< ၄ ဓမ္မရာဇဝင် 21 >
1 ၁ မနာရှေယုဒပြည်တွင်နန်းတက်ချိန်၌အသက် တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည်ယေရုရှလင်မြို့ တွင် ငါးဆယ့်ငါးနှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာဟဇ္ဇိဘဖြစ်၏။-
UManase wayeleminyaka elitshumi lambili lapho esiba yinkosi; wabusa iminyaka engamatshumi amahlanu lanhlanu eJerusalema. Lebizo likanina lalinguHefiziba.
2 ၂ မနာရှေသည်ခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏ရွံရှာဖွယ်ဋ္ဌလေ့ များကိုကျင့်သုံး၍ကိုယ်တော်အားပြစ်မှား ၏။-
Wasesenza okubi emehlweni eNkosi njengokwamanyala ezizwe iNkosi eyazixotsha elifeni phambi kwabantwana bakoIsrayeli.
3 ၃ သူသည်မိမိ၏ခမည်းတော်ဟေဇကိဖျက် သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကို ပြန်လည်တည်ဆောက်လေသည်။ ဗာလဘုရား အားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလဘုရင်အာဟပ်နည်းတူအာရှရ ဘုရားမတံခွန်တိုင်ကိုစိုက်ထူ၏။ ကြယ် နက္ခတ်များကိုလည်းဝတ်ပြုရှိခိုး၏။-
Ngoba wabuya wakha indawo eziphakemeyo uyise uHezekhiya ayezichithile, wamisela uBhali amalathi, wenza isixuku, njengokwenza kukaAhabi inkosi yakoIsrayeli, wakhothamela ibutho lonke lamazulu, walikhonza.
4 ၄ ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရမည့်ဌာန တော်ဟု ထာဝရဘုရားမိန့်တော်မူရာဗိမာန် တော်တွင် ရုပ်တုများကိုပူဇော်ရန်ယဇ်ပလ္လင် များကိုတည်ဆောက်၏။-
Wasesakha amalathi endlini yeNkosi, iNkosi eyathi ngayo: EJerusalema ngizabeka ibizo lami.
5 ၅ ဗိမာန်တော်တံတိုင်းနှစ်ခုအတွင်း၌လည်းကြယ် နက္ခတ်များကိုပူဇော်ရန် ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
Wasesakhela ibutho lonke lamazulu amalathi emagumeni womabili endlini yeNkosi.
6 ၆ မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
Wasedabulisa indodana yakhe emlilweni, wachasisa ngemibono, wenza imilingo, wasebenza labalamadlozi labalumbayo. Wenza okubi kakhulu emehlweni eNkosi ukuyithukuthelisa.
7 ၇ သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
Wasemisa isithombe esibaziweyo sesixuku ayesenzile endlini, iNkosi eyakhuluma ngayo kuDavida lakuSolomoni indodana yakhe yathi: Kulindlu, leJerusalema engiyikhethe kuzo zonke izizwe zakoIsrayeli, ngizabeka ibizo lami kuze kube nininini.
8 ၈ ဣသရေလအမျိုးသားတို့သည်ငါ၏အမိန့် တော်ရှိသမျှကိုလိုက်နာ၍ မောရှေပေးအပ် သည့်ပညတ်တရားကိုစောင့်ထိန်းကြလျှင် ငါ သည်သူတို့ကိုဘိုးဘေးတို့အားငါပေးအပ် ခဲ့သည့်ပြည်တော်မှနှင်ထုတ်တော်မူမည် မဟုတ်'' ဟုမိန့်တော်မူခဲ့၏။-
Kangisayikuzulisa unyawo lukaIsrayeli luphume futhi elizweni engalinika oyise, kuphela uba bezananzelela ukwenza njengakho konke engabalaya khona langokomlayo wonke inceku yami uMozisi eyabalaya wona.
9 ၉ သို့ရာတွင်ယုဒပြည်သူတို့သည် ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ကြ။ ကိုယ်တော်၏လူမျိုးတော်အားခါနာန်ပြည် သို့ ဣသရေလအမျိုးသားတို့ချီတက်လာ ချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက် သည့်လူမျိုးတို့ထက်ပင် ပိုမိုဆိုးရွားစွာ အပြစ်ကူးလွန်ကြစေရန်မနာရှေရှေ့ ဆောင်လမ်းပြ၏။
Kodwa kabalalelanga; uManase wasebaphambukisa ukuthi benze okubi okwedlula izizwe iNkosi eyazichitha phambi kwabantwana bakoIsrayeli.
10 ၁၀ ထာဝရဘုရားသည် မိမိ၏အစေခံ များနှင့်ပရောဖက်များမှတစ်ဆင့်၊-
INkosi yasikhuluma ngezinceku zayo abaprofethi isithi:
11 ၁၁ ``မနာရှေသည်ဤစက်ဆုတ်ဖွယ်ကောင်းသော အမှုတို့ကိုပြုလေပြီ။ ခါနာန်အမျိုးသား တို့ပြုသောအမှုများထက်ပင် လွန်စွာပိုမို ဆိုးရွားသည့်အမှုတို့ကိုပြုလေပြီ။ သူသည် မိမိ၏ရုပ်တုများအားဖြင့် ယုဒပြည်သူ တို့အားအပြစ်ကူးလွန်စေရန်ရှေ့ဆောင် လမ်းပြ၏။-
Ngenxa yokuthi uManase inkosi yakoJuda wenzile lamanyala, wenze okubi okwedlula konke amaAmori akwenzayo, ayephambi kwakhe, wonisa loJuda ngezithombe zakhe.
