< ၄ ဓမ္မရာဇဝင် 19 >
1 ၁ ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။-
၁ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့သွား လေ၏
2 ၂ မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။-
၂လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို အာမုတ် သား ပရောဖက် ဟေရှာယ ထံသို့ စေလွှတ် လေ၏
3 ၃ မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။-
၃ဟေဇကိ မင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့၊ ဆုံးမ သောနေ့ ၊ ကဲ့ရဲ့ ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဘွား ချိန်ရောက် ၍ သား ကို ဘွား နိုင် အောင် ခွန်အား မ ရှိ
4 ၄ အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။
၄အသက်ရှင် တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန်ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်း သော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါဟု ပြောစေခြင်းငှါ၊”
5 ၅ ဟေဇကိမင်း၏စကားကိုကြားသောအခါ ဟေရှာယက``ထာဝရဘုရားဤသို့မိန့်တော် မူ၏။ အာရှုရိမင်း၏ကျွန်တို့သည် ငါ့ကိုပြစ် မှား၍ပြောဆိုသည့်စကားကိုသင်တို့ကြား ရသောအခါမကြောက်နှင့်။-
၅ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံသို့ ရောက် လာကြ၏
၆ဟေရှာယ ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကိုကဲ့ရဲ့ ၍ သင်သည်ကြား ရသော စကား ကြောင့် မ ကြောက် နှင့်
7 ၇ ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
၇ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထို ပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကားတော်ကို သင် တို့၏ သခင် အား ပြန်ကြား ကြလော့ဟုပြော ဆို၏
8 ၈ ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက်ခွာပြီး လျှင် အနီးအနားရှိလိဗနမြို့ကိုတိုက်ခိုက် လျက်ရှိကြောင်းကို အာရှုရိအရာရှိကြားသိ သောအခါ မင်းကြီးနှင့်ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေသည်။-
၈ထိုအခါ အာရှိုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်း ကို ရာဗရှာခ ကြား လျှင် ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏
9 ၉ ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။-
၉နောက်တဖန်ကုရှ မင်းကြီး တိရက္က သည် စစ်ချီ ၍ လာ ပြီဟု သိတင်းကြား သောအခါ ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊ “
10 ၁၀ ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။-
၁၀သင် တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား ၊ သင် ကိုးစား သော ဘုရားသခင် က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍သင့် ကို မ လှည့်စား စေနှင့်
11 ၁၁ အာရှုရိဧကရာဇ်မင်းသည်မိမိဖျက်ဆီးရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ်သို့ ပြုတော်မူတတ်ကြောင်းသင်ကြားသိရပြီ ဖြစ်၏။ သင်သည်ငါ၏လက်မှလွတ်မြောက် နိုင်လိမ့်မည်ဟုထင်မှတ်ပါသလော။-
၁၁အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်း ကို သင် သည် ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော
12 ၁၂ ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
၁၂ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသောဧဒင် အမျိုးသား တို့ကို သူ တို့၏ ဘုရား များတို့သည် ကယ်ယူ ကြပြီလော။
13 ၁၃ ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။
၁၃ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါ မြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏
14 ၁၄ ဟေဇကိမင်းသည်ထိုအမှာတော်စာကိုစေ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန်တော် သို့သွား၍ထာဝရဘုရား၏ရှေ့တော်၌ချ ထား၏။-
၁၄ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံ ယူ၍ ကြည့် ပြီးလျှင် ဗိမာန် တော်သို့သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏
15 ၁၅ ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
၁၅ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊ ခေရုဗိမ် ပေါ်မှာ ထိုင် တော်မူသောဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်တပါးတည်းသာလျှင်မြေကြီး ပေါ် မှာ ရှိသမျှ သော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏
16 ၁၆ အို ထာဝရဘုရား၊ ယခုအကျွန်ုပ်တို့တွေ့ကြုံ နေရကြသောအမှုကိုကြည့်ရှုတော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သော ကိုယ်တော်အားသနာခရိပ်စော်ကား ပြောဆိုသောစကားကိုကြားတော်မူပါ။-
၁၆အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ
17 ၁၇ အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည် လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်၊-
၁၇အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍၊ “
18 ၁၈ သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။-
၁၈သူ တို့၏ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထို ဘုရားတို့သည် ဘုရား မ ဟုတ်၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ
19 ၁၉ အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သိရှိကြစေရန် ယခုပင်အကျွန်ုပ်တို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။''
