< ၄ ဓမ္မရာဇဝင် 21 >

1 မ​နာ​ရှေ​ယု​ဒ​ပြည်​တွင်​နန်း​တက်​ချိန်​၌​အ​သက် တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့ တွင် ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​ဟဇ္ဇိ​ဘ​ဖြစ်​၏။-
Manasseh was twelue yeere olde when he began to reigne, and reigned fiftie and fiue yeere in Ierusalem: his mothers name also was Hephzi-bah.
2 မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-
And he did euill in the sight of the Lord after the abomination of the heathen, whom the Lord had cast out before the children of Israel.
3 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက် သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ပြန်​လည်​တည်​ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​စိုက်​ထူ​၏။ ကြယ် နက္ခတ်​များ​ကို​လည်း​ဝတ်​ပြု​ရှိ​ခိုး​၏။-
For he went backe and built the hie places, which Hezekiah his father had destroyed: and he erected vp altars for Baal, and made a groue, as did Ahab King of Israel, and worshipped all the hoste of heauen and serued them.
4 ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာန တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ​ဗိ​မာန် တော်​တွင် ရုပ်​တု​များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် များ​ကို​တည်​ဆောက်​၏။-
Also he built altars in the house of the Lord, of the which the Lord saide, In Ierusalem will I put my Name.
5 ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ခု​အ​တွင်း​၌​လည်း​ကြယ် နက္ခတ်​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
And he built altars for al the hoste of ye heauen in the two courtes of the house of the Lord.
6 မိ​မိ​၏​သား​တော်​ကို​လည်း မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ယဇ်​ပူ​ဇော်​၏။ နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​လေ့​လာ​၍ ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​တို့​ကို​တိုင်​ပင်​၏။ သူ​သည်​ထာ​ဝရ ဘု​ရား​အား များ​စွာ​ပြစ်​မှား​၍​အ​မျက်​တော် ကို​လှုံ့​ဆော်​လေ​သည်။-
And he caused his sonnes to passe through the fire, and gaue him selfe to witchcraft and sorcerie, and he vsed them that had familiar spirits and were soothsayers, and did much euill in the sight of the Lord to anger him.
7 သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက် ၍ ထာ​ဝ​ရ​ဘု​ရား​က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော လ​မုန်​အား``ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ် နွယ်​တို့​၏​နယ်​မြေ​ရှိ​သ​မျှ​မှ ငါ​ရွေး​ချယ် တော်​မူ​ရာ​ယေ​ရု​ရှ​လင်​မြို့​ရှိ ဤ​ဗိ​မာန်​တော် သည်​ငါ့​ကို​အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ဖြစ်​လိမ့်​မည်။-
And he set the image of the groue, that he had made, in the house, whereof ye Lord had saide to Dauid and to Salomon his sonne, In this house and in Ierusalem, which I haue chosen out of all the tribes of Israel, will I put my Name for euer.
8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​မိန့် တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ​ပေး​အပ် သည့်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ​လျှင် ငါ သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့​အား​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​တော်​မှ​နှင်​ထုတ်​တော်​မူ​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
Neither will I make the feete of Israel, mooue any more out of the lande, which I gaue their fathers: so that they will obserue and doe all that I haue commanded them, and according to all the Lawe that my seruant Moses commanded them.
9 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ကြ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ​တက်​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက် သည့်​လူ​မျိုး​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ အ​ပြစ်​ကူး​လွန်​ကြ​စေ​ရန်​မ​နာ​ရှေ​ရှေ့ ဆောင်​လမ်း​ပြ​၏။
Yet they obeyed not, but Manasseh ledde them out of the way, to doe more wickedly then did the heathen people, whom the Lord destroyed before the children of Israel.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ များ​နှင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်၊-
Therefore the Lord spake by his seruants the Prophets, saying,
11 ၁၁ ``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-
Because that Manasseh King of Iudah hath done such abominations, and hath wrought more wickedly then al that the Amorites (which were before him) did, and hath made Iudah sinne also with his idoles,
12 ၁၂ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သ​တင်း ကြား​သူ​တိုင်း​အံ့​သြ​လောက်​အောင် ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အား​ဘေး​သင့်​စေ​မည်။-
Therefore thus saith the Lord God of Israel, Beholde, I will bring an euill vpon Ierusalem and Iudah, that who so heareth of it, both his eares shall tingle.
13 ၁၃ ရှ​မာ​ရိ​မြို့​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့် သား​မြေး​တို့​ကို​ဒဏ်​ခတ်​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​ကို​ငါ​ဒဏ်​ခတ်​မည်။ စင်​အောင်​သုတ်​၍​မှောက် ထား​သည့်​ပန်း​ကန်​သ​ဖွယ် ယေ​ရု​ရှ​လင်​မြို့​တွင် လူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​အောင်​သုတ် သင်​ရှင်း​လင်း​မည်။-
And I will stretch ouer Ierusalem the line of Samaria, and the plommet of the house of Ahab: and I will wipe Ierusalem, as a man wipeth a dish, which he wipeth, and turneth it vpside downe.