12 ၁၂ သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။-
Ngakho itsho njalo iNkosi, uNkulunkulu kaIsrayeli: Khangela, ngiletha okubi phezu kweJerusalema loJuda kuthi laye wonke ozwayo indlebe zakhe zombili zizakhenceza ngakho.
13 ၁၃ ရှမာရိမြို့နှင့် ဣသရေလဘုရင်အာဟပ်နှင့် သားမြေးတို့ကိုဒဏ်ခတ်သကဲ့သို့ ယေရုရှလင် မြို့ကိုငါဒဏ်ခတ်မည်။ စင်အောင်သုတ်၍မှောက် ထားသည့်ပန်းကန်သဖွယ် ယေရုရှလင်မြို့တွင် လူတစ်ဦးတစ်ယောက်မျှမကျန်အောင်သုတ် သင်ရှင်းလင်းမည်။-
Ngizakwelula phezu kweJerusalema intambo yeSamariya, lentambo yokulinganisa yendlu kaAhabi, ngiyesule iJerusalema njengowesula umganu, awesule awumbokothe.
14 ၁၄ မသေဘဲကျန်ရစ်သူတို့ကို ငါသည်စွန့်၍ရန်သူ များ၏လက်သို့အပ်မည်။ ရန်သူတို့သည်သူတို့ ကိုနှိမ်နင်း၍ သူတို့၏ဥစ္စာပစ္စည်းများကိုလု ယူကြလိမ့်မည်။-
Njalo ngizatshiya insali yelifa lami, ngibanikele esandleni sezitha zabo, babe ngokubanjiweyo lempango kwezitha zabo zonke,
15 ၁၅ ငါ၏လူမျိုးတော်သည်သူတို့၏ဘိုးဘေး များအီဂျစ်ပြည်ကထွက်ခွာလာချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ငါ့အားပြစ်မှားလျက် ငါ၏အမျက်တော်ကိုလှုံ့ဆော်နေကြသဖြင့် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
ngenxa yokuthi benzile okubi emehlweni ami, bayangithukuthelisa, kusukela osukwini oyise abaphuma ngalo eGibhithe ngitsho kuze kube lamuhla.
16 ၁၆ မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
Futhi-ke uManase uchithile igazi elinengi kakhulu elingelacala waze wayigcwalisa iJerusalema kusukela ekuqaleni kuze kube sekucineni, ngaphandle kwesono sakhe enza ngaso uJuda ukuthi one, ukwenza okubi emehlweni eNkosi.
17 ၁၇ သူကူးလွန်သည့်အပြစ်များအပါအဝင် မနာရှေလုပ်ဆောင်ခဲ့သော အခြားအမှုအရာ ရှိသမျှကိုယုဒရာဇဝင်တွင်ရေးထား သတည်း။-
Ezinye-ke zezindaba zikaManase, lakho konke akwenzayo, lesono sakhe asonayo, kakubhalwanga yini egwalweni lwemilando yamakhosi akoJuda?
18 ၁၈ မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
UManase waselala laboyise, wangcwatshelwa esivandeni sendlu yakhe, esivandeni sikaUza. UAmoni indodana yakhe wasesiba yinkosi esikhundleni sakhe.
19 ၁၉ အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌နှစ်နှစ်မျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာယုမ္ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်ဖြစ်၏။-
UAmoni wayeleminyaka engamatshumi amabili lambili lapho esiba yinkosi; wabusa iminyaka emibili eJerusalema. Lebizo likanina lalinguMeshulemethi indodakazi kaHaruzi weJotiba.
20 ၂၀ အာမုန်သည်မိမိ၏ခမည်းတော်မနာရှေကဲ့ သို့ပင် ထာဝရဘုရားအားပြစ်မှားလေသည်။-
Wasesenza okubi emehlweni eNkosi njengokwenza kukaManase uyise.
21 ၂၁ သူသည်ခမည်းတော်၏အကျင့်များကို အတုခိုး၏။ ခမည်းတော်ကိုးကွယ်သည့် ရုပ်တုတို့ကိုကိုးကွယ်၏။-
Wahamba ngendlela yonke uyise ahamba ngayo, wakhonza izithombe uyise azikhonzayo, wakhothama kuzo.
22 ၂၂ မိမိဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်ကာ ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်၏။
Wayidela iNkosi, uNkulunkulu waboyise, kahambanga ngendlela yeNkosi.
23 ၂၃ အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်း၌လုပ်ကြံကြ၏။-
Izinceku zikaAmoni zasezimenzela ugobe, zabulala inkosi endlini yayo.
24 ၂၄ ထို့ကြောင့်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။
Kodwa abantu belizwe babatshaya bonke labo ababenzele inkosi uAmoni ugobe; abantu belizwe basebebeka uJosiya indodana yakhe ukuba yinkosi esikhundleni sakhe.
25 ၂၅ အာမုန်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-
Ezinye-ke zezindaba zikaAmoni azenzayo kazibhalwanga yini egwalweni lwemilando yamakhosi akoJuda?
26 ၂၆ အာမုန်အားသြဇဥယျာဉ်ရှိသင်္ချိုင်းတွင် သင်္ဂြိုဟ် လိုက်ကြ၏။ ထိုနောက်သူ၏သားတော်ယောရှိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
Wasengcwatshelwa engcwabeni lakhe esivandeni sikaUza. UJosiya indodana yakhe wasesiba yinkosi esikhundleni sakhe.