၁၉အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသာ ဘုရား သခင်ဖြစ်တော်မူသည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏
20 ၂၀ ထိုနောက်မင်းကြီး၏ပတ္ထနာကိုထာဝရ ဘုရားနားညောင်းတော်မူသဖြင့် ဟေဇကိ မင်းအတွက် ဟေရှာယမှတစ်ဆင့်ရောက် လာသောဗျာဒိတ်တော်မှာ၊-
၂၀ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ
21 ၂၁ ``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
၂၁ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏
22 ၂၂ သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။-
၂၂သင်သည် အဘယ်သူ ကိုကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြု ပါ သည်တကား
23 ၂၃ သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
၂၃သင် သည် တမန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင် အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်းဆုံး သော ထင်ရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အဝေး ဆုံးသော ခိုလှုံ ရာအသီး များ သော တော ထဲသို့ ငါဝင် ပြီ
24 ၂၄ သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင် ၏တပ်မတော်သားတို့သည် ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားခဲ့၏။
၂၄ငါ သည် တွင်း တူး၍ မ မြည်းဘူးသော ရေ ကို သောက် ရပြီ။ ငါ ၏ ခြေဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြားရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီ တကား
25 ၂၅ ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခဲ့ကြောင်းသင်အဘယ်အခါ၌မျှ မကြားဘူးသလော။ ယခုထိုအမှုအရာ များကိုငါဖြစ်ပွားစေပြီ။ ခံတပ်မြို့များကို အမှိုက်ပုံဖြစ်စေနိုင်သောတန်ခိုးကိုသင့် အားငါပေးအပ်ခဲ့၏။-
၂၅ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေး ကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မ ကြား သလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့” သော မြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံဖြစ်စေ သောသူဖြစ် မည်အကြောင်း ငါစီရင် ခန့်ထားလေပြီ
26 ၂၆ ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
၂၆ထိုကြောင့် မြို့သား တို့သည် အားနည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက် လျက်ရှိကြ၏။ တော မြက်ပင် နှင့် စိမ်း သော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင်နှင့် မ ကြီး မှီညှိုးနွမ်း သော စပါးပင်ကဲ့သို့၎င်း ဖြစ် ကြ၏
27 ၂၇ ``သို့ရာတွင်သင်၏အကြောင်းကိုအကုန်အစင် ငါသိ၏။ သင်အဘယ်အမှုကိုပြု၍အဘယ် အရပ်သို့သွားသည်ကိုလည်းကောင်း၊ ငါ့အား အဘယ်မျှအမျက်ထွက်လျက်နေသည်ကို လည်းကောင်းငါသိ၏။-
၂၇သင် ၏နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏
28 ၂၈ သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
၂၈ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်
29 ၂၉ ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
၂၉သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို၎င်းသင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ် ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့
30 ၃၀ ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။-
၃၀ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်
31 ၃၁ ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
၃၁ကျန်ကြွင်း သောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း ၊ ဘေးလွတ် သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလိုတော် အားကြီး၍ ထို အမှုကို စီရင် တော်မူလိမ့်မည်
32 ၃၂ ``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။-
၃၂သို့ဖြစ်၍ ထာဝရဘုရား သည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မ ဝင် ရ။ မြို့ထဲသို့မြှား ကိုမ ပစ် ရ။ မြို့ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ
33 ၃၃ သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
၃၃လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ
34 ၃၄ ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
၃၄ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာကို၎င်း ထောက် ၍ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏
35 ၃၅ ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
၃၅ထိုညဉ့် တွင် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ အာရှုရိ တပ် တွင် လူ တသိန်း ရှစ် သောင်းငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင်ဖြစ်ကြ၏
36 ၃၆ ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
၃၆အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း ထိုအရပ် မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေ မြို့၌ နေ လေ၏
37 ၃၇ တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
၃၇နောက် တဖန်သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော်အာဒြမ္မေလက် နှင့် ရှရေဇာ သည်ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော်ဧသရဟဒ္ဒုန် သည်လည်း ခမည်းတော် အရာ ၌ နန်းထိုင် ၏