< ၄ ဓမ္မရာဇဝင် 20 >
1 ၁ ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
၁ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
2 ၂ ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊-
၂ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့်၍၊
3 ၃ ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
၃အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
4 ၄ ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊-
၄ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
5 ၅ ``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
၅သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံ သို့ တဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပဌနာ စကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည်သုံးရက် လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။
6 ၆ ငါသည်သင့်အားနောက်ထပ်တစ်ဆယ့်ငါးနှစ် အသက်ရှင်စေမည်။ ငါသည်သင်နှင့်ဤယေရု ရှလင်မြို့ကို အာရှုရိဧကရာဇ်မင်း၏လက် မှကယ်ဆယ်မည်။ ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားငါပေးသည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ငါသည်ဤမြို့ ကိုကာကွယ်မည်' ဟုဆင့်ဆိုလော့'' ဟုထာဝရ ဘုရားဗျာဒိတ်တော်ရောက်လာ၏။
၆သင့်အသက်၌ တဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
7 ၇ ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-
၇ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍အနာကို အုံပြီးမှ မင်းကြီးသက်သာလေ၏။
8 ၈ မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
၈ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင်၊
9 ၉ ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
၉ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ် သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည် လောဟု မေးသော်၊
10 ၁၀ ဟေဇကိက``အရိပ်ကိုဆယ်ထစ်တိုးစေရန် မှာလွယ်ကူ၏။ သို့ဖြစ်၍ဆယ်ထစ်ဆုတ်ပါ လေစေ'' ဟုဆို၏။
၁၀ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလိုမရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။
11 ၁၁ ဟေရှာယသည်ထာဝရဘုရားထံပတ္ထနာ ပြုခြင်းအားဖြင့် အာခတ်မင်းဆောက်လုပ်ထား ခဲ့သည့်လှေကားပေါ်တွင်ကျလျက်ရှိသော အရိပ်သည်နောက်သို့ဆယ်ထစ်ဆုတ်လေ၏။
၁၁ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ၏။
12 ၁၂ ထိုအချိန်ကာလ၌ဗာလဒန်မင်း၏သားတော် ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်သည် ဟေ ဇကိမင်းဖျားနာလျက်ရှိကြောင်းကြားသိရ သဖြင့် သဝဏ်လွှာတစ်စောင်နှင့်လက်ဆောင်ပေး ပို့ရာ၊-
၁၂ထိုကာလအခါ ဗာလဒန်သား ဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။
13 ၁၃ ဟေဇကိသည်စေတမန်တို့ကိုကြိုဆိုပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ရှိသမျှ ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများနှင့်နိုင်ငံ တော်အရပ်ရပ်တွင်ရှိသမျှသောအရာများ ကို ထိုသူတို့အားမင်းကြီးပြလေ၏။-
၁၃ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှ စသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသော အရာတစုံတခုမျှမရှိ။
14 ၁၄ ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။
၁၄ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီး ထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
15 ၁၅ ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
၁၅နန်းတော်၌အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရ ကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော၏။
16 ၁၆ ထိုအခါဟေရှာယသည်မင်းကြီးအား``အရှင့် နန်းတော်တွင်ရှိသမျှသောအရာတို့ကိုလည်း ကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုးဘေးတို့စု ဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာရှိသမျှကို လည်းကောင်း ဗာဗုလုန်ပြည်သို့ဆောင်ယူသွား ရာနေ့ရက်ကာလရောက်ရှိလာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခုမျှကျန်ရစ် လိမ့်မည်မဟုတ်။-
၁၆ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
၁၇နန်းတော်၌ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
18 ၁၈ အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။
၁၈သင်နှင့် နွှယ်၍ရသောသင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏။
19 ၁၉ ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။
၁၉ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကောင်းပါ၏ဟူ၍၎င်း၊ အကယ်၍ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။
20 ၂၀ ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
၂၀ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကို လုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
21 ၂၁ ဟေဇကိကွယ်လွန်သောအခါသူ၏သားတော် မနာရှေသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
၂၁ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌နန်းထိုင်၏။