည်​ဖတ်​လေ​သည်။-
Alors Helcias, le grand prêtre, dit à Saphan, le secrétaire: « J'ai trouvé le livre de la Loi dans la maison de Yahweh. » Et Helcias donna le livre à Saphan, qui le lut.
9 ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-
Puis Saphan, le secrétaire, revint vers le roi et rendit compte au roi en disant: « Tes serviteurs ont vidé l'argent qui se trouvait dans la maison, et l'ont remis entre les mains de ceux qui font exécuter l'ouvrage, qui sont établis surveillants dans la maison de Yahweh. »
10 ၁၀ ထို​နောက်``ဤ​ကျမ်း​စောင်​ကို​အ​ကျွန်ုပ်​အား ဟိ​လ​ခိ​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​မင်း​ကြီး​အား ထို​ကျမ်း​စောင်​ကို အ​သံ​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။-
Saphan, le secrétaire, fit encore au roi cette communication: « Le prêtre Helcias m'a donné un livre. » Et Saphan le lut devant le roi.
11 ၁၁ မင်း​ကြီး​သည်​ပ​ညတ်​တ​ရား​ကျမ်း​စ​ကား ကို​ကြား​သော​အ​ခါ ဝမ်း​နည်း​လျက်​အ​ဝတ် တော်​ကို​ဆုတ်​လေ​သည်။-
Lorsque le roi eut entendu les paroles du livre de la Loi, il déchira ses vêtements;
12 ၁၂ မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-
et il donna cet ordre au prêtre Helcias, à Ahicam, fils de Saphan, à Achobor, fils de Micha, à Saphan, le secrétaire, et à Asaïas, serviteur du roi:
13 ၁၃ ``သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့ သွား​၍ ငါ​နှင့်​ယု​ဒ​ပြည်​သူ​လူ​အ​ပေါင်း​တို့ အ​တွက် ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့်​သွန် သင်​ချက်​များ​အ​ကြောင်း​ကို​မေး​လျှောက်​ကြ လော့။ ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို မ​လိုက်​နာ​မ​ပြု​ကျင့်​ကြ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက်​တော် မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
« Allez consulter Yahweh pour moi, pour le peuple et pour tout Juda au sujet des paroles de ce livre qu'on a trouvé; car grande est la colère de Yahweh qui s'est enflammée contre nous, parce que nos pères n'ont pas obéi aux paroles de ce livre, en faisant tout ce qui nous est prescrit. »
14 ၁၄ ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)
Le prêtre Helcias, Ahicam, Achobor, Saphan et Asaïas se rendirent auprès de la prophétesse Holda, femme de Sellum, fils de Thécua, fils d'Araas, gardien des vêtements; elle habitait à Jérusalem, dans le second quartier. Lorsqu'ils lui eurent parlé,
15 ၁၅ အမျိုး​သ​မီး​ပ​ရော​ဖက်​က​သူ​တို့​အား``မင်း​ကြီး ထံ​ဤ​သို့​ပြန်​ကြား​ကြ​လော့။ ထာ​ဝရ​ဘု​ရား က`ငါ​သည်​မင်း​ကြီး​ဖတ်​ရ​သည့်​ကျမ်း​စောင်​တွင် ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့ နှင့်​တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​သုတ် သင်​ဖျက်​ဆီး​မည်။-
elle leur dit: « Ainsi dit Yahweh, Dieu d'Israël: Dites à l'homme qui vous a envoyés vers moi:
16 ၁၆
Ainsi dit Yahweh: Voici que je vais faire venir des malheurs sur ce lieu et sur ses habitants, selon toutes les paroles du livre qu'a lu le roi de Juda.
17 ၁၇ သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သူ​တို့​သည်​ဤ အ​မှု​တို့​ကို​ပြု​ခြင်း​ဖြင့်​ငါ​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် မ​ငြိမ်း​နိုင်​သော​ဒေါ​သ​မီး​သင့်​လောင်​စေ​မည်။-
Parce qu'ils m'ont abandonné et qu'ils ont offerts des parfums à d'autres dieux, de manière à m'irriter par tous les ouvrages de leurs mains, ma colère s'est enflammée contre ce lieu, et elle ne s'éteindra point.
18 ၁၈ မင်း​ကြီး​နှင့်​ပတ်​သက်​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။ သင်​သည်​ပ​ညတ်​တ​ရား ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
Et vous direz au roi de Juda, qui vous a envoyés pour consulter Yahweh: Ainsi dit Yahweh, Dieu d'Israël: Quant aux paroles que tu as entendues,
19 ၁၉ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​မြို့​သူ​မြို့​သား​တို့ အား ဒဏ်​ခတ်​ရန်​ငါ​ခြိမ်း​ခြောက်​သည်​ကို​ကြား သိ​သော​အ​ခါ သင်​သည်​ငို​ကြွေး​ကာ​မိ​မိ​အ​ဝတ် ကို​ဆုတ်​ပြီး​လျှင် နောင်​တ​ရ​၍​ငါ​၏​ရှေ့​တော် တွင်​စိတ်​နှိမ့်​ချ​လျက်​နေ​၏။ ငါ​သည်​ဤ​မြို့​ကို ပျက်​ပြုန်း​စေ​မည်။ ဤ​မြို့​၏​နာ​မည်​သည် လူ​တို့ ကျိန်​ဆဲ​ရာ​လက်​သုံး​စ​ကား​ဖြစ်​လိမ့်​မည်။ သို့ ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပြီ။-
parce que ton cœur s'est repenti et que tu t'es humilié devant Yahweh en entendant ce que j'ai prononcé contre ce lieu et contre ses habitants, savoir qu'ils seront un objet d'épouvante et de malédiction, et parce que tu as déchiré tes vêtements et pleuré devant moi, moi aussi je t'ai entendu, oracle de Yahweh.
20 ၂၀ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​အား​ငါ​သင့်​စေ​မည့် ဘေး​ကို သင်​ကိုယ်​တိုင်​မြင်​ရ​မည်​မ​ဟုတ်။ ငါ​သည် သင့်​အား​ငြိမ်း​ချမ်း​စွာ​စု​တေ​ခွင့်​ကို​ပေး​တော် မူ​မည်၊ ထို​သူ​တို့​သည်​မင်း​ကြီး​အား​ပြန် လျှောက်​ကြ​၏'' ဟု​ဆင့်​ဆို​လေ​သည်။
C'est pourquoi, voici que je te recueillerai auprès de tes pères; tu seras recueilli en paix dans ton sépulcre, et tes yeux ne verront pas tous les malheurs que je ferai venir sur ce lieu. » Ils rapportèrent au roi cette réponse.

< ၄ ဓမ္မရာဇဝင် 22 >