< ၄ ဓမ္မရာဇဝင် 20 >

1 ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။
那时,希西家病得要死。亚摩斯的儿子先知以赛亚去见他,对他说:“耶和华如此说:‘你当留遗命与你的家,因为你必死,不能活了。’”
2 ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-
希西家就转脸朝墙,祷告耶和华说:
3 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။
“耶和华啊,求你记念我在你面前怎样存完全的心,按诚实行事,又做你眼中所看为善的。”希西家就痛哭了。
4 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​ထံ​မှ​ထွက်​ခွာ​သွား ရာ နန်း​တော်​အ​လယ်​ဝင်း​ကို​မ​ဖြတ်​မီ​ဟေ ရှာ​ယ​ထံ​သို့၊-
以赛亚出来,还没有到中院,耶和华的话就临到他,说:
5 ``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-
“你回去告诉我民的君希西家说:耶和华—你祖大卫的 神如此说:‘我听见了你的祷告,看见了你的眼泪,我必医治你;到第三日,你必上到耶和华的殿。
6 ငါ​သည်​သင့်​အား​နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ် အ​သက်​ရှင်​စေ​မည်။ ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​လက် မှ​ကယ်​ဆယ်​မည်။ ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ငါ​ပေး​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ငါ​သည်​ဤ​မြို့ ကို​ကာ​ကွယ်​မည်' ဟု​ဆင့်​ဆို​လော့'' ဟု​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
我必加增你十五年的寿数,并且我要救你和这城脱离亚述王的手。我为自己和我仆人大卫的缘故,必保护这城。’”
7 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-
以赛亚说:“当取一块无花果饼来。”人就取了来,贴在疮上,王便痊愈了。
8 မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-
希西家问以赛亚说:“耶和华必医治我,到第三日,我能上耶和华的殿,有什么兆头呢?”
9 ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
以赛亚说:“耶和华必成就他所说的。这是他给你的兆头:你要日影向前进十度呢?是要往后退十度呢?”
10 ၁၀ ဟေ​ဇ​ကိ​က``အ​ရိပ်​ကို​ဆယ်​ထစ်​တိုး​စေ​ရန် မှာ​လွယ်​ကူ​၏။ သို့​ဖြစ်​၍​ဆယ်​ထစ်​ဆုတ်​ပါ လေ​စေ'' ဟု​ဆို​၏။
希西家回答说:“日影向前进十度容易,我要日影往后退十度。”
11 ၁၁ ဟေ​ရှာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ ပြု​ခြင်း​အား​ဖြင့် အာ​ခတ်​မင်း​ဆောက်​လုပ်​ထား ခဲ့​သည့်​လှေ​ကား​ပေါ်​တွင်​ကျ​လျက်​ရှိ​သော အ​ရိပ်​သည်​နောက်​သို့​ဆယ်​ထစ်​ဆုတ်​လေ​၏။
先知以赛亚求告耶和华,耶和华就使亚哈斯的日晷向前进的日影,往后退了十度。
12 ၁၂ ထို​အ​ချိန်​ကာ​လ​၌​ဗာ​လ​ဒန်​မင်း​၏​သား​တော် ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒ​ဗာ​လ​ဒန်​သည် ဟေ ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား​သိ​ရ သ​ဖြင့် သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက်​ဆောင်​ပေး ပို့​ရာ၊-
那时,巴比伦王巴拉但的儿子米罗达·巴拉但听见希西家病而痊愈,就送书信和礼物给他。
13 ၁၃ ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​ကြို​ဆို​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ရှိ​သ​မျှ ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​နှင့်​နိုင်​ငံ တော်​အ​ရပ်​ရပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ ကို ထို​သူ​တို့​အား​မင်း​ကြီး​ပြ​လေ​၏။-
希西家听从使者的话,就把他宝库的金子、银子、香料、贵重的膏油,和他武库的一切军器,并他所有的财宝,都给他们看。他家中和他全国之内,希西家没有一样不给他们看的。
14 ၁၄ ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ​သွား ၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​ပါ သ​နည်း။ သူ​တို့​က​အ​ရှင်​အား​အ​ဘယ်​သို့​တင် လျှောက်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ က``သူ​တို့​သည်​အ​လွန်​ဝေး​သော​ဗာ​ဗု​လုန် ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​၏။
于是先知以赛亚来见希西家王,问他说:“这些人说什么?他们从哪里来见你?”希西家说:“他们从远方的巴比伦来。”
15 ၁၅ ဟေ​ရှာ​ယ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌ အ​ဘယ်​အ​ရာ​များ​ကို​တွေ့​မြင်​သွား​ကြ ပါ​သ​နည်း'' ဟု​မေး​ပြန်​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​ထဲ​မှ​သူ​တို့​အား ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
以赛亚说:“他们在你家里看见了什么?”希西家说:“凡我家中所有的,他们都看见了;我财宝中没有一样不给他们看的。”
16 ၁၆ ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင့် နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး​ဘေး​တို့​စု ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့​ဆောင်​ယူ​သွား ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ​လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​ကျန်​ရစ် လိမ့်​မည်​မ​ဟုတ်။-
以赛亚对希西家说:“你要听耶和华的话,
17 ၁၇
日子必到,凡你家里所有的,并你列祖积蓄到如今的,都要被掳到巴比伦去,不留下一样。这是耶和华说的。
18 ၁၈ အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့​သည် လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင်​၏​နန်း တော်​တွင် မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့် ဆို​လေ​သည်။
并且从你本身所生的众子,其中必有被掳去在巴比伦王宫里当太监的。”
19 ၁၉ ဟေ​ဇ​ကိ​မင်း​သည်​မိ​မိ​၏​လက်​ထက်​၌ ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့် မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ်​ကောက်​ယူ​ကာ``ငါ့​အား ဆင့်​ဆို​သည့်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ် တော်​သည်​ကောင်း​ပေ​၏'' ဟု​ဆို​၏။
希西家对以赛亚说:“你所说耶和华的话甚好!若在我的年日中有太平和稳固的景况,岂不是好吗?”
20 ၂၀ ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-
希西家其余的事和他的勇力,他怎样挖池、挖沟、引水入城,都写在犹大列王记上。
21 ၂၁ ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား​တော် မ​နာ​ရှေ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
希西家与他列祖同睡。他儿子玛拿西接续他作王。

< ၄ ဓမ္မရာဇဝင် 20 >