< ၄ ဓမ္မရာဇဝင် 16 >

1 ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊-
Anno decimo septimo Phacee filii Romeliæ regnavit Achaz filius Ioatham regis Iuda.
2
Viginti annorum erat Achaz cum regnare cœpisset, et sedecim annis regnavit in Ierusalem: non fecit quod erat placitum in conspectu Domini Dei sui, sicut David pater eius.
3 ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-
sed ambulavit in via regum Israel: insuper et filium suum consecravit, transferens per ignem secundum idola Gentium, quæ dissipavit Dominus coram filiis Israel.
4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။
Immolabat quoque victimas, et adolebat incensum in excelsis, et in collibus, et sub omni ligno frondoso.
5 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-
Tunc ascendit Rasin rex Syriæ, et Phacee filius Romeliæ rex Israel in Ierusalem ad præliandum: cumque obsiderent Achaz, non valuerunt superare eum.
6 (ထို​အ​ချိန်​၌​ပင်​လျှင်​ဧ​ဒုံ​ဘု​ရင်​သည်​ဧ​လတ် မြို့​ကို​ပြန်​လည်​သိမ်း​ယူ​ပြီး​နောက် ထို​ပြည်​တွင် နေ​ထိုင်​သူ​ယု​ဒ​ပြည်​သား​တို့​အား​နှင်​ထုတ် လိုက်​လေ​သည်။ ဧ​ဒုံ​ပြည်​သား​တို့​သည်​ဧ​လတ် မြို့​သို့​လာ​ရောက်​နေ​ထိုင်​၍​ယ​နေ့​တိုင်​အောင် ရှိ​နေ​ကြ​သ​တည်း။-)
In tempore illo restituit Rasin rex Syriæ, Ailam Syriæ, et eiecit Iudæos de Aila: et Idumæi venerunt in Ailam, et habitaverunt ibi usque in diem hanc.
7 အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။-
Misit autem Achaz nuncios ad Theglathphalasar regem Assyriorum, dicens: Servus tuus, et filius tuus ego sum: ascende, et salvum me fac de manu regis Syriæ, et de manu regis Israel, qui consurrexerunt adversum me.
8 အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-
Et cum collegisset argentum et aurum, quod inveniri potuit in domo Domini, et in thesauris regis, misit regi Assyriorum munera.
9 တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။
Qui et acquievit voluntati eius: ascendit enim rex Assyriorum in Damascum, et vastavit eam: et transtulit habitatores eius Cyrenen, Rasin autem interfecit.
10 ၁၀ အာ​ခတ်​မင်း​သည်​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ် ပိ​လေ​သာ​ကို​တွေ့​ဆုံ​ရန် ဒ​မာ​သက်​မြို့​သို့​သွား သော​အ​ခါ ထို​မြို့​တွင်​ရှိ​သော​ယဇ်​ပလ္လင်​ကို​မြင် သ​ဖြင့် ထို​ယဇ်​ပလ္လင်​၏​ပုံ​တူ​တစ်​ခု​ကို​စေ့​စပ် သေ​ချာ​စွာ​ပြု​လုပ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ် ဥ​ရိ​ယ​ထံ​သို့​ပေး​ပို့​လိုက်​၏။-
Perrexitque rex Achaz in occursum Theglathphalasar regis Assyriorum in Damascum. cumque vidisset altare Damasci, misit rex Achaz ad Uriam sacerdotem exemplar eius, et similitudinem iuxta omne opus eius.
11 ၁၁ သို့​ဖြစ်​၍​ဥ​ရိ​ယ​သည်​ထို​ပုံ​စံ​အ​တိုင်း တိ​ကျ စွာ​ယဇ်​ပလ္လင်​တစ်​ခု​ကို​အာ​ခတ်​မင်း​ပြန်​၍ မ​ရောက်​မီ အ​ပြီး​ဆောက်​လုပ်​ထား​လေ​သည်။-
Extruxitque Urias sacerdos altare iuxta omnia, quæ præceperat rex Achaz, de Damasco, ita fecit sacerdos Urias, donec veniret rex Achaz de Damasco.
12 ၁၂ ဒ​မာ​သက်​မြို့​မှ​ပြန်​၍​ရောက်​ရှိ​လာ​သော အ​ခါ အာ​ခတ်​မင်း​သည်​တည်​ဆောက်​ပြီး သည့်​ယဇ်​ပလ္လင်​ကို​မြင်​လေ​လျှင်၊-
Cumque venisset rex de Damasco, vidit altare, et veneratus est illud: ascenditque et immolavit holocausta, et sacrificium suum,
13 ၁၃ ထို​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​များ​နှင့်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​၏။ ထို​နောက် စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ​နှင့် မိတ်​သ​ဟာ​ယ ယဇ်​ဆိုင်​ရာ​သွေး​တို့​ကို​လည်း ထို​ယဇ်​ပလ္လင်​ပေါ် တွင်​သွန်း​လောင်း​လေ​သည်။-
et libavit libamina, et fudit sanguinem pacificorum, quæ obtulerat super altare.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​ကြေး ဝါ​ပလ္လင်​မှာ ယဇ်​ပလ္လင်​သစ်​နှင့်​ဗိ​မာန်​တော်​စပ်​ကြား တွင်​တည်​ရှိ​နေ​သော​ကြောင့် အာ​ခတ်​သည်​ထို ပလ္လင်​ကို​ယဇ်​ပလ္လင်​သစ်​၏​မြောက်​ဘက်​သို့​ပြောင်း ရွှေ့​လိုက်​ပြီး​လျှင်၊-
Porro altare æreum, quod erat coram Domino, transtulit de facie templi, et de loco altaris, et de loco templi Domini: posuitque illud ex latere altaris ad Aquilonem.
15 ၁၅ ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-
Præcepit quoque rex Achaz Uriæ sacerdoti, dicens: Super altare maius offer holocaustum matutinum, et sacrificium vespertinum, et holocaustum regis, et sacrificium eius, et holocaustum universi populi terræ, et sacrificia eorum, et libamina eorum: et omnem sanguinem holocausti, et universum sanguinem victimæ super illud effundes: altare vero æreum erit paratum ad voluntatem meam.
16 ၁၆ ဥ​ရိ​ယ​သည်​ပြု​လေ​၏။
Fecit igitur Urias sacerdos iuxta omnia, quæ præceperat rex Achaz.
17 ၁၇ အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။-
Tulit autem rex Achaz cælatas bases, et luterem, qui erat desuper: et mare deposuit de bobus æreis, qui sustentabant illud, et posuit super pavimentum stratum lapide.
18 ၁၈ ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။
Musach quoque sabbati, quod ædificaverat in templo: et ingressum regis exterius convertit in templum Domini propter regem Assyriorum.
19 ၁၉ အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
Reliqua autem verborum Achaz, quæ fecit, nonne hæc scripta sunt in Libro sermonum dierum regum Iuda?
20 ၂၀ အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
Dormivitque Achaz cum patribus suis, et sepultus est cum eis in Civitate David, et regnavit Ezechias filius eius pro eo.

< ၄ ဓမ္မရာဇဝင် 16 >