14 ၁၄ မ​သေ​ဘဲ​ကျန်​ရစ်​သူ​တို့​ကို ငါ​သည်​စွန့်​၍​ရန်​သူ များ​၏​လက်​သို့​အပ်​မည်။ ရန်​သူ​တို့​သည်​သူ​တို့ ကို​နှိမ်​နင်း​၍ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု ယူ​ကြ​လိမ့်​မည်။-
And I will forsake the remnant of mine inheritance, and deliuer them into the hande of their enemies, and they shalbe robbed and spoyled of all their aduersaries,
15 ၁၅ ငါ​၏​လူ​မျိုး​တော်​သည်​သူ​တို့​၏​ဘိုး​ဘေး များ​အီ​ဂျစ်​ပြည်​က​ထွက်​ခွာ​လာ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ငါ့​အား​ပြစ်​မှား​လျက် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​နေ​ကြ​သ​ဖြင့် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
Because they haue done euil in my sight, and haue prouoked mee to anger, since the time their fathers came out of Egypt vntill this day.
16 ၁၆ မ​နာ​ရှေ​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ရုပ်​တု​ကိုး ကွယ်​စေ​ရန် ရှေ့​ဆောင်​လမ်း​ပြ​ကာ​ထာ​ဝရ​ဘု​ရား အား​ပြစ်​မှား​စေ​၏။ ထို့​အ​ပြင်​အ​ပြစ်​မဲ့​သူ​လူ အ​မြောက်​အ​မြား​ကို​သတ်​၍ ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​တွင်​သွေး​ချောင်း​စီး​စေ​လေ​သည်။
Moreouer Manasseh shed innocent blood exceeding much, till hee replenished Ierusalem from corner to corner, beside his sinne wherwith he made Iudah to sinne, and to doe euill in the sight of the Lord.
17 ၁၇ သူ​ကူး​လွန်​သည့်​အ​ပြစ်​များ​အ​ပါ​အ​ဝင် မ​နာ​ရှေ​လုပ်​ဆောင်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
Concerning the rest of the actes of Manasseh, and all that hee did, and his sinne that he sinned, are they not written in the booke of the Chronicles of the Kings of Iudah?
18 ၁၈ မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​သြ​ဇ ဥ​ယျာဉ်​ခေါ်​နန်း​တော်​ဥ​ယျာဉ်​တွင်​သင်္ဂြိုဟ်​ကြ ၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
And Manasseh slept with his fathers, and was buried in the garden of his own house, euen in the garden of Vzza: and Amon his sonne reigned in his steade.
19 ၁၉ အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ​ယုမ္ဘာ​မြို့​သား ဟာ​ရုပ်​၏​သ​မီး မေ​ရှု​လ​မက်​ဖြစ်​၏။-
Amon was two and twentie yere olde, when he began to reigne, and hee reygned two yeere in Ierusalem: his mothers name also was Meshullemeth the daughter of Haruz of Iotbah.
20 ၂၀ အာ​မုန်​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့ သို့​ပင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
And he did euill in the sight of the Lord, as his father Manasseh did.
21 ၂၁ သူ​သည်​ခ​မည်း​တော်​၏​အ​ကျင့်​များ​ကို အ​တု​ခိုး​၏။ ခ​မည်း​တော်​ကိုး​ကွယ်​သည့် ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၏။-
For hee walked in all the way that his father walked in, and serued the idoles that his father serued, and worshipped them.
22 ၂၂ မိ​မိ​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ပစ်​ပယ်​ကာ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​၏။
And he forsooke the Lord God of his fathers, and walked not in the way of the Lord.
23 ၂၃ အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-
And the seruantes of Amon conspired against him, and slewe the King in his owne house.
24 ၂၄ ထို့​ကြောင့်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။
And the people of the land slewe all them that had conspired against King Amon, and the people made Iosiah his sonne King in his steade.
25 ၂၅ အာ​မုန်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
Concerning the rest of the actes of Amon, which he did, are they not written in the booke of the Chronicles of the Kings of Iudah?
26 ၂၆ အာမုန်​အား​သြ​ဇ​ဥ​ယျာဉ်​ရှိ​သင်္ချိုင်း​တွင် သင်္ဂြိုဟ် လိုက်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​ရှိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
And they buried him in his sepulchre in the garden of Vzza: and Iosiah his sonne reigned in his steade.

< ၄ ဓမ္မရာဇဝင် 21 >